စစ်တွေညိုသန့်
| စစ်တွေ ညိုသန့်
| |
| ကိုယ်ရီးအချက်အလက် | |
| မွီးသက္ကရာဇ် | ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၉) ရက်နိ့ |
| နာမည်ရင်း | ဦးထွန်းအောင်ရွှေ |
| မိဘနာမည် | အခင် ရွှေတိုင် (အလယ်တန်းကျောင်းအုပ်ဆရာကြီး) - အရီး ဒေါနဖြူ |
| မွီးဖွားရာနီရာ | စစ်တွေမြို့၊ ရခိုင်ပြည်နယ် |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ရက္ခိုင် |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | ဝိဇ္ဇာ (မြန်မာစာ) |
| အလုပ်အကိုင် | ကဗျာဆရာ၊ မြန်မာစာပြ ပြင်ပဆရာ |
| အိမ်ထောင်ဖက် | ဒေါ်တင်ဦး (ကွယ်လွန်) |
| သားသမီး | (၄) ဦး |
| ထင်ပေါ်ကျော်ကြားမှု | ရက္ခိုင့်စာပီနန့် ရိုးရာယဉ်ကျေးမှု |
| ထင်ယှားရေလက်ရာတိ | သာလီစွ ရခိုင်ပြည် ယိမ်းအက (သီချင်း)၊ မောင်ကြီးသျှင်ပြောမေ သံချပ် |
| ရယှိခရေဆုတိ | |
| လက်မှတ် | |
| ကွန်ယက် | |
စစ်တွေ ညိုသန့် (မွီးနာမည် ဦးထွန်းအောင်ရွှေ) ရေ ရက္ခိုင့်အမျိုးသားရေး စာပီနန့် ယဉ်ကျေးမှုကဏ္ဍတွင် အရေးပါရေ ကဗျာဆရာ၊ စာပီပညာနန့် ပြင်ပဆရာတစ်ဦး ဖြစ်ပါရေ။
ဆရာ့ကို ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၉) ရက်နိတွင် အဖ အခင် ရွှေတိုင်နန့် အမိ အရီး ဒေါနဖြူရို့က ရခိုင်ပြည်၊ စစ်တွေမြို့၌ မွီးဖွားခပါရေ။ မွီးချင်း (၁၂) ယောက်အနက် ပဉ္စမမြောက်သား ဖြစ်ပါရေ။
ဆရာရေ ငယ်စဉ်က အဖတာဝန်ကျရာ မြောက်ဦးမြို့တွင် ကြီးပြင်းခပြီးကေ စစ်တွေ အ.ထ.က (၁) မှ ဆယ်တန်း အောင်မြင်ခပါရေ။ (၁၉၇၃) ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာ (မြန်မာစာ) ဘွဲ့ကို ရဟိခပါရေ။
အသက် (၁၄) နှစ်သားအရွယ်ကပင် ကဗျာစတင် ရွီးသားခပြီးကေ(၁၉၇၃) ခု၊ မတ်လထုတ် ငွေတာရီ မဂ္ဂဇင်းပါ "ကပိလဝတ်ခရီး" ကဗျာဖြင့် စာပီလောကကို စတင် ဝင်ရောက်ခပါရေ။
တိုင်းရင်းမေ ဂျာနယ်၊ ငွေတာရီမဂ္ဂဇင်း၊ မဟေသီ မဂ္ဂဇင်း စရေ စာနယ်ဇင်းများစွာတိတွင် ကဗျာနန့် ဆောင်းပါးများ ဆက်တိုက် ရွီးသားခပါရေ။ ရခိုင်သံချပ်ဖြစ်ရေ မောင်ကြီးသျှင်ပြောမေ သံချပ်(၃) တွဲကို ကိုယ်တိုင် ရွီးသားစီစဉ်ပြီးကေ ပါဝင်သီဆို ထုတ်ဝေခပါရေ။
ဆရာရေ ယဉ်ကျေးမှုနန့် အနုပညာနယ်ပယ်တွင် ဒါရိုက်တာနန့် စီစဉ်သူအဖြစ်လည်း လုပ်ကိုင်မှု ဟိခရေ။ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည် ယဉ်ကျေးမှုအဖွဲ့မှ တင်ဆက်ရေ အငြိမ့်နန့် ပြဇာတ်ပေါင်းများစွာတိတို့ကို စီစဉ်တင်ဆက်ခပါရေ။ ပြည်ထောင်စုနိ့တွင် ရခိုင်ပြည် ကိုယ်စားပြု တင်ဆက်ရေ သာလီစွ ရခိုင်ပြည်နယ် ယိမ်းအက သီချင်းကို ကိုယ်တိုင် ရွီးစပ် ခပါရေ။
