Jump to content

စက္ခုပါလထေရ်

ဝီကီးပီးဒီးယား က

စက္ခုပါလထေရ် ရေ မြတ်စွာဘုရားသျှင်၏ သာသနာတော်တွင် အထင်ကရ ရဟန္တာ တစ်ပါး ဖြစ်၏။ ဘွဲ့အမည်မှာ မဟာပါလ ဖြစ်၏။ ဖခင်မှာ သာဝတ္ထိမြို့ဟိ မဟာသုဝဏ္ဏသူဌေးကြီး ဖြစ်သည်။ ညီဖြစ်သူစွာ စူဠပါလ ဖြစ်၏။[][]


မဟာပါလ၏ ဖခင်ဖြစ်သူ ကွယ်လွန်သော် ညီအစ်ကို နှစ်ယောက်ရာ ကျန်၏။ တရက်နိ ဇေတဝန်ကျောင်းတော် တရားနာယူရန် လားရောက်ကြကုန်သော လူတိကို မဟာပါလမြင်၏။ ယင်းခါ မဟာပါလ၏ စိတ်တွင် တရားတော်ကို နာကြားလိုစိတ်များ ဖြစ်ပေါ်လာ၏။ ယပြီးနောက် တရားဟောကြားမည့် ပရိသတ်၏ အစွန်းတွင်ထိုင်ကာ မြတ်စွာဘုရား၏ တရားတော်ကို ရိုသေစွာနာကြား၏။ မြတ်စွာဘုရားရေ မဟာပါလနန့် သင့်လျော်သော တရားကို ဟောကြား၏။ မဟာပါလရေ တရားဆုံးရေအခါ လူ့အဖြစ်ကို ငြီးငွေ့ပနာ ရဟန်းပြုချင်စိတ် ဖြစ်လာ၏။ ယပြီးနောက် မြတ်စွာဘုရားထံ ရဟန်းပြုခွင့်ရရန် လျှောက်ထား၏။ ဘုရားသျှင်က ဆွေမျိုးတိပါးမာ အလျင်ခွင့်တောင်းရန် မိန့်၏။ ယပြီးနောက် ညီဖြစ်သူ့ပါးပြန်လာကာ ရဟန်းပြုမည့်အကြောင်းပြောပြီးကေ ကျောင်းတော်သို့ တစ်ဖန် ပြန်ခပနာ ရဟန်းပြုလီရေ။[][]

ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မဟာပါလရေ ဥပဇ္ဈာယ်ဆရာထံပါးတွင် ငါးဝါလုံးလုံးနီထိုင်၏။ ယပြီးနောက် မြတ်စွာဘုရားထံ မိမိမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်၏။ ယင်းချင့်ကြောင့် မိမိရေ ပိဋကတ်စာပီတိကို သင်အံပို့ချခြင်းမှာ မစွမ်းနိုင်တော့ပါ။ သို့အတွက်နန့် မိမိအား တရားအားထုတ်ရန် သင့်လျော်ရေ ကမ္မဋ္ဌာန်းတရား ဟောကြားပီးပါရန် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားရေ မဟာပါလထေရ်နန့် သင့်လျော်ရေ ကမ္မဋ္ဌာန်းတရားကို ဟောကြား၏။ ယပြီးနောက်တွင် မဟာပါလထေရ်ရေ သီတင်းသုံးဖော်ရဟန်း ခြောက်ဆယ်ရို့နန့်တတူ သာဝတ္ထိမှာ ယူဇနာ ၁၂၀ (၁ ယူဇနာ = ၈ မိုင်) ဝီးသော ပစ္စန္တရစ်ရွာသို့ကြွကာ သီတင်းသုံး၏။ မဟာပါလထေရ်ရေ အိပ်၊ လျောင်း၊ ထိုင်၊ ရပ်ဆိုရေ ဣရိယာပုတ်လေးခုတွင် အိပ်ခြင်းကိုပယ်၏။ ဇာခါမှ မအိပ်ပေ။ ကြောလည်း မချဘဲ တရားအားထုတ်၏။[][]

