စစ်ရီး
စစ်ရီးအင်အား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]နိုင်ငံ့အင်အားကို စစ်ရီးအင်အားတောင့်တင်းခြင်း၊ အားပျော့ခြင်းနန့် တိုင်းတာရေ။ ကမ္ဘာ့နိုင်ငံရီးမာ ဩဇာလွှမ်းမိုးနိုင်ခြင်းစွာ စစ်ရီးအင်အားအပေါ် များစွာ မှီတည်နီရေ။ စစ်အင်အားစွာ ဩဇာလွှမ်းမိုး ခြင်းတွင် တိုက်ရိုက်ကေလည်းကောင်း၊ အရိပ်ချ၍ကေလည်းကောင်း အကျိုးပြုရေ။ နိုင်ငံ့ပါဝါကို အပြိန်းကြည့်အနိန်နန့် အမျိုးအစား (၄) မျိုး ခွဲနှိုင်ရေ။ • Superpower • Great Power • Middle-ranking Power • Small Power ဆိုပနာ နိုင်ငံ့ပါဝါကို အမျိုးအစား (၄) မျိုးခွဲရေ။
ဒေနီရာမာ နိုင်ငံတစ်ခုဧ့ စစ်ရီးအင်အားစွာ မိမိနိုင်ငံအတွင်းမာ ရာမက နယ်နိမိတ်မျဉ်းကိုပါ ကျော်လွန်၍ ဩဇာသက်ရောက်နှိုင်ရေ။ စစ်အီးကာလအတွင်းမာ စူပါ ပါဝါ နှစ်နိုင်ငံသာ ဟိခရေ။ အမေရိကန်ပြည်ထောင်စုနန့် ဆိုဗီယက်ပြည်ထောင်စု ရို့ ဖြစ်တေ။ စူပါ ပါဝါဖြစ်ခြင်းစွာ နျူကလီးယားပါဝါ ပိုင်ဆိုင်ခြင်းစွာ အနိုင် အယှုံးကို ဆုံးဖြတ်ပီးဖို့ ဝှက် ဖဲဖြစ်တေ။
စစ်ရီးအင်အားကို မောင်းနှင်ရေ ဖက်စွာတိ များစွာဟိရေ။ စစ်အင်အားကြီးမားခြင်းကို ဖြိုက်စီရေ အချက်တိမှာ - (က) စစ်သားအင်အားအရီအတွက် (သို့) လက်နက်ကိုင်အင်အားစု အရွယ်အစား (ခ) စစ်ရီးစွမ်းရည် (ဂ) လက်နက်အင်အား အရီအတွက် (ဃ) စစ်ရီးအသုံးစရိတ် (င) စစ်ရီးစွမ်းရည်မြင့်သင်တန်း (စစ်ရီးလိ့ကျင့်မှု) (စ) စစ်ရီးစိတ်ဓာတ်/ တိုက်ရည်ခိုက်ရည် မြင့်မာခြင်း (ဆ) ဖွဲ့စည်းပုံ (စစ်တပ်ဖွဲ့စည်းပုံ) ( ဇ) စစ်ရီးဂေါင်းဆောင်မှု စသည်အနိန်နန့် အချက်များစွာဟိရေ။
ဒေအချက်မှာ စစ်ရီးစွမ်းရည်ထက်မြက်ခြင်းစွာ အရီအတွက်တခုတည်းအနိန်နန့် မသက်ဆိုင်ချေ။ အကြောင်းမှာ အရီအတွက်ဟူစွာ လူသားတံတိုင်းကို အားပြုပနာ တည်ဆောက်ထားရေ ကာကွယ်ရီး မဟာဗျူဟာဖြစ်တေအတွက်ဖြစ်တေ။ ခေတ်သစ်တွင် စစ်သားအရီအတွက်ထက် စစ်သားတဦးချင်းစီဧ့ အရည်အခြင်းနန့် စစ်ရီးစွမ်းရည်ဟိန်းခြင်းရို့စွာ များစွာ အရေးပါ အရာရောက်ရေ။ စစ်သား တဦး စွာ ရန်သူအရီအတွက်ကို