စိတ္တဟဋ္ဌထေရ်
စိတ္တဟဋ္ဌထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်တွင် ခြောက်ကြိမ်တိုင်လူထွက်ပြီးကေ ခုနစ်ကြိမ်တိုင် ရဟန်းပြုပြီး ရဟန္တာ ဖြစ်ခရေ။[၁][၂]
ရဟန်းပြုခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြတ်စွာဖရားရေ ဇေတဝန်ကျောင်းတော် ၌ သီတင်းသုံးပနာဟိဧ့။ နွားပျောက်လားယှာသော သာဝတ္ထိပြည်သားတစ်ယောက်ရေ နွားယှာတွိ့ကေ နွားကို နွားအုပ်ထဲသို့ မောင်းထည့်ဧ့။ ယင့်ချိန်တွင် နိန်မွန်းတည့်ချိန် ဖြစ်ဧ့။ ယကေလည်းသော ထမင်းက မစားရသေးအနိန်နန့် ဆာလောင်ပနာဟိဧ့။ ယင်းခါ ထမင်းကျန်၊ ဟင်းကျန် စားရလို စားရငြား ကျောင်းတော်သို့ ဝင်လားဧ့။ ယင်းခါ ရဟန်းရို့က ဆွမ်းကျန်ဟင်းကျန်ရို့နန့် ကျွေးလိုက်ဧ့။ ဆွမ်းကျန်ဟင်းကျန်ဟု ဆိုကေလည်း မိမိဧ့ အိမ်မှာစားရရေထက် အများကြီးသာရေ ဟုတွေးလေဧ့။ ယပြီးနောက် အစားကောင်းများ စားရရန်ဆိုရေ ရည်ရွယ်ချက်နန့် ရဟန်းကပြုလီရေ။ ယကေလည်းသော မထေရ်ရေ ရဟန်းရို့ဧ့ ဝတ်ကြီးဝတ်ငယ်၊ ဝေယျာဝစ္စတိကို ဆောင်ရွက်ဧ့။[၁] [၂]
လူထွက်လိုက် ရဟန်းပြုလိုက် လုပ်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မူလကပင် အစားကောင်းစားရရန်ဆိုရေ ရည်ရွယ်ချက်နန့် ရဟန်းပြုခဧ့။ ယင်းချင့်ကြောင့် စာပီသင်ကြားလိုစိတ်မဟိ၊ တရားဘာဝနာအားထုတ်လိုစိတ်မဟိ ဖြစ်နိန်ရေ မထေရ်ရေ ရဟန်းဘဝကို ငြီးဖေသာ့လာဧ့။ အေပိုင်နန့် လူထွက်လီရေ။ လူ့အဖြစ် လုပ်ကိုင်စားသောက်ပြီးကေ ပင်ပန်းလာပြန်ရေအခါ တစ်ဖန် ရဟန်းပြုပြန်ဧ့။ အေပိုင်နန့် ခြောက်ကြိမ်တိုင် ပြုလီရေ။[၁] [၂]
ရဟန္တာဖြစ်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ခြောက်ကြိမ်မြီာက် လူထွက်ပြီးရေအခါတွင် ဖြစ်ဧ့။ လယ်ထဲတွင် ပင်ပန်းစွာ အလုပ်လုပ်ဧ့။ စိတ်ထဲတွင် ရဟန်းပြုချင်စိတ် ပေါ်လာပြန်ဧ့။ ယင်းခါ အိမ်တွင် သိမ်းဆည်းထားသော သင်္ကန်းကိုယူရန် ပြန်လာဧ့။ အိမ်သို့ရောက်ကေ မိမဖြစ်သူစော် အအိပ်ဆိုးနန့် အိပ်နိန်ရေကို မြင်ဧ့။ ပဇာ့ရို့မှ အပုပ်ရည်ရေ စီးကျပနာဟိဧ့။ ကိုယ်ဝန်လည်း လွယ်ထားပနာဟိအတွက်နန့် ဖူးဖူးရောင်ပုပ်ပွနိန်ရေ အသုသညာကို မြင်လီရေ။ ယပြီးနောက် သင်္ကန်းကို ယူကာ ကျောင်းတော်သို့လားဧ့။ ထိုအဖြိုက်ကေို အိမ်အနီးနားနိန်ရေ ယောက္ခမရေ သိပြီးကေ သမီးဖြစ်သူအား ပြောပြဧ့။ သမီးဖြစ်သူက အအီးသသာစွာပင် အယင်ကလို လူပြန်ထွက်လာမှာပါဟု ပြောဧ့။ စိတ္တဟဋ္ဌရေ အယင်ကဆို ရဟန်းပြုမည်ဆိုကေ အကျိုးအကြောင်း ပြောပြပြီးမှ ဝတ်ဧ့။ အဂုတစ်ချိန်တွင် မည်သူ့ကိုမှ မပြောဘဲ လားလီရေ။ စိတ္တဟဋ္ဌရေ ကျောင်းတော်သို့လားရင်း မသာသညာကို ဆင်ခြင်လားရာ ကျောင်းသို့မရောက်မီ သောတာပန် ဖြစ်ဧ့။ ကျောင်းသို့ရောက်ကေ ရဟန်းရို့ထံ ရဟန်းပြုခွင့်တောင်းဧ့။ ရဟန်းရို့လည်း ရဟန်းပြုပီးလိုက်ဧ့။ စိတ္တဟဋ္ဌထေရ်ရေ တရားအားထုတ်ကေ နှစ်ရက်၊ သုံးရက်အတွင်းပင် ရဟန္တာ ဖြစ်လီရေ။[၁] [၂]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- 1 2 3 4 ဦးရွှေအောင် - မစွာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နန့် သိရောမဏိ (၁၊ နိုဗန်ဘာ၂၀၀၂). ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်). အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်. pp. ၂၄၈၊ ၂၄၉၊ ၂၅၀၊ ၂၅၁.
{{cite book}}: Check date values in:|date=(help)CS1 maint: location (link) - 1 2 3 4 မာဏဝ (ဂျူလိုင်လ ၂၀၁၀). ဓမ္မပဒ (ဒေသနာတော်တိနန့် ဝထုတော်များ). အမှတ် ၅၊ ၁၀၀ လမ်း၊ ရန်ကုန်မြို့: နှလုံးလှစာပီ. pp. ၁၁၆၊ ၁၁၇၊ ၁၁၈.
{{cite book}}: Check date values in:|date=(help)CS1 maint: location (link)