Jump to content

ဂျိန်းဖော့လူမျိုး

ဝီကီးပီးဒီးယား က

ဂျိန်းဖော (သို့မဟုတ်) ဂျိန်ဖွ ရို့စွာ ကချင်‌လူမျိုး (Kachin People) တိထဲက လူဦးရွီအများဆုံးနန့် အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်တေ၊၊ ဂျိန်းဖောရို့စွာ တိဗက်-ဗမာအုပ်စုဝင်များဖြစ်ပြီးကေ ယင်းရို့၏ ကိုယ်ပိုင်ဘာသာစကားမာ ကချင်ပြည်နယ်ဧ့ ဘုံစကား (Lingua Franca) အဖြစ်လည်း အသုံးပြုကတ်တေ၊၊

ဂျိန်းဖောလူမျိုး
Jinghpo, Wunpong, Zaizo
ဂျိန်းဖောအမျိုးသမီးတိ၏ ရိုးရာဝတ်စုံ
အများစု နီထိုင်ရေ နီရာ
 Myanmar၁,၂၀၀,၀၀၀ – ၁,၅၀၀,၀၀၀ ခန့်
 China (ယူနန်)၁၄၇,၈၂၈ (၂၀၁၀ စာရင်း)
 India (အရုဏာစလပဒေသပြည်နယ်, အာသံ)၇,၉၅၈
ဘာသာစကား
ဂျိန်းဖောဘာသာစကားမြန်မာဘာသာစကားမန်ဒရင်း(ဘာသာစကား)
ကိုးကွယ်မှု
ခရစ်ယာန်ဘာသာ (အများစု)၊ နတ်ကိုးကွယ်မှုဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
ခရာဝဝေါ်လူမျိုးအဇီးလူမျိုးလရှီလူမျိုးရဝမ်လူမျိုးလီဆူလူမျိုး

ဂျိန်းဖောဘာသာစကားစွာ အရာမျိုးနွယ်စုတိနန့် ဘာသာဗေဒအရ ကွဲပြားရေ၊၊ နမူနာ - ကချင်မျိုးနွယ်စုဘာသာစကားအများစု မာ ပိုင်-ဗမာအုပ်စုအတွင်းမှာပါဝင်သော်လည်း ဂျိန်းဖောစကားမာ တိဗက်-ဗမာအုပ်စုဧ့ သီးသန့် ဂျိန်းဖောနွယ်စု (Jingphoish) ဖြစ်တေ၊၊ ယကေလေ့ ဂျိန်းဖောစကားစွာ ကချင်မျိုးနွယ်စုအားလုံး အချင်းချင်း ဆက်သွယ်ရာမာ အသုံးပြုရရေ "ဘုံစကား" ဖြစ်နီစွာပင် ထူးခြားချက်ဖြစ်တေ၊၊

ဂျိန်းဖောရို့၏ ခံယူချက်အရ "ဂျိန်းဖော" ဆိုစွာမာ ယင်းရို့၏ဘာသာစကားဖြင့် "လူ" ဟု အဓိပ္ပာယ်ရရေ၊၊ ယင်းရို့ကိုယ်ကို "ဂျိန်းဖော မရှ" (Jinghpo Masha) ဟု ခေါ်ဆိုကတ်တေ၊၊ ဂျိန်းဖောဆိုရေ နာမည်စွာ "နိန်ရာတကျဖြစ်ပြီးကေ အမြင်ကျယ်လာသူတိ" လို့လေ့ အဓိပ္ပာယ်ဖွင့်ဆိုကတ်တေ။

ဂျိန်းဖောလူမျိုးရို့၏ ဘိုးဘွားတိမာ တိဗက်ကုန်းပြင်မြင့် ဧ့ အရှိဖက်စွန်းဒေသတိက ဆင်းသက်လာသူတိ ဖြစ်ကတ်တေ၊၊ ယင်းရို့၏ ရိုးရာပစရာဇဝင်တိအရ ယင်းရို့စွာ "မဂျွယ်ယန်" (Majoi Shingra) ဟု ခေါ်ဆိုရေ "သဘာဝအတိုင်း တည်ဟိနီရေ လွင်ပြင်" ဒေသမှ တောင်ဘက်ကို တရွိ့ရွိ့ ရွှိပြောင်းလှာခကတ်ခြင်း ဖြစ်တေ၊၊[]

