စကားပုံတိ
အသွင်ပြင်
- ကံဟိရေသား၊ ကျားကိုက်လို့မသီ
- ကံဟိသား၊ ကျားကိုက်လို့မသီ။
- ကခြင်းမှာ၊ ကျောက်ခြင်းပါ။
- ကစပ်လွန်ကေ၊ ရန်ဖြစ်။
- ကဆုန်ပူခြင်း၊ တော်သလင်း။
- ကဆုန်ပူခြင်း၊ တော်သလင်း။
- ကမ္ဘာကြီလို့ ဝဒါန်းမကျီ။
- ကျင်သန်အို၊ ယင်နှင့်မရ။ (ကြက်နှင်မရလည်းဟူ)
- ကျင်သန်အို ကြက်နှင်မရ။
- ကျမကောက်၊ ပျောက်မှရှာရေ(ကျမကောက်ပျောက်မရှာ)
- ကျမွိကို ထရံရက်ရက်လို့။
- ကျမွီနှင့်၊ ထရံရက်ရက်လို့။ (ကျမွီကို ထရံရက်ရက်လို့။)
- ကျွန်းသားမြို့ရောက်၊ ကရောက်ကထောက်
- ကျွန်းသားမြို့ရောက်၊ ကရောက်ကထောက်။
- ကျွန်နန့်သကောင်းအတူပေါင်း၊ သဂေါင်းကျွန်စော်နံလိမ့်မေ
- ကျွန်နှင့်သကောင်း အတူပေါင်း၊ သကောင်းကျွန်စော် နံလိမ့်မည်(ရခိုင်ရာဇင်)။
- ကျွဲနား စောင်းတီး။ (ခွီးနားစောင်းတီးလည်းဟူ)
- ကျွဲနိုင်ခံ၊ တင်သားကြီးရေ။(ဖင်ပေါက်တေလည်းဟူ)
- ကျွဲပြီးရာ၊ ဖျာဆိုးရွှင့်။
- ကျွဲမြက်စားရာ၊ ငယက်ဖလာဖလာ။
- ကျွဲမှာဂြိုလိမ်၊ လူမှာနံပိန်
- ကျွဲမှာဂြိုသိမ်၊ လူမှာနံပိန်၊ နွားမှာပြိုတုတ်။
- ကျွဲအိုချောက်၊ လူအိုပျောက်
- ကျားကိုက်စွာထက်၊ ငင်စွာရိရေ။
- ကျားကိုက်ဖို့နွား၊ တောင်နားရောင်။(တောနားယောင်၊ တောစယောင်)
- ကျားကိုက်ဖို့နွား၊ တောစကိုယောင်ရေ။
- ကျားကိုယိုးလို့ ဘက်စားရေ။
- ကျားခေါင်းထက်မှာ သန်းရှာရေ။
- ကျားဂေါင်းမှာ သန်းရှာရေပိုင်။
- ကျားစားစားလို့၊ ကျားငတ်ငတ်တေ။(အင်းလေး)
- ကျိတ်မှာတရာ၊ ရာမှာတယောက်။
- ကျိုးလခလို့ရာ၊ မကျိုးကေမိုးထိုးဖို့
- ကျီးကန်းသာမကြာစီကေ့၊ ချီးဖါးဟောက်မကြောက်လီကေ့။
- ကျီးကန်းအာ၊ ပြည်သာ။
- ကျီးကိုဘုတ်မရိုသေ၊ ဘုတ်ကိုကျီး မရိုသေ။
- ကျေးဇူးသျှင် ကျေးခက်နှင့်သတ်။
- ကျေးဇူသျှင် ကျေးပင်ပေါက်။
- ကျောက်ကိုညှဉ့်လို့ ဆီမထွက်။
- ကျောက်ဆိုစွာအမှုံ့လည်းရီမှာမြုပ်တေ
- ကျောက်တခါလေ့ ရီမှာ မမျိုး၊ မျောက်တခါလေ့ ရတုမဆို။
- ကျောက်ပုံမှာငါးဝက်ရစ်ရစ်လို့
- ကျောက်ရစ်ကေသား၊ နှမ်းဖတ်စား။
- ကျောင်းကအမှု ရွာကိုပတ်(ရွာကိုကပ်)။
- ကျော်ရေလဲသူ၊ ညှော်ရေလဲသူ
- ကြက်ကန်း ဆန်အိုးတွိရေ။
- ကြက်တခါစားကေ၊ အရာမမြင်၊ ဝက်တခါ စားကေ ဝက်ထိုးပြင်။
- ကြက်တည်သား၊ ကျားကိုက်။
- ကြက်ဖင်မှာ၊ ရီဆုံးဆုံးလို့။
- ကြက်ဖင်မှာရီဆုံးရေပိုင်
- ကြက်မ တွန်လို့ မိုးမလင်း။
- ကြက်မ မကောင်း၊ ဝတင်းပါပစ်တေ၊ မယားမကောင်း အိမ်ဆိုးနှင့်ပစ်တေ။
- ကြက်မတိုးဘဲ၊ ညွတ်ဆိုး။
- ကြည့်ကေကပျော်၊ ကိုင်ကေလျှော်(ယော်)။
- ကြည့်ဖန်များလှ။
- ကြမ်းကျွံကေနုတ်ရ၊ စကားကျွံကေနုတ်မရ။
- ကြမ်းပိုးကိုမာန်ပါ၊ အိမ်ကိုမီးတိုက်တေ
- ကြွက်ကိုမနိုင်လို့ကျီကိုမီးနန့်တိုက်
- ကြွက်ပါးရောက် ငါကြွက်၊ ငှက်ပါးရောက် ငါငှက်။
- ကြားပြီးသူမြတ်တေ
- ကြားရေနား၊ ပင်းကွန်ဆောင်။
- ကြာကေ၊ ဗေါင်းစောက်ကေ။
- ကြိုးကြာရီမသောက်၊ စာလမ်းမလျှောက်၊ နှမ်းမအောက်။
- ကြိုးမပါဘဲ မွိရေဂျင်။
- ကြီးချင်ဆီကြီး၊ တောင်းဖူးဘုရားလက်အောက်က။
- ကြီးရာကြီးရေ၊ ဘိုးသိုးကြီး၊ အလယ်မှာတစိတည်း။
- ကြီးလီချဉ်လီ၊ သမ္ဘရာသီး။
- ကြီးလီချိုင်လီသံပုရာသီးအမျိုး
- ကြောင်းနင်းလို့ ခရင်းမကြီး။
- ကြောင်ကကြီစပ်၊ ကြွက်သီတတ်။
- ကြောင်ကြီး ကျားဖြစ်တတ်တေ။
- ကြောင်ခွပ်နောက်မကျစိကေ့။
- ကြောင်တကောင်တွက်နှင့်၊ ကြွက်တစဉ်လုံးပြုန်း။
- ကြောသားအထက်၊ အမနက်။(အနာလုံး)
- ကလန့်မှာပိုင် အဥပြင်ထွက်တေ။
- ကလန့်လည်းဆုံး၊ ခွန်းလည်းဆုံး။
- ကလမဇပင်မှာ၊ ထမိန်ဆိုးငြိငြိလို့။
- ကလားကိုသတ်၊ ဇီးကိုခွတ်။
- ကလားကိုသတ်မှ၊ ဘာယီတော်ရေ။
- ကလားခတ်တေရီ၊ ကလားဖင်ဆီးဖို့မလောက်
- ကလားခြောက်၊ မခြောက်လီကေ
- ကလားတိုက်မှာ၊ ကျားဝင်ရေပိုင်
- ကလားမှာမြီ၊ သက်မှာခြီ
- ကာလကန္နီ တပေါင်းလမှာ၊ ထလီဗွီ။
- ကာလဝိဘက်ထက်ပက်တက်တေ
- ကိုင်းမှာကုန်၊ ယာမှာစား၊ ယာမှာကုန်၊ ကိုင်းမှာစား။
- ကိုယ့်ခန္ဓာကသွီးကိုတောင်၊ မကောင်းကေထုတ်ပစ်သိယင့်
- ကိုယ့်ခြံမှာပေါက်၊ ကိုယ့်နွား
- ကိုယ့်ခြံရေမျောက်၊ ကိုယ့်ကိုပြန်ခြောက်
- ကိုယ့်ခြံဝင်၊ ကိုယ့်နွား
- ကိုယ့်ငပိ၊ ကိုယ်မွှီး (ကိုယ့်ငပိ၊ ကိုယ်ချီးမွမ်း)
- ကိုယ့်ငပိ၊ ကိုယ်မွှီးရေ
- ကိုယ့်စကားနန့်၊ ကိုယ်ပါးရောင်ရေ
- ကိုယ့်စကားနှင့် ကိုယ့်ပါးရောင်။
- ကိုယ့်စွာကောင်းရေ၊ လူစွာမကောင်း။
- ကိုယ့်ထက်ကျူး၊ ဒူးကိုလည်းမယုံရ။
- ကိုယ့်ထက်သာ၊ ဆရာမှတ်။
- ကိုယ့်ထမင်းကိုယ်စားပြီးကေ၊ ယောက်ခမနွားကိုကျောင်းရေ
- ကိုယ့်ထမင်းစားလို့၊ ယောက္ခမနွား ကျောင်းရေ။
- ကိုယ့်ပရုတ်ဆီနှင့်၊ ကိုယ်ဘေးကိုဖျစ်။
- ကိုယ့်ပေါင်၊ ကိုယ်လိမ်ရေ
- ကိုယ့်ပေါင်ကိုယ်လိမ်။
- ကိုယ့်မှာမဟိ၊ ပြည်မှာမဟိ
- ကိုယ့်ရွာနှင့် ကိုယ့်ဇာတ်။
- ကိုယ့်ဝန်မှန်၊ ကိုယ်ပြန်ရ။
- ကိုယ်ကပယ်ကေ၊ ဒူးကိုလည်းမယုံကေ့။(မယုံရလည်းဟူ)
- ကိုယ်ကပယ်ကေ့၊ ဒူးကိုလည်းမယုံလီကေ့။
- ကိုယ်ကြိုက်၊ သကာချို။
- ကိုယ်ကြိုက်၊ သူကြိုက်၊ ဆင်းလို့လိုက်။
- ကိုယ်ကြိုက်ကေ သကာချိုရေ။
- ကိုယ်ကားမစွမ်း၊ မြင်းမိုရ်တောင်ကို၊ မှီယောင်လှမ်း
- ကိုယ်ကောင်းသကောင်း၊ တောကောင်းဝဒေါင်း။
- ကိုယ်ကောင်းသကောင်း၊ ဒါးကောင်းပတောင်း။
- ကိုယ်ထိုးကိုယ်ဖန်၊ ကိုယ်ချိုးမလုပ်ကေ့။
- ကိုယ်နှင့်မတန်၊ အဘာကြီးမှာ၊ လည်ပင်းသန်။
- ကိုယ်မလှကိုယ်မမြင်၊ လူမလှကိုယ်ရယ်ချင်
- ကိုယ်မွီးရေမျောက်၊ ကိုယ့်ကိုပြန်ခြောက။
- ကိုယ်မှာမဟိ၊ ပြည်မှာမဟိ။
- ကိုယ်အမြတ်မဟိ၊ ပျားထက်အချိဟိ။
- ကုန်ပုတ်မြင်တိုင်း ဆွမ်းမတင်နိုင်။
- ကုန်ရှုံးကေတစ်ခေါက်ရာ၊ လင်ကုန်ရှုံးကေတစ်သက်လုံးမှောက်တေ။
- ကုလားကိုမဲးနာ၊ မြန်မာကိုပြဒါး။(မဟာပညာကျော်လျှောက်ထုံး)
- ကုလားချင်းအတူတူ၊ ဘာဘူကုလား အသာခံ။
- ကုလားဆင်ဖမ်း၊ အယမ်းမသိ။
- ကုလားဆိပ်ခွါ၊ မရမာဆိပ်ကပ်။
- ကုလားတိုက်ကျားဝင်ဝင်လို့။ (ကုလားတော၊ ကျားဝင်ဝင်လို့)
- ကုလားဗဇီ၊ နွားဗဇီ။
- ကုလားဗျိုင်းဇီ၊ နွားဗျိုင်းဇီ
- ကုလားမ ကြက်ဥရွှီရွှီလို့။
