Jump to content

စစ်တွေကျွန်း

ဝီကီးပီးဒီးယား က

စစ်‌တွေကျွန်စွာ အဂုစစ်တွေအရပ်ပင်ဖြစ်တေ။ ကုလားတန်မြစ်ဝ၏ အနောက်ကမ်းအရပ်ဖြစ်တေ။ အရှိဖက်တွင် မြီငူကျွန်း၊ အနောက်မြောက်ဘက်မာ ကြွီတဲကျွန်း၊ မြောက်ဘက်စွာ ဦးရဇ်တောင် ကျွန်း အသီးသီးဟိကတ်ရေ။

စစ်တွေအရပ်အကြောင်းကို ရာဇဝင်၌ ငနှလုံးမင်းလက်ထက်က စတင်တွိ့ရရေ။ မင်းကြီးရေ အနောက်သို့ ချီတက်ပနာ အပြန်ဖမ်း၍ ရခရေ ကုလားအိမ်ရှိမင့်သားကို ဆီးဝါးကုသပေးတော်မူပြီး ပျောက်ကင်းရေအခါ ထိုမင့်သားအား ၁၂၄၆-ခန့်မာ စစ်‌တွကို ကျေးစားအရာ ပီးခရေ။ (စန္ဒ။ ၁:၃၅၂)။ ၁၂၀၁-ပြည့်ဝန်းကျင်မှရာ ဘင်္ဂလားသို့ မူဆလင်တိ ဝင်ရောက်ရေအတွက် ထိုကုလားမင့်သားမာ ဟိန္ဒူဘာသာ၀င်ဟု ယူဆရရေ။

၁၇၇၄-ခုနှစ်မာ ဓါးပိုင်ကြီး သောကြာရေ စစ်တွကုလားရို့ကို ဆုပီးရား ဦးရဇ်တောင်သို့ ချီတက်တပ်စုကာ မြောက်ဦးထီးနန်းကို သိမ်းပိုက်ခရေ။ ထိုနောက်၄င်းစွာ စန္ဒသုမနရာဇာ နာမည်နန့် နန်းတက်ခလီရေ (စန္ဒ ၂၂၃)။.

၁၇၈၁-ခုနှစ်မာ ငရွှေစာစွာ အခွန်ဝန်သူရဲရို့ကို ဆုပီးပနာ ကုလားသူရဲတိနန့် စစ်တွေက သောင်းကျမ်းခစွာကို ဓမ္မရာဇ်ရာဇာမင့်ကိုယ်တိုင် ချီတက်တိုက်ခိုက်ခလို့ အောင်နိုင်ခရေ။ သင်္ဘောထိုးစာနန့် အခွန်ဝန်ရို့လေ့ သီလီရေ။( ဆန္ဒ။၂း၂၉၄)။ ဓမ္မရာဇ်ရာဇာမင်းစွာ စစ်တွေအရပ်သို့ ပထမဆုံးနန့် နောက်ဆုံးရောက်ခသော ရက္ခိုင်ဘုရင်ပင် ဖြစ်တေဟု ဆိုနိူင်ပါရေ။[]

  1. ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။