Jump to content

စန္ဒသဒိဿရာဇာ

ဝီကီးပီးဒီးယား က
စန္ဒသဒိဿရာဇာ
မွီးသက္ကရာဇ်
နာမည်ရင်း အောင်ဇုံ
မိဖုရား စိန်ခိုင်
နာမည်ကွဲ ဗိုလ်မင်းအောင်စုံ
ရခိုင်သက္ကရာဇ် နန်းတက် 1139
ရခိုင်သက္ကရာဇ် နန်းကျ 1144
ခရစ်နှစ် နန်းတက် 1777
ခရစ်နှစ် နန်းကျ 1782
အိမ်နိမ့် 50
နန်းစံ 5
အသက် 55
ဖခမည်းတော်၊မယ်တော်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ဆက်ခံခရေဘုရင် စန္ဒဝိမလရာဇာ
ဆက်ခံရဖို့ဘုရင် ဒဝါးပြန်စီး
မင်းဆက် တတိယမြောက်ဦးမင်းဆက်

စန္ဒသဒိဿရာဇာ/ဓမ္မရာဇ်ရာဇာ (ရခိုင်သက္ကရာဇ် ၁၁၃၉-၁၁၄၄)(ခရစ်နှစ် ၁၇၇၇-၁၇၈၂)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။

ဗိုလ်မင်းအောင်စုံရေ သက္ကရာဇ် ၁၁၃၉ ခုနှစ်တွင် ထီးနန်းကို သိမ်းပိုက်ပြီး စန္ဒသဒိဿရာဇာအမည်ဖြင့် နန်းတက်လီ ရေ။ ရခိုင်တစ်ပြည်လုံး၌ ဆူပူသောင်းကျန်းမှုတိ ပေါ်ပေါက်လျက်ဟိရေ။ စန္ဒသဒိဿရာဇာမင်းရေ မာန်အောင်ကျွန်း ဆယ်ရွာသူကြီး အောင်ကျော်ဇံနန့် ပူးပေါင်း၍ သူပုန်တိကို နှိမ်နင်းအောင်မြင်ခရေ၊ အောင်ကျော်ဇံကို လက်ဝဲမြန်ရာထူး ပီးရေ။ လက်ဝဲမြန် သတိုးအောင်ဟုလည်း ခေါ်ရေ။ သောင်းကျန်းမှုတိကို နှိမ်နင်းအောင်မြင်ပြီး တရားဓမ္မနန့် ပြည့်စုံရေ မင်း ဖြစ်တေဆိုစွာကို ပြည်သူတိ သိစီလို၍ ဓမ္မရာဇ်ရာဇာဟူရေ အမည်သစ်ကို ခံယူကာ ဘိသိက်ခံလီရေ။

ဤမင်းရေ ၁၁၃၉ခုနှစ်တွင် တစ်ကြိမ်၊ ရွှေနန်းသခင် စန္ဒ သဒိဿရာဇာဟု စာတမ်းထိုးထားရေ ငွီဒင်္ဂါးနန့် ၁၁၄၀ ပြည့်နှစ်တစ်ကြိမ် ရွှေပြည်သခင် ဓမ္မရာဇ်ရာဇာဟု စာတမ်းထိုးထားရေ ငွီဒင်္ဂါးတိကို ထုတ်ဝီခရေ။ ဤမင်းရေ နန်းစံ(၅)နှစ် သက္ကရာဇ် (၁၁၄၄) ခုနှစ်တွင် နတ်ရွာစံရေ။[]

  1. ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-28)