ငွေကြေးနန့် ပတ်သက်ပနာ အခေါ်အဝေါ်
| မြန်မာ | ရခိုင် |
| ကြေးငွေ ဥစ္စာ | တင်္ကားပွီသာ |
| ရွှေဒင်္ဂါး | ပေါင်ခတ် |
| ငွေစင်ဒင်္ဂါး | ငွေသားတင်္ကား |
| ငွေစက္ကူ | ငွေတစ်ပြား၊ ငွေတစ်ချပ် |
| ကျပ်တန် | ငွေကြွီ၊ ပြားသျှေ |
| အနုတ် | အကွီ၊ ပြွီသာကြွီ |
| ငါးကျပ်တန် | ငါးပြားတန် |
| ငွေစက္ကူတစ်ချပ် | တင်္ကားစက္ကူတစ်ရွက် |
| ပြားစေ့ | ပြားခတ် |
| အတုငွေကြွီ | ခဲခတ် |
| ငွေရေတွက်ကြည့် | စိတ်ပြာကြည့်ရေ |
အင်္ဂလိပ်အစိုးရ သိမ်းပိုက်စတွင် ငွေကြေးအခေါ်တိ
| မြန်မာ | ရခိုင် |
| ငွေတစ်ကျပ် | တင်္ကားတစ်ပြား |
| ငါးမူး | မူခွဲ |
| တစ်မတ် | တစ်သိုးကာ |
| တစ်မူး | မူခြမ်း |
| တစ်ပဲ | တစ်မျက် |
| ပိုက်ဆံတစ်ပြား | တစ်စိ |
| တစ်ပိုင် | တစ်အာဒါ |
အိန္ဒိယအခေါ်သို့ ပြောင်းလဲချိန်
| မြန်မာ | ရခိုင် |
| ငွေတစ်ကျပ် | တင်္ကားတစ်ပြား |
| ငါးမူး | မူခွဲ (ရှစ်ပဲ) |
| တစ်မတ် | လေးအာနာ (လေးပဲ) |
| တစ်မူး | နှစ်အာဏာ (နှစ်ပဲ) |
| တစ်ပဲ | တစ်အာဏာ |
| ပိုက်ဆံတစ်ပြား | ပိဿာ၊ ပွီသာ |