Jump to content

စံကျော်ထွန်း

ဝီကီးပီးဒီးယား က
စံကျော်ထွန်း

ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၂၀-၀၇-၁၉၃၆(အင်္ဂါ)
နာမည်ရင်း စံကျော်ထွန်း
မိဘနာမည် အခင် တက်တိုး၊အရီး မညို
မွီးဖွားရာနီရာ မြင်းစိုင်းပြင်ရွာ၊မြောက်ဦးမြို့၊ရခိုင်ပြည်
နိုင်ငံသား အာရက္ခ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဥပဒေ(ခ)၊‌မဟာဝိဇ္ဇာ
အလုပ်အကိုင် အထက်တန်းပြကျောင်းဆရာ
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ၊နယ်ချဲ့တော်လှန်ရီး
ထင်ယှားရေလက်ရာတိ ရခိုင်ကဗျာနန့် ရခိုင်အတွေးအခေါ်
ရယှိခရေဆုတိ
လက်မှတ်
ကွန်ယက်

ဆရာစံကျော်ထွန်း ၁၉၃၆ - ၁၉၇၇

ဆရာစံကျော်ထွန်းကို ရခိုင်ပြည်၊ မြောက်ဦးမြို့၊ မြင်းစိုင်းပြင်ရွာမာ အဖ အခင်တက်တိုး (ပန်းထိန်ဆရာကြီး) နန့် အမိ အရီး မညို ရို့မှ ၁၉၃၆ ခုနှစ်၊ ဇူလှိုင်လ ၂၀ ရက်၊ အင်္ဂါနိမာ မွီးဖွားခပါသည်။ မွီးချင်း (၅) ယောက် ယှိရာတွင် အထွီးဆုံးသား ဖြစ်ပါသည်။ မွီးချင်း (၅) ယောက်၏ နာမယ်တိမှာ အောက်ပါအတိုင်း ဖြစ်ပါရေ။

  • အခင် ပန်းသာထွန်း
  • အခင် ထွန်းရွှေဘော်
  • အရီး ဒါလှဖြူ
  • အခင် ထွန်းရွှေမောင်
  • အခင် စံကျော်ထွန်း

မူလတန်းနန့် အထက်တန်းပညာ

  • မူလတန်းပညာကို မြောက်ဦးမြို့တွင် သင်ကြားခပြီး‌ကေ ဆဌမတန်းမှစ၍ စစ်တွေမြို့၊ ခရစ်ယာန်ကျောင်းတွင် ပညာဆက်လက်သင်ကြားရာ ၁၉၅၄ ခုနှစ် တွင် ၁၀ တန်း ကို အောင်မြင်ခပါသည်။

တက္ကသိုလ်ပညာ

  • ကျောက်ဖြူမြို့ ဥပစာ ကောလိပ် တွင် ပညာဆက်လက်သင်ကြားရာ ဥပဒေ (ခ) ကို အောင်မြင်ခပါသည်။
  • ၁၉၅၈ ခုနှစ် တွင် ရန်ကုန် တက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့ (B.A) ကို ရဟိခပါသည်။
  • ဝိဇ္ဇာဘွဲ့ရပြီးနောက် မဟာဝိဇ္ဇာဘွဲ့ ကိုလည်း တက်ခွင့် ရဟိခလို့ ဆက်လက်ပညာသင်ယူခပါသည်။
  • မဟာဝိဇ္ဇာတန်းတွင် နိုင်ငံရီးအတွေးအခေါ် (Political Thought)၊ နိုင်ငံရီးပါတီဖွဲ့စည်းမှု (Political Organization)၊ နိုင်ငံတကာဆက်ဆံရီး နန့် အရှိအနောက် သမိုင်းဘာသာရပ် ရို့ကို လေးနှစ်ခန့် သင်ယူခရပါသည်။

တက္ကသိုလ်ဘဝနန့် စာပီလုပ်ငန်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  • တက္ကသိုလ်ကျောင်းသားဘဝတွင် ရခိုင်တန်ဆောင်မဂ္ဂဇင်း ၏ တာဝန်ခံခေါင်းဆောင် တာဝန်တိကို ယူခပါသည်။
  • ရခိုင်တန်ဆောင်မဂ္ဂဇင်းတွင် ရခိုင်စာပီကဏ္ဍ ကို အစောဆုံး ထည့်သွင်းဖော်ထုတ်ပီးခပါသည်။
  • ရခိုင်ရှေးဟောင်းစာပီရို့ကို လေ့လာဖော်ထုတ်ပြီး ရခိုင်စာပီ ပြန်လည်ယှင်သန်ရီး၊ ဖွံ့ဖြိုးတိုးတက်ရီးကို အားထုတ်လုပ်ဆောင်ခပါသည်။
  • စစ်တွေမာ “မုတ်သုန် လှိုင်းသံ” နှင့် အခြားသော ကဗျာစာအုပ်ရို့ကို ထုတ်ဝီခပါသည်။
  • ဆရာ၏ ကလောင်နာမည် မှာ “အသျှင်စောမွန်” ဖြစ်ပါသည်။

ဆရာစံကျော်ထွန်းသည် အောက်ပါကျောင်းတိမာ အထက်တန်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်ခပါသည်။

