Jump to content

စွယ်စုံကျမ်း

ဝီကီးပီးဒီးယား က
၁၉၀၂ ခုနှစ် ထုတ်ဝီသော Brockhaus Konversations-Lexicon

စွယ်စုံကျမ်းဆိုစွာမာ အားလုံးသောဘာသာရပ်တိကို ရှင်းလင်း‌ဖော်ပြထားရေစာအုပ်အစုအဝေး တခုဖြစ်တေ။ အက္ခရာစဉ်လိုက် အကြောင်းအရာတိကို ဖော်ပြထားရေ။ အေဒီ ၁ ရာစုကနိန် ဖလင်းနီးဆိုသူ ရောမမြို့သား ရီးသားခရေ သက်တမ်းအရင့်ဆုံး စွယ်စုံကျမ်းကြီးရေ ဂုထိတိုင် ဟိနီဆဲ ဖြစ်တေ။ ထိုစာအုပ်ကြီးကို သဘာဝသမိုင်း စာအုပ်ကြီးဟု ခေါ်ဝေါ်ကတ်တေ။ အတွဲပေါင်း (၃၇)တွဲ ပါဝင်ဗျယ်ဒေး ဆောင်းပါးပေါင်း နှစ်သောင်းကျော် ပါဝင်ရေ။ အတွဲပေါင်း (၅၀၂၀)ပါဝင်ရေ အကြီးမားဆုံး စွယ်စုံကျမ်းကြီးမာ တတိယအကြိမ် ပြုစုထားရေ တရုတ်စွယ်စုံကျမ်းကြီး ဖြစ်တေ။ အက္ခရာစိုင်အလိုက် ဘာသာရပ်တိကို စီစိုင်ဖော်ပြထားရေ စွယ်စုံကျမ်းကို ၁၇၀၄-ခုနှစ်မာ ပုံနှိပ်ထုတ်ဝီခရေ။ အိန်းဂလိချ် ဓမ္မဆရာတဦး ဖြစ်ရေ ဂျွန်ဟာရစ်က ရီးသားခရေ။ စွယ်စုံကျမ်း နာမည်မာ တလောကလုံးဆိုင်ရေ ဝိဇ္ဇာနန့် သိပ္ပံ အိန်းဂလိချ် အဘိဓာန် ဖြစ်တေ။[]

လောကဓမ္မ၊ သိပ္ပကုံလုံ၊ ကျမ်းစွယ်စုံ ရှီးရခိုင်ပညာဟိရို့က လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတပါဝင်ရေကျမ်းကို စွယ်စုံကျမ်းဆိုပနာ နာမည်မှည့်ခေါ်ခ ကြယင့်နည်းတူ ဂုခေတ်မာ သိပ္ပံပညာ၊ ဝိဇ္ဇာပညာရပ်များ စုပေါင်းပါဝင်ရေ အိန်းဂလိချ်ဘာသာဖြင့် Encyclopedia ဟူရေ ကျမ်းမျိုးကို ရခိုင်ဘာသာနန့် စွယ်စုံကျမ်းဟု အမည်ပီးလီရေ။

ဗဟုသုတ အမျိုးမျိုးရို့ကို ဗဟုသုတယှာမှီးသူရို့ လွယ်လင့်တကူ ရှာဖွီဖတ်ရှုလို့ အကိုးအကား ပြုနှိုင်ကတ်စီခြင်းငှာ စုဆောင်းရီးသား ပြုစုထားရေကျမ်းကို အိန်းဂလိချ်ဘာသာဖြင့် 'Encyclopedia'ဟု ခေါ်လီရေ။ လူရို့စွာ ကိုယ့်နန့် တကွ ကိုယ့်ပတ်ဝန်းကျင်ကို သိလိုရေဆန္ဒဖြင့် သိမှတ်ပြုဖွယ်ရာရို့ကို ရှာဖွီစူးစမ်းပနာ စာတိကို ရီးသားကတ်လီရေ။ ဒေ စွာမာ စာအုပ်အမျိုးမျိုး ပေါ်ပေါက်ပါလတ်တေ။ ယေကေလဲ လူရို့သိလိုရေ ဗဟုသုတအချက်အလက်တို့ကို အလွယ်ချေ ရှာဖွီရန် ခဲယဉ်းလှရေ။ ယင်းအတွက်နန့် ဗဟုသုတအမျိုးမျိုးနန့် ဆိုင်ရေ အချက်အလက်တိကို စုဆောင်းလို့၊ လူရို့ လွယ်လင့်တကူဖတ်ရှု ကိုးကားနှိုင်ကတ်စီရန် စွယ်စုံကျမ်းဟူစွာကို ပြုစုကတ်ရရေ။ စွယ်စုံကျမ်းစွာ လူ တိရစ္ဆာန် အရာဝထုရို့နန့် တကွ ယင်းရို့တည်ဟိရာ နီရာဒေသအကြောင်းရို့ကို ဖော်ပြပီးရေ။ ယင်းအတွက်နန့် စွယ်စုံကျမ်းဧ့ အခြီခံသဘောကား လူရို့က ဇာလေ့၊ ဇာသူလေ့၊ ဇာမှာလဲ၊ ဇာခါလဲ၊ ဇာပိုင်လဲ၊ ဇာကြောင့်လဲဆိုပနာ မီးလိုက်သော မီးခွန်းရို့ကို အဖြီရှာပီးရရေ သဘောပင်ဖြစ်၏။