၁၅ ရာစုနန့် ၁၆ ရာစုဝန်းကျင်မာ ဂျိန်းဖောရို့စွာ ဒေနိခေတ် ယူနန်ပြည်နယ် နန့် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းဟိ ဧရာဝတီမြစ် ဖျားခံရာ ဒေသတိသို့ ရောက်ဟိလာခကတ်တေ၊၊ ယင်းကနိန်တဆင့် ၁၈ ရာစုအတွင်းမာ ဟူးကောင်းချိုင့်ဝှမ်း နန့် တြိဂံနယ်မြီ (မေခနန့် မေလိခမြစ်ကြား) ဒေသတိသို့ ပျံ့နှံ့အခြီချခကတ်တေ၊၊[]

သမိုင်းမှတ်တမ်းတိအရ ဂျိန်းဖော (ကချင်) ဂေါင်းဆောင်တိနန့် မြန်မာဘုရင်တိစွာ နှစ်ဦးနှစ်ဖက် အကျိုးတူ ဆက်ဆံရီးဟိခကတ်တေ၊၊ ဂျိန်းဖောရို့စွာ တောင်တန်းဒေသတိကို စိုးမိုးထားသူတိဖြစ်သဖြင့် မြန်မာဘုရင်တိအတွက် မြောက်ဘက်တန်းခါးကို စောင့်ယှောက်ပီးသူတိအဖြစ် တည်ဟိခရေ၊၊ကုန်းဘောင်ခေတ် အထူးအားဖြင့် ဆင်ဖြူရှင်မင်းတရားကြီး လက်ထက် တရုတ်-မြန်မာစစ်ပွဲများမာ ဂျိန်းဖော (ကချင်) တပ်မတော်သားတိစွာ မြန်မာတပ်မတော်နန့်အတူ ပူးပေါင်းပနာ တရုတ်ကျူးကျော်စစ်ကို တွန်းလှန်ခကတ်ရေ၊၊[] မြန်မာဘုရင်တိစွာ ဂျိန်းဖောစော်ဘွားတိနန့် ဒူးဝါး (Duwa) တိကို "ကျော်ထင်"၊ "နော်ရထာ" စရေ ဘွဲ့တံဆိပ်များ ပီးအပ်လေ့ဟိပြီးးအသိအမှတ်ပြု ဆက်ဆံခကတ်ရေ၊၊ ဂျိန်းဖောဒေသမှ ထွက်ဟိရေ ကျောက်စိမ်း၊ ရွှီ နန့် ဆင်စွယ်တိကို အင်းဝ နန့် ရတနာပုံ နန်းတော်တိသို့ ဆက်သခကတ်တေပိုင်၊ မြန်မာဘုရင်တိကလည်း ပိုးထည်နန့် အရာတန်ဖိုးကြီးပစ္စည်းတိကို ပြန်ပနာပီးသနားခကတ်ရေ၊၊[]

ဗြိတိသျှရို့ မြန်မာနိုင်ငံကို ကျူးကျော်စဉ်အထဲ ဂျိန်းဖော (ကချင်) လူမျိုးတိစွာ ကိုယ်ရို့ဧ့ နယ်မြီကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်ခကတ်ရေ၊၊ ၁၉ ရာစုနှောင်းပိုင်းမာ ဗြိတိသျှရို့က ကချင်တောင်တန်းဒေသတိကို ထိန်းချုပ်ရန် ကြိုးပမ်းခကေလေ့ ၁၈၉၅ ခုနှစ် "ကချင်တောင်တန်းဒေသများ စည်းမျှိုင်း" (Kachin Hills Regulation) ကို ထုတ်ပြန်လို့ သီးသန့်အုပ်ချုပ်ရီးစနစ်ဖြင့်သာ ထားဟိခရရေ၊၊

ဒုတိယကမ္ဘာစစ်အတွင်းမာ ဂျိန်းဖောလူမျိုးတိစွာ အမေရိကန်နန့် မဟာမိတ်တပ်ဖွဲ့များဘက်မှ ရပ်တည်ကာ ကချင်အဖွဲ့ ၁၀၁ (Kachin Rangers) နာမည်ဖြင့် ဂျပန်တပ်တိကို ပြောက်ကျားစစ်ဆင်နွှဲခကတ်ရေ၊၊ ၁၉၄၇ ခုနှစ်မာ ဗိုလ်ချုပ်အောင်ဆန်းနန့်အတူ ပင်လုံစာချုပ် ကို လက်မှတ်ရီးထိုးရာမာ ကချင်ဂေါင်းဆောင်များ ပါဝင်ခပြီး ၁၉၄၈ ခုနှစ်မာ လွတ်လပ်ရေ မြန်မာနိုင်ငံဧ့ ကချင်ပြည်နယ် အဖြစ် ပေါ်ပေါက်ပါလတ်တေ၊၊[]

