Jump to content

ဆင်ခြံကျွန်း

ဝီကီးပီးဒီးယား က

ဆင်ခြံကျွန်းစွာ ကုလားပုန်းကျွန်းဧ အရှိဖက်တွင်ဟိရေ။ မြောက်ဘက်မာ ပြောင်းပြာကျွန်း၊ အရှိဖက်တွင် သူငယ်တော်ကျွန်း၊ တောင်ဘက်မာ ပြားကျွန်း၊ ဝင်းကျွန်းရို့ ရှိကတ်ရေ။ ဆင်ခြံ၊ တင်းထိန်ရံ၊ ကုလားချောင်း၊ ဘုရားတိ၊ မင်းညာ၊ လက်ဝဲတက်၊ ခွီးတောက်ချောင်း၊ ကြာကံ၊ ချောင်းသာတိ ပါဝင်ကတ်ရေ ဟုဆိုနှိုင်ပါရေ။ တင်းထိန်ရံမှာ အမတ်တဦးအတွက် စားကျေးဟုယူဆရရေ။ တင်းထိန်ရံအမတ်စွာ ဘုရင်အတွက် မင်းခမ်းမင်းနားပြင်ဆင်ပီးရသူ ဖြစ်ရေ။ ဒေအမတ်စွာ ဆင်ခြံကျွန်းတခုလုံးကိုလေ့ ကျေးစားရဟိခဟန်တူရေ။

ဆင်ခြံအရပ်ရေ မြောက်ဦးမြို့တော်သို့ ဝင်ရာလမ်းနှစ်ကြောင်းဧ အဆုံတွင်ဟိရေ။ လက်ဝဲကြောင်းစွာ ပြောင်းပြာမြစ်ကနိန်တဆင့် လက်ယာကျွန်းမှနိန်ပနာ ပေါက်ရောက်ရေ။ လက်ယာကြောင်းမှာ ပါးဒါမှတဆင့် ပရိန်ပြင်သို့ ချီတက်‌ရေလက်ကြားပင် ဖြစ်ရေ။ ၁၈၂၅-ခုနှစ်မာ အင်္ဂလိပ်ရို့ စွာ မြောက်ဦးသို့ ချီတက်လှာရာ ဒေဆင်ခြံအရပ်တွင် ရပ်နားပြီးမ ရှီးဦးစွာ လက်ဝဲကြောင်းရှိ ချောင်းဖလာမြန်မာတပ်ကို ချေမှုန်းခရေ။ ယေပြီးမ လက်ယာကြောင်းအတိုင်း ချီတက်လှားကြောင်းတွိ့ဟိရရေ (စန္ဒ။၂း၃၆၄)။[]

  1. ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။