စက်လည်ပတ်ရီးစနစ်
အသွင်ပြင်
| ကွန်ပျူတာစက်လည်ပတ်ရီးစနစ်တိ |
|---|
| ဘုံအင်္ဂါရပ်တိ |

စက်လည်ပတ်ရီးစနစ် (operating system), OS, ရေ ကွန်ပျူတာတွင် software အစိတ်အပိုင်း ဖြစ်ပြီး လုပ်ဆောင်မှု (activity) နန့် ကွန်ပျူတာ ရင်းမြစ် (resource) တိကို တာဝန်ခံရန် တာဝန်ဟိရေ။ စက်လည်ပတ်ရီးစနစ် တွင် application တိကို ထိန်းသိမ်းပြီး စက်ကို မောင်းနှင်ရေ။ စက်လည်ပတ်ရီးစနစ်ရေ hardware တိဧ လုပ်ဆောင်မှု ကို ကိုင်တွယ်ရန် အိမ်သျှင် လုပ်ရရေသဘောဖြစ်ရေ။ ယင်းချင့်ကြောင့် application မျျားရေ hardware တိဧ လုပ်ဆောင်ပုံ အသိမ်းစိတ်ကို ကြိုတင် သိဟိရန် မလိုတော့ပေ။ ကွန်ပျူတာတိအားလုံး လက်ကိုင် ကွန်ပျူတာ (handheld computer)၊ စားပွဲတင် ကွန်ပျူတာ၊ စူပါ ကွန်ပျူတာ တိသာမက ဗွီဒီယို စက်တိပင် စက်လည်ပတ်ရီးစနစ် တစ်မျိုးမျိုး သုံးကတ်ရေ။ ယှေးကျရေ စက်တိတွင် အသေပိတ် စက်လည်ပတ်ရီးစနစ် (embedded operating system) ကိုသုံးရေ။[၁][၂]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ Stallings (2005). Operating Systems, Internals and Design Principles. Pearson: Prentice Hall. p. 6.
- ↑ Dhotre, I.A. (2009). Operating Systems. Technical Publications. p. 1.