စုန္ဒ (ရွှေပထိမ်သည်သား)
| စုန္ဒ | |
|---|---|
ဆွမ်းဟင်းပြင်ဆင်နိန်ရေ စုန္ဒ၊ Wat Kasatrathiraj, အယုဒ္ဓယ | |
| ဘာသာ | ဗုဒ္ဓဘာသာ |
| ရာထူး တာဝန် | |
| ဌာန | ပါဝါ, မဂဒတိုင်းပြည် |
| ဘာသာရေးရာ | |
| ဆရာ(တိ) | ဂေါတမဗုဒ္ဓ |
| ပညာရပ်နယ်ပယ် | ရွှေပန်းထိမ်ရေ, ဥပါသကာ |
စုန္ဒ ရေ မြတ်စွာဖရားအား ပရိနိဗ္ဗာန်မပြုမီ 'သူကရမဒ္ဒဝ'တမ်းပလိတ်:Ref ဆွမ်းကို လှူဒါန်းခရေ ဥပါသကာတစ်ဦး ဖြစ်ရေ။[၁]
သမိုင်းကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အခါတစ်ပါး၌ မြတ်စွာဖရားရေ မလ္လတိုင်း၌ ရဟန်းသံဃာတိနန့်အတူ ဒေသစာရီ ကြွချီလှည့်လည်တော်မူပြီးကေ ပါဝါမြို့သို့ ဆိုက်ရောက်ဧ့။ ယပြီးနောက်တွင် ရွှေပန်းထိန်သည် ဧ့သား စုန္ဒဧ့ သရက်ဟင်းခင်းတွင် သီတင်းသုံးတော်မူဧ့။
ယပြီးနောက်တွင် စုန္ဒရေ မြတ်စွဖရားအား ဟိခိုးလီဧ့။ ယင်းခါ မြတ်စွာဖရားရေ စုန္ဒအား တရားစကား ဟောကြားလေဧ့။ ယပြီးနောက် စုန္ဒရေ မြတ်စွာဖရားအား ရဟန်းသံဃာနန့်အတူ နှက်ဖြန်ခါဆွမ်းကို လက်ခံရန် လျှောက်ထားရာ မြတ်စွာဖရားရေ ဆိတ်ဆိတ်နိန်ကာ လက်ခံခရေ။
ထိုညဉ့်လွန်မြောက်ပြီးကေ စစောအချိန်ရောက်ရေအခါတွင် စုန္ဒရေ မြတ်စွာဖရားအတွက် စီရင်ထားရေ နူးညံသောဝက်သားနန့် လုပ်ကျွေးဧ့။ ရဟန်းသံဃာအားလည်း ခဲဖွယ်ဘောဇဉ်ရို့နန့် လုပ်ကျွေးဧ့။ ယပြီးနောက် မြတ်စွာဖရားရေ စုန္ဒအား ကြွင်းကျန်သော ဝက်သားကို မြီတွင်မြှုပ်ပစ်ရန် မိန့်ကြားဧ့။ ယပြီးနောက်တွင် စုန္ဒအား တရားစကား ဟောကြားတော်မူဧ့။ ထိုဝက်သားဆွမ်းကို ဘုဉ်းပီးပြီးနောက်တွင် မြတ်စွာဖရားရေ ကြမ်းတမ်းသော အနာရောဂါကပ်ရောက်ပနာ သီလောက်အောင် ပြင်းထန်သော ဝမ်းသွီးသွန်ရောဂါဝေဒနာကို ခံစားရဧ့။ ယပြီးနောက်တွင် မြတ်စွာဖရားရေ ရောဂါကို ရေးခံပြီးကေ ကုသိနာရုံပြည်သို့ ကြွတော်မူဧ့။[၁]
စုန္ဒဧ့ ဆွမ်းအကျိုး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကူသိနာရုံပြည်သို့အလား လမ်းခုလပ် သရက်တော၌ အသျှင်အာနန္ဒာအား "ပန်းထိန်ရေဧ့သား စုန္ဒရေ သူဧ့ဆွမ်းကို ဘုဉ်းပီးပြီးနောက်တွင် မြတ်စွာဖရားရေ ပရိနိဗ္ဗာန်ပြုရေလို့ စိတ်နှလုံးမသာမယာ ဖြစ်လီလီဖို့"။ နှလုံးမသာမယာဖြစ်ခြင်းကို ဖြေဖျောက်ရဖို့လို့ အသျှင်အနန္ဒအား မိန့်တော်မူဧ့။
