စိုင်းဒြားမင်းကိုးဆက်
အသွင်ပြင်
စိုင်းဒြားမင်းကိုးဆက်
ရခိုင်ဟိ ဝေသာလီမြို့တော်ကို လျှမ်းလျှမ်းတောက် ထွန်းကားအောင် စွမ်းဆောင် ပီးနိုင်ခရေ စန္ဒြားဘွဲ့ခံ မင်းကိုးဆက်ကို ရခိုင်စကားအရ ခေါ်ခြင်းဖြစ်တေ။
မြို့တည်မင်း တိုင်းစန္ဒြာ(စိုင်းဒြား)ကအစ၊ သူရိယ၊ မောလ၊ ပေါလ၊ ကာလ၊ ထူလ၊ သီရိ၊ သိင်္ဂနန့် စူဠစန္ဒြားရို့ကိုးဆက် ဖြစ်ကတ်တေ။ ဒေမင်းဆက်ရို့မှာ ရတနာမိုးရွာသွန်းဖြိုးရေအထိ စည်ပင်ဝပြောခကြောင်း ဆိုပါရေ။
သားစဉ်မြီးမပျက် မင်းစဉ်ဆက်ဖြစ်ကတ်ပြီး စုစုပေါင်း နန်းသက်ကာလကို အချို့က ၁၅၀ နှစ်၊ အချို့က ၂၅၀ နှစ်ဟု ယူဆကတ်တေ။ နန်းဆက်ရှည် ယူဆကတ်သူတိက အေဒီ ၃၂၇ မှာပထမဆုံးစန္ဒြားက နန်းရကြောင်း ပြဆိုကတ်ပြီး၊ နန်းသက်တို ယူဆကတ်သူတိက အေဒီ ၉၅၇ ခုမှ ဝေသာလီစတင်ရေ လို့ ဆိုပါရေ။ ရုပ်ကြွင်း အထောက်အထားတိအရ ဝေသာလီမှာ အေဒီ ၄ ရာစုမှာ စတင်ရေလို့ ဆိုပါရေ။ [၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)