စွယ်စုံဟု မှည့်ခေါ်ရခြင်းအကြောင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

'အင်စိုင်ကလိုပီးဒီးယား'ဆိုရေ စကားစွာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီးကေ၊ ဝိဇ္ဇာနန့် သိပ္ပံပညာရပ်တိကို သင်ကြားပေးခြင်းဆိုရေ အနက်အဓိပ္ပာယ်ဟိရေ။ ဒေသဘောစွာ ပညာဗဟုသုတအရာမာ နှစ်ဖက်စွယ်စုံ ဟိရေဆိုရေ သဘောပင်ဖြစ်တေ။ မြန်မာ့ဂန္ထဝင်မာ ကျည်းကန်ရွာမာ သီတင်းသုံးသော အသျှင်နန္ဒဓဇ မောင်သျှင်စွာ သက္ကရာဇ် ၁၁၅၈ခု နှစ်မာ ပုစ္ဆာပေါင်းတဒေါင့်တရာပါဝင်ရေ စွယ်စုံကျော်ထင်နာမည်ဟိ ပုစ္ဆာကျမ်းကို ပြုစုခရေ။ ထိုပုဂ္ဂိုလ်မာ ကျည်းကန်ရှင်ကြီးဟု မာဧ့။

ဧပိုင်ရီးသားရာမာ ဆရာတော်ဘုရားစွာ 'လောက ဓမ္မ၊ သိပ္ပကုံလုံ၊ ဉာဏ်စွယ်စုံ ဖြစ်စီခြင်းငှာ'ဆိုပနာ ရည်ရွယ်ချက်ကို ပြဆိုခရေ။ ထိုပြဆိုခရေ ရည်ရွယ်ချက်အတိုင်း စွယ်စုံကျော်ထင်ကျမ်းမာ လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတရို့နန့် ပြည့်ဝဗျာယ်ဟိလီရေ။ ရှီးရိုးရခိုင်ပညာဟိရို့က လောကကြောင်း၊ ဓမ္မကြောင်းရို့မာ စွယ်စုံဗဟုသုတဟိအောင် ရည်ရွယ်ချက်ထားကြဘိပိုင် အနောက်နိုင်ငံမာဟိရေ ဗဟုသုတလိုလားသူ ပညာသျှင်ရို့စွာလေ့ သိပ္ပံနန့် ဝိဇ္ဇာ ပညာရပ်များမာ စွယ်စုံဗဟုသုတဟိရန် ရည်ရွယ်ကတ်လီရေ။

ဂုခေတ်ရခိုင်ပြည်ဟိ ဗဟုသုတယှာမှီးလိုရေ ပုဂ္ဂိုလ်ရို့စွာလည်း အနောက်တိုင်း နိုင်ငံသားရို့နန့် ယင်းနည်းပိုင်သိပ္ပံနန့် ဝိဇ္ဇာ ပညာရပ်တိနန့်ဆိုင်ရေ ဗဟုသုတအချက်အလက်ကို လိ့လာ ယှာမှီးလိုကတ်လီရေ။ ယင်းအတွက်နန့် လောက၊ ဓမ္မ နှစ်ချက်ပြည့်စုံခြင်းကြောင့် စွယ်စုံဟုခေါ်ဝေါ်ခစွာကို အစွဲပြုပနာ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှစ်ချက် ပြည့်စုံခြင်းဧ့ သဘောကိုယူပြီးကေ၊ 'အင်စိုင်ကလိုပီးဒီးယား' ဆိုရေ ကျမ်းမျိုးကို ရခိုင်ဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပီးလီရေ။

