Jump to content

စန္ဒဝိမလဓမ္မရာဇာ

ဝီကီးပီးဒီးယား က
စန္ဒဝိမလဓမ္မရာဇာ
မွီးသက္ကရာဇ်
နာမည်ရင်း ကျော်သိင်္ဂ
မိဖုရား ဖွားစော
နာမည်ကွဲ စန္ဒဝိမလရာဇာ/ကျော်သိင်္ဂီ
ရခိုင်သက္ကရာဇ် နန်းတက် 1062
ရခိုင်သက္ကရာဇ် နန်းကျ 1068
ခရစ်နှစ် နန်းတက် 1700
ခရစ်နှစ် နန်းကျ 1706
အိမ်နိမ့် 20
နန်းစံ 6
အသက် 26
ဖခမည်းတော်၊မယ်တော် နရာဓိပတိမင်း
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ဆက်ခံခရေဘုရင် နရာဓိပတိမင်း
ဆက်ခံရဖို့ဘုရင် သူရိယရာဇာ
မင်းဆက် တတိယမြောက်ဦးမင်းဆက်

စန္ဒဝိမလဓမ္မရာဇာ (ရခိုင်သက္ကရာဇ် ၁၀၆၂-၁၀၆၈)(ခရစ်နှစ် ၁၇၀ဝ-၁၇၀၆)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။

နရာဓိပတိမင်း လွန်လီကေ သားတော်ကျော်သိင်္ဂကို စန္ဒဝိမလ ဓမ္မရာဇာအမည်ဖြင့် သက္ကရာဇ် ၁၀၆၂ ခုတွင် နန်းတင်ကတ်ရေ။ သူပုန်တိရန်ကြောင့် နန်းမှဆင်းဗြီးပနာ ပုန်းလျှိုးနီခရရေ။ အမတ်ပညာဟိတိ အကြံပီးချက်အရ ဒုံးညိုကို တန္တဗိုလ်မင်းဟု အမည်ပီးပြီး သူပုန်တိကို နှိမ်နင်းရန် တာဝန်ပီးအပ်လီရေ။ တန္တဗိုလ်လည်း သူပုန်ရို့ကို နှိမ်နင်းရာ အောင်မြင်ရေအတွက် သင်းမကျေးရွာကို အပိုင်စားပီးလီရေ။ သျှင်ဘုရင်မှာ တန္တဗိုလ်၏ဩဇာကို နာခံရရေ အခြေနီအထိ ရောက်ဟိခရေ။ ယင်းကြောင့် နန္ဒဗလစစ်သူကြီးရေ တန္တဗိုလ် ထီးနန်းကို လုမည်ကို စိုးရိမ်လီရေ။

ယင်းချင့်ကြောင့် တန္တဗိုလ်မင်းနန့်အတူနီရေ စန္ဒဝိမလဓမ္မရာဇာမင်းကို ခိုးယူ၍ တောတန်းကျွန်းတွင် ထားလီရေ။ တန္တဗိုလ်ရေ နန္ဒဗလအား တိုက်ခိုက်ရာ နန္ဒဗလ စစ်မနိုင်၍ မင်းနန့်အတူ အနောက်ဘင်္ဂလားသို့ ဗြီးရလီရေ။ စန္ဒဝိမလရာဇာမင်းရေ နန်းစံ(၆)နှစ်၊ သက္ကရာဇ် ၁၀၆၈ တွင် ဘင်္ဂလားနယ်၌ နတ်ရွာစံခရေ။[]

  1. ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-24)