Jump to content

စစ်တွေမီးပြ

ဝီကီးပီးဒီးယား က

စစ်တွေမီးပြရေ စစ်တွေမြို့ဧ ပွိုင့်အငူမှာတည်ဟိရေ။ မူလက စစ်တွေမြို့တည်စခါ အုတ်အဆောက်အဦနန့် တည်ခရေ။ ၂၅ ပေခန့် မြင့်ရေ။ မြန်မာကမ်းရိုးတန်းမှာယှေးအကျဆုံးမီးပြတိုက် ဖြစ်ရေ။

၁၈၄၄ ခုနှစ်မှာလေးရှင်းတောင်မီးပြကို တည်ဆောက်သဖြင့် စစ်တွေမီးပြရေ ရပ်တန့်ခရေ။ တဖန် လေးရှင်းတောင်မီးပြမှာ ရေတိုက်စားမှု အန္တရာယ်ကြောင့် ရပ်လားပြန်သဖြင့် ၁၉၆၃ ခုမှစပနာ စစ်တွေမီးပြသစ်ကို သံဘောင်မျှော်စင်ဖြင့် တည်ခရေ။ ဂုမီးပြရေ ပင်လယ်ရေပြင်ထက် ပေ ၉၀ မြင့်ရေ။ မိုင်၂၀ အဝီးမှ မြင်နိုင်ရေ။ []

  1. ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)