ဇာလောက်အထိ ချေမှုန်းနှိုင်ရေ ဆိုရေ မျဉ်းတံနန့် စစ်သားတဦးဧ့ စစ်ရီး စွမ်း ရည်ကို တိုင်းစွာလေ့ဟိရေ။ ရန်သူကို များများ ချေမှုန်းနိုင်လီလီ၊ စစ်ရီးစွမ်းရည်မြင့်လီလီဟု ယေဘု ယျသတ်မှတ်ရေ။ နိုင်ငံတစ်နိုင်ငံဧ့ စစ်ရီးအင်အား ရည်ချိန်ကို တိုင်းတာရာမာ အောက်ပါ ညွှန်းကိန်းတိနန့် တိုင်းတာရေ။ - စစ်သားအရီအတွက်၊ - စစ်သားရို့ဧ့ ကိုယ်ရီကိုယ်သွီး (သို့) စစ်ရီးစွမ်းရည် - လက်နက်အရီအတွက်နန့် လက်နက်ရို့ဧ့ အစွမ်း - စစ်ရီးအသုံးစရိတ် စသည်ရို့စွာ စစ်အင်အားကို ဖော်ပြရာ ညွှန်းကိန်းတိဖြစ်တေ။
စစ်သားအရီအတွက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စစ်အင်အားကြီးမားရန် စစ်သားအရီအတွက် များပြားခြင်းစွာ ညွှန်းကိန်းတစ်ခုဖြစ်တေ။ ကြည်း၊ ရီ၊ လီ တပ်ပေါင်းစုကြီး တစ်ခုလုံးဧ့ စစ်သားအရီအတွက်စွာ စစ်အင်အားကို ကိန်းဂဏန်းဖြင့် ပြဆိုရေ အချက် တစ်ခုဖြစ်နီရေ။ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနန့် ရုရှားနိုင်ငံရို့စွာ ကမ္ဘမာ စစ်သားအရီအတွက် အများဆုံးနိုင်ငံတိမာ ထိပ်ဆုံးက ပါဝင်နီရေ။
နိုင်ငံ စစ်သားအရီအတွက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တရုတ်နိုင်ငံဧ့ စစ်သားအရီအတွက် (၃) သန်း အပါးမှာ - (၂.၉ သန်း) အမေရိကန်နိုင်ငံဧ့ စစ်သားအရီအတွက် (၁) သန်း ခွဲ - (၁.၅၉ သန်း) ရုရှားနိုင်ငံဧ့ စစ်သားအရီအတွက် (၁) သန်းကျော် - (၁.၂ သန်း)
စစ်သားအရီအတွက်စွာ တပ်မတော်တစ်ခုအတွက် အပေါင်းလက္ခဏာဆောင်ရေ အချက်တစ်ခုဖြစ်ကေလည်း အရီအတွက်တိတိုင်း စစ်ပွဲတိဧ့ အောင်ပွဲကို ရဟိစီရေဆိုပနာ တရားသီမှတ်ဖို့ မသင့်ချေ။ အကြောင်းမှာ သမိုင်းအဖြစ်အပျက်တိမာ မှတ်တမ်းမှတ်ရာတိက ပြသထားရေ သာဓကတိ ဟိနီခြင်း ကြောင့်လည်းဖြစ်တေ။ အလက်ဇန်းဒါးသက်ဂရိတ်ဧ့ စစ်တပ်တွင် တပ်သားပေါင်း ၃ သောင်းခွဲသာ ဟိရေ။ ယင့်လောက်ရာရှိစွာ တပ်သား တိနန့် အရှိအလယ်ပိုင်းတစ်ခွင်က အိန္ဒိယရှိ အိန္ဒုမြစ်ဝှမ်းလွင်ပြင်အထိ ဖြန့်ကျက်စိုးမိုးနိုင်ခရေ။ ထိုဒေသ တွင်းဟိ တပ်အင်အားများစွာဟိရေ စစ်တပ်တိကို ဖိန့်ဖိန့်တုန်အောင် အထိ စွမ်းနိုင်ခရေ။ ဒေသာဓကကို ကြည့်ခြင်းအနိန်နန့် စစ်သားအရီအတွက်စွာ စစ်အင်အားတောင့်တင်းစီခြင်းဧ့ အဂယင့်အကြောင်းအရင်း မှန်ဖြစ်တေဟူရေ အယူအဆကို ကိုင်လှုပ်နိုင်ခရေ။ ထိုအတူပင် ၁၉၆၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိဖြစ်ပွားသော ဗီယက်နမ်စစ်ပွဲမာ အမေရိကန်ရို့စွာ ဗီယက်နမ် ရို့ကို စစ်ရီးအရ ရှုံးနိမ့်ခရရေ။ ဗီယက်နမ်မာ အမေရိကန်ကို ခုခံရေ စစ်သားအရီအတွက်စွာ အမေရိကန်တပ်နန့် ယှဉ်ကေ ကကောင်းနည်းပါးစွာကို တွိ့ရရေ။
လက်နက်အရီအတွက် နန့် အဖျက်စွမ်းအား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]လက်နက်အရီအတွက်စွာလေ့ အရေးကြီးဧ့။ ယင့်ထက် ထိုလက်နက်တိဧ့ ဖျက်ဆီးနိုင်မှု စွမ်းအားစွာ ပိုပြီးကေပင် အရေးကြီးဧ့။ ယင်းချင့်အပြင် စစ်ရီးစွမ်းရည်တွင် စစ်သား အရီအတွက်စွာလေ့ အရေးကြီးပြီးကေ၊ အဖျက် လက်နက် အမြောက်အမြားပိုင်ဆိုင်မှုစွာလေ့ အရေးကြီးလီရေ။ စစ်သားတိဧ့ တိုက်ရည်ခိုက်ရည်(တိုက်စွမ်းရည်)ရှိမှု ၊ စစ်နည်းဗျူစွာကျွမ်းကျင်မှုနန့် လက်နက်တိကို တတ်ကျွမ်းစွာ ကိုင်တွယ်အသုံးချတတ်မှုကိုလည်း အရေးကြီးရေ။ ယင်းချင့်အပြင် ၎င်းစစ်သားတိ အသုံးပြုရရေ လက်နက်နန့် ခဲယမ်းတိဧ့ အဖျက်စွမ်းအား ဟိန်းမှုစွာ စစ်ပွဲတစ်ခုဧ့ အနိုင်/ အယှုံးကို များစွာအဆုံးအဖြတ်ပီးနှိုင်လိမ့်မေ။ စစ်ရီးအင်အား တောင့်တင်းမှုစွာ စစ်သားတော်တိအပေါ်တွင်သာ မူမတည်ချေ၊ ယင်းအတူ လက်နက်တခုတည်းဧ့ အပေါ် ၌လည်း အားလုံး တည်မှီမနေချေ။ ယင်းအတွက်နန့် ၎င်းအကြောင်းအချက်တိ အားနုန်းမှာ စစ်ရီး (သို့) စစ်ရီးအင်အားအတွက် အရေးကြီးသော အကြောင်းတရားတိ ဖြစ်တေ။
စစ်လက်နက်တိအား သမာရိုးကျ လက်နက်တိနန့် ခေတ်မီလက်နက်တိဆိုပနာ အပြိန်းကြည့် နှစ်မျိုးခွဲခြားနှိုင်ရေ။ သမာရိုးကျ စစ်လက်နက်ဝန်တိတွင် သေနတ်၊ တင့်ကား၊ စစ်လီယာဉ်နန့် ဖျက်သင်္ဘောရို့ ပါဝင်ရေ။ သမာရိုးကျစစ်လက်နက်တိကို မဟာဗျူစွာကျကျပြုပျင်၍ နည်းပညာတိနန့် ပေါင်းစပ်လိုက်ရေအခါ ခေတ်မီ အဖျက်စွမ်းအားပြင်းသော