ဆတ္တရာသီ
ဒေဆောင်းပါးကို ဝီကီစံနန့် ကိုက်ညီစီဖို့ ပြင်ဆင်တည်းဖြတ်ဖို့ လိုအပ်နီရေ။ တကယ်လို့ သင်ပြင်ဆင်နိုင်ပါကေ ဒေဆောင်းပါးအား တိုးတက်စီဖို့ရန် ကျေးဇူးပြုပနာ ပြင်ဆင်ပီးပါ။ ဆွီးနွီးချက် စာမျက်နှာမာ အကြံပီးမှုတိ ပါဝင်လာလိ့မေ။(၁၈ သြဂတ် ၂၀၂၀) |
| ကယ်လာ့ရှ် ဆတ္တရာသီ (कैलाश सत्यार्थी) | |
|---|---|
ကယ်လာ့ရှ် ဆတ္တရာသီ (၂၀၁၃) | |
| မွီးသက္ကရာဇ် | ၁၁ ဂျန်နဝါရီ ၁၉၅၄ ဗီဒီရှား၊ မဒရာ ပရာဒက်ရှ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ |
| နိုင်ငံလူမျိုး | တမ်းပလိတ်:Country data အိန္ဒိယနိုင်ငံ |
| ပညာရီး | လျှပ်စစ်အိန်ဂျန်နီယာ |
| အမိကျောင်း | Samrat Ashok Technological Institute၊ ဗီဒီရှား |
| အလုပ်အကိုင် | Activist |
| ကျော်ကြားမှုအရင်းခံ | အချေအခွင့်အရီးနန့် ပညာသင်ကြားရီး လှုပ်ရှားဆောင်ရွက်သူ |
| ရဟိခရေဘွဲ့တံဆိပ်တိ | The Aachener International Peace Prize(ဂျာမနီ၊ ၁၉၉၄) Robert F. Kennedy Human Rights Award (၁၉၉၅) Alfonso Comin International Award (၂၀၀၈) Medal of the Italian Senate (၂၀၀၇) Defenders of Democracy Award (၂၀၀၉) ငြိမ်းချမ်းရီး နိုဘယ်ဆု (၂၀၁၄)[၁] |
| ဝက်ဘ်ဆိုဒ် | kailashsatyarthi.net |
ရဲအရာဟိ အမီတက် သာကာသည် နှစ်ပေါင်းကြာခရာဖြစ်ကေလေ့ ကယ်လာ့ရှ် ဆတ္တရာသီကို ပထမဆုံးတွိခရရေ အဖြစ်အပျက်ကို မမိနှိုင်ယောင်ဖြစ်နီရေ။ ဆတ္တရာသီ ဆိုသူမာ လွန်ခရေ သြဂတ်လ ၁၀ ရက်နိက ငြိမ်းချမ်းရီး နိုဘယ်ဆုရဟိသူအဖြစ် ကြေညာထားခြင်းကို ခံထားရသူဖြစ်တေ။
ထိုအချိန်က ဆတ္တရာသီစွာ မြီပြင်ထက်မာ လဲနိန်ရေ။ သူ့ဂေါင်းမာ သွီးတွေ အလွန်အကျွံထွက်နိန်ရေ။ သူ့ကို လူတစုက သစ်သားဘတ်တံများ၊ သံချောင်းတိနန့် ရိုက်နှက်သွားခြင်းဖြစ်တေ။ ဟိုလူစုသည် ဂရိတ်ရိုမင်ဆပ်ကပ်အဖွဲ့မာ အလုပ်လုပ်နီကတ်သူတိဖြစ်တေ။ ဆပ်ကပ်အဖွဲ့နာမည်ခံထားပြီးသား နီပေါနိုင်ငံမှ ကလိန့်မေသျှေတိကို အကမေတိအဖြစ် ရောင်းစားရေ လူကုန်ကူးအဖွဲ့တခုလေ့ဖြစ်တေ။ ဆတ္တရာသီစွာ အဖြူရောင် ခြည်သားဝတ်စုံကို ဝတ်ထားပြီးသား ဖမ်းထားရေ ကလိန့်မေသျှေတိကို လာပြီးလွှတ်ပီးရေအတွက်နန့် ယင်းပိုင် ပြင်းထန်စွာ ရိုက်နှက်ထားခြင်းကို ခံခရခြင်းဖြစ်တေ။
ရဲအရာဟိ သာကာစွာ အခင်းဖြစ်ပွားရာနီရာသို့ ရောက်ဟိလှာချိန်မာ ဆတ္တရာသီမာ အပြင်းအထန်ရိုက်နှက်ထားခြင်း ခံရရေကြောင့် လူမှန်းသူမှန်း မသိတော့။ “ကျွန်တော်မှတ်မိစီကေကတော့ ယင့်ကို ရောက်လားချိန်မာ သူအနည်းသျှေ အခြီအနီဆိုးနိန်ယာ။ ကျွန်တော်သူ့ကို ကြေ့ပနာ တော့ အနည်းသျှေစိတ်ပျက်လားမိရေ။ သူဇာဖြစ်လို့ ဒေလောက် အသက်အန္တရာယ်များရေ အလုပ်ကို လိုက်လုပ်နီရလဲ လို့လိ့ တွေးမိရေ” ဟု သာကာကဆိုရေ။