  • စစ်တွေမြို့၊ သူတော်မ(သီလရှင်)ကျောင်း
  • စစ်တွေ ဓညဝတီ အလယ်တန်းကျောင်း
  • စစ်တွေ အမှတ် (၁) အစိုးရအထက်တန်းကျောင်း

နိုင်ငံရီးလှုပ်ရှားမှုနန့် တော်လှန်ရီးကာလ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

တော်လှန်ရေးအဖွဲ့ တည်ထောင်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  • ၁၉၆၃-၁၉၆၈ ခုနှစ်တွင် ရခိုင်ပြည်တော်လှန်ရီးအင်အားစု (Arakan Revolutionary Fore - ARF) ကို စတင်တည်ထောင်ခပါသည်။
  • ၁၉၇၀ ခုနှစ်တွင် ရခိုင်ပြည်လွတ်လပ်ရီးအဖွဲ့ (Arakan Independence Organization - AIO) ကို စတင်တည်ထောင်ခပြီး အထွေထွေ အတွင်းရီးမှူးချုပ် (General Secretary) အဖြစ် တာဝန်ထမ်းဆောင်ခပါသည်။

မြီအောက်လှုပ်ရှားမှုတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  • ၁၉၇၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၈ ရက်နိန့် မှာ ရန်ကုန်တက္ကသိုလ်မှနီ၍ မဟာမိတ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ဆက်သွယ်ရန်အတွက် (KIA) တပ်မဟာ(၁) လွတ်မြောက်နယ်မြီ၊ လားရှိုးဧရိယာသို့ တောခိုလားခပါသည်။
  • ၁၉၇၀ ခုနှစ်၊ မတ်လ ၃ ရက်နိ မှာ (KIA) တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးဇော်ဒန်၊ ဒု-တိုင်းမှူးဇော်မိုင်ရို့၏ အကူအညီဖြင့် မြေအောက်အဖွဲ့ ကို ဖွဲ့စည်းခပါသည်။
  • ဆရာစံကျော်ထွန်းသည် ARF ကို AIO အဖြစ် တိုးချဲ့ဖွဲ့စည်းပြီး လုပ်ဖော်ကိုင်ဖက် ဦးကျော်လှိုင် (AIO တွဲဖက်အထွေထွေအတွင်းရေးမှူး-၁) နှင့်အတူ ထိုင်းနိုင်ငံရှိ (KIO) နိုင်ငံခြားရီးဌာနသို့ လားရောက်ပနာ နိုင်ငံတကာရီးရာ ဆက်ဆံရီး ကို တာဝန်ယူခပါသည်။
  • ယင်းအချိန်တွင် ဆရာကို ဇုန္ဓတ်ကြီး စံကျော်ထွန်း ဟုလည်း ခေါ်ဆိုခကတ်ပါသည်။

စစ်ရီးလှုပ်ရှားမှုနန့် AIA ဖွဲ့စည်းခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  • Arakan Independence Army (AIA) ကို ၁၉၇၀ ခု၊ မေလ ၂၀ ရက်နိန့် မှာ (KIA) ဗိုလ်မှူးကြီး ဇော်ဒန် အပါအဝင် ကချင်ခေါင်းဆောင်ရို့က ကြီးကြပ်ပြီး ဖွဲ့စည်းပီးခပါသည်။
  • ၁၉၇၁ ခုနှစ် တွင် ဇုန္ဓတ်ကြီး ထွန်းရွှေမောင် (AIO-ဥက္ကဌ) ဦးဆောင်သည့် ရဲဘော် (၅၀) ခန့်ပါ စစ်ကြောင်းသည် ရခိုင်ပြည်သို့ ပထမအကြိမ် ဆင်းလာခပြီး ၁၉၇၄ ခုနှစ်တွင် ကချင်သို့ ပြန်လားခပါသည်။
  • ၁၉၇၅ ခုနှစ်၊ ဧပြီလ တွင် ဆရာသည် ဒုတိယစစ်ကြောင်း အဖြစ် ရဲဘော် (၇၀) ခန့်ကို ဦးဆောင်ပြီး ရခိုင်ပြည်သို့ ထပ်၍ ဆင်းလာခပါသည်။

ဆရာစံကျော်ထွန်းသည် ၁၉၇၇ ခုနှစ်၊ ဇူလှိုင်လ ၂၄ ရက်နိန့် တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့အနီး၊ အိန္ဒိယနယ်စပ်မာ ရခိုင်ပြည်နန့် ရခိုင်လူမျိုးအတွက် တိုက်ခိုက်ရင်း ကျဆုံးခပါသည်။

နယ်ချဲ့ရန်သူရို့ ထုတ်ဝေရေသတင်းစာ

ဖိုင်:ဆရာစံကျော်ထွန်းကွယ်လွန်.jpg
Sara san kyaw twan death

ဆရာစံကျော်ထွန်း ရီးသားသော စာအုပ်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ငါရို့ဇာလုပ်ကတ်ဖို့လဲ =

ဖိုင်:Sara san kyaw twan book one.png
ငါရို့ဇာလုပ်ကတ်ဖို့လဲ

ရခိုင်ကဗျာနန့် ရခိုင်အတွေးအခေါ် =

ဖိုင်:Sara san kyaw twan book two.png
ရခိုင်ကဗျာနန့် ရခိုင်အတွေးအခေါ်