ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း

ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း (Walk for Peace) အမေရိကန်ပြည်ထောင်စုတလျောက် ငြိမ်းချမ်းရီး၊ စာနာကြင်နာခြင်းနန့် အကြမ်းမဖက်မှု (nonviolence) ရို့ကို မြှင့်တင်ပို့ဆောင်ဖို့အတွက် ရဟန်းတော်တိ ဦးဆောင်ပနာ မေတ္တာနန့် စိတ်ရှည်စွာ လမ်းလျှောက်ရေ ခရီးစဉ် ဖြစ်ပါရေ။ လူထုအတွင်း နန့် လူ့အသိုင်းအဝိုင်းတွင် စိတ်ကြင်နာခြင်း၊ အီးချမ်းမှု, နန့် အစွားအသန် ပူးပေါင်းဆောင်ရွက်မှု ရို့အား အားပီးဖို့ ရည်ရွယ်ပနာ 2025–2026 ခုနှစ်မာ ကျင်းပခကတ်ရေ။ ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း စွာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နိမာ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်ဟိ Hương Đạo Vipassana Bhavana Center က ခရီးစတင်ခရေ ရဟန်းတော်တိ၏ 2,300-မိုင် လမ်းလျှောက်ခရီး ဖြစ်ရေ။ ဝါရှင်တန် D.C. အထိ ခရီးစွာ 108 ရက် ကြာ ခြီကျင် နန့် စိတ်အီးချမ်းမှု သဘောတရား ပို့ဆောင်ဖို့ ရည်ရွယ်ပနာ လမ်းလျှောက်ခရေ။
နောက်ခံအကြောင်းအရာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း ကို ဗီယက်နမ်မူလ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုက ဦးဆောင်စီမံခပြီးကေ အမေရိကန်ပြည်ထောင်စုတလျှောက် ခရီးရှည်လျှောက်ပနာ ငြိမ်းချမ်းရီးသတင်းစကား ပို့ဆောင်ရန် စီစဉ်ခရေ။ ဒေလှုပ်ရှားမှုစွာ ဗုဒ္ဓဘာသာ၏ အဓိကသဘောတရားတိဖြစ်ရေ – မေတ္တာ (Metta) ကရုဏာ (Compassion) အကြမ်းမဖက်မှု (Ahimsa / Nonviolence) စိတ်သတိရှိနေမှု (Mindfulness) ရို့ကို လူထုထံ ပိုမိုသိမြင်စေရန် အဓိကထားခရေ။
ခရီးစဉ်အသေးစိတ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း စွာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမာ စတင်ခပြီးကေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမာ ပြီးဆုံးခရေ။ ခရီးစဉ်စွာ တက်ဂျက်စ်ပြည်နယ်မှ ဝါရှင်တန် D.C. အထိ အမေရိကန်နိုင်ငံတလျှောက် ခန့်မှန်းခြီ မိုင် ၂,၀၀၀ ကျော် (ကီလိုမီတာ ၃,၀၀၀ ကျော်) လျှောက်ခရေ။
ခရီးစဉ်အတွင်း –
- ဗုဒ္ဓဘာသာရဟန်းတော်ကြီးတိ အစုလိုက်ပါဝင်ခရေ။
- အချို့ရဟန်းတော်တိစွာ ခြီဗလာနန့် လမ်းလျှောက်ခရေ။
- လူထုနန့် နီရာဒေသအလိုက် တွိ့ဆုံဆွီးနွီးပွဲတိ ပြုလုပ်ခရေ။
- ငြိမ်းချမ်းရီးအကြောင်း ဆွီးနွီးဟောပြောမှုတိ နိစဉ် ပြုလုပ်ခရေ။
လူမှုကွန်ယက်ထက်မာလေ့ လှုပ်ရှားမှု၏ လမ်းလျှောက်သတင်းတိကို မျှဝီခအတွက် လူအများစိတ်ဝင်စားမှုရဟိခရေ။
ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း ပါဝင်ခရေ ရဟန်းတိ အဓိက နာမည်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- Venerable Bhikkhu Paññākāra (ခေါင်းဆောင်၊ barefoot လျှောက်ခသူ)
- Phra Ajarn Maha Dam Phommasan (ယာဉ်တိုက်မှုဒဏ်ရာ ရဟိ၊ ခြီထောက်ဖြတ်ခရကေလေ့ ဆက်လျှောက်ခ)
- Bhante Sumato (Phra Supalak) – ဓာတ်ပုံဆရာ အဖြစ်ပါဝင်
- Sư Chánh Đạo (Venerable Samma Maggo / Two-Step)
စုစုပေါင်း ရဟန်း ၁၉–၂၄ ပါး ပါဝင်ခကေလေ့ နာမည်အပြည့်အစုံ စာရင်း မတွိ့ရပါ။ အများစုမှာ Theravada နိုင်ငံတိဖြစ်တေ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ စရေနိုင်ငံတိက လာကရေ။