ဆတ္တရာသီသည် သူနန့်အတူ နိုဘယ်ဆု တွဲဘက်ရရေ မာလာလာ,လောက် နိုင်ငံတကာက လူသိမများသူ တယောက် ဖြစ်တေ။ ယကေလေ့ အိန္ဒိယနိုင်ငံအထဲ အချေလုပ်သား ကျေးကျွန်တိဘဝကို သူလိုက်လံ ကယ်တင်ပီးနိန်ရေကတော့ နှစ်ပေါင်း သုံးဆယ်လှောက်ဟိနီယာဖြစ်တေ။ သူစွာ သူ့ဆန္ဒအတိုင်း ကင်မရာတလုံးနန့် အမှောင်ခန်းအထဲ အသက်ရှူစရာ လေနည်းရေကြားမာ အလုပ်လုပ်နီကတ်ရရှာရေ ကောင်မချေတိ၊ မိုင်းတွင်းတိထဲမာ ထိန်းသိမ်းထားရေ ကောင်မချေတိကို လိုက်လံဖော်ထုတ်ပနာ ကျေးကျွန်ဘဝ၊ အဓမ္မခိုင်းစီခြင်း ခံနိန်ရရေ ဘဝတိက လွတ်မြောက်စီရန် ဆောင်ရွက်ပီးနီသူ လေ့ဖြစ်တေ။
ဆပ်ကပ်မာ သူအရိုက်ခံလိုက်ယင့်အတွက်ကြောင့်လေ့ အိန္ဒိယနိုင်ငံမာ အနှောင်အဖွဲ့အထဲ အဓမ္မခိုင်းစီနီရေ အလုပ်သျှင်နန့် အလုပ်သမားများဟိနီကြောင်းကို လူအများ သိဟိလားခရရေ။ ယင်းပိုင် အဓမ္မခိုင်းစီခြင်း ခံနိန်ရသူတိထဲမာ ဇာတ်အမျိုးအနွယ်ပေါင်းစုံ၊ ဘာသာကိုးကွယ်မှုအမျိုးမျိုး၊ နိုင်ငံရီးနန့် စီးပွားရီးအဆင့် အမျိုးမျိုးပါဝင်ကတ်တေ။
အိန္ဒိယနိုင်ငံမာ အသက် ၆ နှစ်မှ ၁၄ နှစ်အထဲ အလုပ် လုပ်နီကတ်ရေ အချေသူငယ်ပေါင်း ၂၈ သန်းလှောက်ဟိကြောင်း ကုလသမဂ္ဂကောင်မချေတိအဖွဲ့ ယူနီဆက်ဖ်ဧ့ ထုတ်ပြန်ကြေညာချက်အရ သိဟိရရေ။ ဆတ္တရာသီ အိန္ဒိယနိုင်ငံအထဲ လှုပ်ရှားလုပ်ကိုင်နီရေ အဖွဲ့နာမည်ကို BBA (Bachpan Bachao Andolan) ဟုခေါ်ကတ်တေ။ “အချေသူငယ်တိကယ်တင်ရီးအဖွဲ့” လို့လေ့ လူသိများရေ။ အဂုအချိန်အထိ သူနန့် သူ့ အဖွဲ့လွှတ်ပီးခရေ အချေပေါင်း ၇၀၀၀၀ ကျော်လောက်ဟိလားရာဖြစ်တေ။
သူ့ကို အစကဇာချင့်တိလုပ်ကိုင်ခဲ့သနည်းဟု မီးကြည့်ရေအခါမှ ဆတ္တရာသီက သူ့အချေဘဝအကြောင်းကို ပြန်ပြောင်း ပြောပြရေ။
သူပထမဆုံးကျောင်းလာတက်ရေနိက သူနန့်သက်တူရွယ်တူလှောက်ဟိဖို့ ကလေချေတယောက်သည် သူ့ကို ကျောင်းဂိတ် ပေါက်ဝမှစောင့်ကြည့်နီကြောင်း တွိလိုက်ရရေ။ ထိုကလေချေသည် ဂျောင်ဂျီတဦးဧ့ သားဖြစ်တေ။ သူက ဇာကြောင့်သူ့ပိုင် ကျောင်းမတက်ရေကို သိလိုရေကြောင့် ဂျောင်ဂျီထံ အရဲစွန့်ကာလားလိုက်ပြီး ဇာကြောင့် သားဖြစ်သူကို ကျောင်းမတက်ခိုင်းရသနည်းဟု သွားမီးလိုက်ရေ။ ဖိနပ်ချုပ် သမားက “ဆရာ… ကျွန်တော်ရို့က အလုပ် လုပ်ဖို့ မွီးလာရေလူတိပါ” ဟုဖြေလိုက်ရေ။
