စစ်တွေ အဝဘက်နန့် ကျောက်ဖြူ - ရမ်းဗြဲ ပြောစကားတိ
အသွင်ပြင်
| မြန်မာ (Burmese) | အစစ်တွေ/မြောက်ပိုင်း (Sittwe/North) | ကျောက်ဖြူ၊ ရမ်းဗြဲ (Kyaukpyu/Ramree) | IPA & English |
|---|---|---|---|
| ဘာလဲ | ဇာလဲ၊ ဇာချင့်လဲ | ဇာရောင်၊ အစွာရောင် | /zà lɛ́/ - What? |
| ဤဟာ၊ ထိုဟာ | အေချင့်၊ ယင်းချင့် | အေဟာ၊ ယန်းဟာ | /ʔè tɕʰɪ̰ɴ/ / /ɹɪ́ɴ tɕʰɪ̰ɴ/ - This/That |
| ငါတို့ | ငရို့ | ငယို့၊ အဒို့ | /ŋəɹo̰/ / /ədò/ - We |
| အနည်းငယ် | တစိသျှေ၊ တဆိသျှေ | စကေသျှေ | /təsḭ ʃè/ - A little bit |
| ထံမှ | ပါးက၊ ဗက်က | ဗက်က၊ ဖက်က | /əpá ɡa̰/ - From |
| ဤလို၊ ဤကဲ့သို့ | အေချင့်ပိုင် | အေပိုင်ချောင်၊ ယင်းပိုင်ချောင် | /ʔè tɕʰɪ̰ɴ bàɪɴ/ - Like this |
| ပြီးပြီ | ပြီးဗျာယ်၊ ပီးဗျာယ် | ပြီးယာ၊ ပီးယာ | /pɹì bɹàɪ/ / /pɹì ɹà/ - Finished |
| ဘယ်သွားသလဲ | ဇာလားလေ | ဇာ (အစွာ) လားရောင် | /zà lá lè/ - Where are you going? |
| ဘယ်လိုလဲ | ဘဇောင်ချင့် | အစော်ပိုင်သျှောင် | /bəzàʊɴ tɕʰɪ̰ɴ/ - How is it? |
| ဘယ့်နှယ်လဲ | ဇာပိုင်လေချင့် | ဇာပိုင်သျှောင် | /zà bàɪɴ lè tɕʰɪ̰ɴ/ - How? |
| ဘယ်လိုလုပ်တာလဲ | ဘဇောင်လုပ်လေ | အစော်ပိုင်လုပ်ရောင် | /bəzàʊɴ loʊʔ lè/ - How did you do it? |
| ဒီအတွက်ကြောင့် | ယေဇုနန့် | အေပိုင်ချောင်နန့် | /ɹèzṵ na̰ɴ/ - Because of this |
| ဒါပေမယ့် | ယေဂေလဲ့ | ယေဒါလဲ့ | /ɹè ɡè lɛ̰/ - However / But |
| ဒီလိုဆိုရင် | အေပိုင်ဆိုကေ | ဒေပိုင်ချောင်ဆိုယင် | /ʔè bàɪɴ sʰò ɡè/ - If so |
| နောက်ပြီးတော့ | အေပြီးကေ | ယေပြီးကေ | /ʔè pɹì ɡè/ - After that |
| ဒီလိုဖြစ်လို့ | အေပိုင်ဖြစ်လို့ | ဒေပိုင်ချောင်ဖြစ်လို့ | /ʔè bàɪɴ pʰɹaɪʔ lo̰/ - As it happened like this |
| မှန်ပါတယ် | ဟုတ်ပါရေ၊ ဟုတ်ပါယင့် | ဟုတ်ပါယန့်၊ ဟုတ်ကဲ့ | /hoʊʔ pà ɹè/ - That's right |
| ရှိပါတယ် | ယှိ (ဟိ) ပါရေ | ယှိ (ဟိ) ပါယန့် | /hḭ pà ɹè/ - It is there |
| ရမည်မဟုတ် | ရဖို့မဟုတ် | ယဖို့မဟုတ် | /ɹa̰ fò m̥oʊʔ/ - Won't get it |
| ဒါကြောင့် | အေဇုနန့် | အေပိုင်ချောင်နန့် | /ʔè zṵ na̰ɴ/ - Therefore |
| သိပ်ကောင်းတယ် | ကကောင်းကောင်းရေ | ကောင်းကောင်းရေ | /ɡəɡáʊɴ káʊɴ ɹè/ - Very good |
| သိပ်နွမ်းတယ် | ကကောင်းရိရေ | ကောင်းရိရေ | /ɡəɡáʊɴ ɹɪ̰ ɹè/ - Very worn out |
| သိပ်မောတယ် | ကကောင်းညောင်းရေ | ကောင်းညောင်းရေ | /ɡəɡáʊɴ ɲàʊɴ ɹè/ - Very tired |
| ပြီးလျှင် | ပြီးကေ၊ ပီးဂေ | ပီးဂေ | /pɹì ɡè/ - When finished |
| လိုသေးတယ် | လိုသိရေ | လိုသိရေမတာ | /lò θì ɹè/ - Still need |
| ထမင်းစားပြီလား | ထမင်းစားဗျာယ်လား | ထမင်းစားယာလား | /tʰəmɪ́ɴ sá bɹàɪ lá/ - Have you eaten? |
| ကျန်းမာပါရဲ့လား | မာဂတ်ယင့်လား | မာမာမနား | /mà ɡaʔ ɹɪ̰ɴ lá/ - Are you healthy? |
| မြန်မြန်လာ | အယင်လာလတ် | အယန်လာ | /əɹɪ̀ɴ là laʔ/ - Come quickly |
| ဘာဟင်းနဲ့ စားသလဲ | ဇာငါးနန့်စားလဲ | အစော်ဟန်းနန့်စားရောင် | /zà ŋá na̰ɴ sá lɛ́/ - What curry did you eat with? |
| အဲပေါ့ | အေမနားယေ | အေမတောင် | /ʔè mə nà ɹè/ - That's right (Expression) |
| စားကြစို့ | စားကြတ်မေ | စားပ | /sá tɕɛʔ mè/ - Let's eat |
| မှန်ပါတယ် | ဟုတ်ပါယင့်၊ ဟွာရာ | ဟုတ်ပါယန့် | /hoʊʔ pà ɹɪ̰ɴ/ - Correct |
| နင်တို့ | နင်ရို့ | နန်ရို့ | /nɪ̀ɴ ɹo̰/ - You all |