လက်နက်တိဖြစ်လာလီသည်။ နျူကလီးယားလက်နက်စွာ ခေတ်သစ် ဖျက်အားပြင်း လက်နက်အမျိုးအစားဖြစ်တေ။ သမာရိုးကျလက်နက်တိကို မဟာဗျူဟာမြောက် ပြောင်းလဲပနာ အသုံးပြုကေ စစ်ပွဲ၍ ရလဒ်ကို ပြောင်းစီရေ။ အာဖဂန်နစ္စတန် ပြောက်ကျားများများကို အမေရိကန်က လက်နက်အင်အားထောက်ပံ့ပီးပြီးကေ ဆိုဗီယက်ဧ့ လေ တပ်ကို ချေမှုန်းနိုင်ခြင်းစွာ ကောင်းဘီယက် သာဓကဖြစ်တေ။ ဆိုဗီယက်ရို့ဧ့ ယူဆချက်ဖြစ်ရေ စစ်ပွဲ အနိုင် အယှုံးစွာ လက်နက်အရီအတွက် အပေါ် များစွာ မှီခိုနိန်ရေ ဆိုရေ အချက်ကို ကကောင်း ထောက်ပြသော ဥပိုင်ဖြစ်ခရေ။
နျူကလီးယားလက်နက်ဧ့ အရေးပါမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ခေတ်သစ်ကမ္ဘာတွင် နျူကလီးယားလက်နက်တိကို မဟာဗျူစွာကျကျ စနစ်တကျ အသုံးပြုလာကတ်တေ။ စစ် ရီးအင်အားတောင့်တင်းခြင်းစွာပင် နျူကလီးယားလက်နက်တိအပေါ် မှီခိုနေလီရေ။ နျူကလီးယား လက်နက် အမြောက်အမြား ပိုင်ဆိုင်ကေ စစ်အင်အားတောင့်တင်းရေ။ နျူလက်နက်တိ မဟိကေ စစ်အင်အား မဟိဆိုပနာပင် သတ်မှတ်လာကတ်ရေ အနိန်အထားအထိပင်ဖြစ်လာခရေ။ - နျူကလီးယား ထိပ်ဖူး - နျူကလီးယား လောင်ချာ - နျူကလီးယားဧ့ ပေါက်ကွဲအား (ပြင်းအား) အစဟိသည်ရို့စွာ နျူကလီးယားလက်နက်အင်အားဧ့ ပါဝါညွှန်းကိန်းတိဖြစ်တေ။ - ဒုံးခွင်းဒုံးစနစ်တိ - လီဆာ ဒုံးတိ အထိ တီထွင်ဖန်တီးလာနှိုင်ရေကို တွိ့ရရေ။
နိုင်ငံတိုင်းလက်နက်ကိုင် ပဋိပက္ခမားတွင် ဖျက်အားပြင်းလက်နက်တိ အသုံးပြုလာကတ်တေ။ အထူးအနိန်နန့် WMD (weapon of mass destruction) ဟုခေါ်ရေ လဘောမြောက်အမြားသီကြီစီရေဖျက်အားပြင်း လက်နက်တိစွာ ပေါ်ထွက်လှာကတ်ရေ။ (၁) နျူကလီးယား လက်နက် (၂) ဓာတုလက်နက် (၃) ဇီဝ လက်နက်တိစွာ ခေတ်သစ် WMD တိဖြစ်တေ။
စစ်ရီးအသုံးစရိတ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စစ်တပ်အင်အားကြီးမားစီရေေးအတွက် ငွီကြေးစွာ အဓိကအရီးအကြီးဆုံးဖြစ်တေ။ ဖေ့သာမဟိကေ ဇာလေ့ တည်ဆောက်၍ မရချေ။ စီးပွားရီးအင်အားတောင့်တင်းရေနိုင်ငံများမာ စစ်ရီးအင်အားကိုဖြည့်တင်းရန် လုံ လောက်သော