စွယ်စုံကျမ်းဂန္ထဝင်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အနောက်နိုင်ငံသားရို့ဧ့ အဆိုမာ၊ လောကမာဟိရေ ဗဟုသုတအရပ်ရပ်ရို့ကို ကျမ်းစဉ်တိနန့် အယင်ဦးဆုံးရီးသားပြုစုသူမာ အရစ္စတိုရေ (ဘီစီ ၃၈၄-၃၂၂) ဖြစ်တေဟု ဆိုရေ။ အရစ္စတိုရေကို အနောက်တိုင်းသားရို့က 'စွယ်စုံကျမ်းရို့၏ဖခင်' ဟုသမုတ်ကတ်တေ။

ယေကေလဲ ပညာစွယ်စုံကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က တရုတ်နိုင်ငံမာ ပြုစုကတ်တေဟု တရုတ်ယိုင်ကျေးမှု သုတေသီ ပုဂ္ဂိုလ်ရို့က ဆိုကတ်စွာ၊ တချို့ကမူ ထိုကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က ပြုစုရေလို့ပင်ဆိုကတ်သိမ့်၏။ ဇာပိုင်ပင်ဖြစ်ဖြစ်၊ တရုတ်ဘာသာအားဖြင့် 'အားယား'ဟုခေါ်သော ယင့်ချင့်စွယ်စုံကျမ်းမာ ရှီးဦးပေါ် စွယ်စုံကျမ်းအဖြစ်ဖြင့် ဒေနိန့်ထိထင်ရှားဗျာယ်ဟိ ရေ။ ယင်းကျမ်းမာ ရှေးပညာဟိများ ပြုစုထားရေ စာပီတိက ကောင်းနိုးရာရာဗဟုသုတအရပ်ရပ်ရို့ကို ထုတ်နုတ်လို့ စုပေါင်းရီးသားပြုစုထားရေ။ ထိုခေတ်အခါလောက် မှာပင် အိန္ဒိယပြည်မာ ဗေဒကျမ်းကြီးများ ပေါ်ထွန်းခဲ့ရေ။ ယင်းကျမ်းရို့မာ သာမ၊ ယဇု၊ ဣသျှူ၊ အာတပ္ပနဟူလီရေ။ ဘီစီ ၁ဝဝဝ ခေတ်မရောက်ခင် ပေါ်ပေါက်ရေလို့ ပညာသျှင်ရို့ လှောက်မှန်းကတ်တေ။ ထိုဗေဒကျမ်းရို့မာ ယဇ်ပူဇော်နည်း အကြောင်းတိရာမက၊ ရှေးဂီတတိနန့် ထိုခေတ်က ထွန်းကားကေလည်းဟိရေ အယူအဆတိလေ့ ပါဝင်ရေ။ ဗေဒကျမ်းရို့စွာ လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတစွယ်စုံကျမ်းတိဖြစ်၏။ အယင်ကဆိုခရေ အယ်ရစ္စတိုရေဧ့ စွယ်စုံကျမ်းမာမူ အာကာသကြောင်း၊ မိုးလီဝသအကြောင်း၊ တိရစ္ဆာန်များအကြောင်းစရေ သုတေသနပြုထားရေ အချက် အလက်တို့ ပါဝင်ကတ်တေ။

