စီဝရအစ္ဆန္ဒိနသိက္ခာပုဒ်
၅-စီဝရအစ္ဆိန္ဒနသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၃၁။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ အစ်ကို၏အတူနီတပည့် ရဟန်းအား "ငါ့ရှင် လာလော့၊ ဇနပုဒ်၌ လှည့်လည်လားကုန်အံ့"ဟု ပြောဆို၏။
"အသျှင်ဘုရား အကျွန်ုပ်စွာ မလိုက်နှိုင်ပါ၊ ရိနွမ်းသော သင်္ကန်းဟိပါ၏"ဟု (လျှောက်၏)။
"ငါ့ရှင် လာလော့၊ ငါစွာ သင့်အား သင်္ကင်္န်းကို ပီးအံ့"ဟု (ဆိုပနာ) ထိုရဟန်းအား သင်္ကန်းကို ပီးရေ။
"မြတ်စွာဘုရားစွာ ဇနပုဒ်၌ လှည့်လည်ကြွတော်မူလိမေ"ဟု ထိုရဟန်း ကြားရေသာတည်း၊ ယင်းခါ ထိုရဟန်းအား ငါစွာ အဂု သာကီဝင်မင့်သား အသျှင်ဥပနန္ဒ နန့် အတူ ဇနပုဒ်၌ လှည့်လည်မလားဖိအံ့၊ မြတ်စွာဘုရားနန့် အတူသာ ဇနပုဒ်၌ လှည့်လည်သွားအံ့"ဟု အကြံစွာ ဖြိုက် ပေါ်၏။
ယင်းခါ သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ ထိုရဟန်းအား "ငါ့ရှင် လာလော့ အဂုဇနပုဒ်၌လှည့်လည်လားကတ်ကုန်အံ့"ဟု ပြောဆို၏။
အသျှင်ဘုရား အသျှင်ဘုရားနန့် အတူ ဇနပုဒ်၌ လှည့်လည် မလားဖိအံ့၊ မြတ်စွာဘုရားနန့်အတူသာ လားဖိအံ့ဟု (လျှောက်၏)။
ငါ့ရှင် ငါစွာ သင့်အား ငါနန့် အတူ ဇနပုဒ်၌ လှည့်လည်သွားလိမေဟု ဒေသင်္ကန်းကို ပီးမိရေဟု (ဆိုပနာ) အမျက်ထွက်အနိန်နန့် မကြည်အနိန်နန့် လုယူလီ၏၊ ယင်းခါ ထိုရဟန်းစွာ ရဟန်းရို့အား ဒေအကြောင်းကို လျှောက်ကြား၏၊ အလိုနည်းသော ရဟန်းရို့စွာ "သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ ရဟန်းအား ကိုယ်တိုင်သင်္ကန်းကို ပီးပြီးကေ အမျက်ထွက်လျက် မကြည်အနိန်နန့်အဇာကြောင့် လုယူဘိသနည်း"ဟု သရော် ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကတ်ကုန်၏။
ယင်းခါ ထိုရဟန်းရို့စွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။
"ဥပနန္ဒ သင်ရေ ရဟန်းအား သင်္ကန်းကို ကိုယ်တိုင် ပီးပြီးကေ အမျက်ထွက်လျက် မကြည်အနိန်နန့်လုယူရေဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျား သင်ရေ ရဟန်းအား သင်္ကန်းကို ကိုယ်တိုင် ပီးပြီးကေ အမျက်ထွက်လျက် မကြည်အနိန်နန့်အဇာကြောင့် လုယူဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၃၂။ "အကြင် ရဟန်းစွာ ရဟန်းအား ကိုယ်တိုင် သင်္ကန်းကို ပီးပြီးကေ အမျက်ထွက်လျက်နှလုံးမသာအနိန်နန့် (ကိုယ်တိုင်ကေလေ့) လုယူငြားအံ့၊ (သူတပါးကိုကေလေ့) လုယူစီငြားအံ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၅-စီဝရအစ္ဆိန္ဒန သိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၃၃။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။
ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟု အလိုရှိအပ်၏။
ရဟန်းအားဟူစွာ အခြားသော ရဟန်းအား။
ကိုယ်တိုင်ဟူစွာ မိမိ ပီးပြီးကေ။
သင်္ကန်း ဆိုစွာ ခြီာက်မျိုးသော သင်္ကန်းရို့တွင် နောက်ဆုံး ဝိကပ္ပနာလောက်သော သင်္ကန်းတစ်မျိုးမျိုးတည်း။
အမျက်ထွက်လျက် နှလုံးမသာအနိန်နန့်ဟူစွာ မမွေ့လျော်သော စိတ်ဟိရေဖြိုက်ပနာ ထိခိုက်သောစိတ်ဟိရေဖြိုက်ပနာ ငြောင့်ပိုင်ဖြိုက်ရေ စိတ်ဟိရေဖြိုက်ပနာ။
လုယူငြားအံ့ဟူစွာ ကိုယ်တိုင် လုယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။
လုယူစီငြားအံ့ဟူစွာ အခြားသူကိုစီစပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ တစ်ချိန်းစီစပ် အပ်လျက်အကြိမ်အတိကြီးလည်း လုယူအံ့၊ စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ သင်္ကန်းစွာ ရဟန်းအား ကိုယ်တိုင် ပီးရားမှ လုယူအပ်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။
၆၃၄။ ရဟန်း၌ ရဟန်းဟု ထင်မှတ်ခြင်းဟိရေဖြိုက်ပနာ သင်္ကန်းကို ပီးပြီးကေ အမျက်ထွက်လျက်မကြည်အနိန်နန့် (ကိုယ်တိုင်ကေလေ့) လုယူအံ့၊ (သူတပါးကိုကေလေ့) လုယူစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားဟိပြီးကေ သင်္ကန်းကို ပီးပြီးကေ အမျက်ထွက်လျက် မကြည်အနိန်နန့် (ကိုယ်တိုင်ကေလေ့) လုယူအံ့၊ (သူတပါးကိုကေလေ့) လုယူစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု ထင်မှတ်ခြင်းဟိပြီးကေ သင်္ကန်းကို ပီးပြီးကေ အမျက်ထွက်လျက် မကြည်အနိန်နန့် (ကိုယ်တိုင်ကေလေ့) လုယူအံ့၊ (သူတပါးကိုကေလေ့) လုယူစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။
အခြားပရိက္ခရာကို ပီးရားပနာ အမျက်ထွက်လျက် မကြည်အနိန်နန့် (ကိုယ်တိုင်ကေလေ့) လုယူအံ့၊ (သူတပါးကိုကေလေ့) လုယူစီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ 'လူမောင်သျှင်' အား သင်္ကန်းကိုသော်လိ့ကောင်း၊ အခြားပရိက္ခရာကိုသော်လိ့ကောင်း ပီးပြီးကေ အမျက်ထွက်လျက်မကြည်အနိန်နန့် (ကိုယ်တိုင်ကေလေ့) လုယူအံ့၊ (သူတပါးကိုကေလေ့) လုယူစီအံ့၊ ဒုက္ကဋ်အာပတ်သင့်၏။
ရဟန်းမဟုတ်သူ၌ ရဟန်းဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သူ၌ ရဟန်းမဟုတ်ဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။
၆၃၅။ ထိုရဟန်းကကေလေ့ (ပြန်ပနာ) ပီးအံ့၊ ထိုရဟန်းနန့်ကေလေ့ အကျွမ်းဝင်ပြီးကေ ယူအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။
ပဉ္စမ စီဝရအစ္ဆိန္ဒနသိက္ခာပုဒ် ပြီး၏။