အရင်းအမြစ်တိ ရဟိတတ်ရေ။ စီးပွားရီးအင်အားကြီးမားခြင်းစွာ စစ်ရီးအင်အားကြီးရန် အထောက်အပံ့ပီးရေ။ ယင်းအတွက်နန့်နိုင်ငံတိစွာ မိမိရို့နိုင်ငံအင်အားတောင့်တင်းစီရန် နိုင်ငံဧ့ ဥစ္စာဓန တောင့်တင်းအောင် ကြိုးစားကတ်ရေ။ နိုင်ငံချမ်းရာကေ ကာကွယ်ရီးနန့် လုံခြုံရီးအတွက် စစ်ဘက်မာ အခိုင်အမာတည်ဆောက်နှိုင်ရေ။
ကမ္ဘာ့နိုင်ငံတိတွင် နိုင်ငံကြီးတိစွာ စစ်အင်အားတောင့်တင်းစီရန် စစ်ရီးအသုံးစရိတ်ကို များစွာ အသုံးပြု တတ်ရေ။ နိုင်ငံဧ့ နယ်နိမိတ်ကြီးကေလေ့ မိမိနိုင်ငံဧ့ နယ်နိမိတ်လုံခြုံရီး၊ ကာကွယ်ရီးအတွက် စစ်အင် အားကို များစွာ ထားရှိရရေ။ ရုရှားနန့် တရုတ်နိုင်ငံရို့စွာ ကြီးမားကျေပြန့်ရေ နယ်နိမိတ်မျဉ်းတိကို ပိုင် ဆိုင်ထားခြင်းကြောင့် ထိုနယ်နိမိတ်တိကို ထိပါး ကျူးကျော်မှု မခံရစီရန် စစ်တပ်အင်အားကို တိုးမြှင့်ထားရ ရေ။ နိုင်ငံဧ့ နယ်နိမိတ်စွာ ရုရှားနန့် တရုတ်ရို့လောက် မကြီးမားရေ နိုင်ငံတိတွင်လည်း စစ်အင်အားကို ကြီးမားစွာတည်ဆောက်ထားရေနိုင်ငံတိဟိပါယင့်။ ဥပိုင် မြောက်ကိုရီးယားနန့် ကျူးဘားယင်းပိုင်ယှောင် နိုင်ငံတိ ဖြစ်တေ။ ပြည်ပ အန ္တရာယ်ကို မျောက်ခြောက်ခြောက်ခံရရန် ပိုင်အလာများရေ နိုင်ငံတိစွာလည်း စစ်အင်အား ကို တိုးမြှင့်တည်ဆောက်ထားတတ်ကတ်ရေ။ မြောက်ကိုရီးယားစွာ ကွန်မြူနစ်ဝါဒလက်သီးဆုပ်ကို ဖြည့်ရန် တင်းခံနီရေကြောင့်လေးကောင်း၊ နိုင်ငံရပ်တည်ရီးအတွက် စစ်ဘက်အင်အားကို တောင့်တင်းစေမှရာ ရပ်တည်နှိုင်ဖို့ဟု ယူဆထားရေ စစ်ဘက်ဂေါင်းဆောင်တိ ဖြစ်နီခြင်းကြောင့်ကေလည်းကောင်း ဖြစ်တန် ရာအခြီအနီတိ များစွာဟိရေ။
စစ်ရီးအသုံးစရိတ်ရေ - စစ်ဘက်တည်ဆောက်ရီး၊ - စစ်ရီးအင်အားတိုးချဲ့ခြင်း၊ - စစ်သားရို့ ရပ်တည်နိုင်ရီး နန့် - စစ်အင်အားကြီးမားဖွံ့ဖြိုးရန် စရေ လုပ်ငန်းရို့အတွက် အသုံးပြုရရေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးကေ ကိုလိုနီနိုင်ငံတိ လွတ်လပ်ရီးရလာရေ။ ထပ်မံပနာ နိုင်ငံသစ်တိ ပေါ်ထွက်လှာရေ။ နိုင်ငံတစ်ခုတွင် စစ်တပ်တစ်ခု သျှေဆုံး ရှိရရေ။ ယင်းအတွက်နန့် တပ်မတော်တခုကို တည်ဆောက်ရရေ။ တပ်မတော်တည်ဆောက်ရန် စစ်ရီးအသုံးစရိတ်ကို နိုင်ငံတော်က တပ်မတော်သို့ ပေး ရရေ။ ယပိုင်မှ စပြီးကေ စစ်ရီးအသုံးစရိတ်ရေ နိုင်ငံတော်အတွက် အမြဲတမ်းဟိနီရရေ မဟိမဖြစ် အသုံးစရိတ် ဖြစ်တေ။ တပ်မတော်အတွက် လက်နက်တိကို ထုတ်လုပ်ရရေ။ လက်နက်တိကို ဝယ်ယူရရေ။ စစ်ဘက်ယန္တရား တိကို ဝယ်ယူရရေ။ ထုတ်လုပ်ရရေ။ နိစိုင် တပ်ရင်း၊ တပ်မတိအတွက် အသုံးစရိတ်ဟိရေ။ စားစရိတ်၊ လားလာသယ်ယူရီးစရိတ်၊ လိ့ကျင့်ရီးစရိတ် အစဟိတွက်နန့် သုံးရရေ။ စစ်အင်အားတိုးချဲ့ခြင်းတွင် -
(က) စစ်သားအရီအတွက် တိုးမြှင့်ခြင်း (ခ) လက်နက်အရီအတွက် တိုးမြှင့်ခြင်း နန့် ခေတ်မီလက်နက်တိ တပ်ဆင်ခြင်း (ဂ) စစ်သားတိ စစ်ရီးလိ့ကျင့်မှု (ဃ) ခဲယမ်းမီးကျောက်နန့် လက်နက်တိ ဒရပြတ် တိုးတက်နိန်စီရန် သုတေသနပြု၊ တီထွင် ဖန်တီးရီး လုပ်ငန်းတိ (င) စစ်ရီး ပညာတော်သင်တိ စီလွှတ်ခြင်း (စ) ထောက်လှမ်းရီး နည်းပညာတိနန့် ဖြိုက်စိုင်တိ တည်ဆောက်ခြင်း စရေ ရို့ ပါဝင်ရေ။
၂၀၁၂ ခုနှစ်မာ အမေရိကန်နန့် တရုတ်ရို့ဧ့ စစ်ရီးအသုံးစာရိတ်တိကို နှိုင်းနိူင်းကြည့်နှိုင်ရေ။ အမေရိကန်ပြည်ထောင်စု ၆၈၉ ဘီလီယံ (အမေရိကန်ဒေါ်လာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၁၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ) စစ်ရီးကာလ မတိုင်မှီနန့် စစ်အီးကာလ အပြီး နိုင်ငံတိဧ့ စစ်ရီးအသုံးစရိတ်တိကို နှိုင်းနိူင်းလိလာကြည့် ကေ စစ်အီးကာလအတွင်းမာ စစ်ရီးအသုံးစရိတ်တိစွာ အဟိန်းဆုံးဖြစ်နီစွာကို တွိ့ရရေ။
စစ်ရီးစွမ်းရည်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စစ်ရီးစွမ်းရည်ကို ဟိန်းစီရေ ကိန်းရှင်တိဟိပါယင့်။ - Training စစ်မှုပညာရီး/ စစ်ရီးသင်တန်း - Moral of Army တပ်တော်တဖွဲ့လုံးဧ့ နှလုံးရည် - Leadership စစ်ဘက်ဂေါင်းဆောင်မှု အရည်အသွီး အစဟိသည်ရို့ ဖြစ်တေ။ စနစ်တကျစစ်ရီးလိ့ကျင့်မှုတိဖြင့် လိ့ကျင့်သင်တန်းပီးထားရေ စစ်သားတဦးစွာ လိ့ကျင့်မှု မဟိရေ ရန်သူ့စစ်သား အမြောက်အမြားကို