ရည်ရွယ်ချက်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း ၏ အဓိကရည်ရွယ်ချက်တိမှာ –
- လူ့အသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းရီးသဘောတရား မြှင့်တင်ခြင်း
- အကြမ်းမဖက်ရီးကို အားပီးခြင်း
- လူမျိုးဘာသာ မခွဲခြားဘဲ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စီခြင်း
- စိတ်အတွင်းငြိမ်းချမ်းမှုနန့် သတိရှိနီမှု (Mindfulness) ကို လူထုထံ ပို့ဆောင်ခြင်း
လှုပ်ရှားမှုစွာ နိုင်ငံရီးဆိုင်ရာ လှုပ်ရှားမှုမဟုတ်ဘဲနန့် လူသားချင်းစာနာမှုအခြီခံ သဘောတရားတိကို အဓိကထားခရေ။
ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း အဓိက ရက်စွဲတိ (နှစ်-လ-ရက်)
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ၂၀၂၅-၁၀-၂၆: စတင်ခဲ့စွာ (Fort Worth, Texas)
- ၂၀၂၅-၁၁-၀၅: Austin ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း Day ကြေညာချက်
- ၂၀၂၅-၁၁-၁၉: ယာဉ်တိုက်မှု ဖြစ်ပွား (Dayton, Texas)
- ၂၀၂၅-၁၂-၀၃: ဆရာတော် ခြီထောက်ဖြတ်ခွဲစိတ်မှု
- ၂၀၂၆-၀၁-၁၉: Greensboro ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း Day
- ၂၀၂၆-၀၁-၂၄: North Carolina ပြည်နယ် ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း Day ကြေညာ
- ၂၀၂၆-၀၂-၀၂: Virginia ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း Day ကြေညာ
- ၂၀၂၆-၀၂-၁၀: Washington, D.C. ရောက်ရှိပြီးဆုံး (၁၀၈ ရက်)
ခရီးအတွင်း ဖြစ်ရပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကားတိုက်မှု – 2025 နိုဝင်ဘာ 19 ရက်နိအထိ လမ်းလျှောက်စဉ် ကားတစ်စီး တိုက်မိပြီးကေ ရဟန်းတော်နှစ်ဦး ဒဏ်ရာရဟိခရေ။ အထူး တစ်ဦး၏ ခြီထောက်ကို ထိခိုက်ခြင်းကြောင့် ခြေဖဝါးအောက် တစ်ဝက် ခွဲထုတ်ထားရခ ယေဒါလေ့ ဗုဒ္ဓဘာသာ အယူဝါဒအရ စိတ်ရှည်ဝန်းရံပနာ ထပ်မံ ခရီးဆက်ခရေ။
လူထုနန့် အာဏာပိုင် တုံ့ပြန်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း ကို လူထုအများက ကြိုဆိုထောက်ခံခကတ်ပြီးကေ တချို့မြို့တိနန့် ပြည်နယ်အာဏာပိုင်တိကလည်း ငြိမ်းချမ်းရီးနန့်ဆိုင်ရေ အထူးနိတိ သတ်မှတ်ကြေညာ ခကတ်ရေ။ လူမှုကွန်ယက်ထက်မာလေ့ လှုပ်ရှားမှုအပေါ် ထောက်ခံသံတိ များပြားခပြီးကေ နိုင်ငံတကာကလည်း စိတ်ဝင်စားမှု ရဟိခရေ။

ထူးခြားချက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ခရီးစဉ်အတွင်း အာလောက “Aloka” လို့ နာမည်ပီးထားရေ ကယ်ဆယ်ထားရေ ခွီးတစ်ကောင်စွာ လမ်းလျှောက်သူတိနန့်အတူ လိုက်ပါခပြီးကေ လူထုအတွင်း သတိထားမိမှု ရဟိခရေ။ ယင့်အချက်စွာ လှုပ်ရှားမှု၏ သင်္ကေတတစ်ရပ်အဖြစ် တွိ့မြင်ခံခရရေ။
အဓိပ္ပါယ်နန့် သက်ရောက်မှု ငြိမ်းချမ်းရီး လမ်းလျှောက်ခြင်း စွာ ခြီထောက်နန့် လမ်းလျှောက်ခြင်းကို အသုံးပြုပနာ သဘောတရားဆိုင်ရာ မက်ဆေ့ချ် ပို့ဆောင်ရေ လှုပ်ရှားမှုတစ်ခုဖြစ်ပြီးကေ ဗုဒ္ဓဘာသာ၏ မေတ္တာနန့် အကြမ်းမဖက်ရေ သဘောတရားတိကို ခေတ်သစ် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်တင်ပြရေ အရေးပါရေ ဥပမာတစ်ရပ်အဖြစ် ခံယူနိုင်ရေ။ ဒေလှုပ်ရှားမှုစွာ ငြိမ်းချမ်းရီးအတွက် လမ်းလျှောက်ခြင်းကို သင်္ကေတအဖြစ် အသုံးပြုကာ လူသားချင်း စာနာမှုနန့် အပြန်အလှန်နားလည်မှုရို့၏ အရေးပါမှုကို ထောက်ပြခရေ။[၁]