- ကုလားမနိုင်ကေ ရခိုင်ကိုမီး။
- ကုလားမှာမြီ၊ သက်မှာခြီ (မဟာပညာကျော်လျှောက်ထုံး)
- ကုလားသျှေခပ်တေရီ၊ ကုလားသျှေ ဖင်ဆီးဖို့မလောက်။
- ကုလားအို၊ နွားကျောင်းကျ။
- ကောက်ညှင်းပေါင်း၊ ကြောင်စားမကုန်ရေပိုင်တအုန့်အုန့်နန့်
- ကောက်ညှင်းမစေးဘဲစခွန်းစေးမနီကေ့။
- ကောက်ညှင်းမနွဲ့၊ ကောက်ရောင်းနွဲ့ရေ။ (ကောက်ညှင်းမနွဲ့၊ ဆန်ကြမ်းနွဲ့ရေ)
- ကောက်မွီးစပ်တေသား၊ ကောင်ကျိုးမပီး။
- ကောက်ရိုးခြွီမှာ လပွီလိုက်လိုက်လို့။
- ကောက်လီကောက်လောက်၊ ငဟောက်ကွင်း။
- ကောင်းကကောင်းယင့် မမွန်။
- ကောင်းကောင်းပြော၊ ကုလားရီဝက်။
- ကောင်းစီလိုလို့တရားနာ၊ ပူဆာဆာနှင့်ညား။
- ခစပ် ကျွန်ရုပ်ပေါက်တေ။
- ခတောင်းကျိုက်တေတခြား၊ တင်သားတလွဲ
- ခန့်စာထက်၊ နုတ်စာလျှင်။
- ခပျာကိုပင် ရွှီယောင်ထင်။
- ခမွီးဖင်နန့်ပွီး၊ ဇရပ်နန့်မသွီး၊ တန်းထားနန့်ချီး
- ချခြောက်ကိုကောက်ပီးကေတောင်ဆီးဖြစ်နိုင်ရေ
- ချခြောက်ကိုရီမဆွတ်ကေ့
- ချင်းကုန်လို့၊ ပလဲးလျှောက်။
- ချင်းပြောရေသီဖို့ခါလတုံမြည်ရေဆိုရေပိုင်
- ချင်းအိမ်မှာ၊ ကျွန်ဖြစ်စွာထက်ဆိုးသိယင့်
- ချည်သီးနှင့်ဆားအတူထား၊ မစားမည်သူကျန်မည်လား
- ချပက်ကိုကြက်ယက်ယက်လို့
- ချပက်ကိုလက်ဝါးနန့်သတ်သတ်လို့
- ချပုံမှာချလောက်ပျော်ရေပိုင်
- ချမ်းသာကေ ဆွေမရှား။
- ချီးကိုကားကွယ်မစိုက်၊ စကားကိုကွယ်လို့ပြောရေ၏
- ချီးကိုရာကွယ်လို့စိုက်လီဖို့၊ စကားကိုကွယ်မပြော
- ချီးစိုက်မတတ်၊ နှစ်ခါပြန်
- ချီးစိုက်မတတ်၊ နှစ်ခါပြန်။
- ချီးစိုက်သူထက်၊ မြင်သူရှက်။
- ချီးတစ်ယောက်ပေါက်ဂေ၊ မပေါက်သူလဲနံ၊ ပေါက်သူလဲနံရေ
- ချီးတုံးကြီး ခွီးမစား၊ စကားကြီး လူမယုံ။
- ချီးပတ်ကို ငဝက်ရစ်ရစ်လို့။
- ချီးပိုးပျော်ရာ၊ ချီးဖေါင်သာ။
- ချီးပုံမှာ၊ ချီးလောက်ပျော်ရေ။
- ချီးမပါ ခြာမဖြစ်။
- ချီးယိုမချခင်၊ ကိုင်းတန်ရှာရေ
- ချီးယိုသူမရှက်၊ မြင်သူရှက်တေ
- ချီတကြောင်း ဆတ်တကြောင်း။
- ချောင်းကားအငယ်၊ နံစောက်သျှေ။
- ချောင်းနှစ်ဘက်၊ ဝက်လက်မီးကင်။
- ချောင်းရာငယ်ရေ ရီဝင်နက်တေ။
- ချောင်းရိုးတိမ်လို့၊ မျိုးရိုးမတိမ်(ပညာကျော်အမတ်ကြီး)
- ချောင်းရိုးတိမ်လို့မျိုးရိုးမတိမ်
- ချောင်းသားတုတ်ခါ၊ ငဖယုန်မကိုက်၊ ငဖယုန်ကိုက်ခါ ချောင်းသားမတုတ်။
- ချောင်းသားတုတ်ခါငဖယုံမကိုက်၊ ငဖယုံကိုက်ခါချောင်းသားမတုတ်
- ချောင်းသားလမူးပိတ်၊ ဆံဖျားညီစီ။
- ခရမ်းပိန်ထားတုံး၊ ဉာဏ်ပိန်လူဘုံး။
- ခရုပ်ခုန်ကေ၊ စွာကျွတ်တေ။
- ခရုပ်မသီခင် ပင်လယ်စွတ်။
- ခြွန်းအလာကို၊ ကလန့်မမြင်။
- ခြုံပုတ်မြင်တိုင်းဆွမ်းမတင်နိုင်
- ခြုပ်ခြည်ထက်၊ ရက်ခြည်နည်းရေ။
- ခြောက်လတခါ၊ လစန္ဒာမှာ၊ ရာဟူပါ။
- ခွတ်လီယင့်၊ ပြတ်လီယင့်၊ ပြောလီယင့်၊ မြတ်လီယင့်
- ခွီးကျမကျ၊ ကြောင်ကျကျရေ
- ခွီးကျမကျစီဂေ့၊ ကြောင်ကျရာကျစီ
- ခွီးကို ညစာ၊ ကြောင်ကို မိုးသောက်။
- ခွီးကိုကဇပ်ပါးယက်နယက်၊ အသျှေကိုကဇပ်ခေါင်းထက်ကထက်
- ခွီးကိုကြီစပ်၊ ပါးယက်နားယက် (ပစုတ်ပယက်၊ ပတ်နားယက်လည်းဟု)၊ ၊
- ခွီးကိုရန်မူ သတ်တေသူ၊ ရန်သူလည်းခွီး၊ ခွီးလည်းခွီး။
- ခွီးကိုရန်မူ၊ သတ်တေလူ၊ သတ်သူလဲခွီး၊ ခွီးလည်းခွီး
- ခွီးကိုသတ်ချင်၊ ခွီးသျှင်မျက်နှာကြည့်
- ခွီးကောင်ပုတ်လင်းဒကျကျလို့၊ ထိုဆွဲေအဆွဲ
- ခွီးချီးမစားရ ခေါင်းကိုက်တေ။
- ခွီးတဟောင်ကို လိုက်လီ၊ မီးတမြင်ကိုမလိုက်လီကေ့။
- ခွီးတဟောင်ကိုလိုက်လီ၊ မီးတမြင်ကိုမလိုက်လီကေ့
- ခွီးတိပိုင်ရုတ်လို့မစားလီဂေ့၊ ကျကန်းတိပိုင်အာလို့စားလီ
- ခွီးနားမှာစောင်းတီးတီးလို့
- ခွီးပိုင်မိုက်တေအကောင်ရာ
- ခွီးပိုင်အစာခွက်မြင်ဂေတကြဲကြဲနန့်
- ခွီးပိုင်အနံ့ခံလို့ရာနီရေ
- ခွီးဖင်ကိုလောက်ကိုက်ကိုက်လို့
- ခွီးဖြစ်ပြီးမှချီးမရှောင်နိုင်ဗျာယ်
- ခွီးမတုံး ကျည်တောက်စွတ်။
- ခွီးမတုံးမှာကျိုင်တောက်စွပ်စွပ်လို့
- ခွီးမှာပိုင်ချီးမစားရဂေဂေါင်းညီးရေ
- ခွီးမှာပိုင်ဇာလောက်သင့်သင့်၊ စခွက်ရောက်ကေတကြဲကြဲဗျာယ်
- ခွီးလိမ္မာ ပတုံးကုတ်၊ လူလိမ္မာနောက်ဆုတ်။
- ခွီးလိမ္မာပတုံးကုတ်၊ လူလိမ္မာနောက်ဆုတ်
- ခွီးလောက်ကျပိုင်၊ ဟိုဗြီးေအဗြီး
- ခွီးသတ်ချင် ခွီးသျှင်မျက်နှာကြည့်။
- ခွီးသားရန်တိုက်၊ လူမဖြစ်
- ခွီးသားရန်တိုက်၊ လူမဖြစ်။
- ခွီးသီလို့ အရီမရ။
- ခွီးဟောင်တိုင်း၊ ကျောက်ခဲမပစ်ဂေ့
- ခွီးဟောင်တိုင်းထကြည့်၊ ညဉ့်အိပ်ပျက်။
- ခွီးဟောင်တိုင်းထမကြည့်လီဂေ့၊ ညည့်အိပ်ပျက်တေ
- ခါးစည်းအခြား ထိုချင့်တခြား။
- ခိုးတတ်တေလူ၊ ယိုးတတ်တေ
- ခိုးရေလူထက်ယိုးရေလူငရဲကျရေ
- ခိုးသူထက် ယိုးသူငရဲကြီးရေ။
- ခုန်တောက်ငှက် ကျီးကန်းထိုးထိုးလို့။
- ခေါင်းထဲမှာလဲနီချင်၊ မျက်နှာလည်းပြောင်ချင်
- ခဲဝါမယဉ်၊ တောကြက်မယဉ်၊ ကျားမယဉ်(ကျွန်းသား/ရွာသားမယဉ်)
- ငကျာတကိုယ်လုံး ဖင်ကျည်း။
- ငခုံးမတကောင်သိ တရွီလုံးပုတ်။
- ငခုံးမတကောင်သီ တလှီလုံးပုတ်။
- ငခူနခမ်း၊ ငတန်ဝမ်း၊ ကြက်မှာအခြီ၊ ဝက်မှာအဆီ၊ ဂြိုးမှာလဉ်ဆစ်
- ငခူနှုတ်ခမ်း ငတန်ဝမ်း။
- ငစကြူးနက်၊ ကိုယ်မတက်။
- ငစရိုင်းတစ်ပြန်၊ မြွီတစ်ပြန်
- ငစိမ်းမြင် ငကင်ရီမှာပစ်။(ငပိမရခင်ကပင် ဖက်ခံနီရေ။ သားမရခင် ပုခက်ဆင်နီရေ)
- ငပြီစုတ် ငရုတ်စပ်လိ သာကောင်းလီ။
- ငမွဲကိုတစ်ခါ၊ ငပြာကပြိုင်သိရေ
- ငယ်ကအကျင့်၊ ကြီးယောင်ပါရေ။
- ငယ်ခါဗါဒူတ်၊ ကြီးခါဗါဒူချွတ်။
- ငယ်ရာငယ်ရေ၊ ခြာသျှေအမျိုး။
- ငယ်ရာငယ်ရေစာသျှေအမျိုး
- ငရဲကလာရေလူ၊ ပြာပူကိုမကြောက်
- ငရဲကိုလွတ်ကေလဲ၊ ဝတ်ကိုရှောင်မလွတ်
- ငွီရာရဖို့လိုရေ၊ အဘာနဖူးကိုလည်းသိုက်တူးထားယင့်
- ငသရွေးကိုမကိုက်တိုက်ထားရေပိုင်
- ငဟောက်ကိုမရလို့ တွင်းကိုဖျက်။
- ငှက်ပျိုးသီးသျှင်အခွံစား၊ လောင်းသျှင် တောင်ကြောင်းလား
- ငါ့ပုတ်ကို ငါရှုတ်ရှုတ်၊ ကါး-ကါး။
- ငါ့ဖင်မှာ အသူ့ချီးလည်း။
- ငါ့ဖင်မှာအသူ့ချီးလဲဆိုရေပိုင်
- ငါ့သမီးလှရေဆိုကေ ကပြရေ။
- ငါ့သမီးလှရေဆိုဂေကော့ပြရေ
- ငါ့သားမောင်ယေ လားရာတိုင်းမှာ(ကွက်ပေါ်ရေ)(ဆလားပေါ်ရေလည်းဟူ)။
- ငါးကြီးကိုလို ငါးသျှေနှင့်မျှား။
- ငါးကိုနှုန်းလို့၊ ခရုပ်ခုံ ကျောက်ပုံမှာသတ်-စအိုပွတ်။
- ငါးချင်းမတူ ငါးဇမ္ဗူ။
- ငါးချင်းအတူတူ ငါးဇမ္ဗူက အသာခံ။
- ငါးတစ်မိသားကို၊ ပိုက်သည်တစ်သက်သတ်လို့မကုန်
- ငါးပိုင်းကိုင်းတင်တင်လို့ဟိုမကျေအမက
- ငါးမဟိရာမှာ မျှိုင်စွန်။
- ငါးမဟိလို့မျှိုင်စွန်စွာရာ
- ငါးမှာငသလေါက် မယားမှာဆံတောက်။
- ငါးရံ့ဆိုဖမ်းထား ငါးခူဆိုလွှတ်ပစ်။
- ငါးလွန်မှ ကွန်ဖြန့်။
- ငါးအုပ်တကောင်ရ တအုပ်အုပ်။
- ငါတစ်လုံးကိုချလို့မရရေလူစားရာ
- ငါရို့ခြံမှာပေါက် ငါနွား။
- ငါရို့ဘင်းကျီ၊ ကပိုင်ချောင်းမှာ လွတ်ပါစီ။
- ငိုစားရယ်စားလူမျိုးရာ
- ငိုတတ်တေသား၊ နို့စို့ရရေ။
- စံကောပြင်မှာ၊ ကြွက်ပြီးပြီးလို့။
- စံဂိုးမှာကြွက်ပြီးပြီးလို့
- စံဂိုးလောက်မစောက်မနက်
- စကြာရိုက်လီ၊ ကြွတက်လီ(ကြောတက်လီလည်းဟူ)။
- စကားကျွံဂေနှုတ်လို့မရ၊ အပေါက်ကျွံဂေနှုတ်လို့ရသိရေ
- စကားကြီးလူမယုံ၊ ချတုံးကြီးခွီးမစား
- စကားကြီးလူမယုံ၊ ချီးတုံးကြီး ခွီးမစား။
- စကားကိုအအောင်၊ ညမယားကို အပေါင်။
- စကားကောင်းပြော၊ ကုလားလာရေ။
- စကားကောင်းပြောရာ၊ ငယောင်း ဖလာဖလာ။
- စကားစကားပြောလီများကေ၊ စကားထဲကဇာတိပြရေ
- စကားဆန်းပြောစွာမှာ၊ ငစွယ်တတ်ကအဘာခေါ်ရဖို့သိ
- စကားတစ်ခွန်း၊ လ-တစ်ခွန်း
- စကားပြော အနှောင့်မလွတ်၊ အသွားမလွတ်။
- စကားပြောစရာမဟိ၊ ငါ့မယားဝမ်းကြီးရေ။
- စကားပြောစွာမှာတောင်၊ ငပိမကပ်ဆားမကပ်၊ ပပေါ့ပြောရေလူစားရာ
- စကားပြောမတတ်၊ ဆဲစွာနန့်တူရေ
- စကားမတတ်၊ ဇမ်းမတတ်
- စကားများကေ၊ အမှားပါရေ
- စ-ကေ၊ ကားရေ
- စည်သံမကင်း၊ ဟာလဘင်း။
- စနိ-အင်္ါ၊ မိုးများရွာ။(မိုးပြင်းရွာလည်းဟူ)
- စပါးစိထဲမှာဆန်၊ လူထဲမှာဥာဏ်။
- စပါးတစ်ရာ၊ တသိုးဂါ၊ လေးရာတစ်ချပ်၊ စပါးသျှင်ကမခစပ်
- စပါးမှာဝါဆို၊ ဆီးမှာပြာသိုလ်(စိုက်ပျိုးချိန်)။
- စပါးသျှင်ကိုမျောက်နှင်နှင်လို့
- စပါးသျှင်-မျောက်ခြောက်။(မျောက်နှင်လည်းဟူ)
- စပ်ကိုအလယ်မထမ်းကေ့၊ ရပ်ကိုခေါင်းဆောင်မလုပ်ကေ့။
- စပ်လဲစပ်ကာ၊ ငရုပ်သီးမှာ အဘိုးနာ။
- စားခါး ငကျော်၊ ယော်ခါ ငကျီး၊ ထောင်မှာကျခါ ငကန်းကြီး။
- စားစရာမဟိ၊ ယော်စရာဟိ။
- စါးစေါင်ခေါ်၊ ကျောက်စေါင်လိုက်တေ။
- စားရ လင်၊ မစားရ နင်။
- စားရေခါငကျော်၊ ယော်ရေခါငကျီး၊ ခံလီရေခါငကန်းကြီး
- စားလူတရာ၊ လုပ်သူတယောက်။
- စားအားကြီးလို့အံတောင်တိုနီဗျာယ်
- စားဦးစားကြောင် အလယ်ရောင်။
- စာကို ဗူးတောင်းက၊ ဆုံးမယောင်။
- စာတကြောင်း၊ ၎င်းဆယ်ခါပါ။
- စာတစ်ကြောင်း၊ ၎င်းဆယ်ခါပါရေ
- စာမတတ်ကေ စာဘတ်ယောင်ယောင် ပုရပိုက်ကို နံပါးမှောင်။
- စာမတတ်လျှင် လမ်းနားမှာဖတ်။
- စိတ်ကူးနန့်လိပ်ဥရောင်းရေ
- စိတ်ကူးနှင့် ကအိပ်ဖူးစား။
- စိတ်ကူးနှင့် လိပ်ဥရောင်း။
- စိတ်ကောင်း၊ အခေါင်းကျန်။
- စိတ်ကောင်းကေ၊ အခေါင်းကျန်ရေ
- စိတ်ထားတတ်ကေဘာဝနာ၊ မတတ်ကေတဏှာ
- စိတ်နီဘုံဖျား၊ လူနီခြုံကြား။
- စိတ်ပေါက်၊ စိတ်ရောက်။
- စိန်နတောင်းအရောင်နန့်၊ ပါးပြောင်စွာရာ
- စိန်နားတောင်းရောင်၊ ပါးပြောင်ပြောင်။(နားပြောင်ပြောင်)
- စိန်နားတောင်းရောင်ကြောင့်၊ ပါးပြောင်ရေ။(နားပြောင်ရေ)
- ဆင်းရဲကေ၊ အမျိုးမတော်ချင်။
- ဆင်းရဲရန်များ။
- ဆင်းရဲလူမဟုတ်၊ ပုဇွန်ဖြူငါးမဟုတ်။
- ဆင်ကြီး၊ ကုလားစီး။
- ဆင်ကိုဇဇိနန့်ပစ်ပစ်လို့
- ဆင်ချောင်လို့ ကြောင်ကျပ်။
- ဆင်ပြောင်ကြီး၊ ချပိုးရန်ရှာ၊ မျောက်မာန်ပါ
- ဆင်ပါးစပ်မှာ၊ နှမ်းတစိကျရေပိုင်။
- ဆင်ပိန်ဂေလဲ၊ ကျွဲထက်ကြီးစွာဗျာယ်(ကျွဲလောက်ကျန်သိရေ)
- ဆင်ဖြူမျက်နှာ၊ ဆင်မဲမကြည့်ဝန့်။
- ဆင်ဖိုးထက်၊ ချွန်းဖိုးကကြီး။
- ဆင်ဖိုးပိုင်လို့၊ ချွန်းဖိုးမပိုင်။
- ဆင်ဘောင်ကြီး၊ ချီးပိုးရန်ရှာ၊ မျောက်မာန်ပါ။
- ဆင်လား၊ လမ်းမလို
- ဆင်လိုက်မှ၊ ကျမွိရှာ။
- ဆင်သီကို ဆိတ်ရီဖုံးလို့မရ။
- ဆင်သီကိုဆိတ်ရီနန့်ဖုံးလို့မလုံ
- ဆတ်တကြောင်း၊ ချီတကြောင်း။
- ဆန်းလျှင်တချက်၊ ရိုးလျှင်တသက်။
- ဆန်ကုန်-ထမင်းကျွေ။း ဆင်းရဲသားသီ၊ စည်မတီး။
- ဆန်ကုန်-မြီလီး။
- ဆန်စဉ်တိုင်း ကျမွိမလိုက်နိုင်။
- ဆန်စိုင်ရာမှာ၊ ကျမွိမလိုက်နိုင်
- ဆယ်တောင်းကြဲလို့၊ တစ်တောင်းမမြင်(မရ)(ဆယ်တောင်းခြင်လို့၊ တစ်တောင်းမဖြစ်)
- ဆယ်ရီမှာတရီမစပ်
- ဆရာကောင်းကျွန်၊ ပန်းကောင်းပန်။
- ဆရာမပြ၊ ငပိကင်(ငပိဖုတ်)လဲနည်းမကျ
- ဆရာမပြ-ငပိဖုတ်စွာမှာ နည်းမရ။
- ဆရာများ၊ သားသီ။
- ဆရာများဂေ၊ သားသီရေ
- ဆလိပ်မှာအတို၊ မယား(မမာ့)မှာအပျို
- ဆွမ်းဆန်မှာကြွက်ချီးပါရေပိုင်
- ဆွမ်းတင်မမှီ၊ ဆွမ်းဆုတ်မမှီ။
- ဆွမ်းတအုပ်နှင့် ဘုရားပေါင်းစုံတိုက်။
- ဆားမပါ၊ ပျားလည်းမချို။
- ဆိတ်ချီးတစ်ရာ၊ ဆင်ချီးတစ်တုံး(တစ်ဗက်)
- ဆိတ်ချီးတရာ၊ ဆင်ချီးတတုံး။
- ဆိတ်စားမစားလီဂေ့၊ မြင်းစားရာစားလီ
- ဆိတ်ဆိတ်သျှေစားဆိုကေ ဆိတ်သားထည့်။
- ဆိတ်တကြောင်း၊ ဆင်တကြောင်း။
- ဆိတ်မသီခင် လိပ်ဥဖေါက်။
- ဆိတ်မသီခင်၊ ဥကိုဖောက်တေ
- ဆိတ်မှာဆိတ်စာ၊ ဆင်မှာဆင်စာ။
- ဆိတ်လှီးရာမှာခွီးမျှော်မျှော်လို့
- ဆိတ်လှီးလျှင်၊ ခွီးမျှော်မျှော်လို့။
- ဆီးလိပ်ပိုင်းအတို၊ မယားမှာအပျို။
- ဆီးသမားမထောင်းသာ၊ သူနာ မခံချိ။
- ဆီခြင်၊ ရီခြင်။
- ဆီခြင်ရီခြင်လုပ်မနီကေ့
- ဆီတစ်ခါ၊ ရီတစ်လှည့်
- ဆီလောင် နှမ်းဖက်။
- ဆူယောင်က စောင့်ယင့် နပ်ယောင် မစောင့်။
- ဆူယောင်ကစောင့်ရေ၊ နပ်ေအာင်မစောင့်
- ဆောက်ခတ်တရာ၊ ဗေါတူတချက်။
- ဆောင်းခါငခူ၊ ပူခါငဝက်။
- ဆောင်းခါဆီးထက်ကြွက်သိရေ
- ဆောင်းခါလူပျင်း၊ တနိသုံးခါဖျား။
- ဆောင်းဒူနန့်၊ မက်ခေါင်လော်ကကွဲယင့်
- ဆောင်းမွီရနန့်၊ ဘကန်ဒရကိုပယ်ကေ၊ ဇာပင်ရရ၊ ကောင်းစွာဗျာယ်
- ဇကန်းမျက်စိ၊ စွန်မျက်စိ။
- ဇကန်းလာလည်း အါ-အါ၊ ခဲဝါလာလည်း သေါင်း-သောင်း။
- ဇာတိကိုပဝတ္တိလုပ်လို့မရ
- ဇာတိအနာ၊ ဝမ်းထဲးပါ။
- ဇာတ်တစ်ခြိန်ကတစ်မတ်ရ၊ လင်းခွက်တက်နင်း၊ ငါးပြားအလျော်ကျ