မဟာပါလထေရ်ရေ အိပ်စက်ခြင်း မပြုဘဲ တရားအားထုတ်လာရာ ဝါခေါင်လသို့ ရောက်ရေအခါ မျက်စိရောဂါ ဖြစ်လီရေ။ ယင်းခါ မျက်စိကုဆရာနန့် ကုသခလီ၏။ မျက်စိကုဆရာရေ ဆီးကိုချက်ပြီးကေ သီတင်းသုံးဖော်ရို့အား ဆီးသုံးစွဲပုံကို ပြောပြလိုက်၏။ အသုံးပြုပုံမှာ ဆီးကို မျက်စိထဲသို့ လောင်းထည့်ရန် ဖြစ်၏။ ယကေလည်းသော မဟာပါလထေရ် ရပ်လျှက်ရာ ဆီးကို လောင်း၏။ တရားအားထုတ်ချိန်မှ စကာ အိပ်ခြင်းကို လုံးဝမပြုဟု အဓိဋ္ဌာန်ပြုထား၏။ ဆီးရို့စွာ ထလန်းဂါးအနိန်အထားနန့် ထည့်ပါမှ ဝင်မည်ဖြစ်ကေလည်း ယင်းပိုင်မပြု။ သူတော်ကောင်းရို့ဆိုသည်မှာ မိမိ၏ ကတိသစ္စာအဓိဋ္ဌာန်ကို အပျက်မခံပေ။ မဟာပါလထေရ်ရေ မျက်စိကုဆရာ ညွှန်ကြားရေပိုင် မလိုက်နာဘဲ ရဟန်းတရားကို ကြိုးစားအားထုတ်ရာ ညသိုင်ခေါင်ယံကျော်အချိန်တွင် မျက်စိနှစ်ကွင်းရို့ အလင်းမရတော့ပေ။ ယေရာလေ့ အာသဝေါတရားရို့ကုန်ခမ်းပနာ ရဟန္တာ ဖြစ်လီရေ။ ယင်းခါမှစပြီးကေ မဟာပါလထေရ်မှ စက္ခုပါလထေရ်ဟု နာမည်တွင်လီရေ။[][]

ရှီးအခါ ဗာရာဏသီပြည်တွင် ကာသိမင်း အုပ်ချုပ်ရေ အချိန်က ဖြစ်၏။ ဆီးသမားတစ်ဦးရေ ရပ်ရွာတိကို လှည့်လည်ဆီးကု၏။ ရွာတစ်ရွာသို့ရောက်ကေ မျက်စိမမြင်ရရေ အမျိုးသမီးကို တွိ၏။ အမျိုးသမီးက မိမိ၏ မျက်စိကို ပျောက်ကင်းအောင် ကုသပီးပါက မောင်နှမတိနန့်တကွ ကျွန်ခံဖို့လို့ ကတိပီးကာ ကုသစီ၏။ ဆီးဆရာလည်း ကုသရာ ပျောက်ကင်း၏။ ယကေလည်းသော ထိုအမျိုးသမီးရေ ကျွန်ခံရဖို့ကို တွက်ပနာ ပိုပြီးကေဆိုးလာရေလို့ လိမ်ဝါပနာ ပြော၏။ ဆီးဆရာလည်း လိမ်ပြောစော်ကို သိလို့ ဆီးတစ်မျိုးကို အမျိုးသမီးအား မျက်စဉ်းခပ်ပီးလိုက်၏။ ယင်းခါ အမျိုးသမီး၏ မျက်စိနှစ်ဖက်စလုံး ပေါက်ကွဲထွက်လီရေ။ ဆီးဆရာဘဝက ပြုခရေ ကံကြောင့် အဂုဘဝရောက်ရေအခါ အကျိုးပီးလီ၏။[][]

  1. 1 2 3 4 5 Lua error in Module:Citation/CS1/Date_validation at line 335: attempt to compare nil with number.
  2. 1 2 3 4 5 ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နန့် သိရောမဏိ (၁၊ နိုဗန်ဘာ၂၀၀၂). ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်). အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်. pp. ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၈. {{cite book}}: Check date values in: |date= (help)CS1 maint: location (link)