Jump to content

စလင်္ဂသူ

ဝီကီးပီးဒီးယား က
စလင်္ဂသူ
မွီးသက္ကရာဇ်
နာမည်ရင်း သိင်္ဂသူ
မိဖုရား စောမိစော
နာမည်ကွဲ စလင်္ကာသူ/ဆက်တောဒေါသျှာ/စလင်္ဂသူ/သိင်္ဂသူ (သက်ကောက်ဂေါလသျှာ)/သိကွန်ဒါသျှာ
ရခိုင်သက္ကရာဇ် နန်းတက် 855
ရခိုင်သက္ကရာဇ် နန်းကျ 862
ခရစ်နှစ် နန်းတက် 1493
ခရစ်နှစ် နန်းကျ 1500
အိမ်နိမ့် 40
နန်းစံ 7
အသက် 47
ဖခမည်းတော်၊မယ်တော်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ဆက်ခံခရေဘုရင် မင်းရန်အောင်
ဆက်ခံရဖို့ဘုရင် မင်းရာဇာ
မင်းဆက် ပထမမြောက်ဦးမင်းဆက်

စလင်္ဂသူ/သိင်္ဂသူ (သက်ကောက်ဂေါလသျှာ) (ရခိုင်သက္ကရာဇ် ၈၅၆-၈၆၃) (ခရစ်နှစ် ၁၄၉၄-၁၅၀၁)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။

စလင်္ဂသူရေ မင်းရန်အောင်ကို ပုန်စား၍ သက္ကရာဇ် ၈၅၆ ခုတွင် ထီးနန်းကို သိမ်းပိုက်ခရေ။ ဤမင်းရေ မိမိ ၏အတွိ့အကြုံတိအရ တပါးသူတိ ပုန်ကန်မှုမဖြစ်နိုင်စီဖို့ ကိုယ်ရံတော် အများအပြားထားလီရေ။

ကိုယ်ရံတော်တိ ကိုလည်း မြို့တွင်းမြို့ပြင်၌ မပြတ်လှည့်လည် စောင့်ကြပ်စီရေ။ မိမိအနားတွင်လည်း အစဉ်မပြတ် လက်ဝဲလက်ယာ ကိုယ်ရံတော်တိကို စောင့်ကြပ်စီရေ။ ဤမင်းရေ တေဇာရာမစေတီကို တည်ထားကိုးကွယ်ခရေ။ သိကွန်ဒါသျှာအမည် ဖြင့် ပါရှန်အက္ခရာရီးထိုးထားရေ ငွီဒင်္ဂါးတိကို ထုတ်ဝီသုံးစွဲခရေ။ နန်းစံ(၇)နှစ်၊ သက္ကရာဇ် ၈၆၃ ခုတွင် နတ်ရွာစံရေ။[]

  1. ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-19)