- ဇာတ်သမမယား၊ နှဲသမားပါး၊ ဖဲသမားတင်္ကါး(ဒင်္ါး)။
- ဇာတ်သမားမယား၊ နှဲသမားပါး၊ ဖဲသမားဒင်္ဂါး
- ဇာဖရားကြီးကြီး၊ တောင်းဖူးဖရား၊ အထုတ်ေအာက်ကရာ
- ဇာလုပ်ဖို့လဲဗရဗရေကောင်၊ နွားထက်ဆွီးသိယင့်
- ဇာအရုပ်နှင့်၊ ငတုတ်ကြပ်စင်တက်လို့ရောင်။
- ဇီးချောင်းရီနှင့်၊ မြစ်ရီရောရေ။
- ဇီးစကား၊ အိမ်ကမယား မပြောကဲ့။
- ဇီးပွဲမှာ-ငမွဲသိုက်။
- ဇဲမရ၊ ဇါမရ။
- တချိန်းခွတ်၊ နှစ်ချက်ပြတ်။
- တခါလာလည်း၊ မဲပြာပုဆိုး၊ မောင်ရို့ကိုယ်မှာ၊ သန်းကြီးအိုး။
- တခါလိမ်ကေ လိမ်သူအပြစ်၊ နှစ်ခါလိမ်ကေ ခံသူအပြစ်။
- တခေါက်တခါ၊ တအာနာ၊ ဖဲသျှာတပြား၊ အလကား။
- တစ်ခါမပြန်၊ အနာဂါမ်
- တစ်ခါလာလဲမဲပြာပုဆိုး၊ တစ်ခါလာလဲမဲပြာပုဆိုး
- တစ်ခါလိမ်၊ လိမ်သူအပြစ်၊ နှစ်ခါလိမ်၊ လိမ်သူအပြစ်၊ သုံးခါလိမ်၊ ခံရသူအပြစ်
- တစ်နပ်စာကို၊ တစ်သက်စာထင်၊ ခွီးအမြင်
- တစ်ဖောင်ဝါးတစ်လုံးနန့်ကန့်ရေ
- တစ်မိုးလုံးထွန်ရေ၊ နထီးမှန်းနမမှန်းမသိ
- တစ်သက်စာကိုမမြင်၊ တစ်ထပ်စာကိုရာမြင်ရေ
- တစ်သက်လုံးစားရေကွမ်း၊ သမုဒ္ဒရာတစ်ခြမ်း
- တတဲ့ပြောလူနန့်မသင့်
- တထည်တ်ရှားရှား၊ တထပ်စားကားကား။
- တန်းဆောင်မုန်း၊ နတ္တော်ကောက်လျှော်စား။
- တန်ကေဆီး၊ လွန်ကေဖီး
- တမိုးလယ်ထွန် နွားတီးလား နွားမလားမသိ။
- တယောက်ကစပ်၊ တရွာလုံးကို အမျိုးမှတ်။
- တရွာသားစီတမျိုးစီ၊ မက္ကလာဆောင်းတစောင်းစီ။
- တလင်းလည်းပဲ၊ ပုတ်လည်းဆွဲ။
- တလင်းလဲပွဲ၊ ပုတ်လည်းဆွဲ
- တလင်္နီရွာလီမိုးသက်--ရက်။
- တလုံးကိုရာမြင်ရေ၊ တပြွတ်ကိုမမြင်။
- တသက်စားရေကွမ်း၊ သမ္မရာတခြမ်း။
- တသက်စာကို၊ တထပ်စာထင်၊ ခွီးအမြင်။(မင်းသားကြီးရွှေဗန်း)
- တသက်စာမမြင်-တထပ်စာမြင်။
- တဥစားလည်းကြက်သွန်၊ နှစ်ဥစားလည်းကြက်သွန်။
- တာရှည်စားဖို့သွား၊ အရိုးမကိုက်ကဲ့။
- တာရှည်-ဗေါင်းစောက်တေ။
- တိုင်းပြည်မှာလဲစစ်နန့်မလွတ်၊ လူမှာလဲအချစ်နန့်မလွတ်
- တိုင်မှာပက်ကျိကပ်ကပ်လို့
- တီးဖန်များ၊ ပန်းကျားမြည်ရေ။
- တီကိုထုံးနန့်တို့ရေပိုင်
- တုံးဆိုးကတောင်၊ မှိုပေါက်သိယင့်
- တုံးဟောင်းကိုဖေါ်၊ အောက်စဖို့ရရေ။(စကားဟောင်းကိုဖေါ်၊ ရန်ရရေ)
- တုံးဟောင်းကိုဖော်၊ ေအာက်စဖိုရရေ၊ စကားဟောင်းကိုဖော်၊ ရန်စရရေ
- တောက်တဲ့ကပ်ကပ်လို့မနီဂေ့
- တောင်းဆိုးပလုံးဆိုးကိုရာပစ်နိုင်ရေ၊ သားဆိုးသမီးဆိုးကိုမပစ်နိုင်
- တောင်းတတ်မှတ်တတ်၊ သူတော်မြတ်မပီးပါလို၊ သူန်တို။
- တောင်းတတ်မှတ်တတ်သူတော်မြတ်၊ မပီးပါလိုသဝန်တို
- တောင်းတောင်းချင်းခတ်ပတ်စီ၊ စံကောလီဗွီတခြားနီ။
- တောင်းမှာအကွပ်၊ လူမှာအတ်။
- တောင်ဆို-မြောက်။
- တောင်ထိုးရကျ၊ ဆယ်တောင်းကြဲကေ၊ ငါးတောင်းရ
- တောင်လီလာလို့၊ မိုးပါရေ၊ မြောက်လီပြန်၊ မိုးလန်ရေ။
- တော်သလင်းခွီးပိုင်၊ နောက်ကတကောက်ကောက်လိုက်နိန်ရေ
- တော်သလင်းနီ၊ ပုဇွန်သီ
- တော်သလင်းမိုး၊ ချပြွမ်းထိုး
- တော်သလင်းမိုးပိုင်၊ အစိုးမရ
- ထပိန်ခါးစောင်း၊ မဝတ်ကောင်း
- ထပိန်ဒို့လောင်း(တွဲလောင်း)၊ မတ်ကောင်း(မမြင်ကောင်း)။
- ထပိန်မကောင်း၊ တံဗက်အားကိုး။
- ထပ်လီသွားချီး။
- ထမင်းချိုင်းကို၊ သင်းပုတ်ထိုးလို့မဖြစ်။
- ထမင်းစား-ချီးပေါက်။
- ထမင်းဆုတ်လည်းပြ၊ ဒုတ်လည်းပြ။
- ထမင်းဆုပ်ကျီးကန်းဖေါက်။
- ထမင်းရည်ချောင်းပေါက်။
- ထမဖုတ်တစ်ဖက်၊ ဓားတစ်ဖက်နန့်၊ ပျာစားခြောက်စားနီစွာရာ
- ထမရေချောင်းစီးလှုကေလဲ၊ ဘောရိပါတစ်ဘူးဖိုးမရ
- ထွက်တေဆင်စွယ်၊ င်ရေမဟိ။
- ထွီးပစ်လိုက်တေသလိပ်ကိုပြန်ပြီးကောက်မမျိုဗျာယ်
- ထိပ်ကိုခေါက်ပြီးမှရှိခိုးလို့အပိုဗျာယ်
- ထိုးဝါးမနှုတ်ဘဲတစ်ညည့်လုံးလှော်ရေ၊ မိုးလဲလင်းရေယင်းကမ်းထောင့်
- ထီးထမ်း-လမ်းလျှောက်။
- ထုတ်မှာသတ်၊ လျောက်မှာသတ်ရာ
- ထောင်ကိုကားမမြင်၊ ရာကိုမြင်ရေ
- ထောင်ထိုး-ရီကျပိုင်။
- ထောနဂါး၊ ယားပဒမြား။
- ဒဘာချိတ်ကအာဏာပြရေ၊ ဒလာကလဲအာဏာပြရေ
- ဒရောင်းနန့်ဆရောင်းတွိကပ်တေပိုင်
- ဒါးကိုလဲတစ်ဖက်ရာသွီးရေ၊ စကားကိုလဲတစ်ခွန်းရာပြောရေ
- ဒါးကောင်းတလက်၊ လူတသက်။
- ဒါးစောင်းထက်၊ ရီစောင်းထက်။
- ဒါးစောင်းထက်ရီစောင်းထက်တေ
- ဒါးရောင်းနှင့်၊ ဆားရောင်းကြုံရေ။
- ဒါဒေါင်စပါးယူလို့စား၊ အတိုး ဒါကျီ ဆပ်မကျီ။
- ဒါဒေါင်ရကေ၊ ဆင်ယ်စီးယင့်။
- ဒါဦးဖမသာမှာ၊ ဒေအာင်ဝင်ငိုရေပိုင်
- ဒုတ်ကျမှ ဒါးမြမှန်းသိ။
- ဒေါသကြီး၊ ခွီးနန့်တူ
- ဒေါသကြီးအရီကိုယ့်ဖို့
- နတ္တော်ပြာသိုလ်၊ ချီးမတ်တတ်ယို
- နတ်ကရာမှာ ကျီးမောမောလို့။
- နတ်ကြမ်းကိုပတ်ကြမ်းတိုက်တေ
- နတ်ကိုမျှောင်ခါ၊ လူ့အစာ
- နတ်ဆရာကိုပတ်ဆရာ၊ ယတြာကိုယတြာဆရာနိုင်ရေ
- နတ်တော်ပြာသို၊ ရပ်စောက်ချီးယို
- နတ်ပြည်ကိုပြကေ၊ ခွီးဖင်ကိုမြင်ရေ
- နတ်ပြည်ပြ၊ ခွီးချီးခွမြင်(အင်္ဂါဇာတ်ဟူ)
- နတ်လွှတ်မီးကျောင်း
- နပျိုးသီးပီးရေဘုန်းကြီးမှစာတတ်တေ
- နွားကအလျားရှည်၊ အသျှင်ကသူတောင်းစား
- နွားပြီးရာမှာ ဖျာဆိုးရွှင်ရွှင့်လို့။
- နွားဗြီးရာမှာဖျာဆိုးရွင့်ရွင့်လို့
- နွားဗို့တက်ပိုင်၊ တစ်ရက်ထက်တစ်ရက်အားပြလာရေ
- နှပျိုးပင်စိုက်၊ မိလိုက်ဖလာ
- နှပျောတော နွားအိပ်အိပ်လို့။
- နှမကေမောင်၊ မောင်ကမယား
- နှမများမောင် ခြည်ခင်စွပ်။
- နှမ်းတစိနှင့်ဆီမဖြစ်
- နှမ်းတစ်စိနန့်ဆီမဖြစ်၏
- နှုတ်ဆက်၊ ခမက်တော်ရေ(ခမက်ဖမ်းရေ)။
- နို့တပွာ၊ ရီတပွာ
- နိုးလူထခိုး၊ ဆောက်ခတ်ရွာပိုင်
- နိုဟိမှ၊ နိုင်းထွက်
- နီင်လီ၊ စန္ဆီမြွလီ
- နီမြင့်လီ၊ အရူးရင့်လီ
- နီလည်းထွက်သိယင့်၊ ဒါးလည်းထက်သိယင့်
- နီလဲထွက်သိယင့်၊ ဓားလဲထက်သိယင့်
- နီဝင်ရီသရူး၊ ဆိုင်းဆာဘီလူးလာရေ
- နူဖို့အစယားရေ၊ သီဖို့အစဖျားရေ
- နောက်ကျ လင်းတမှာ အရိုး။(လူမှာအိုး)
- နောက်ကျကေ၊ လဒမှာအရိုး၊ လူမှာအိုး
- နောင်ခါလာ၊ နောင်ခါဈီး
- နတ်သည်လာကေ၊ ဟန်သည်ချောင်
- ပင်လယ်ပင်စွပ်ပိုင်ဟိုစွပ်ေအစွပ်
- ပစပ်ကပျား၊ ဝမ်းကမျှား
- ပစမှာကြက်အိပ်အိပ်လို့
- ပတ်စာကိုခွီးစားမှပြန်ရေ
- ပတ်သံကြားနတ်မနီနိုင်
- ပထမကုန်သိကြားကုန်
