Jump to content

စူဠစန္ဒရား

ဝီကီးပီးဒီးယား က

စူဠစန္ဒြမင်း (အေဒီ၇၃၃-၇၆၉)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

စန္ဒြ ၉ဆက်မြောက်မင်းမှာ စူဠစန္ဒြမင်းဖြစ်လီရေ။ ဦးယဉ်းနာဖြစ်၍ ဗေဒင်ဆရာတိ ဟောကိန်းအရ ပဉ္စလရာဇ်သင်းတွဲပြည်သို့ လှီဖောင်ဖြင့် ကြွခရလီရေ။ အပြန်တွင် မော်တင်၌ လှီဖောင်ပျက်၍ နတ်ရွာစံခရလီရေ။ ထိုအခါ မိဖုရား စန္ဒာဒေဝီက လက်စွပ်နန့်တန်သူအား ရွီးချယ်၍ ထီးနန်းတင်ခရေ။ မင်းဖြစ်ရေအခါ မြိုလူမျိုး၊ အမြတူ၊ အမြကျွံ၊ ပဲဖြူရို့ ၂၄နှစ် အုပ်ချုပ်ခကတ်လီရေ။ ထိုမင်းရို့လက်ထက် မြောက်ဖက်မှ ဝင်လာရေလူတိက မဟာမုနိနားမှာ အခြီချနီထိုင်ခကတ်ပနာ ရွှီငွီရို့ကို တူးယူ၍ ဂန္ဓကုဋီကိုလည်း မီးတိုက်ခကတ်ကြောင်း ဒေါက်တာဖိုချမ္မာက ပြဆိုထားရေ၊ ထိုမင်းကို သျှမ်းမင်းသိုခ်ဘွားကြီးတိုက်ခိုက်ရေအတွက် ဝေသာလီမြို့ပျက်စီးခရလီရေ။

ထိုပြူလူမျိုးလက်ထက်တွင်

“အတ္တနောမတိ၊ မိလက္ခတ်၊ ယုတ်ရေအကျင့်၊ အသိအလေ့ဟိရေ အမျိုးဖြစ်ရာ သာသနာရီးကိုမသိ၊ ဂါမဝါသီ စာလဇ္ဇီ၊ ပွဲကျောင်းရဟန်းစည်ကားလီ၍ သာသနာတော်ရေ ရီမှေးခကြလီရေ။” ဟု မင်းရာဇာကြီးစာတမ်း၌ ဆိုလီရေ။ ယင်းချင့်ကြောင့် ထိုမြိုမင်းကို စန္ဒြမင်း၏သားတော်ငမင်းငတုံ (စောရွှေလူး)မင်းက လုပ်ကြံ၍ ဆက်ခံခလီရေ။[]

  1. ရခိုင်ရိုးရာဓလေ့ထုံးစံများ(ပထမတွဲ)၊ ရခိုင်သားကြီးစာပေ၊ ၂၀၀၉

    မှီငြမ်းကိုးကားသောစာအုပ်တိ

    • ၁။ ရခိုင်(လမ်းစဉ်ပါတီထုတ်)
    • ၂။ ပြည်နယ်ဖြစ်စဉ်သမိုင်း (ရခိုင်ပြည်နယ်ကောင်စီ)
    • ၃။ ရခိုင်ရာဇဝင်ကျမ်းတိ
    • ၄။ ရခိုင်ယဉ်ကျေးမှု (၁မှ ၈ထိ)(ဦးစက္ကိန္ဒ)
    • ၅။ရခိုင်ဂုဏ်ရည် (ဦးနာရဒ မေဃဝတီ) ဓညဝတီမဂ္ဂဇင်းအတွဲ(၁) အမှတ်(၁)
    • ၆။ ဦးမင်းနိုင်၊
    ရို့တိုင်းရင်းဖွားပြည်ထောင်စုသား၊ ဒို့ --ဒို့သား တိုင်းရင်းဖွား၊ ပြည်ထောင်စုအကပဒေသာ၊ ရခိုင်တေးသံ၊ ရခိုင်ဝတ္ထုပုံပြင်တိ၊
    • ၇။ မကြန့် ရခိုင်ပြည် ပညာရေးအခြေအနေ (သမိုင်းတံခွန်အတွဲ(၁) စာစောင်(၁)
    • ၈။ ဦးကျော်ရင် ရက္ခိုင်အက္ခရာနှင့် ရခိုင်သင်ပုန်းကြီး (မြဝတီမဂ္ဂဇင်း ၁၉၆၇ ခုနှစ်)