စွယ်စုံကျမ်းစီစိုင်ပုံများ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ခရစ် ၁၄ဝဝ ပြည့်နှစ်မှအစပြုပနာ စွယ်စုံကျမ်းမာ ဗဟုသုတအချက်အလက်တို့ကို အစီအစိုင်ဖြင့် စနစ် တကျရီးသားရေ နည်းနိဿယရို့စွာ တိုးတက်ကောင်းမွန်ပါလတ်တေ။ ပမာအားဖြင့်၊ ၁၄၈၁ ခုနှစ်မာ ကက္ကစတန်ထုတ်ဝီသော စွယ်စုံကျမ်းမာ အကိုးအကားအတွက် အသုံးကျသောကျမ်းဖြစ်တေ။ စွယ်စုံကျမ်းမာ ရုပ်ပုံများထည့်သွင်းလာရေမာ ဒေကျမ်းစွာ ပထမဖြစ်ရေလို့ ဆိုရဖို့။ ယကေလေ့ ၁၅၄၁ ခုနှစ်မာ ဆွစ်ဇာလန်နိုင်ငံ ဗားလမြို့မှ ရင်းဂဲလဗတ်ပြုစုသော စွယ်စုံကျမ်း ပေါ်ထွက်လှာမှပင် 'အင်စိုင်ကလိုပီးဒီးယား' ဆိုရေ အသုံးအနှုန်းကို ပထမတွိရရေ။ ၁၅ဝ၆ ခုနှစ်မာ အီတလီမာ ထုတ်ဝီသော ရက်ဖာအယ်လီ မတ်ဖဲဧ့ စွယ်စုံကျမ်းမာ လူပုဂ္ဂိုလ်ရို့၏ အတ္ထုပ္ပတ္တိနန့် အညွန်းစနစ်ရို့ကို အယင်ဦးဆုံး တွိရရေ။ ၁၆၂ဝ ပြည့်နှစ်မာ ဖရန်းစစ်ဘေကင်ပြုစုသော စွယ်စုံကျမ်းမာ ဗဟုသုတ အဝဝရို့ကို အမျိုးအစားအလိုက် အခန်း ကဏ္ဍခွဲပြီးကေပြဆိုရာမာ ပထမဟုဆိုကတ်ရေ။ ၁၇ဝ၄ ခုနှစ်မာ ဂျွန်ဟဲရစ်ဆိုသူပြုစုသော ဝိဇ္ဇာနန့် သိပ္ပံစွယ်စုံကျမ်းမာကား၊ အညွှန်းစနစ်ကို အက္ခရာဝလိနည်းနန့် ညွှန်းရေအပြင်၊ ကျမ်းကိုးစာရင်းကိုလေ့ ပြဆိုလို့၊ တတ်ကျွမ်းသူ ပညာသျှင်ရို့ ကိုယ်တိုင်ရီးသားပီးရေ စာကိုယ်များပါဝင်လီရေ။

၁၇ဝ၄ ခုနှစ်မာပင် ဂျာမနီနိုင်ငံမာ ပေါ်ပေါက်သော စွယ်စုံကျမ်းမာကား၊ အကြောင်းရပ်ရို့ကို ရီးသားသော ပညာသျှင်အများရို့၏ ဆောင်းပါးခြည်းသက်သက်နန့် ရီးသားပြုစုသောကျမ်း ဖြစ်ပနာ၊ ယင်းပိုင် ဆောင်းပါးအတိကို စွယ်စုံကျမ်းအဖြစ် ထုတ်ဝီကပင်ာ ပထမပင်ဖြစ်လီရေ။ ၁၇၂၈ ခုနှစ်မာ အိဖရိမ် ချိမ်းဗားက ထုတ်ဝီသော 'စိုင်ကလိုပီးဒီးယား'ခေါ် စွယ်စုံကျမ်းကား၊ အပြန်အလှန်ညွှန်းသောစနစ်ကို အယင်ဦးဆုံး အသုံးပြုရေကျမ်း ဖြစ်လီရေ။

ဘာသာစကားအလိုက် စွယ်စုံကျမ်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

လက်တင်ဘာသာစွယ်စုံကျမ်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ယပြီးနောက်မာကား၊ ဘီစီ ၃ဝ ခန့်မာ မားကပ် ရေရင် ရှီယပ်ဗယ်ရို(ဘီစီ ၁၁၆-၂၇)စွာ ဝိဇ္ဇာနန့် သိပ္ပံပညာရပ်များ ပါဝင်ရေ စွယ်စုံကျမ်းကို အတွဲ ၉ တွဲဖြင့် ရီးသားစီရင်ခရေ။ အေဒီ၇ဝခုနှစ်ခန့်မာ ပလင်နီစွာ 'သဘာဝသမိုင်း' နာမည်ဟိသော ကျမ်းကို အတွဲပေါင်း ၃၇ တွဲ၊ အခန်းပေါင်း ၁၄၉၃ ခန်းရို့နန့် ရီးသားခရေ။ ၅ ရာစုအတွင်းမှာ မာတီယာနပ် ကရာလားစွာ စာသင်သားရို့ နှုတ်ငုံဆောင်ရန် လွယ်ကူသော ဗဟုသုတကျမ်းကို ကဗျာဖွဲ့ပြီးကေ စီရင်ခရေ။ ထိုကျမ်းမာ သဒ္ဒါနည်းမှစပြီးကေ၊ ဂီတ အနုပညာထိ အမျိုးမျိုးသော ပညာရပ်ရို့ ပါဝင်ရေ။ ခရစ် ၆ဝဝ မှ ၆၃ဝ ပြည့်နှစ် အကြားမာ အိဇီဒို နာမည်ဟိသော ခရစ်ယန်ဘုန်းတော်ကြီးရေ ဗဟုသုတကျမ်းကိုပြုစုရာ၊ ထိုကျမ်းကို ၉ ရာစုနှစ် ကျမ်းပြု ပုဂ္ဂိုလ်ရို့က မှီးယူကတ်ရရေ။ ယပြီးနောက်မာလည်း ခရစ်ယန်ဘုန်းတော်ကြီးနန့် လူပုဂ္ဂိုလ်တိစွာ စွယ်စုံကျမ်း သဘောသက်ရောက်ရေ ကျမ်းအမျိုးမျိုးရို့ကို ပြုစုခကတ်တေ။ ယကေလေ့ ထိုကျမ်းတိမာ များရေအားဖြင့် လက်တင်ဘာသာနန့်ရာဟိရေ။