"အကြင်ဆွမ်းကို ဘုဉ်းပီးတော်မူပြီးကေ မြတ်စွာဖရားရေ အမြတ် ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူဧ့။ (ဒေဆွမ်းလည်း တစ်မျိုး၊) အကြင်ဆွမ်းကို ဘုဉ်းပီး တော်မူပြီးကေ မြတ်စွာဖရားရေ ခန္ဓာအကြွင်း မဟိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်နန့် ပရိနိဗ္ဗာန်စံဝင်တော်မူဧ့။ (ဒေဆွမ်းလည်း တစ်မျိုး၊) အခြားဆွမ်းရို့ထက် အကျိုးအာနိသင်ကြီးမားကုန်သောအချင်းချင်းတူမျှပြီးကေအကျိုးဝိပါက်တူမျှကုန်ဧ့" ဟု မြတ်စွာဖရားရေ အသျှင်အာနန္ဒာအား မိန့်ကြားတော်မူဧ့။[၁]
ယပြီးနောက်တွင် မြတ်စွာဖရားရေ အေပိုင်ဥဒါန်းကျူရင့်တော်မူဧ့ - [၁]
ပီးလှူသောသူအား ကုသိုလ်ကောင်းမှုရေ တိုးပွားဧ့။ စောင့်စည်းသောသူအား ရန်မပွားနိုင်၊ ဉာဏ်ဟိသူစော် မကောင်းမှုကို ပယ်စွန့်ဧ့။ ယင်းပိုင် (ပယ်စွန့်) သူစော် ရာဂ ဒေါသ မောဟရို့ကုန်ပြီးကေ (ကိလေသာမီး) ငြိမ်းအိုင်းနန့်ရာတော့ သတဲး
- စုန္ဒသုတ်၊ ဥဒါန်းပါဠိတော်[၁]
မှတ်စု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကိုကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- 1 2 3 4 5 6 https://suttacentral.net/ud8.5/my/pmt ဥဒါန်းပါဠိတော်၊ စုန္ဒသုတ်
- ↑ ဘဒ္ဒန္တ ဝိစာရာဘိဝံသ (သာသနာ - ၂၅၃၀၊ ကောဇာ - ၁၃၄၀၊ ခရစ် - ၁၉၈၆ မေလ). မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက်၊ သာသနဓဇသိရိပဝရဓမ္မာစရိယ၊ နိုင်ငံတော် သံဃမစွာနာယက ဘဒ္ဒန္တ ဝိစာရာဘိဝံသဧ့ ဗမာ့ပါရဂူ ခေါ် မစွာဝဂ္ဂါဒိနီတိကျမ်း.
{{cite book}}: Check date values in:|date=(help) - ↑ Prof. Lalit Mohan Kar, Kavyatirtha, M.A., B.L (1956). THE MAHAPARINIBBANA AND THE BUDDHA'S LAST MEAL မဟာပရိနိဗ္ဗာန်နန့် ဗုဒ္ဓမြတ်စွာဖရားနောက်ဆုံးဘုဉ်းပီးသော ဆွမ်းဟင်း. No. 102, 49 Street, Rangoon: BURMA HUMANITARIAN LEAGUE.
{{cite book}}: CS1 maint: location (link) CS1 maint: multiple names: authors list (link)