ငမန်းရဲကျွန်း
အသွင်ပြင်
ငမန်းရဲကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငမန်းရဲကျွန်စွာ ခေါင်းလောင်းကျွန်း၏ တောင်ဘက်မာဟိရေကျွန်းဖြစ်ရေ။ တောင်ဘက်ပိုင်းစွာ ဟန်တာ ပင်လယ်ဖြစ်ရေ။ အရှိဖက်ရေ ကြပ်စင်ကျွန်း၊ မြီပုံကျွန်းရို့ဖြိုက်ကတ်တေ။ အနောက်ဘက်စွာ စိုင်းဒုတ်ကျွန်းဖြစ်ရေ။ မင်းဘာယှင့်လက်ထက် သူရဲကြီးငမန်းရဲကို အစွဲပြုပနာ ခေါ်ဟန်တူစွာ သူရဲကြီးငမန်းရဲစွာ သောင်းကြမ်းလီရာ သူ၏ယောက္ဖအား ဘုရင်ကစစ်သူကြီးခန့်အပ်ပနာ နှိမ်နင်းခရရေ။ ငမန်းရဲစွာ ပိန္နဲချောင်းကျွန်းသို့ ထွက်ဗြီးလီကေလေ့ အစါငတ်မွတ်အနိန်နန့် အဖမ်းခံရပြီးကေ ခေါင်းဖြတ်ခံရရေ (စန္ဒ။၂း၅၃)။
ငမန်းရဲကျွန်းကို ငမန်းရိပ်ကျွန်း ဟုလေ့သုံးကတ်ရေ (ကျောက်တော်မြို့မရွှေကျောင်း။၁၇)။ [၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။