တခါတရီ ဂရိဘာသာဖြင့် ရီးသားသော ကျမ်းတိပေါ်ပေါက်ခရေ။ ယကေလေ့ အကြောင်းရပ်ဟူသမျှရို့ကို စနစ်တကျ အခန်းပိုင်းခြားလို့ ရီးသားထားရေမဟုတ်ပါ။ ခရစ် ၁၂၆ဝ ပြည့်နှစ်သို့ ရောက်ရေအခါမှ၊ ဗင်းဆင့်ဆိုသူရေ 'ကြီးမုံပြင်ကြီး'ဆိုရေ ကျမ်းကို စနစ်တကျအခန်းခွဲပြီးကေ၊ လက်တင်ဘာသာဖြင့် ရီးသားခရေ။ ဥရောပအလယ်ခေတ်မာ ထွက်ပေါ်လှာသော စွယ်စုံကျမ်းရို့မာ လက်တင်ဘာသာဖြင့်သာများလီရေ။

တရုတ်စွယ်စုံကျမ်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၄ ရာစုနှစ်အတွင်းမှာ တရုတ်ပြည်မာလည်း မာတွာလင် ဆိုသူ တရုတ်ပညာဟိစွာ စွယ်စုံကျမ်းတစောင်ကို ပြုစုရေ။ ၁၅ ရာစုနှစ်မာမူ၊ ယွန်လိုဧကရာဇ်ဘုရင်ဧ့ အမိန့်တော်ဖြင့် တရုတ်ပညာဟိတိစွာ စွယ်စုံကျမ်းကို ပြုစုရေ။ ယွန်လိုဧ့ ရည်ရွယ်ချက်မာ ကွန်ဖူးဇီးဧ့ အဆုံးအမများ၊ ရာဇဝင်များ၊ ယထာဘူတပညာရပ်များ၊ ဝိဇ္ဇာနန့် သိပ္ပံပညာရပ်များ အစဟိစွာ ရို့ကို တပေါင်းတည်းပြုစုစီရန်ဖြစ်၏။

ယကေလေ့ ထိုကျမ်းမာစာအုပ်ပေါင်း ၂၂၉၄၇ အုပ်ဟိရေဖြစ်ပနာ၊ ယင်းအနက်သုံးအုပ်မျှကိုသာ ပုံနှိပ်နှိုင်ခရာ၊ မင်မင်းဆက် ကုန်ဆုံးရေအခါ၊ နှစ်အုပ်မာ ပျောက်ပျက်လားယားလျှင် ဗောက်ဆာသူပုန် ထသောခေတ်မာ ကျန်တရွီလည်း ပျောက်ပျက်လားလီရေ။ ၁၈ ရာစုနှစ်ဦးမာကား၊ တရုတ်ဧကရာဇ် ဘုရင် ကန်ရှီးဧ့ အမိန့်အရ အတွဲပေါင်း ၅ဝ၂ဝ ဟိရေ စွယ်စုံကျမ်းကိုပြုစုလို့၊ ကန်ရှီးဘုရင်အား ဆက်ခံသူ ယွန်ချင်း (ခရစ် ၁၇၂၃-၃၅ ခုနှစ်)လက်ထက်မာ ထုတ်ဝီရေ။ ထိုစွယ်စုံကျမ်း အတွဲပေါင်း ၇ဝဝ ရို့ကို ဗြိတိသျှပြတိုက်မာ ဒေနိန့်ထိပြထားလီရေ။