- ပနဲသီးခွံနား၊ နွားရစ်ရစ်လို့
- ပန်းတန်ယောင်သမီး၊ ချတန်ယောင်ဖြစ်တယ်
- ပန်းထိမ်မတတ်ခင်ရွှေခိုးသင်ရေ
- ပန်းဖဲဒါးကောင်းမကိုင်၊ လက်သမားအိမ်ကောင်းမနိန်၊ ငါးဖောက်သေငါးကောင်းမစား
- ပန်းဖဲသံလိမ်၊ ပန်းထိမ်ရွှေခိုး(ပန်းထိမ်ရရိုး၊ အမိရွှေကိုတမူးခိုး)
- ပန်းအကြောင်းနှင့်၊ ရှောက်ခြမ်း၊ (ါးခြမ်း)ေါင်းမှာတင်
- ပန်းအတွက်ကြောင့်ဝစိတ်ခြမ်းကိုဂေါင်းထက်တင်ရေ
- ပျင်းကေပတင်း(ကျွန်း)လား
- ပျားရေနန့်ဝမ်းချရေ
- ပျော်ကေပန်းထော်(ကျွန်း)လား
- ပြည်ကိုမသိဗာရာဏသီ၊ မင်းကိုမသိဗြဟ္မဒတ်
- ပြည်တန်ပဒမြားတစ်လုံး၊ ချင်းလက်မှာဆုံးရေ
- ပြည်မှာအချုပ်၊ ငဝက်ပုတ်
- ပြန်ခါခူးမည်၊ ဟင်းရယ်ရယ်
- ပြိန်းတောဒါးက
- ပြိန်းတောမှာ၊ ဒါးကကလို့
- ပြိန်းမယားဘဲ၊ မြောက်ယား
- ပြိုင်းတိုင်မြုပ်မြုပ်လို့စစုန်းမြုပ်တေ
- ပြိုင်လှီအို၊ စပ်ပျဉ်မရ
- ပြုသူမရှက်မြင်သူရှက်
- ပြောစရာမဟိ၊ ငါ့မယားမ်းကြီးရေ
- ပြောစရာမဟိ၊ ငါ့မယားဝမ်းကြီးရေလို့ပြောရေပိုင်
- ပြောနိန်စွာကကမ္မဌာန်းဘာဝနာ၊ လုပ်နိန်စွာကဘိန်းနန့်ဂင်ဇာ
- ပြောဖန်များ၊ မယားစကားအောင်
- ပြောရေခါလူပိုင်သျှင်ပိုင်၊ လုပ်တေခါတရိစ္ဆာန်ထက်ဆွီးသိယင့်
- ပြောလိုက်ကဲလီ
- ပလီပလာထွက်စွာထက်များဖို့သိ
- ပွီးမှာပေါင်၊ မိုးမှာတောင်
- ပါးစမှာပျား၊ မ်းမှာမျှား
- ပိုက်သည်ဗေါ်လာ၊ ဖေါက်သည်ခေါင်းထက်
- ပိုက်သေဘော်လာ၊ ဖောက်သေဂေါင်းထက်
- ပီမှာတစ်သီး၊ နပျိုးတစ်ခိုင်၊ ပင့်ကူတစ်မ၊ ကျီးတစ်သား
- ပီသာမြင်ယော့ထင်ဖ၊ ပီသာမမြင်ခွီးသားတရုပ်ခေါ်ရေပိုင်
- ပုဇွန်ဖြူ၊ ငါးမဟုတ်၊ သမက်စီလူမဟုတ်
- ပုဇွန်ဖြူငါးမဟုတ်၊ သမက်စီလူမိုက်မဟုတ်
- ပုဏ္ဏားနွားရောင်းလတပေါင်း
- ပုတိုရန်လို
- ပေါင်တုတ်ကေလုပ်တေ၊ ခေါင်းတုတ်ကေစားရေ
- ပေါ်စခရမ်းသီး၊ နပ်ချင်းညိမ်း
- ပေါ်စခရမ်းသီးနပ်ချင်းညီး
- ပဲလှော်ကြား၊ ဆားညှပ်ညှပ်လို့
- ဖင်ယားစွာနန့်၊ ဘောင်းဒွတ်မှာကုလားသီစွာနန့်တက်စိကျရေဆိုရေပိုင်ဗျာယ်
- ဖပြုတ်ကြွက်စုတ်မကျန်
- ဖပြုတ်ကေကိုကြောက်ကမကြောက်ရွံလို့ရာ
- ဖပြုတ်ကေပိုင်၊ ဖိလီကြွားတက်လီ
- ဖျက်တေလဲငကျီး၊ ပျင်ရေလဲငကျီး
- ဖျာကရရေပီသာ၊ ဖျာကိုပြန်လခစွာရာ
- ဖျာလိပ်ခေါင်းခွီးဝင်ဝင်လို့
- ဖရစိတွင်းကျ
- ဖရားဖရား၊ တဖန်များ၊ ဖရားကိုယ်တိုင်၊ လူမြင်တိုင်းကိုမမနိုင်
- ဖြားမှာတလတ်လူမှာသွားကျွတ်
- ဖလောင်းစစ်မင်းစစ်
- ဖွတ်ကမီးကျောင်းဖြစ်၊ ချောင်းမြောင်းမခံသာကျွန်ကသဂေါင်းဖြစ်၊ ပြည်ရွာမခံသာ
- ဖွတ်ကမီးကျောင်းဖြစ်၊ ချောင်းမြောင်းမငြိမ်သာ(မခံသာ)
- ဖွတ်ကိုကားမတင်၊ ဖွတ်သားကိုကားတင်စားရေ
- ဖွတ်ပိုင်လျှာနှစ်ခွ
- ဖွတ်ပိုင်လျှာနှစ်ခွနန့်
- ဖွဲတောမှာရီသွန်ရေပိုင်
- ဖွဲတောရီသွန်ရေပိုင်
- ဖါးပြုတ်ကေကျောက်သားနှင့်ထုလီ၊ ကြောတက်လီ
- ဖါထက်ဗူးမကြီး
- ဖိတ်ချင်းဖိတ်၊ ကိုယ့်အိပ်ထဲမှာဖိတ်
- ဖိတ်ချင်းဖိတ်၊ ကိုယ့်အိမ်မှာဖိတ်(ကိုယ့်အိတ်မှာဖိတ်)
- ဖုတ်ကိုကြောက်လို့ယှောင်ခါမှသရဲနန့်လာတွိရေ
- ဖုတ်ပူမီးတိုက်တိုက်လို့
- ဖုတ်လီရေငပိ၊ ဟိမှန်းတောင်မသိ
- ဖဲသမားချင်း၊ ကြောင်လိမ်တင်ဖို့မရှာကေ့
- ဘင်းဂျီမှာတစ်ခါ၊ ဖောက်ကျီကျသိမ့်ရေ
- ဘန်ဒီဘန်ဒတ်၊ နှဖက်ကပ်
- ဘားဘူဟိယင့်ဆန်ဟိယင့်၊ ဒိုင်းဂျီဟိယင့်ရီဟိယင့်
- ဘိချပ်တရာချထုတ်ပျောက်လို့လင်မယားရန်ဖြစ်ရရေ
- ဘိန်းစားစိတ်ကူးကူးနီစွာပိုင်
- ဘိန်းစားမှမယားချစ်တေ
- ဘီချပ်တစ်ရာပိုင်၊ ဖဖြတ်ခုန်မနီကေ့
- ဘုတ်လက်စဘုတ်ပြီး
- ဘုန်းကြီးကျောင်းခေါင်တက်၊ တပည့်ဇေတန်ခေါင်တက်
- ဘုန်းကြီးကိုအလှူ၊ လူကိုလက်စား၊ သူတော်မကိုလှူ၊ တွင်းဆုံးကျ
- ဘုန်းကြီးချင်းတကာမခေါ်ဂေ့ဘုန်းကြီးကျောင်းထက်၊ ချခေါင်းနက်တေ
- ဘုန်းကြီးစဆီ၊ ပရိတ်မကြောက်
- ဘုန်းကြီးစဖိုဝင်၊ မောင်ရှင်ကျောင်းခေါင်တက်
- ဘုန်းကြီးမှာပွဲ၊ လူမှာမွဲ
- ဘုန်းကြီးမှာသုံးကျောင်း၊ မိန်းမမှာသုံးလင်
- ဘုန်းကြီးလူထွက်တပွာယော့
- ဘုန်းကြီးသရဖုတ်င်၊ မောင်သျှင်ကျောင်းခေါင်တက်
- ဘုရင်ကိုလဲယင်ရာထင်ရေ
- ဘုရင်မသနပ်ခါးနှိမ်းရာမှာယင်မဝင်လူးရေပိုင်
- ဘုရားဖူးဖက်ူင်ဖက်
- ဘုရားမှတ်လို့ကိုးကွယ်စွာမှာဝမ်းပူနန့်ကျရေ
- ဘုရားလည်းဖူး၊ လိပ်ဥလည်းတူး
- ဘဲကိုက်လို့အနာမရ
- ဘဲဥကို အစရှာရေပိုင်
- မကြားစဖူးကြားစဖူး၊ ဆင်စောက်ခွါမှာနပျိုးဖူး
- မကြားစဖူးကြားစဖူး၊ ဆင်ပစမှာနပျိုးဖူး
- မကောင်းတကောင်းအောင်ကျော်ရက်တေတောင်း၊ မိုးခါလီလာခါသုံးစရာ
- မက္ကလာထက်၊ စံကောမကြီး
- မချိလို့သွားကြဲ၊ ရယ်ယောင်ထင်ရေ
- မချိသွားကြဲရယ်ယောင်ထင်
- မခေါ်ချင်ဂေလွတ်တေ၊ မတော်ချင်ဘဲမလွတ်
- မင်းကြီးတခါထွက်၊ ပဲလှော်ဆယ်ခါကျက်
- မင်းကြီးအုန်းသီးစားစွာမှာ၊ ငလာေအာင်ကြားကဆိမ့်ဆိမ့်လို့
- မင်းကြီးအုန်းသီးစားရာမှာ၊ ငလာအောင်ဆိမ့်
- မင်းတြားကျွဲရီမှာ၊ ဝင်လားခရေပိုင်
- မင်းတြားငါ့လင်၊ ဘုရင်ငါ့ယှောက်၊ သင်္ဘောသူကြီးငါ့ဝရီး
- မင်းတြားငါ့လင်၊ ဘုရင်ငါ့ယောက်၊ သင်္ဘောသူကြီးငါ့ရီး
- မစွပ်ကေမဖြူ၊ မတူဂေမရ
- မစားစီချင်၊ မမြင်စီကဲ့
- မစားထိုက်၊ အိုးမှာငသတစ်ကျောက်သားဖြစ်
- မစားရစွာထက်၊ မဝစွာကခက်တေ
- မစားရဘဲညှော်ခံ၊ မောင်ကလားမိ-ကံ
- မစားရဘဲညှော်ခံေအာင်ဗလဓိကံ
- မစီးမစပ်မဲးထပိန်ဗလာဟပ်
- မဆိုင်တစ်ဆိုင်၊ ကပိုင်သားဒါးနန့်ရိုင်
- မဆိုင်တဆိုင်၊ ကပိုင်သားကိုဒါးနှင့်ရိုင်
- မတတ်သာကြံနွားနှင့်ထွန်၊ သီလတ်မည်ကြောက်ပေါက်တူးပေါက်
- မတရာသားဟန့်ဖို့အစား၊ ကျားမတုံးရာဆွဲလီဖို့
- မနာလိုချချားဖက်၊ နာလိုဒပြုတ်ဖက်
- မပြည့်ရေအိုး၊ ဘောင်ဘင်ခတ်တေ
- မပီးချင်ဂေမဟိ၊ မလားချင်ဂေမသိ
- မဖွီမရာ၊ ကျားခေါင်းမှာသန်းရှာ
- မဖိတ်စီချင်တလင်းပျင်
- မမာ့မှာရက္ကန်းနန့်၊ ယောက်ျားမှာစာတန်းနန့်၊ ဘောရိတ်ပစ်တေ
- မယားကိုချစ်ကေ၊ လူနန့်မယုံ
- မယားကိုမနိုင်စီဂေ့၊ မင်းကိုမပြိုင်လီဂေ့
- မယားကိုသတ်၊ ဇီးကိုခွတ်
- မယားကိုသတ်၊ ဈီးကိုဖြတ်
- မယားဆရာ၊ လင်ငပြာ
- မျက်စိထက်၊ ဝှရားမတင်း
