Jump to content

စကားစပ်၊ စကားတွဲတိ

ဝီကီးပီးဒီးယား က
စကားတွဲမြန်မာရခိုင်IPA (ရခိုင်သံ)English
နံဘေးဘေးချင်းယှဉ်သွားကြတယ်နံချင်းပြိုင်လားကတ်တေ/nàɴ tɕʰɪ́ɴ pɹàɪɴ lá kaʔ te/They are walking side by side.
ဆိုက်ကပ်သင်္ဘောဆိုက်ပြီလားသင်္ဘောကပ်ပလား/θɪ̀ɴbɔ́ kaʔ pəlá/Has the ship docked?
ဆိုက်ရောက်သင်္ဘောဆိုက်ပြီလားသင်္ဘောရောက်ပလား/θɪ̀ɴbɔ́ ɹaʊʔ pəlá/Has the ship arrived?
မူးယစ်အရက်မူးလာတယ်အရက်ယစ်လာရေ/əɹɛʔ ɹɪʔ là ɹè/He is getting drunk.
သွားလားဘယ်သွားသလဲဇာလားလဲ/zà lá lɛ́/Where are you going?
ဘဇာဘာဖြစ်သလဲဇာဖြိုက်လဲ/zà pʰɹaɪʔ lɛ́/What happened?
ရိုက်သတ်ဆရာက တပည့်ကို ရိုက်တယ်ဆရာက တပည့်ကို သတ်နီရေ/səɹà ɡa̰ təbɹḛ ɡo̰ θaʔ nì ɹè/The teacher is beating the student.
ဆူပူသောင်းကြမ်းဆူဆူပူပူ မလုပ်ကြပါနှင့်မသောင်းကျန်းကတ်ကဲ့/mə θáʊɴ dʑáɴ kaʔ kḛ/Do not be rowdy/violent.
အေးချမ်းသိပ်အေးတယ်ကကောင်းချမ်း(ချိုင်း)ရေ/ɡəɡáʊɴ tɕʰáɴ ɹè/It is very cold.
ဆူညံသိပ်ဆူတာပဲကကောင်းညံရေကာ/ɡəɡáʊɴ ɲàɴ ɹè kà/It is so noisy!
စိုစွတ်လုံချည်ရေစိုနေတယ်ဒယောရီစွတ်နီရေ/dəɹɔ́ ɹì sʊʔ nì ɹè/The sarong is wet with water.
လျှော်ဖွတ်အဝတ်လျှော်နေတယ်အဝတ်ဖွတ်နီရေ/əwuʔ pʰʊʔ nì ɹè/Washing clothes.
ဆူဝသိပ်ဆူတာပဲကကောင်းဝရေကာ/ɡəɡáʊɴ wa̰ ɹè kà/He is so fat!
ပိန်ကြုံသိပ်ပိန်တယ်သူ ကကောင်းကြုံရေ/θù ɡəɡáʊɴ tɕòʊɴ ɹè/He is very skinny.
တစွန်းတစအစွန်းထွက်နေတယ်အစထွက်နီရေ/əsə tʰwɛʔ nì ɹè/A bit is sticking out.
မွဲပြာသူသိပ်မွဲသွားပြီသူပြာချီးကျလခဗျာယ်/θù pɹà tɕʰí tɕa̰ lə pɹàɪ/He has become penniless/destitute.
တိမ်းစောင်းဘယ်ဘက်တိမ်းနေတယ်ဘယ်ဘက်စောင်းနီရေ/bɛ̀ bɛʔ sáʊɴ nì ɹè/It is tilting to the left.
ယိမ်းယိုင်တစ်ဘက်ကို နည်းနည်းယိမ်းနေတယ်တစ်ဘက်တစိသျှေ ယိုင်နီရေ/təbɛʔ təsḭ ʃè ɹàɪɴ nì ɹè/It is leaning a bit to one side.
တိုင်းတာဘယ်လောက်ဝေးတယ် တိုင်းကြည့်ဇာလောက်ဝီးလေ တာကြည့်/zà laʊʔ wí lè tà tɕì/Measure how far it is.
တည်ဆောက်ထမင်းအိုး တည်ထားတယ်ထမင်းအိုး ဆောက်ထားရေ/tʰəmɪ́ɴ ó sʰaʊʔ tʰá ɹè/The rice pot is set on the stove.
ပါးနပ်ဒီကောင် သိပ်ပါးတာပဲအေသူ ကကောင်းနပ်တေ/ʔè θù ɡəɡáʊɴ naʔ te/This guy is very clever/cunning.