ပြင်သစ်စွယ်စုံကျမ်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အယင်ကဖော်ပြခသော ချမ်းဗားဧ့ 'စိုင်ကလိုပီးဒီးယား' စွယ်စုံကျမ်းကို ပြင်သစ်ရို့က ပြင်သစ်ဘာသာသို့ ပြန်ဆိုကတ်ရေ။ ထိုစွယ်စုံကျမ်း ဥပမာကိုယူပနာ ဒီးဒရိုးစွာ ၁၇၅၁-၁၇၇၂ ခုနှစ်အထဲ အတွဲပေါင်း ၂၈ တွဲဟိရေ ပြင်သစ်စွယ်စုံကျမ်းကြီး ပေါ်ပေါက်လာရေ။ ၁၉၂၈ ခုနှစ်မာမူ လာရုဆ ဆိုသူပြုစုသော ၂ဝ ရာစု စွယ်စုံကျမ်းဆိုပနာ ပြင်သစ်ဘာသာဖြင့် ပေါ်ထွက်လှာရေ။

ဂျာမန်စွယ်စုံကျမ်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဂျာမနီနိုင်ငံမာ ၁၇၃၂ ခုနှစ်မှ ၁၇၅ဝ ပြည့်နှစ်အထိ အတွဲပေါင်း ၆၄ တွဲဟိရေ 'ယူနီဗာဆယ် လက္ကဇီကွန်'ခေါ် စွယ်စုံကျမ်းကို ဇက်ပွဲစားဆိုသူပြုစုရေ။ ယင်းကျမ်းမာ ထိုခေတ်က အသက်ထင်ရှား ဟိသူတိဧ့ အတ္ထုပ္ပတ္တိများ ပါဝင်ရေ။ ယင်းအပြင် ၁၇၉၆ ခုနှစ်မာပင်ဖြစ်ဖြစ်၊ ၁၈၈၁ ခုနှစ်မာပင်ဖြစ်ဖြစ်၊ ပညာသျှင်အသီးသီးရို့က ဂျာမန်စွယ်စုံကျမ်းကို ပြုစုကတ်တေ။

အိန်းဂလိချ်စွယ်စုံကျမ်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အယင်ကပြဆိုခပြီးကေသော အိန်းဂလိချ်စွယ်စုံကျမ်းတိအပြင်၊ ဂုခေတ်မာ အကိုးအကားပြုဖို့ ကျမ်းတိအနက် အလွန်ထင်ရှားသော အိန်းဂလိချ်စွယ်စုံကျမ်းမာ 'အင်စိုင်ကလိုပီးဒီးယား ဗြိတိနိကား' ဖြစ်လီရေ။ ယင်းကျမ်းကို ၁၇၆၈ ခုနှစ်ကပင် ၁၇၇၁ ခုနှစ်အထဲ အတွဲ ၃ တွဲဖြင့် အယင်ဦးဆုံး စံဂိုး့တလန်နိုင်ငံ အက်ဒင်ဗာရာမြို့မာ ရီးသားပြုစု ပုံနှိပ်ထုတ်ဝီခရေ။ ယပြီးနောက် ၁၇၇၈ ခုနှစ်ကပင် ၁၇၈၃ ခုနှစ် အထဲ၊ ဒုတိယတီးဖြတ်သော ပုံနှိပ်ထုတ်ဝီရေ။

အမေရိကန်စွယ်စုံကျမ်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အမေရိကန်ပြည်ထောင်စုမာကား၊ ၁၈၂၉ ခုနှစ်မှ ၁၈၃၃ ခုနှစ်အထဲ အမေရိကန်စွယ်စုံကျမ်းကို 'အင်စိုင်ကလိုပီးဒီးယား အမင်ရိကားနား'ဆိုရေနာမည်ဖြင့် ပြုစုထုတ်ဝီခလီရေ။

