Jump to content

စားခြင်း

ဝီကီးပီးဒီးယား က
Amandines de Provence, poster by Leonetto Cappiello, 1900

စားခြင်းရေ (စားသုံးခြင်းဟုလည်း သိကတ်တေ) အစားအစာကို မြိုချခြင်း ဖြစ်တေ။ စားသုံးခြင်းရေ သက်ဟိဇီဝရုပ်အမျိုးမျိုးအတွက် စွမ်းအင်တိကို ထောက်ပံ့ပီးရေ။ ယင်းချင့်အပြင် ထိုသက်ဟိတိကို ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စီရေ။ တိရစ္ဆာန်တိနန့် သက်ဟိသတ္တဝါရို့ရေ အသက်ဆက်လက်ကာ သျှင်သန်နီထိုင်ရီးအတွက် အစားစားကတ်ရရေ။ အသားစားတိရစ္ဆာန်တိရေ အသားတိကို စားကတ်ရေ။ အပင်တိကို စားသုံးသည့်သတ္တဝါတိရေ အပင်တိကို စားသုံးကတ်တေ။ အစုံစားသတ္တဝါတိရေ အပင်တိ၊ တိရစ္ဆာန်တိ၊ အခြား အစိုင်အခဲပစ္စည်းတိကိုလေ့ စားသုံးကတ်တေ။ လူသားတိအတွက် စားခြင်းရေ နိစဉ်အသက်ရှင်မှုအတွက် လုပ်ဆောင်ချက်မှုတစ်ခု ဖြစ်တေ။