လက်ဟိတွင် စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းတွင် သားသမီး (၄) ဦးနန့်အတူ နေထိုင်လျက် ဟိပြီးကေ မြန်မာစာပြ ပြင်ပဆရာအဖြစ် ဘ၀ကို ရပ်တည်လျက် ဟိပါရေ။
စာပေနန့် အနုပညာ ရွီးသားမှုများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆရာ့ရေ ရခိုင်စာပီနန့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းတိတွင် အထူးအားထုတ်ခပါရေ။
- ရခိုင်သံချပ် - မောင်ကြီးသျှင်ပြောမေ သံချပ် (၃) တွဲ
- ရိုးရာယိမ်းအကသီချင်း - အကျွန်ရို့အချေခါ ယိမ်းသီချင်း၊ သာလီစွ ရခိုင်ပြည် ယိမ်းအက၊ ရိုးရာမူဟန်ရခိုင်သင်္ကြန် ယိမ်းအက (၂၀၂၄)
- ရခိုင်ပုံဝထု "ကျီးဖြူရွာဇာမှာလဲ" "ဇရပ်ကယ်သာယာ ကျီးဖြူရွာ "တေးအော်ပရာအဖြစ် ဖန်တီးတင်ဆက်ခပါရေ
အောင်မြင်မှုရရှိခဲ့သော ဆုများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- (၁၉၆၉) မန္တလေးတက္ကသိုလ် သမိုင်းအသင်း ခရီးသွားဆောင်းပါးပြိုင်ပွဲ တတိယဆု၊
- (၁၉၇၂) ခုနှစ်၊ မန္တလေးတက္ကသိုလ် စာဆိုတော်နေ့ စာပေပြိုင်ပွဲ ကဗျာ တတိယဆု၊
- (၁၉၇၃) ခုနှစ်၊ လွတ်လပ်ရေးနေ့ ငွေရတု အထိမ်းအမှတ် မန္တလေးတိုင်း စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု၊
- (၁၉၇၆) ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု၊
- (၁၉၇၉) ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု၊
- (၁၉၉၂) ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ နှစ်သိမ့်ဆု၊
- (၂၀၀၅) ခုနှစ် အမေ့မေတ္တာ စာမူပြိုင်ပွဲ ကဗျာရှည် ဒုတိယဆု၊
- (၂၀၀၇) ခုနှစ် ဆရာဇော်ဂျီ ရာပြည့်အထိမ်းအမှတ် ဖိတ်ခေါ်ကဗျာပြိုင်ပွဲ တတိယဆု တို့ကို အသီးသီး ရရှိခဲ့သည်။
- (၂၀၂၄) ခုနှစ် မြန်မာနိုင်ငံစာရေးဆရာအသင်း စာပေပြိုင်ပွဲ ကဗျာ တတိယဆု
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- [စစ်တွေညိုသန့် - ဝီကီပီးဒီးယား](https://my.wikipedia.org/wiki/စစ်တွေညိုသန့်)
- ဦးထွန်းအောင်ရွှေ ပြောသော ကဗျာဆရာ စစ်တွေညိုသန့် ဘဝကောက်ကြောင်း အပိုင်း (၁)။
- Development Media Group (9 ဩဂုတ် 2019)။
- မောင်ကြီးသျှင်ပြောမယ်။ Hooligans Group။ 22 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2020 တွင် ပြန်စစ်ပြီး။
- စစ်တွေမြို့၌ (၄၃) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ။[လင့်ခ်သေ]
- ဦးဥတ္တမ အောက်မေ့ဖွယ် အခမ်းအနား ပါတီများ ဦးဆောင်ကျင်းပ။
- Mizzima News (September 11, 2012)။
- ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ဖွင့်လှစ်။[လင့်ခ်သေ]
