Jump to content

စီးပွားရီး

ဝီကီးပီးဒီးယား က

စီးပွားရီး (သို့) စီးပွားရီးစနစ်မာ ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရီး (သို့) ကုန်သွယ်မှု နန့် ကန့်သတ်ချက်ဟိရေ ကုန်စည်တိ နန့် ဝန်ဆောင်မှုတိကို နယ်မြီတစ်ခုမာ အမျိုးမျိုးသော တက်စားလှယ်ရို့မှ သုံးစွဲမှု စသည်ရို့ ပါဝင်ရေ။ စီးပွားရီးဆိုင်ရာ တက်စားလှယ်တိစွာ သီးခြားရပ်တည်သူတိ၊ စီးပွားရီးလုပ်ငန်းတိ၊ အဖွဲ့အစည်းတိ (သို့) အစိုးရအဖွဲ့အစည်းတိ စသည်ရို့ ဖြစ်နှိုင်ရေ။ ထိုဖလှယ်မှုလုပ်ငန်းစွာ ပါဝင်သူနှစ်ဦးက ဖလှယ်ဖို့ ကုန်ဝန် (သို့) ဝန်ဆောင်မှုဧ့ သတ်မှတ်ငွီကြေးစနစ်နန့် ဖော်ပြထားရေ တန်ဖိုး သို့ ဈီးနှုန်းတခုကို သဘောတူညီမှု ရဟိကေ ဖြစ်ပေါ်ရေ။

အယင်အခါက စီးပွားရီးဆိုင်ရာ ဆောင်ရွက်မှု တိစွာ သဘာ၀သယံဇာတတိ၊ လုပ်သားတိ နန့် ရင်းနှီးမြှုပ်နှံမှုတိ စသည်ရို့ဖြင့် စုပေါင်းထားရေဟု ယူဆခကတ်ရေ။ ထိုအမြင်စွာ အတတ်ပညာဧ့ ရလဒ်ဖြစ်ရေ နည်းပညာဧ့တန်ဖိုး (အလိုလျောက်လုပ်ဆောင်မှု၊ လုပ်ငန်းဆောင်ရွက်မှု ကို မြန်ဆန်လာစီမှု၊ ကုန်ကျစရိတ်ကြီ့ဆင်းမှု)၊ နန့် ဆန်းသစ်ပြောင်းလဲမှု (ကုန်စည်အသစ်တိ၊ ဝန်ဆောင်မှုတိ၊ လုပ်ငန်းဆောင်ရွက်မှုတိ၊ စျီးကွက်အသစ်တိ၊ စျီးကွက်ချဲ့ထွင်မှုတိ၊ စျီးကွက် ကွဲပြားခြားနားမှုတိ၊ စျီးကွက်ထိုးဖောက်မှုတိ၊ အမြတ်ငွေတိုးပွားမှုနည်းအသစ်တိ) စသည်ရို့ကို လျစ်လျူရှု့ထားလျက် ဟိရေ။

စီးပွားရီးစနစ်တစ်ခုစွာ ယိုင်ကျေးမှု၊ တန်ဖိုးထားမှု၊ ပညာရီး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းကြောင်း၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံရီး ဖွဲ့စည်းပုံ နန့် ဥပဒေစနစ်၊ ထိုနိုင်ငံဧ့ မြီမျက်နှာသွင်ပြင်အနိန်အထား၊ သဘာ၀အရင်းမြစ်တည်ဟိမှု ဂေဟစနစ် စရေ အဓိကအခြီခံအကြောင်းအရာရို့ဧ့ ဆောင်ရွက်မှု လုပ်ငန်းစဉ်ရို့ဧ့ ရလဒ်ဖြစ်တေ။

စီးပွားရီးတိုင်းတာချက်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နိုင်ငံတစ်နိုင်ငံဧ့ စီးပွားရီးကို တိုင်းတာနှိုင်ရေ နည်းလမ်းတိ အမြောက်အမြားဟိရေ။ ယင်းပိုင် စီးပွားရီးကို တိုင်းတာနှိုင်ရေ အချက်တိမာ အောက်ပါနည်းလမ်းတိ ပါဝင်ရေ။

  • စားသုံးသူဧ့သုံးစွဲမှု့ (Consumer Spending)
  • ငွီကြေးလှဲလှယ်နှုန်း (Exchange Rate)
  • ရင်းနှီးမြှုပ်နှံမှု့တစ်ခုဧ့ ဂျီဒီပီ (GDP per capital)
  • ဂျီအန်ပီ (GNP)
  • စဖိစျီးကွက် (Stock Market)
  • အတိုးနှုန်း (Interest Rate)
  • နိုင်ငံဧ့ဒါဒေါင်(Government Debt)
  • ငွီကြေးဖောင်းပွမှု့နှုန်း (Rate of Inflation)
  • အလုပ်လက်မဲ့နှုန်း (Unemployment)
  • ကုန်သွယ်မှု့ဟန်ချက် (Balance of Trade)

နိုင်ငံတစ်နိုင်ငံဧ့ ဂျီဒီပီစွာ ထိုနိုင်ငံဧ့ စီးပွားရီး ပိုင်ဏကို တိုင်းတာနှိုင်ရေ။ ယင်းအတူ နိုင်ငံဧ့ ဂျီဒီပီကောင်း၊ မကောင်းကို စီးပွားရီးတိုးတက်မှုဖြင့် တိုင်းတာနှိုင်ရေ။ စီးပွားရီးစနစ်ကောင်းမွန်မှရာ နိုင်ငံဝင်ငွီကောင်းလာပြီးကေ နိုင်ငံအတွက်လိုအပ်ရေ ဓနအင်အား ပြည့်ဝရာ လူမှုရီး၊ စီးပွားရီး၊ ပညာရီး၊ ကာကွယ်ရီး လုပ်ငန်းတိ တိုးချဲ့ဆောင်ရွက်နှိုင်ဖို့။