စီခွန်ခမ်ကျောင်းတော်
| Wat Si Khom Kham | |
|---|---|
Phra Chao Ton Luang | |
| အချက်အလက်တိ | |
| တည်နီရာ | Phayao, Phayao Province |
| ကိုဩဒိနိတ် | 19°10′36″N 99°53′23″E / 19.17667°N 99.88972°ECoordinates: 19°10′36″N 99°53′23″E / 19.17667°N 99.88972°E |
| ဘာသာရီး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
| နိုင်ငံ | ထိုင်းနိုင်ငံ |
| ဗိသုကာ | |
| ပြီးစီး | ၁၂ ရာစု |
စီခွန်ခမ်ကျောင်းတော်စွာ ထိုင်းနိုင်ငံ၊ Phayao ဒေသ၊ Phayao မြို့မာ တည်ဟိရေ ဗုဒ္ဓကျောင်းတော်တခု ဖြစ်တေ။ နိုင်ငံအတွင်းမှာ Chiang Saen ခေတ်က အကြီးဆုံးဗုဒ္ဓရုပ်ပွားတော် တည်ဟိရာနီရာလည်း ဖြစ်တေ။ Phayao ကန်ဧ့ ကမ်းစမာ တည်ဟိရေ။
သမိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စတင်တည်ထောင်ခဲ့ရေ ရက်စွဲစွာ ၁၂ ရာစုမာ ဖြစ်တေဟု တခါတရံ တွိ့ရရေ။ လက်ဟိအချိန်တိ့မြင်နိန်ရရေ ပုံစံကတော့ခါ ၁၉၂၃ ခုနှစ်မာ တည်ဆောက်ပြီးစီးခခြင်း ဖြစ်တေ။ ကျောင်းတော်ဧ့ အဓိကဖြစ်ရေ ဗုဒ္ဓရုပ်ပွားတော်စွာ ၁၄၉၁ နန့် ၁၅၂၄ ခုနှစ်များအထဲက သွန်းလုပ်ခခြင်း ဖြစ်တေ။
ဗိသုကာနန့် အနုပညာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]Phra Chao Ton Luang ဗုဒ္ဓရုပ်ပွားတော်စွာ ၁၄ မီတာ (၄၆ ပေ) အကျယ်ဟိကာ ၁၆ မီတာ (၅၂ ပေ) အမြင့် ဟိ၏။ ၁၅ ရာစု နန့် ၁၆ ရာစုကာလတိက တည်ထားကိုးကွယ်ရေ ပုံစံ ဖြစ်တေ။
အမည်တွင်ပုံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဗုဒ္ဓစွာ စီခွန်ခမ်ကျောင်းတော်နီရာကို ကိုယ်တိုင်ရွီးချယ်ခစွာဟူရေ ဒဏ္ဍာရီတိ ဟိခရေ။ ဗုဒ္ဓစွာ နီရောင်က အရိပ်ရစီရန် ရှာဖွီရာ ကြီးထွားကာပေါက်ရောက်နီရေ အပင်ကို သူဧ့ မြင်ကွင်းမာ တွိ့ခရေ။ ယင့်အပင်ကို ငှက်တကောင်စွာ သစ်စိက စိုက်ပျိုးထားရေဟု ဆိုရေ။