Jump to content

စန္ဒနပူဇနက

ဝီကီးပီးဒီးယား က

အသျှင်စန္ဒနပူဇနကထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းတစ်ပါး ဖြစ်ရေ။[]

အတ္တဒဿီမြတ်စွာဖရားလက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အတ္တဒဿီမြတ်စွာဖရား လက်ထက်တော်အခါက ဖြစ်ဧ့။ ယင့်ချိန်တွင် အသျှင်စန္ဒနပူဇနကထေရ် ရေ စန္ဒဘာဂါမြစ်ကမ်းနားတွင် နီထိုင်ရေကိန္နရာ ဖြစ်နိန်ဧ့။ တနိန့်ရေအခါ ထိုကိန္နရာရေ မြတ်စွာဖရားအား ဖူးမြင်ရဧ့။ ယပြီးနောက် မြတ်စွာဖရားအား စန္ဒကူးနန့် လှူဒါန်းပူဇော်ခဧ့။[]

ယင်းပိုင် ဒေဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်တွင် မြတ်စွာဖရားအား ပန်းလှူခရေအချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခရပေ။ ဒေဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်လေးရာထက်တွင် “ရောဟဏီ” နာမည်နန့် စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဧ့။[]

ဂေါတမမြတ်စွာဖရားထက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဖရားဧ့ သာသနာတော်တွင် အသျှင်စန္ဒနပူဇနကထေရ် အဖြစ်နန့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူဧ့။[]

  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ စန္ဒနပူဇနကတ္ထေရအပဒါန်.