Jump to content

စန္ဒသူရိယဓမ္မရာဇာ

ဝီကီးပီးဒီးယား က
စန္ဒသူရိယဓမ္မရာဇာ
မွီးသက္ကရာဇ်
နာမည်ရင်း သတိုးအောင်
မိဖုရား သုဘာရ
နာမည်ကွဲ သတိုးအောင်(၁)/သူရိယဓမ္မရာဇာ/စန္ဒသူရိယရာဇာ
ရခိုင်သက္ကရာဇ် နန်းတက် 1056
ရခိုင်သက္ကရာဇ် နန်းကျ 1058
ခရစ်နှစ် နန်းတက် 1694
ခရစ်နှစ် နန်းကျ 1696
အိမ်နိမ့် 22
နန်းစံ 2
အသက် 24
ဖခမည်းတော်၊မယ်တော်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ဆက်ခံခရေဘုရင် မဏိသုဓမ္မရာဇာ
ဆက်ခံရဖို့ဘုရင် ငတုံးနော်ရထာ
မင်းဆက် တတိယမြောက်ဦးမင်းဆက်

စန္ဒသူရိယဓမ္မရာဇာ (ရခိုင်သက္ကရာဇ် ၁၀၅၆-၁၀၅၈)(ခရစ်နှစ် ၁၆၉၄-၁၆၉၆)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။

မဏိသုဓမ္မမင်းကို နန်းချပြီးရေအခါ ကိုယ်ရံတော်တိရေ ၎င်း၏ညီတော်ကို စန္ဒသူရိယ ဓမ္မရာဇာအမည်ဖြင့် နန်းတင်ကတ်တေ။ ဤမင်းကို မနှစ်သက်ရေ မှူးမတ်တိက နန်းစံ(၂)နှစ် သက္ကရာဇ် (၁၀၅၈)တွင် နန်းချ၍ ဝရဓမ္မရာဇာကို နန်းတင်ကတ်ပြန်ရေ။ သုံးလအကြာ ဝရဓမ္မရာဇာကို နန်းချပနာ စန္ဒသူရိယဓမ္မရာဇာကို နန်းတင်ကတ်တေ။

တိုင်းပြည်တွင် ညီညွတ်မှုမဟိဘဲ အကွဲကွဲအပြားပြား ဖြစ်နီရေအတွက် သျှင်ဘုရင်၏ အာဏာစက်လည်း စူးရှမှုမဟိပါ။ မင်း၏ကိုယ်ရံတော်ရို့ ခြူခြာသတ်နီလို့ ပြည်သူပြည်သားတိ ဆင်းရဲခြင်းကို ခံကတ်ရရေ။ စန္ဒသူရိယဓမ္မရာဇာမင်းရေ နန်းစံ(၂)နှစ် သက္ကရာဇ်(၁၀၅၈) တွင် ကိုယ်ရံကြီးလုပ်ကြံ၍ နတ်ရွာစံခရရေ။[]

  1. ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-23)