စန္ဒဝိဇယရာဇာ
| စန္ဒဝိဇယရာဇာ | |
| မွီးသက္ကရာဇ် | |
| နာမည်ရင်း | ဒုံးညို |
| မိဖုရား | ရွှေဂူ |
| နာမည်ကွဲ | တန္ဒဗိုလ်မင်း/ဝိဇယရာဇာ |
| ရခိုင်သက္ကရာဇ် နန်းတက် | 1072 |
| ရခိုင်သက္ကရာဇ် နန်းကျ | 1093 |
| ခရစ်နှစ် နန်းတက် | 1710 |
| ခရစ်နှစ် နန်းကျ | 1731 |
| အိမ်နိမ့် | 45 |
| နန်းစံ | 21 |
| အသက် | 66 |
| ဖခမည်းတော်၊မယ်တော် | ဥဂ္ဂါဗလမင်း |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| ဆက်ခံခရေဘုရင် | သူရိယရာဇာ |
| ဆက်ခံရဖို့ဘုရင် | မဒရာဇ်ရာဇာ |
| မင်းဆက် | တတိယမြောက်ဦးမင်းဆက် |
စန္ဒဝိဇယရာဇာ (ရခိုင်သက္ကရာဇ် ၁၀၇၂-၁၀၉၃)(ခရစ်နှစ် ၁၇၁၀-၁၇၃၁)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။
ခြိတ်ချောင်းတွင် တောင်ဖက်စား ရဲဘော်သီဟလုပ်ကြံ၍ နတ်ရွာစံခရေ ဥဂ္ဂါဗလမင်း၏သားတော် ဒုံးညိုရေ တန္တဗိုလ်အမည်ဖြင့် စန္ဒသူရိယမင်းကို တိုက်ခိုက်ပြီး၊ သက္ကရာဇ် ၁၀၇၂ ခုနှစ်တွင် နန်းတက်ခရေ။ စန္ဒဝိဇယရာဇာအမည်ကို ခံယူလီရေ။ တိုင်းပြည်တွင် (၂၂)နှစ်တိုင်တိုင် ထကြွပုန်ကန်မှုတိဖြစ်နီလို့ တိုင်းပြည်ငြိမ်သက်မှုမဟိဘဲ၊ ပြည်သူပြည်သား ရို့မှာ ထိုဗြီးဒေဗြီး ဖြစ်နီခရရေ။
အမျိုး၊ ဇာတိ၊ ဘာသာရောယှက်နီခစွာကို မိန်းမြန်းစိစစ်ပြီး သင့်ရာသင့်ရာ၊ ဇာတိ၊ ဘာသာ၊ အမျိုးအနွယ်အလိုက် ရွီးထုတ်ပြီး မြို့ရွာတည်ထောင်ပီးရေ။ ဒေမင်းလက်ထက် တည်ထောင်ပီးခရေ ထောင်တိ မှာ (၁) ဒက်ဆွဲထောင်
(၂) တောင်ဝါထောင်
(၃) ပန်းသရိထောင်
(၄) သခင်ဖြူထောင်
(၅) ပုလဲဖြူထောင်
(၆) အောင်ကျော်ဖြူထောင်
(၇) တွန်တိုင်ထောင်
(၈) ပိရွတ်ထောင်
(၉) ပြာသားထောင်
(၁၀) မရမာထောင်
(၁၁) မည်းကျိထောင်
(၁၂)လောင်းကတက်ထောင်
(၁၃) မြို့သစ်ထောင်
(၁၄) သက်ဘက်ထောင်
(၁၅) ကန်းဆိပ်ထောင်
(၁၆) မာန်ထောင်
(၁၇)ပန်းစီရိထောင်ရို့ဖြစ်ကတ်တေ။
အမတ်ကြီး ဇေယျသူရိကျော်ထင် တည်ခရေထောင်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ](၁) သက်ပြည်ထောင်
(၂) ကောက်ကတန်းထောင်
(၃) လေးမြို့သားထောင်
(၄) ဥယျာဉ်သာထောင်ရို့ ဖြစ်ကတ်တေ။
စန္ဒဝိဇယရာဇာမင်းရေ သိမ်ပေါင်း သျှစ်ရာ၊ ကျောင်းပေါင်း သျှစ်ရာ၊ ကန်းပေါင်း သျှစ်ရာလှူဒါန်းခရေ။ ရွှေနန်းသခင် စန္ဒဝိဇယရာဇာဟု စာတမ်းထိုးထားရေ ငွီဒင်္ဂါးတိ ထုတ်ဝီခရေ။ နန်းစံ(၂၁)နှစ်၊ သက္ကရာဇ် ၁၀၉၃ တွင် နတ်ရွာစံလီရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-26)