- မျက်စိထက်ှရှား(ဟူးရား)မတင်း
- မျက်စိမှာရီ၊ နားမှာဆီ၊ ဒန္ဒီမှာဆား၊ ဝမ်းမှာပျား
- မျက်နှာမရ၊ ခကျောက်ကျ
- မျက်နှာမရ၊ ပါးကျောက်ကျ
- မျက်နှာဟိရာဟင်းဖတ်ပါ
- မျက်ဖြူဆိုက်လီ၊ ဆရာကြိုက်လီ
- မျှားမှာတစာ၊ ကွန်မှာတချိန်း
- မျိုးကြားသစိမ်းဝင်၊ ပုပ်ကြားနချီးဝင်
- မျိုးကြားသူစိမ်းင်၊ ပုတ်ကြားနွားချီးင်
- မျောက်ကိုနန်းတင်၊ ပြည်ရွာမအီးချမ်း
- မျောက်ခြောက်မကြောက်ကဲ့
- မျောက်ပိုင်ကြောက်တေမြင်၊ ဖြဲခြောက်တေ
- မျောက်မှာအသပြာ၊ ဒုံးမှာစည်ရတစ်ပြပြ
- မျောက်လက်မှာ၊ မီးစရရလို့
- မျောက်လက်မှာ၊ အသပြာဆုံးရေ
- မရွတ်ခုန်စွာကျွတ်တေ
- မရွတ်မသီခင်ပင်လယ်စွပ်
- မြင်းစီးမတတ်ဖင်ပေါက်
- မြတ်မည်လားနှင်းခံ၊ တပွာလျှော့(မြတ်ဖို့လားနှင်းခံတပွာလျော့)
- မြတ်မေလားနှင်းခံ၊ တစ်သိုက်ယော့ရေ
- မြွီမြွီချင်း၊ ခြီမြင်ရေ
- မြွီမြွီချင်းခြီမြင်ရေ
- မြွီယေဘခြုံကြောင့်၊ သဖန်းတစဉ်ပျက်
- မြို့သားကျွန်းရောက်၊ ကျွဲခြီရာမှောက်ခုံမှောက်
- မြို့သားကျွန်းရောက်၊ နွားခြံရာမှာ၊ ဒုံးပေါင်းဆောက်။
- မြို့သားကျွန်းရောက်၊ နွားခြီရာမှာဒုံးဘောက်ဆောက်
- မြီနိမ့်ရာလှံစိုက်
- မလာဥ နှုတ်တေပိုင်၊ မနှုတ်လီကေ့၊ ကင်စွန်းဆိတ်တေပိုင်ရာဆိတ်စားလီကတ်
- မသက်မသာကာလနာ
- မသာတစ်ခါ၊ ကျောင်းဆယ်ခါ
- မသာလဲတ၊ သာလဲတ
- မသိမီး၊ မစင်ဆီး
- မဟိကေဝမ်းစာ၊ ဟိဂေတန်ဆာ
- မဟိစွာထက်၊ မသိစွာခက်
- မဟိစွာထက်၊ မသိစွာခက်တေ
- မဟိတောင့်တ၊ ဟိကြောင့်ကြရေ
- မဟိတောင်းတဟိကြောင်းကြ
- မဟိဘဲိလုပ်တေ
- မှုတ်လီရောင်လီ၊ မန်းလီရမ်းလီ၊
- မာရေသစ်လဲကျိုးလွယ်ရေ၊ တိုင်းရေမမာ့လဲကြံလွယ်ရေ
- မိတ်ထက်ဝက်ခြင်း၊ လူလင်မယား၊ မင်းထားဥစ္စာမကိုင်ရာ
- မိန်းမပျင်းမပျင်း၊ ဆောင်းခါမှသိ
- မိန်းမများ၊ ကြက်ဥမကျက်
- မိန်းမမှာဌာနမဟိ၊ ယောက်ျားမှာသင်္ချိုင်းမဟိ(မိန်းမမှာရွာမဟိ၊ ယောက်ျားမှာသင်္ချိုင်းမဟိ)
- မိုးမမြင်လီမမြင်ဗျာယ်
- မိုးယိုးဝါးစွတ်၊ လူယိုးဝါးငတ်
- မိုးယိုကစွတ်၊ လီယိုကငတ်
- မိုးယိုကါးစွတ်၊ လူကိုယိုးကငတ်
- မိုးလင်းကြက်တွန်၊ နီင်စပါးလှန်း
- မီးတပြင်လိုက်လီ၊ ခွီးတဟောင်မလိုက်လီကဲ့
- မုံညင်းလဲးကျုံး၊ စပါးလဲရှုံး
- မုံညင်းလဲဠဲရေ၊ စပါးလဲမွဲရေ
- မုတ်ဆိတ်ထက်သွားရှည်
- မုသားမပါ၊ လင်္ကာမချော
- မောင်ကြီးမေတ္တာ၊ ချီးမေတ္တာ
- မောင်သာဖြူသူတော်လုပ်၊ အိမ်ကိုလက်မဖြုတ်
- ယင်းပိုင်ရှင်ကို၊ ဆယ်ကောင်ပင်တိုးမောင်မနိုး
- ယင်းလို့ကြံမှအတန်ကျ
- ယင်းလောင်းတက်ယင်းတက်နှင့်လှော်
- ယင်းသူ့စကား၊ လေးနန့်စား
- ယတြာကောင်း၊ မင်းလောင်းတောင်မပေါ်နိုင်
- ယားစွာမှာ၊ လာခြစ်တေပိုင်
- ယားရာမှာလာခြစ်တေ
- ယုန်တောင်ပြီး၊ ခွီးမြောက်လိုက်
- ယုန်ထောင်ကြောင်မိ
- ယောက္ခမကျွဲစားငါ့နွားလျှော်လား
- ယောက္ခမနို့ပျဉ်း၊ မဆွဲးံ့ဆွဲးံ့
- ယောက္ခမသိစွာနှင့်၊ ငခူခူးစွာနှင့်တချက်တည်း
- ယောက္ခမအပြစ်ဆန်တသိုက်၊ ပြောတတ်ဟောတတ်၊ သိုက်ခွဲလျက်(သိုက်ခွဲအလတ်)
- ယောက်ခမသီစွာနန့်၊ ငခူစူးစွာနန့်ကတတိကျရေ
- ယောက်ဖဖက်က၊ လှိုင်းမသာ
- ယောက်ျားကြံ၊ သံလဲ့မထွက်
- ယောက်ျားကြိုက်စိုက်စိုက်လာ
- ယောက်ျားကောင်းမောင်းမတသောင်း
- ယောက်ျားပျင်းမပျင်း၊ မိုးခါမှသိ
- ယောက်ျားမှာဆယ်အိမ်တက်၊ ဆယ်အိမ်ဆင်း
- ယောက်ျားမှာသင်္ချိုင်းမဟိ၊ မိန်းမမှာရွာမဟိ
- ယောက်ျားအစစ်၊ အမွှီးသိပ်သိပ်
- ယောက်ျားအစစ်အမွှီးတသိုက်
- ယောက်ျားအစမ်းသုံးခါ
- ယောက်ျားအိုကျမ်းတတ်ခံရေ၊ မိန်းမအိုရက်ကန်းတတ်ခံရေ
- ယောင်တီယောင်တောင်ဘဇောင်ရောင်
- ယောင်နောက်ဆံထုံးပါ
- ရက်ခြည်ထက်ခြုပ်ခြည်များ
- ရခိုင်ဇာလောက်ဖြောင့်ဖြောင့်၊ ချင်းကောက်စွာလောက်ရာဟိရေ
- ရခိုင်ပျော်ဂေပုလင်းနန့်၊ ကုလားပျော်ဂေတေးခြင်းနန့်
- ရခိုင်မှာမယား၊ ေအာက်သားမှာဖရားကိုရွှေဆင်ရေ
- ရခိုင်အစမြုံက
- ရခိုင်အစမာရယုက
- ရခိုင်အစရီကြိုင်က၊
- ရခိုင်အစအဇ္ဇုနက
- ရင်းရာရင်းရာ၊ ကလန့်မှာအဆီခါ
- ရင်လောက်တင်မှ၊ ခါးလောက်ကျရေ
- ရင်လောက်တင်မှခါးလောက်ကျ
- ရစွာကိုလဲမလို၊ လိုစွာကိုလဲမရ
- ရစွာမလို၊ လိုစွာမရ၊ အိုဒုက္ခ
- ရန်ကိုဆို၊ ဂြိုသွီးလို့ရာနီရေ
- ရန်လိုခလို၊ ေအာက်စဖို
- ရွတ်လားငါးကြီးရေ၊ သီလားသားလှရေ
- ရွှန်ရေပန်းဘုရားတင်မရ(လွန်ရေပန်းဘုရားမတင်ရ)
- ရွှီလောင်းပွန်းမှာခွီးသီးဖြန်းရေ
- ရွှီလောင်ပွန်းမှာ၊ ခွီးသွီးဖြန်းရေ
- ရွာသားညီ၊ နွားခွတ်စား
- ရွာသားညီ၊ နွားခွတ်စားရေ
- ရှက်စနန့်၊ ဘာယီခေါ်ရေ
- ရှုံးတုံမြတ်တုံတစပ်ကုန်၊ မယုံဂေစမ်းပြာကျလမ်း
- ရာကိုရာမြင်ရေ၊ ထောင်ကိုကားမမြင်
- ရီကိုခွတ်လို့ကြောင်းမထင်၊
- ရီမမြင်ခင်ကပင်၊ လောပင့်ရေ
- ရီမမြင်ခင်လောပင့်၊ သားမရခင်ပုခက်ရက်(ပုခက်ဆင်)
- ရီများလို့ငါးမသိ
- ရီမျော်တုံးကိုမဆယ်ကောင်
- ရီမြင်မှ၊ လောပင့်ရေ
- ရီမဟိရေကန်၊ ဆန်မဟိရေစပါး၊ တရားမဟိရေမင်း၊ အစိုးမဟိရေမီးပိုင်၊ ဇာလဲအသုံးမကျ
- ရီမှာဆိုအဆုံး၊ ကုန်းမှာဆိုတက်(တရားဆုံးဖြတ်ခြင်း)
- ရီမှာလဲအရိုးမဟိ၊ မင်းမှာလဲအမျိုးမဟိ
- ရီမှာအဆုံး(တုံး)၊ ကုန်းမှာတစ်ဝက်
- ရီမှာအရိုးမဟိ၊ မင်းမှာအမျိုးမဟိ
- ရူးကွန်ဆောင်လို့၊ ဝေအာင်စားရေ
- ရူးကွန်ဆောင်လို့၊ အိမ်ရှိမှာချီးစိုက်တေ
- ရူးကွန်ဆောင်လို့၊ အောင်စား
- ရောက်မလက်ခြင်း၊ မှိုဟင်းခူးချက်စာကပင်သိယင့်
- ရောက်မလက်ခြင်း၊ မှိုဟင်းခူးခါကပင်သိယင့်
- ရောက်မလက်ခြင်းကို၊ မှိုဟင်းခူးခါကပင်သိယင့်
- ရောက်မလှလို့သွားကိုဆို၊ သွားကမတတ်ပါးကတတ်
- ရောဂါများအားကြီးဂေလဲမသီနိုင်ဗျာယ်၊ ကြွီးထူအားကြီးဂေလဲမပူနိုင်ဗျာယ်
- ရဲရေကျား၊ ခုတ်မှကျရေ
- လကိုလွန်၊ ကြယ်ပျံရေ
- လက်ညှိုးမကောင်းလက်ညှိုးကိုဖြတ်၊ လက်မမကောင်းလက်မကိုဖြတ်
- လက်ပံပင်မှာဇရက်ကျကျလို့ကျွကျွက်ရိုက်နီရေ
- လက်သာမြင်၊ လက်သည်းရှည်ရေ
- လက်သာမြင်၊ လက်သဲးရှည်ရေ
- လက်သဲးဆိတ်၊ လက်မနာ
- လက်သဲကိုဆိတ်ကေ၊ လက်ထိပ်နာရေ
- လင်ဆိုကေ၊ အိမ်နားမှာစပါးလင်တောင်မစိုက်