ဆိုဗီယက်ရုရှစွယ်စုံကျမ်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဆိုဗီယက်ရုရှနိုင်ငံမာ ၁၉၂၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ၂၂ နှစ်လုံးလုံးပြုစုခသော 'ဗိုလရှာယာ ဆိုဗီယက်စကာယာ အင်စိုင်ကလိုပီးဒီးယား'မာ ဒေနိန့်ထိများစွာထင်ရှားလီရေ။ ဂုချိန်ခါ နိုင်ငံအသီးသီးမာ စွယ်စုံကျမ်းတိကို နာမည်အမျိုးမျိုးဖြင့် ထုတ်ဝီဗျာယ် ဟိကတ်တေ။ အထူးအနိန်နန့် ကောင်မချေျားအတွက် ရည်ရွယ်လို့၊ ရုပ်ပုံပေါင်းများစွာပါဝင်ရေ စွယ်စုံကျမ်းရို့မာ များစွာ ခေတ်စားဗျာယ်ဟိရေ။

လက်တင်မှ တိုင်းရင်းဘာသာတိသို့

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဥရောပနိုင်ငံမာ မူလက စွယ်စုံကျမ်းကို ပြုစုကတ်ရာမာ လက်တင်ဘာသာဖြင့်သာ ပြုစုကတ်တေ။ ယကေလေ့ ၁၄ ရာစုနှစ်မှ လွန်လာရေခေတ်သို့ ရောက်သော်၊ စွယ်စုံကျမ်းတိကို ဥရောပနိုင်ငံ အသီးသီးရို့က ကိုယ်ရို့ဧ့ တိုင်းရင်းဘာသာစကားဖြင့် ပြုစုလာကတ်၏။ သာဓကအားဖြင့်ပြလျှင်၊ အင်္ဂလန်နိုင်ငံမာ ဗာသော လိုမျူဒီ ဂလန်ဗီးစွာ ၁၃၆ဝ ပြည့်နှစ်မာ စွယ်စုံကျမ်းတခုကို လက်တင်ဘာသာဖြင့် ပြုစုခရေ။ ယင်းကျမ်းကို ၁၃၉၈ ခုနှစ်မာ ဂျွန်ထရေဗီဇာဆိုသူက အိန်းဂလိချ်ဘာသာ ပြန်ဆိုလီရေ။

မြန်မာ့စွယ်စုံကျမ်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

စာလုံးအစောင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာ့စွယ်စုံကျမ်း

မြန်မာ့စွယ်စုံကျမ်းကို စာပီဗိမာန်မှ ထုတ်ဝီရေ။ မြန်မာနိုင်ငံဘာသာပြန်စာပီအသင်းက ပြုစုရေ။ မြန်မာ့စွယ်စုံကျမ်းမာ အကြောင်းရပ်ပေါင်း ၄ဝဝဝ ခန့် ပါဟိရေ။ စွယ်စုံကျမ်းတတွဲလျှင် စာမျက်နှာ ၅ဝဝ ကျဖြင့် စီစိုင်ထားရာ၊ အတွဲပေါင်း ၁၅ တွဲဟိရေ။ အရာနိုင်ငံတိ၏ စွယ်စုံကျမ်းတိနန့် ရင်ဘောင်တန်းနိုင်ဖို့ ဘာသာရပ်ပေါင်းစုံ ပါဝင်ထားရေ။ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်တိအပြင် မြန်မာနိုင်ငံ အကြောင်းအရာများစွာ ပါဝင်ရေ။ ပညာရပ်အလိုက် ပညာသျှင်တိနန့် အစိုးရဌာနတိက တင်ပြခကတ်တေ။ သက်ဆိုင်ရေ ပညာသျှင်တိကိုယ်တိုင် ရှာဖွီစုဆောင်း ရီးသားထားရေ။