လူမှုအုပ်ချုပ်ရီးစနစ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သမိုင်းတလျှောက်မာ ဂျိန်းဖောရို့စွာ အုပ်ချုပ်ရီးစနစ် နှစ်မျိုးကို ကျင့်သုံးခကတ်တေ:

  1. ဂွမ်ဆာစနစ် (Gumsa): နယ်စား၊ ပဒေသရာဇ်ပုံစံ အုပ်ချုပ်ရီးစနစ် ဖြစ်တေ၊၊
  2. ဂွမ်လာစနစ် (Gumlao): လူထုဗဟိုပြု၊ ဒီမိုကရေစီဆန်ရေ တန်းတူညီမျှ အုပ်ချုပ်ရီးစနစ် ဖြစ်တေ၊၊

ဒေစနစ်နှစ်ခုစွာ ဂျိန်းဖောရို့၏ လူမှုတည်ဆောက်ပုံမာ ရာစုနှစ်ပေါင်းများစွာ အပြန်အလှန် လွှမ်းမိုးခရေ၊၊[]

ဂျိန်းဖောလူမျိုး အများစုစွာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်အထဲဟိ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း နန့် ပူတာအိုခရိုင်ရို့မာ နီထိုင်ကတ်တေ။ ယင်းအပြင် သျှမ်းပြည်နယ် မြောက်ပိုင်း (ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း) ဒေသများမာလည်း ပျံ့နှံ့နီထိုင်ကတ်တေ။ အိမ်နီးချင်း တရုတ်နိုင်ငံ (ယူနန်ပြည်နယ်) မာလည်း "ဂျင်းဖို" (Jingpo) နာမည်ဖြင့်ပင်ဖြစ်ဖြစ်၊ အိန္ဒိယနိုင်ငံ (အာသံနန့် အာရုနာချယ်ပရာဒေ့ရှ်) မာ "ဆင်းဖို" (Singpho) နာမည်ဖြင့်ပင်ဖြစ်ဖြစ် နီထိုင်ကတ်တေ။

မျိုးနွယ်စု သျှစ်မျိုး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဂျိန်းဖောလူမျိုးစုကြီးအထဲ အဓိက မျိုးရိုးနာမည် (Clans) သျှစ်မျိုး ဟိရေ -

  1. မရစ် (Marip)
  2. မရမ် (Maram)
  3. အင်ခွန် (N'Khum)
  4. လဖိုင် (Laphai)
  5. လထော (Lahpai)
  6. မဂေါင် (Magawng)
  7. ဒူးလင်း (Dulang)
  8. ဂျဆင်း (Hpauwi)

ယင်းရို့အနက် လဖိုင်နန့် မရစ်ရို့မာ အင်အားအကြီးဆုံး မျိုးနွယ်စုများ ဖြစ်ကတ်တေ၊၊

ယိုင်ကျေးမှုနန့် ကိုးကွယ်ယုံကြည်မှု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဂျိန်းဖောရို့၏ အထင်ရှားဆုံးရေ ယိုင်ကျေးမှုပွဲတော်မာ မနောပွဲ (Manau Festival) ဖြစ်တေ၊၊ မူလက နတ်တင်ပွဲအဖြစ် ကျင်းပခကေလေ့ ဂုချိန်ခါ စည်းလုံးညီညွတ်ရီးနန့် အောင်ပွဲခံပွဲတော်အဖြစ် ကျင်းပကတ်တေ၊၊ ကိုးကွယ်ယုံကြည်မှုအားဖြင့် အများစုကတော့ခါ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကတ်ပြီး မိရိုးဖလာ နတ်ကိုးကွယ်သူတိနန့် ဗုဒ္ဓဘာသာဝင်တိလေ့ ဟိကတ်တေ၊၊

