စောထွီးသျှင်(မြောက်ဦး)
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြောက်ဦးမြို့၊ ဝါစျီးရပ်၌ ဦးသာဇံဦး (ဘာညိုသူကြီးဟောင်း) ဒေါ်မဖြူရို့မှ ၁၃၁၉-ခု၊ ကဆုန်လဆန်း (၁)ရက်နိတွင် ဖွားမြင်ခရေ။ မွီးချင်းမောင်နှမ ၉ ဦးထဲက အထွီးဆုံးသားထွီး ဖြစ်ပြီးကေ နာမည်ရင်းမှာ ထွီးမောင်ဖြစ်တေ။
တာဝန်ထမ်းဆောင်မှုတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြောက်ဦးမြို့အမှတ်(၁) အခြီခံပညာအလယ်တန်းကျောင်းတွင် အလယ်တန်းဆြာအဖြစ် နှစ်ပေါင်းသုံးဆယ်ကျော် အမှုထမ်းခရေ။ ၁၉၇၅-၇၆ ခုနှစ်မာ ကန်ဘဲ့ဆြာအတတ်သင်ကျောင်းမှ ရက္ခိုင်စည်တော်မင်္ဂလာဆောင်ပါးဖြင့် စာပီနယ်ထဲကို လှမ်းဝင်ခပါရေ။ ဂုချိန်ခါ ရက္ခိုင်မဂ္ဂဇင်း၊ ရက္ခိုင်ညွန့်ဖူး၊ ရက္ခိုင်ရိုးမ၊ ရက္ခိုင်သဟာယ၊ နက္ခတ္တရောင်ခြည်၊ ပါရမီ၊ သူရဇ္ဇ၊ သိဒ္ဓိမိုး၊ မြောက်ဦး၊ ကျိန်းရိပ်မြီ၊ မုနိမြေမဂ္ဂဇင်းတိတွင် စောမင်းနွယ် (သို့မဟုတ်) စောထွီးသျှင်နာမည်ဖြင့် ဆောင်းပါးတိကို ရီးသားခရေ။ ၁၉၇၅ မှ ၁၉၈၂ ထိ မြောက်ဦးမြို့နယ်ပညာရီးဖေသာစုဖေသာချီး သမဝါယမအသင်းမာ အတွင်းရီးမှူးအဖြစ်လေ့ကောင်း မြောက်ဦး မဂ္ဂဇင်းတွင် စာတည်းအဖွဲ့ဝင်အဖြစ်လေ့ကောင်း သူရဇ္ဇမဂ္ဂဇင်းတွင် ပင်တိုင်စာရီးတတ်အဖြစ်လေ့ကောင်း တာဝန်ထမ်းဆောင်လျက်ဟိရေ။
နီရပ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဂုချိန်ခါ မြောက်ဦးမြို့၊ ဝါစျီးရပ်ကွက်တွင် နီထိုင်လျက်ဟိရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ရခိုင်မဂ္ဂဇင်း၊ အမှတ် ၂၉၊ ရန်ကုန်၊ လောကပါလပုံနှိပ်တိုက်၊ ၂၀၀၈။ စာ-၂၈