ချေမှုန်းနိုင်စွမ်းဟိရေ။ စစ်ရီးစွမ်းရည်ပြည့် စစ်သားတဦးကို ခေတ်မီလက်နက်တိ တပ်ဆင်ပီးလိုက်ပါက ပိုပြီးကေပင် တိုက်ရည်ခိုက်ရည် ဟိန်းလာမည်ဖြစ်တေ။ ဒုတိယကမ္ဘာစစ်တွင် စစ်ရီးစွမ်းရည်မြှင့် ဗြိတိသျှစစ်သား သုံးသောင်း ခြောက်ထောင်စွာ လိ့ကျင့်ရည် မပြည့်ဝရေ အီတလီစစ်သား နှစ်သိန်းခွဲကို ချေမှုန်းပစ်ခီနိုင်ခရေ။ ဒေအချက်စွာပင် လိ့ကျင့်မှု စွမ်း ရည် အကွာအဟကို နှိုင်းနိူင်းသုံးသပ်နှိုင်ရေ။ မျိုးချစ်စိတ်ဓာတ်ဟု ခေါ်ရဖို့ စစ်ရီးစိတ်ဓာတ် (သို့) နှလုံးရည်စွာ တပ်မတော်တစ်ခုအတွက် အရီးအကြီး ဆုံးဖြစ်တေဟု ပင် ဆိုနှိုင်ရေ။ ဗီယက်နမ်စစ်ပွဲတွင် ဗီယက်နမ်ရို့စွာ အမေရိကန်နန့် ပြင်သစ်တပ်တိအား မျိုးချစ်စိတ်ဓာတ်ဖြင့် အောင်နိုင်လားရေဟုပင် ဆိုနှိုင်ရေ။
စစ်ဘက်ဂေါင်းဆောင်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရှေ့တန်းတွင်လေးကောင်း၊ နောက်တန်းတွင်လေးကောင်း စစ်ဘက်ဆိုင်ရာဂေါင်းဆောင်မှု အရည်အသွီး စွာ အရေးကြီးရေ။ ဂေါင်းဆောင်ညံ့ကေ တပ်ညံ့ရေ။ ဂေါင်းဆောင်တော်ကေ ထူးချွန်ကေ တိုက်ပွဲ တစ်ရာ၊ အောင်ပွဲတစ်ရာ ဆင်နှိုင်ရေ။ အများအားဖြင့်က အတွိအကြုံနန့် လိ့လာသင်ယူမှု၊ ခံယူချက် သဘောထားရို့စွာ စစ်ရီးဂေါင်းဆောင်ကောင်းဖြစ်ရန် ပံ့ပိုးပေးရေ အဓိကအကြောင်းအချက်တိဖြစ် ရေ။ စစ်ရီးဂေါင်းဆောင်စွာ - အမိန့်ပီးမှု တိကျပြတ်သားရရေ၊ တပ်ကို လိုရေပိုင် စနစ်တကျ ထိန်းချုပ်ကွပ်ကဲနိုင်ရရေ၊ ဆက်သွယ်ရီးနန့်ထောက်လှမ်းရီး၌ နီစပ်သေချာရရေ။ စစ်ရီးအတွိအကြုံနန့် အကင်းပါးမှုရှိရရေ။ စစ်ရီးဂေါင်းဆောင်တိစွာ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြင်းပြသူဖြစ်ရဖို့။ အထူးအနိန်နန့် စိတ်ဓာတ်နန့် အသိဉာဏ်ပေါင်းစပ်ထားပြီးပနာ စစ်သားတိကို စည်းရုံးနိုင်စွမ်းရည်ဟိန်းကေ ဂေါင်းဆောင်ကောင်းဟု ခေါ်နှိုင်ရေ။ [၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ Military Aspect of International Relation/ University of Mandalay/ Department of International Relation