ငတုံးစံ
အသွင်ပြင်
လက်ယာမြန်ကျွန်းအုပ် ငတုံးစံလည်း ဟူ၏။ အမရပူရက လူနှစ်ထောင်ပေးရန် ရခိုင်၌ ဆင့်ခေါ် စဉ် ၁၇၉၈-ခု တန်ဆောင်မုန်းလဝယ် ငကာစွယ်၊ ဒင်္ဂါးထောင်စား တုံးစံရွှေတို့နှင့်အတူ တိုက်စည်တီး၍ ထကြွခဲ့သည်။ မယူကမ်းအောင်တပ်၌ တပ်စွဲနေစဉ် နှိမ်နင်းရန်လာသူ ဗိုလ်ချင်းပြန်သည် ဘက်ပြောင်းသွားသည်။ ၎င်းတို့သည် ငရကောက်တွင် တပ်စွဲခဲ့သော်လည်း ရန်သူစစ်ကြောင့် ဆုတ်ခွာခဲ့လေသည်။