ဂျိန်းဖောဘာသာစကား (Jinghpo language) စွာ မြန်မာနိုင်ငံမာ ပြောဆိုသူ ၁,၅၀၀,၀၀၀ လှောက်နန့် တရုတ်နိုင်ငံမာ ၁၅၀,၀၀၀ ခန့် ဟိရေ၊၊ ဒေဘာသာစကားစွာ တရုတ်-တိဗက်နွယ် မိသားစုဧ့ တိဗက်-ဗမာအုပ်စုဝင် ကချင် (Kachinic) အုပ်စုမာ ပါဝင်ရေ၊၊ ယင်းစွာ မြောက်ပိုင်းနာဂဘာသာစကားတိနန့် နီးကပ်စွာ ဆက်စပ်နိန်ပြီးကေ ဇိုင်ဝါးဘာသာစကားနန့်လည်း ဝေါဟာရချင်း ဆင်တူတေ။ တရုတ်နိုင်ငံမာ ရေဟုန်ဒေသ အနောက်မြောက်ဘက်ဟိ Enkun ဒေသစကားကို စံနှုန်းအဖြစ် အသုံးပြုပြီးကေ၊ အိန္ဒိယနိုင်ငံမာမူ ဆင်းဖို (Singpho) ဒေသစကားကို ပြောဆိုကတ်ရေ။ ဂျိန်းဖောဘာသာစကားစွာ ကချင်မျိုးနွယ်စုများအကြား ဘုံစကား (Lingua Franca) ဖြစ်တေ၊၊ ဇိုင်ဝါး၊ ခရာဝဝေါ် နန့် လရှီ ဘာသာစကားတိအပေါ် သိသာစွာ လွှမ်းမိုးထားပြီးသား ရဝမ်နန့် လီဆူ ဘာသာစကားတိမာလည်း ဂျိန်းဖောဝေါဟာရတချို့ကို တွိရရေ၊၊

ဂျိန်းဖောရိုးရာအကများမာ အသုံးပြုရေ ဓား (Hka-nap)

ဇိုင်ဝါးဘာသာစကား (Atsi/Zaiwa language) ကို တရုတ်နိုင်ငံမာ လူဦးရွီ ၈၀,၀၀၀ လှောက်နန့် မြန်မာနိုင်ငံမာ ၃၀,၀၀၀ ခန့် ပြောဆိုကတ်တေ။ ယင်းကို တရုတ်ဘာသာဖြင့် Zǎiwǎyǔ (载瓦语) ဟု ခေါ်ဆိုရေ၊၊ ဂျိန်းဖောဘာသာစကားနန့် မတူညီဘဲ ဇိုင်ဝါးစွာ တိဗက်-ဗမာအုပ်စုဧ့ ပိုင်-ဗမာ (Burmish) အုပ်စုခွဲမာ ပါဝင်သဖြင့် ဗမာဘာသာစကားနန့် ပိုပြီးကေနီးစပ်ရေ၊၊ တရုတ်နိုင်ငံမာ Luxi ကောင်တီ၊ Xishan ဒေသ၊ Longzhun ရွာဧ့ အပြောအဆိုကို စံဇိုင်ဝါးဘာသာစကားအဖြစ် သတ်မှတ်ထားရေ၊၊ ဇိုင်ဝါးလူမျိုး အများစုစွာ ဂျိန်းဖောဘာသာစကားကိုပါ ဒွန်တွဲပြီးကေ ပြောဆိုနှိုင်ကတ်တေ၊၊

ဂျိန်းဖောလူမျိုးအများစုစွာ ဘာသာစကားတိစွာ တတ်မြောက်ကြသူတိ (Polyglots) ဖြစ်ကတ်တေ၊၊ ယင်းရို့စွာ မိခင်ဘာသာစကားအပြင်:


  1. 1 2 Leach, E. R. (1954). Political Systems of Highland Burma: A Study of Kachin Social Structure. London School of Economics.
  2. Lintner, B. (1997). The Kachin: Lords of Burma's Northern Frontier. Teak House Books.
  3. အသျှင်သီရိန္ဒာဘိဝံသ (၂၀၀၅)။ မြန်မာ့သမိုင်းနန့် တိုင်းရင်းသားလူမျိုးများ၊၊
  4. 1 2 Sadan, M. (2013). Being and Becoming Kachin. Oxford University Press.

တမ်းပလိတ်:မြန်မာပြည် လူမျိုးများ