- လင်လိုတုံး၊ နားပဲ့ရေ
- လည်ရာမှာ၊ ပင်ကာအထက်ကဘု
- လပကဏန့်ပိုင်အခွံရာ
- လပျက်ဆွမ်းတင်၊ လပျာတင်မလုပ်
- လပလကျယ်၊ လုပ်မနီဂေ့
- လမွဲ၊ နတ်မြင်ရေ
- လမ်းကိုထားလို့ကြောင်းကလားရေလူစားရာ
- လမ်းသစ်ထွင်၊ စူးင်ရေ
- လယ်ထွန်နီလို့၊ နွားပျောက်တေ
- လ-သီ-လ-ကွယ်၊ စန္ဆီလယ်
- လှုပ်တိုင်းလည်းနှုတ်မရ၊ လော့တိုင်းလည်းကြံမရ
- လားရေနွား၊ ဖိထွန်
- လားလီရာမှာ၊ ကြောင်နံ့သာ
- လားလီရာမှာကြောင်နံ့သာ
- လိပ်ကြုံစွာလိပ်ရာသိရေ
- လိပ်ကြုံစွာလူမသိ၊ လိပ်ရာသိရေ
- လိုတောင့်မင်းတ(လိုတာမင်းတာလည်းဟူ)
- လိုသူကျွဲးစား၊ ကျော်ရှီလျော်(ယော်)
- လီလိုက်ရာမှာ၊ ဖျာဆိုးရွှင့်
- လုပ်စားဂေမိုးခေါင်၊ ခိုးစားဂေခွီးဟောင်ရေ
- လူ့ပြည်မှာချီးရာပေါရေ
- လူကြီးမိုက်တေယောင်ကြီးငိုက်တေ
- လူကိုခ-စပ်ကေ၊ ကျွန်ရုပ်ပေါက်တေ
- လူကိုခါ့စပ်ကေ၊ ကျွန်စိပ်ပေါက်တယ်
- လူကိုပြောဖို့ဆိုကေ၊ လျှာယမ်းယမ်းနှင့်
- လူကိုမကောင်း၊ မကြံကောင်း၊ မကောင်းကိုယ်မှာ၊ ဗြီးလို့ဝင်ရေ
- လူကိုယုံလူယုံတတ်
- လူကိုအမူကြည့်၊ ကြက်ကိုအခြီကြည့်
- လူချီးနန့်ဝက်မွီးစပ်စွာရာ
- လူစကားနှင့်ချီးလား
- လူစကားနှင့်ရွှေညာလွမ်းရေ
- လူတည်ကျင်၊ မခင်လီဂေ့
- လူနန့်ပေါင်း၊ ကောက်ညှင်းပေါင်းတောင်မကောင်း
- လူနီခြုံကြား၊ စိတ်နီဘုံဖျား
- လူပျိုပိုးကေလမ်းလျှောက်တေ၊ ဝါကြီးပိုးကေအိမ်ကိုရောက်တေ
- လူပြောစကားနန့်၊ ခွီးဟောင်ရေ
- လူပါးကအပ်တစ်ချောင်းယူကေ၊ ကိုယ့်ပါးကပေါက်ဆိန်တစ်လက်ပျောက်တေ
- လူပိုင်သျှင်ပိုင်ဗျာ(လူလဲမဟုတ်သျှင်လဲမဟုတ်)
- လူဖြောင့်စိတ်တို၊ လူချိုစိတ်ကောက်
- လူဖြောင့်စိတ်တိုရေ
- လူမနာလိုနား၊ ခွီးမနာလိုသွား
- လူမပေါ်ခင်၊ ချီးပေါ်ရေ
- လူများချီးနှင့်ငှက်မွီးစပ်တေ
- လူများဂေ၊ ချီးများရေ
- လူများငကြီးငအုပ်စားခါအသံမကြား၊ ငရို့ငခုံးမတစ်ကောင်ရတဂျာဂျာနန့်
- လူမရောက်မြင့်မိုရ်တောင်၊ ခွီးမရောက်အိမ်မောက်ခေါင်
- လူမရောက်သိ၊ ကတိုးသိရေ
- လူမွဲနတ်မြင်
- လူမသီငွီမယှား
- လူမှာတ်ရောင်၊ လောင်းမှာစပ်ရောင်
- လူမှာအဆုံးဇာတ်၊ သံမှာအဆုံးအပ်
- လူယောင်သူယောင်ကြောင်သီတင်းသုံး
- လူရတတ်ဝတ်ကေရွှေ၊ ဆင်းရဲသားဝတ်ကေကြီးထင်ရေပိုင်
- လူရိုးသင်္ချိုင်းမှာ
- လူအရောင်နှင့်၊ ခွီးဟောင်ရေ
- လူအိမ်ထမင်း၊ လှီကားရင်း
- လူအိမ်လားနွားတရားပါ၊ လူအိမ်လားသားစကားပါ
- လောင်းကခြောက်လံ၊ ပေါင်းခြောက်လံ
- လောင်းကားသုံးလံ၊ ပေါင်းခြောက်လံ
- လောင်းအတိုလှော်ခက်တေ၊ လူအတိုအပြောခက်တေ
- လောင်းအတိုအလှော်ခက်တေ၊ လူအတိုအပြောခက်တေ
- လောဘကြီးလောကန္တရသင့်
- လောဘသန်လောကန္တရသင့်
- လဲစွာကိုတစ်ခါ၊ ဖိထောင်းသိရေ
- ဝကင်းပူ၊ ရပူကျကျလို့
- ဝက်ထီးအားကိုး
- ဝက်မတုတ်ကျဉ်ကိုက်
- ဝက်မျက်နှာတရုပ်မကြည့်နိုင်
- ဝက်သားကင်၊ မောင်သျှင်ဖို့၊ ငါးခြောက်လှန်း(ကျီးကန်း)ဇကန်းဖို့
- ဝက်ထီးအားကိုး၊ မလုပ်လီဂေ့
- ဝက်နဘင်းစွယ်၊ အားကိုးမိလို့၊ အိမ်ပြာကျရေ
- ဝက်မျက်နှာ၊ တရုတ်မကြည့်နိုင်
- ဝက်သားကင်မောင်သျှင်ဖို့၊ ငခြောက်လှန်းကျကန်းဖို့
- ဝက်သားမစား၊ ဝက်ရေသောက်တေ
- ဝမရှိဘဲ၊ ဝိမလုပ်လီဂေ့
- ဝါးကွဲကေ၊ ရီဝင်ရေ
- ဝါးတစ်ရာလူတစ်ရာ
- ဝါးတောမှာ ဝါးလှရွီး
- ဝါးလုံးချီးသုတ်ပိုင်
- ဝါးလုံးနင်းတုံ၊ ဝါးခြမ်းနင်းတုံ၊
- ဝါးလုံးပွတ်နှင့်၊ ချီးကိုင်းကိုင်းလို့
- ဝါခေါင်လကကလန့်အမ၊ ကျွဲတမနှင့်မဖ
- ဝါခေါင်လမှာမြစ်မှာလဲလှိုင်းတစ်လုံးလျော့ရေ၊ မြီကြီးမှာလဲဂြိုးမတဝပ်စာသွိရေ
- ဝါဆိုခြီအောက်၊ အရိပ်ပျောက်
- ဝါသနာအလိုက်အကျိုးဖြစ်
- ဝိနည်းတတ်ကေ၊ ကြက်သတ်စားရေ
- ဝီးမှာတသက်သက်၊ ပါးမှာတကြက်ကြက်
- ဝေသာလီကြက်၊ ကျိန်းရီမျက်
- သံကိုခွတ်လို့မဲသားမတက်၊ ရီကိုခွတ်လို့အရာမမြင်
- သံသရာထက်၊ မ်းစာခက်
- သက်ကြီးတရစ်၊ သက်ငယ်ပြစ်
- သခိုးတညည့်အိပ်ပျက်ကေ၊ အိမ်သျှင်ဆယ်ညည့်အိပ်ပျက်တေ
- သခိုးမယားမငိုဝန့်
- သခိုးလက်က၊ သဝှက်လုရေ
- သင်္ဘောပျက်ရာမှာချည်ပေါင်သီး၊ ရောင်းလို့လိုက်မမိ
- သင်္ဘောပျက်ရာမှာချိုင်ပေါင်ဟင်းရောင်းလို့မမှီဗျာယ်
- သစ်ကြားဝါးပျစ်မလုပ်ရ
- သစ်ကြီးအမျက်၊ ပြင်မထွက်
- သစ်ကြီးအမျက်၊ အပြင်မထွက်
- သစ်နှစ်ပင်ကြားဝါးပျစ်တေ၊ အိမ်တွင်ရန်များဧည့်ပျစ်တေ
- သစ်ရောင်းါးရောင်း၊ မတက်ကောင်း
- သဇင်ပွင့်စနတ္တော်လ၊ သဇင်လည်းပွဲ၊ တပိုးတွဲ
- သတိမမူဂေ၊ ဆင်ကိုလဲ၊ ခလုပ်တိုက်တေ
- သနားကေ၊ သနာရောက်တေ
- သပြီကန်မှာ သင်္ကြန်ကျကျလို့၊ နိန့်လဲတရောင်းရောင်း ညည့်လဲတရောင်းရောင်း
- သမက်စီလူမဟုတ်၊ ပုဇွန်ဖြူ၊ ငါးမဟုတ်
- သျှင်ကြီးလာလည်းသတ်၊ သျှင်သျှေလာလည်းသတ်
- သျှင်ကြီးလာလဲသတ်၊ သျှင်သျှေလာလဲသတ်
- သျှင်မင်ခင်၊ ကျောင်းထိုင်ချင်
- သျှင်ရဲအောင်ဖွေမာန်အောင်ပို့နတ်မရေ
- သွားနန့်ဆံပင်အညီမဟိ(အနီမဟိ)
- သားသမီးမကောင်း၊ မိဘခေါင်းမှာရောင်း
- သားသမီးမကောင်းမိဘအဂေါင်းကိုရောင်း
- သားသီလင်ဆုံး၊ ကုန်ရှုံးကြွီးတင်၊ လိုလင်မရသူတော်မ
- သိကြားမင်းမြှားသုံးစင်းနန့်ကယ်လို့တောင်မရရေသား
- သိကြားလက်ချနတ်လက်ချ
- သိဖို့နွား၊ တောင်နားယောင်(တောစယောင်)
- သိရာသိစီ၊ မမြင်စီကေ့
- သိရေလူကိုရာလိမ့်လို့မရ၊ ရှင်ရေလူကိုတစ်ခါမရတစ်ခါရရေ
- သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်
- သီစီလိုကေရီပက်၊ ရှင်စီလိုကေဒုတ်နှင့်နှက်
- သီဖို့ကြောက်၊ ပေါက်တူးပေါက်
- သီဖို့နွားတောစယောင်ရေ
- သီဖို့အစ၊ ဖျားရေ
- သီရာသိစီ၊ မမြင်စီကဲ့
- သီရာသီရေ၊ ဝမ်းကျမတန့်
- သီလခရေသားလဲအလှပ၊ လွတ်လခရေငါးလဲအကြီးသန်
- သီလားခရေသားအလှပ၊ ရွှတ်လားခရေငါးအကြီးသန်
- သုံးလင်ပြောင်းရေမိနာ့လဲလင်မမြဲ၊ သုံးကျောင်းပြောင်းဘုန်းကြီးလဲကျောင်းမမြဲ
- သူ့ဆန်စားသူ့ကြက်
- သူ့မယားမျက်ရည်ကျ၊ ကိုယ့်မယားမ်း
- သူ့အရိုးနန့်သူ့ကိုထိုးရေ
- သူခိုးကိုတန္တခေါင်းရိတ်တေ
- သူခိုးကိုသီဖေါ်ညှိ
- သူခိုးမယား၊ မငိုံ့
- သူခိုးလက်ကသူှက်လု
- သူတော်မါးဖြီး(ခေါင်းဖြီး)လှူ