စုပုံအစုလိုက်ထားတယ်အပုံလိုက်ထားရေ/əpòʊɴ laɪʔ tʰá ɹè/Kept in a pile.
နီးပါးအနီးမှာ ရှိတယ်အပါးမှာ ဟိရေ/əpá m̥à hḭ ɹè/It is nearby.
ရွေးကောက်အကောင်းဆုံး ရွေးယူတယ်ဂေါင်ခေါက် ကောက်ယူရေ/ɡàʊɴ kʰaʊʔ kaʊʔ ɹù ɹè/Selecting the best one.
ဝန်ပစ္စည်းပစ္စည်းတွေ ပါလာတယ်ဝန်တိပါလာရေ/wʊ̀ɴ dì pà là ɹè/Luggage/goods are brought along.
ကွေးကောက်ဒီတိုင် နည်းနည်းကွေးတယ်အေတိုင် တစိသျှေ ကောက်တေ/ʔè dàɪɴ təsḭ ʃè kaʊʔ te/This pole is a bit curved.
ကန်ကျောက်ဘောလုံးကန်နေကြတယ်ဘောလုံး ကျောက်နီကတ်တေ/bɔ́lóʊɴ tɕaʊʔ nì kaʔ te/They are playing football.
ထပ်ဆင့်အိမ်အပေါ်ထပ်အိမ်အထက်ဆင့်/ʔèɪɴ ətʰɛʔ sɪ̰ɴ/The upper floor of the house.
ဝမ်းဗိုက်ဗိုက်နာတယ်ဝမ်းခဲရေ/wáɴ kʰɛ́ ɹè/Stomach ache.
ရပ်တန့်ကားရပ်နေတယ်မော်တော်ကားတန့်နီရေ/mɔ̀ dɔ̀ ɡá ta̰ɴ nì ɹè/The car is stopped.
ချောလှဒီမိန်းမသိပ်ချောတယ်ဒေမမာ့ကကောင်းလှရေ/dè məma̰ ɡəɡáʊɴ l̥a̰ ɹè/This woman is very beautiful.
ကာဆီးဝင်းထရံဆီးထားတယ်တပ်ကာထားရေ/taʔ kà tʰá ɹè/The fence is set up.
လိမ်ညာလိမ်သွားတယ်ညာလခါ့ရေ/ɲà lə ɡa̰ ɹè/He told a lie.
နွမ်းရိသိပ်နွမ်းတယ်ကကောင်းရိရေ/ɡəɡáʊɴ ɹɪ̰ ɹè/Very worn out/tired.
တိုးတိုးတိတ်တိတ်တိုးတိုးလေးပြောတယ်တိတိတ်သျှေပြောရေ/tid̥eɪʔ ʃè pɹàɔ ɹè/Speaking very quietly.
ကွင်းပြင်လယ်ကွင်းဆင်းသွားကြတယ်လယ်ပြင်ကို လခါ့ကြတ်တေ/lɛ̀ bɹɪ̀ɴ ɡo̰ ləɡa̰ tɕɛʔ te/They went down to the fields.
လျင်မြန်သိပ်မြန်တာပဲကကောင်းလျင်ယင့်/ɡəɡáʊɴ lɹɪ̀ɴ ɹɪ̰ɴ/It is very fast.
ယောင်လည်လျှောက်လည်နေကြတယ်ယောင်နီကြတ်တေ/ɹàʊɴ nì tɕɛʔ te/They are wandering around.
ညှိုးနွမ်းဒီပန်းတွေ ညှိုးသွားပြီအေပန်းတိ ညှိုးလခဗျာယ်/ʔè páɴ dì ɲó lə pɹàɪ/These flowers have withered.
ဆာမွတ်ထမင်းဆာတယ်ထမင်းမွတ်တေ/tʰəmɪ́ɴ m̥ʊʔ te/I am hungry for rice.
ဟောင်းနွမ်းဒီလုံချည်နွမ်းသွားပြီဒေဒယောဟောင်းလခဗျာယ်/dè dəɹɔ́ háʊɴ lə pɹàɪ/This sarong is old.
သင်းကြိုင်အမွှေးနံ့တွေ သင်းနေတယ်အမွှီးနန့် ကြိုင်နီရေ/əm̥wí na̰ɴ tɕàɪɴ nì ɹè/The fragrance is wafting.

ရခိုင် ဘာသာစကား လမ်းညွှန် (ဦးစက္ကိန္ဒ-ရခိုင်မြေ)