ဂုခေတ်မာ အချေလူငယ် လူရွယ်ရို့၏ ပညာရီး အရေးကြီးပုံကို လူရို့စွာ ပိုပြီးကေလေးစားလာကတ်ရာ ဖြစ်တေ။ ယင်းအတွက်နန့် ယင်းအချေလူငယ်ရို့အဖို့လည်း စွယ်စုံကျမ်းစွာ အရေးကြီးရေလို့ သဖောပေါက်ကတ်ရားဖြစ်တေ။ အင်္ဂလန်နိုင်ငံမာ ၁၉ဝ၈ ခုနှစ်ကအစပြုပနာ 'အချေစွယ်စုံကျမ်း'ဆိုပနာ ပေါ်ပေါက်ခဲ့ ရေ။ ၁၉၁ဝ ပြည့်နှစ်မာ အမေရိကန်နိုင်ငံမှနိန်ပနာ 'ဗဟုသုတကျမ်း' ဆိုရေနာမည်ဖြင့် စွယ်စုံကျမ်း ပေါ်ပေါက်လာပြန်ရေ။ ကျောင်းသားသုံးအတွက် စွယ်စုံကျမ်းကိုမူ၊ ၁၈၉၃ ခုနှစ်မာ 'ကျောင်းသား စွယ်စုံကျမ်း' ဆိုရေနာမည် ဖြင့် အင်္ဂလန်မာထုတ်ဝီခရေ၊ ၁၉၂၂ ခုနှစ်မာ ယင်းကိုပင် 'ကွမ်ပတန်ဧ့ ရုပ်စုံ စွယ်စုံကျမ်း'ဆိုရေနာမည်သစ်ဖြင့် ပြန်ပနာတီးဖြတ် ထုတ်ဝီခဲ့ပြန်ရေ။ ဂုခေတ်မာ အချေ ရို့အဖို့ စွယ်စုံကျမ်းရို့မာ ရုပ်ပုံ ဓာတ်ပုံအစဟိစွာရို့ မပါဘဲနန့်မဟိချေ။ ဗြိတိသျှစွယ်စုံကျမ်းကို ထုတ်ဝီသူရို့စွာ ပင်လျှင် ၁၉၃၄ ခုနှစ်မှအစပြုပနာ၊ ရုပ်ပုံဓာတ်ပုံရို့ပါဝင်သော ကောင်မချေတိအတွက် 'ဗြိတိသျှ ဂျူနီယာ'ခေါ် စွယ်စုံကျမ်းကို ထုတ်ဝီလေ့ ဟိခရေ။

အွန်လိုင်းစွယ်စုံကျမ်းတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

စွယ်စုံကျမ်းထုတ်လုပ်ရိုက်နှိပ်ရေ ကုမ္ပဏီကြီးတိစွာ အိန်တာနက်ခေတ်မာ အခမဲ့ဖြစ်စီ၊ အခကြီးနန့်ဖြစ်စီ Online Encyclopedia အွန်လိုင်းစွယ်စုံကျမ်းတိ ကို ပြုလုပ်ကတ်တေ။ ၂၀၂၀ အစောပိုင်းကာလအထိ အကြီးဆုံး အွန်လိုင်း စွယ်စုံကျမ်းတိမာ တရုတ်ဘာသာစကားဧ့ Baidu Baike (ဆောင်းပါး သန်း ၁၀-၂၀ ကြား) နန့် Hudong Baike ( သန်း ၁၀-၂၀ ကြား) ရို့ဖြစ်ကတ်ပြီး ယင်းနောက်မာ ဝီကီးပီးဒီးယားဧ့ အိန်းဂလိချ်ဘာသာစကား (+၆ သန်း)၊ ဂျာမန်ဘာသာစကား (+၂ သန်း)၊ ပြင်သစ်ဘာသာစကား (+၂ သန်း) ရို့ဟိကတ်တေ။[] အရာဘာသာစကားတိဖြင့် ဝီကီးပီးဒီးယား (၁၅) ခုမာ ဆောင်းပါး အရည်အသွီးအမျိုးမျိုး၊ အတိုအရှည်အမျိုးမျိုးဖြင့် (၁) သန်းကျော်တည်ဟိရေ။[] စွယ်စုံကျမ်းဧ့ အရွယ်အစားကို ဆောင်းပါး အရွီအတွက်ဖြင့် တိုင်းတာခြင်းစွာ မရီရာရေ နည်းလမ်းတခုဖြစ်တေ။ ဥပမာအနိန်နန့် အထက်ဖော်ပြပါ တရုတ် စွယ်စုံကျမ်းတိမာ အကြောင်းအရာတခုတည်းမာ များစွာသော ဆောင်းပါးတိဟိကတ်၏။ တဖက်မာ ဝီကီးပီးဒီးယားတိက အကြောင်းအရာတခုမာ ဆောင်းပါးတခုကိုရာ လက်ခံကေလေ့ စာသားမဟိသလောက်နည်းပါးရေ ဆောင်းပါးတိကို ဖန်တီးခွင့်ပြုထားရေ။

  1. ၂၀၀၄-ခု၊ အောက်တိုဘာလထုတ် (စာပီလောက) ခင်မောင်ဇော်ဧ့ တီထွင်မှုတိ စာအုပ်မှ
  2. 1 2 "Wikipedia". www.wikipedia.org. Retrieved September 10, 2020.