- သူပျားရည်ခါ၊ ကျွန့်နားပင်းကိုလက်တို့ပါ
- သူများကိုမကောင်း၊ မကြံကောင်း၊ ကိုယ့်ပက်မှာရောင်း
- သူများအတွက်၊ ငါးဝက်ဝမ်းကျ
- သူမသိကိုယ်ပို့၊ မောင်မောင်လူယာနိုး
- သောက်ရီအိုးမှာ၊ တီတက်တေ
- ဟင်းခူးများနပ်စာမပြည့်
- ဟန်ကိုယ်ဖို့၊ မာန်သူ့ဖို့
- ဟရေသိကပင်၊ သျှာသျှေကိုမြင်စွာရာ
- ဟိခါတန်းဆာ၊ မဟိခါမ်းစာ
- ဟိရေနွားလည်းကုတ်ဖီ၊ ရခီရေနွားလည်းကုတ်ဖီ
- ဟုတ်ကဟုတ်ယင့်၊ သူမခံချိ(မခံသာ)
- ဟုတ်မဟုတ်၊ သူခိုးနှင့်အိမ်သျှင်ရာသိမည်
- ဟုတ်ရူပရူမောင်ဖြူမန္တရား
- ဟောင်းလောင်းထိုင်နိန်ပြီးကေ၊ ပေါင်ပေါ်ပေါ်ရေလို့သရော်နိန်ရေပိုင်
- ဟောင်ရေခွီးလဲမကိုက်၊ ကြိုးရေမိုးလဲမရွာ၊ ငြိုးရေလင်လဲမသတ်
- အကစပ်သန်၊ ရန်ဖြစ်တေ
- အကျင့်လွန်၊ နိဗ္ဗာန်ချော်
- အကျွမ်းင်၊ အပင်ပေါက်တေး၊
- အကြံဆန်း၊ ရဟန်းကျောင်းနှင့်မနီရ
- အကြံမတတ်၊ သမ္ဗန်ခတ်
- အကြီစပ်(အကစပ်၊ ကျင်ဖြစ်)၊
- အကြီစပ်နန့်၊ ကျင်ဖြစ်တေ
- အကြီစပ်သန်၊ ရန်ဖြစ်တေ
- အကွပ်တစ်ချက်၊ လက်တစ်ချက်
- အခက်ကြီးအရိပ်မြိုင်၊ အသက်ကြီးအသိပိုင်
- အခြိုးကြူ(ချိုးကူ)နီပူ
- အဂြိုမနိုင်၊ နရွက်ကိုင်
- အစကြူးနက်၊ ကိုယ်မတက်
- အစဉ်ပါအညှာတန်းလှမ်း၊ ဗူးခရမ်း
- အစတွင်ကေ၊ ထုံးဖြစ်တေ
- အစားပိုနက်၊ ကိုယ်မတက်
- အစားမစဲ၊ အဝတ်လင်းကြဲ
- အစားမဟိ၊ ကျွန်လျှာ(ကျွန်မှာ)၊
- အစားအသောက်မီးရောင်တောက်၊ ဝတ်ပါလီရဗလီပေါက်
- အစိမှာတစ်ခါ၊ အဆန်ထွက်သိရေ
- အဆောက်ကိုခတ်၊ အမောက်နာ
- အဆောက်ထက်၊ အမောက်သန်(အမောက်ကြီး)
- အဆောက်ထက်၊ အမောက်သန်ရေ၊ ကျွန်ယေဖဓား
- အညှီဟိရာ၊ ယင်အုံရေ၊ အပျိုဟိရာ၊ လပျိုလားရေ
- အတင်းကြီးမှိုဟင်းပင်၊ နှစ်ခေါက်ချိုးအိုးထဲင်
- အတတ်ကြီးလို့၊ ဘလူးဖြစ်တေ
- အတတ်ခံ၊ သိန်းတံဦးဘ၊ ဦးချာလှီမှာ၊ တက်ခတ်ကျ
- အတို့မခံ၊ ရွှေပဇွန်ပိုင်
- အတောင်ညောင်း၊ ကိုင်းဟောင်းမှာနား
- အတ်မဟိ၊ ပုတ်ချုပ်လို့နီ
- အတ်မဟိ၊ မွန်းတည့်ချမ်း
- အထည်များ၊ မယားပြော
- အထဲးမ်းသာ၊ ပြင်မာန်ပါ
- အနတ္တလဲကိုယ်မဟုတ်၊ ဇာတ်သမလဲအပျိုမဟုတ်
- အနှမ်းခံ၊ ပတ်ကမ်းကျရေ
- အနှောင့်မလွတ်၊ အသွားမလွတ်
- အနာများဂေသီ၊ မြီများကေကြွီ
- အနာမြင်၊ ယင်င်နား(ယင်ကြီးဥလည်းဟူ)
- အနာမဟိ၊ ကန်ကောက်ဖေါက်ထိုး
- အနီမဟိ၊ ပြင်တက်ဒုံး
- အပင်မှာလဲအနှစ်နန့်၊ လူမှာလဲအချစ်နန့်
- အပြင်ကမာန်ပါယောင်၊ ဝမ်းထဲကပူချိပူချိ
- အပြင်ဗန်းကိုရာမြင်ရေ၊ အတွင်းပူလူမသိ
- အပြစ်ဟိအိုးဒုတ်မိုးကြည့်
- အပြောမှာ ပုပ်လောက်ရိုင်လောက်၊ အလုပ်မှာ သိုက်ပွာတောင်မပြည့်
- အပွင့်ကောင်းဂေတစ်ခက်၊ အဆင်းကောင်းဂေတစ်နွယ်
- အပွီးမြင်၊ အပင်သိ
- အပေါင်ဆိုဂေ၊ အဖိုးမတန်
- အဖထက်၊ သားတစ်လကြီးရေ
- အဖသျှစ်သောင်း၊ သားကိုးသောင်း
- အဘာစားဘို့ထား၊ အာစားဖို့တောင်မရ
- အဘုသျှေမရခင်၊ ပုခွက်ရက်
- အဘောင်၊ ယှောက်(သယောက်)နှင့်ပျော်
- အမျိုးများလျှင်၊ စားအိုးမဖွင့်နိုင်
- အမြင့်တက်၊ အမှည့်စားရနိုးနိုး(စားရနဲးနဲးလည်းဟူ)
- အမြတ်လိုလို့နှင်းခံ၊ တပွါလျှော့၊
- အမိ ကိုးရွာလယ်ဂေ၊ သမီး ဆယ်ရွာလယ်ဖို့
- အမိမုံ့ရောင်း၊ သားမင်းလောင်း
- အမောင်လည်းရောက်၊ ငါ့နွားပျောက်၊ အမောင်သူခိုးငါမယိုး
- အမောင်လဲ့ရောက်၊ ငါ့နွားပျောက်၊ အမောင်သခိုး၊ ငါမယိုး
- အယင်ကလူ၊ မောင်သာဖြူ
- အယတ်ကိုလောင်၊ အခေါင်ကိုခိုက်
- အရင်းမစိုက်၊ တက်ခတ်လိုက်
- အရယ်ကြူးအဖတ်ပါ
- အရှက်မဟိ၊ ကြဲးစီကြးပဲး
- အရှက်မဟိ၊ ကြဲစီကြဲစဲ
- အရှက်မဲ့၊ လူကြဲးစဲး
- အရှင်ကောင်းမှ၊ ကျွန်ဝမ်းဝရေ
- အရှိဆင်ခေါင်း(လီ)၊ မုန့်သန်းထောင်း(ရာသီ)၊
- အရိပ်ပြလို့တောင်၊ အကောင်မထင်
- အရိပ်မသိရေဂျီ၊ ကျားစာဖြစ်တေ
- အရူး ကိုနှင်းတော တိုးတိုးလို့
- အရူး စုံးဖမ်းဖမ်းလို့
- အရူး ဆယ်ခွန်းပြော တစ်ခွန်းမှန်ရေ
- အရူးလနပ်၊ ငွေတစ်မတ်တောင်စိတ်ကမှတ်
- အရူးသတ်လို့ အပြစ်မရ
- အရေနရေပိုင် ပြင်လို့ အူကိုနှုတ်ယူဖို့
- အလျင်လို၊ အနို့နှင့်ငြား၊
- အလှဆင်၊ မျောက်ဖြစ်တေ
- အလှဆင်ကေ၊ မျောက်ဖြစ်တေ
- အလှူတစ်ခုလုပ်ဂေ၊ ပိတ္တာတစ်ယောက်ဖြစ်တေ
- အလားရွှန်၊ အပြန်ခက်
- အလားဟိမှအလာဟိရေ၊ အပီးဟိမှအယူဟိရေ
- အလိုကြီး၊ အရနည်းရေ
- အလိုကုံတုံ၊ အကြံလိုရင်း
- အလိုလိုက်၊ အမိုက်စော်ကားရေ
- အလုပ်မဟိ၊ ကြောင်ကိုရီချိုးရေ
- အလုပ်မဟိကြောင်ရီချိုး
- အလုပ်မှာကူလီ၊ အစားမှာမခြီတခြီ၊ အတ်မှာဗထားရီ
- အလုပ်ဟိမှ၊ အစားဟိ
- အဝီမစိကေ၊ မိုးကြိုးပစ်တေလတ်
- အသံကြောင့် ဖားသီရေ
- အသင်းကြီးမင်းမနိုင်
- အသည်းဆန်ခါ၊ ဘရင်ျီနာ
- အသည်းမကြင်၊ အအူကြင်
- အသတ်လည်းခံ၊ ပွီးရွက်လန်
- အသျှင်ကြောင့်ကြ၊ ကျွန်မ်း
- အသားထဲက၊ လောက်ဖြစ်တေ
- အသားလိုလို့ အရိုးတောင်းရေ
- အသိခေါက်ခက်၊ အင်နက်
- အသိခေါက်ခက်၊ အဝင်နက်တေ
- အသီးကိုမြင်တီအထင်၊ အသွင်သိက၊ မျက်နား
- အဦးစားကြောင်၊ အလယ်ရောင်
- အိတ်ပေါက်နှင့်ဖါးကောက်တေ
- အိပ်ကွန်ဆောင်လူကို၊ အနှိုးရခက်တေ
- အိမ်ကလဆွီး၊ မောင်းကာကြီးရေ
- အိမ်ကအဆိုး၊ မောင်းကာကြီး(အိမ်ကအဆွီးမောင်းကာကြီး)
- အိမ်မှာလှီကား၊ လောင်းမှာဧရာ၊ လှည်းမှာင်ရိုး
- အိမ်မှာလှီကား၊ လောင်းမှာဧရာ၊ လှည်းမှာဝင်ရိုး
- အိမ်မှာဟိရေနွားလဲဂုတ်ပိ၊ လားရေနွားလည်းဂုတ်ပိ
- အိမ်ရှင်မကောင်း အိမ်မကောင်း
- အိမ်အိုဂေထောက်၊ လူအိုသောက်
- အိုးကြီးကွဲ၊ အိုးခြမ်းကျန်
- အိုးတိုင်းလက်ကျခွက်တိုင်းင
- အိုးမလုံဂေ၊ အုံပွင့်ရေ
- အိုရာအိုရေ၊ ဂြိုမကျိုး
- အီးကလူအတ်နှင့်ခြောက်၊ အပါးကလူအိမ်နှင့်ခြောက်
- အီးနီစုံအောင်မီး၊ အပါးနီစုံအောင်ကြည့်
- အီးနီတသက်သက်၊ တပါးနီတခြက်ခြက်
- အုန်းဘောင်မှာ၊ သပြာကပ်ကပ်လို့
- အုန်းမှာအသပြာကပ်ကပ်လို့
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ရခိုင်ဘာသာစကားလမ်းညွန်(စက္ကိန္ဒ,အသျှင်)
- ဥပမာစုံရခိုင်စကားပုံ(စက္ကိန္ဒ,အသျှင်)
- တိုင်းရင်းသားရိုးရာ စကားပုံများ(မင်းနိုင်,ဦး)
- ရခိုင်စကားပုံနှင့်သုတရတနာများ(ဓမ္မပီယ,အသျှင်)