ဂျူဒို
ဂျူဒိုကို ခေတ်ပေါ် ဂျပန်ကိုယ်ခံပညာရပ်အဖြစ် စာရင်းသွင်းထားပြီးကေ၊ ယင်းခါကပင် အိုလံပစ်အားကစားပြိုင်ပွဲတိ၌ ထည့်သွင်း ကျင်းပရေ။ ယင်းအားကစားနည်းကို ၁၈၈၂ တွင် ဂျိဂိုရိုး ခနိုး (Jigoro Kano) က ဂျပန်တွင် ကိုယ်စိတ်နှစ်ပါးနန့် စာရိတ္တ ကြံ့ခိုင်ရီးအတွက် တီထွင်ခရေ။ ရန်သူနန့် သူသီကိုယ်သီ ရင်ဆိုင် တိုက်ခိုက်ရေ ဂျူဂျစ်ဆုသိုင်းမှ မြစ်ဖျားခံလာရေ ဂျူဒိုဧ့ အထင်ရှားဆုံး လက္ခဏာရပ်မှာ ယှဉ်ပြိုင်ရီးလက္ခဏာ ဖြစ်ကာ၊ ယင်းရည်ရွယ်ချက်မှာ ပြိုင်ဘက်ကို မြေပေါ် လွှဲပစ်ဖို့ (throw) ယပိုင်မဟုတ်ကေ မလှုပ်မရှားနိုင်အောင် တခုခုနန့် လည်းကောင်း အလွတ် လည်ကောင်း ဖိချဖို့ (take down) ယပိုင်မဟုတ်ကေ သိုင်းချုပ်ခြင်း (joint lock) လည်မြိုညှစ်ခြင်း (chokehold) ရို့နန့် ပြိုင်ဘက်ကို အညံ့ခံအောင် လုပ်ဖို့ ဟုသာ ဖြစ်ရေ။ လက်သီးထိုးခြင်း (Strike)၊ ခြေလက်တိဖြင့် ကန်ကျောက်ခြင်းရေ ဂျူဒိုဧ့ တိုက်ခိုက်ရီး တစိတ်တပိုင်း ဖြစ်ခကေလည်း ခတ၌သာ ခွင့်ပြုပနာ၊ ဂျူဒိုပြိုင်ပွဲ ယပိုင်မဟုတ်ကေ ရန်းဒိုရိ၌ ခွင့်ပြုမထားချေ။ ခတ (Kata) ရေ ကြိုတင်စည်းဝါးရိုက်ထားပြီးကေသား ပုံစံကျ ပြိုင်ပွဲ ဖြစ်ကာ၊ ရန်းဒိုရိ (Randori) ရေ အလွတ်လေ့ကျင့်ပုံကို ဆိုလိုရေ။ အိုလံပစ်ပြိုင်ပွဲတိတွင် မိတ်ဆက်မပေးမီက ၎င်းကို ဂျူဒိုဟု မခေါ်သိမ်း၊ ခနိုး ဂျူဂျစ်ဆုဟု ညွှန်းဆိုရေ။ ဂျူဒိုသမား တဦးကို ဂျပန်လို ဂျူးဒိုးခ (judoka)၊ ဂျူဒိုဝတ်စုံကို ဂျူးဒိုးငိ (judogi)ဟု ခေါ်လီရေ။
ဂျူဒိုတွင် ဖွံ့ဖြိုးလာရေ အယူအဆတိနန့် သင်ကြားပြသပုံတိရေ အခြား ခေတ်ပေါ် ဂျပန်ကိုယ်ခံပညာရပ်တိပေါ် သက်ရောက်ပြီးကေ စံပြ ဖြစ်လာရေ။ ဂျူဒိုမှတဆင့် ဘရာဇီးဂျူဂျစ်ဆု (Brazilian jiu-jitsu)၊ ခရဗ်မဂ (Krav Maga)၊ ဆမ်ဘို (Sambo)သိုင်း နန့် အေအာဘီသိုင်း စရေရို့သို့ ဆင့်ကဲ ပြောင်းလဲလားရေ။ အခြား တိုက်ခိုက်ရီးပညာရပ်တိ ဖြစ်ရေ CQC, MMA, လက်ပမ်းနန့် ခြေပမ်းရို့ကိုလည်း ဂျူဒိုက လွှမ်းမိုးမှု ဟိရေ။
အစပြု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- တင်းဂျင်း သျှင်းယော ရူး (Tenjin Shin'yö-ryü)
- ယိုသျှင် ရူး (Yoshin ryu)
- ဟိတင်း ရူး (Shiten ryu)
- ဆယ်ခိငုချိ ရူး (Sekiguchi Ryu)
- ဆိုစုအိချိ ရူး (Sosuishi Ryu)
- ဖုစင်း ရူး (Fusen Ryu)
- ခိတို ရူး (Kito Ryu)
- တကဲနိုအုချိ ရူး (Takenouchi Ryu)
- မိအုရ ရူး (Miura Ryu)
- ခရုသျှင်း ရူး (Kyushin Ryu)
- ရောအိသျှင်းတို ရူး (Ryöi Shinto-ryü)
- တုတုမိဟိုဇန်း ရူး (Tsutsumi Hozan Ryu)
ဆင်းသက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ခိုစင်း ဂျူဒို (Kosen judo), ဘာတစ်ဆု (Bartitsu), ယိုစေးခန် ဘုဒို (Yoseikan Budo), ဘရာဇီး ဂျူဂျစ်ဆု (Brazilian jiu-jitsu), ဆမ်ဘို (Sambo), အေအာဘီ (ARB), စီကျူစီ (CQC), ကရဗ်မဂ (Krav Maga), ခပပ် (Kapap), ဟပ်ကီဒို (Hapkido), ခူးဒိုး (Küdö), သိုင်းပေါင်းစုံ (Mixed martial arts
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]