“ကျွန်တော် တဝစိတ်မကောင်းဖြစ်လားရရေ။ ဇာဖြစ်လို့ ကျွန်တော်ရို့ဖို့လဲ စိတ်ကူးယိုင် အိပ်မက်တိဟိပြီး သူရို့မာ မဟိရစွာလဲလို့လိ့ မီးခွန်းထုတ်မိရေ။ ယင်းမီးခွန်းက ကျွန်တော့် နှလုံးသားထဲကို စွဲနစ်လားရေ။ ဒေချင့်ကြောင့်လေ့ ကျွန်တော် ဆင်းရဲသားတိအတွက် အလုပ်စလုပ်ဖြစ်စွာ။ ကျွန်တော်ရို့တိုင်းပြည်မာ သူရို့စွာ ဇာနီရာမာလေ့ အရာအသွင်း မခံရစွာကြိုက်ရေသူတိ” ဆတ္တရာသီသည် အိန္ဒိယလူမျိုးတိထဲမာ သျှစ်ယောက်မြောက် နိုဘယ်ဆုရဟိထားသူဖြစ်တေ။ ငြိမ်းချမ်းရီးနိုဘယ်ဆု အနေနန့်ကား မာသာ ထရီဆာရားလျှင် ဒုတိယမြောက် ရဟိသူဖြစ်တေ။
အိန္ဒိယနိုင်ငံသည် စီးပွားရီးဖွံ့ဖြိုးတိုးတက်နီရေ နိုင်ငံတနိုင်ဟုဆိုရဖို့။ လူလတ်တန်းစားများ စီးပွားတက် လာရေ ကြောင့် အလုပ်အကိုင်အခွင့်အလမ်းတိလေ့ တိုးတက်များပြားလာရေ။ ပြည်မားမာ အလုပ် လုပ်ကိုင်ဖို့အတွက် ကျိုးနွံသောလုပ်သား၊ အမိန့်ပီးလျှင် တသွေမတိမ်းလုပ်ဆောင်နှိုင်ရေ လုပ်သားမကန်မဝှန် လိုအပ်ဗျာယ်ဟိရေ။ ထိုလုပ်သားတိအတွက် အချေသူငယ်တိရာ အဆင်အပြေဆုံးဖြစ်နီအတွက်နန့် အချေအလုပ်သမား ရှာဖွီ စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်းရို့သည် စျီးကွက်ကြီးတခုပိုင် ထွန်းကားပါလတ်တေ။
အိန္ဒိယနိုင်ငံအထဲ အလုပ်သမားဥပဒေကလေ့ အချေသူငယ်တိကို ခိုင်းစီခြင်းနန့် ပတ်သက်ပြီး ထိရောက်စွာ အရီးယူ ဆောင်ရွက်နိုင်မှုတိ အားနည်းနိန်သိမ့်ကြောင်းတွိရရေ။ သတင်းစာတိမာ ကောင်မချေတိ အရောင်းအဝယ်လုပ်ရေ သတင်းများ တနားတခါပါနိန်ကေလေ့ အရီးယူနိုင်ခြင်းများ မဟိခဲ့ပါ၊၊ ကောင်မချေတိသည် လုပ်ခလစာမရခြင်း၊ အစား အသီာက်များ မကျွေးရေအထိ ရက်စက်စွာ ပြုမူဆက်ဆံခြင်း ခံနီကတ်ရရေ။ ကောင်မချေတိကို နယ်လှည့်ပြီးကေ ဝယ်သူ တိကဝယ်၊ ငါ့ဝမ်းပူဆာ မနီသာဆိုပိုင် ရောင်းရေ မိဘတိကလေ့ရောင်း၊ ဆင်းရဲမားနက်ရေအထဲမာ ရုန်းမထွက်နှိုင်ကြယင့်အတွက် ကောင်မချေတိသည် ဓားစာခံများ ဘဝနန့် ဇာတ်သိမ်းနီကတ်ရရှာရေ။
ဆတ္တရာသီနန့် နှစ်ပေါင်းများစွာ မိတ်ဆွီများ ဖြစ်ခကြရေ ဆိုင်မွန် စတေနီက အချေသူငယ်လုပ်သားတိ လျှော့ပါး လားလီဖို့အတွက် အစိုးရနန့် ဥပဒေပြုသူတိမာ တာဝန်ဟိကြောင်း ပြောကြားရေ။
“ကျွန်တော်မှတ်တေ ဆတ္တရာသီက ၁၆၈ သန်းလောက်ပမာဏဟိရေ အချေဒိန်မာို လားကယ်ကတ်မေဖိလို့တော့ခါ ပြောနိုင်ဖို့သိမ့် မထင်” ဟု သူကဆိုရေ။ ယကေလေ့ ဆိုင်မွန်က သူ့သူငယ်ချင်းသည် အောက်ခြီသို့ ဆင်းပြီး လုပ်သင့် လုပ်ထိုက်စွာတိကို အရေးတကြီးလုပ်ဆောင်နီကြောင်း၊ သတင်းတိကို စုဆောင်းပြီး ထုတ်ပြန်ပီးနီသူဖြစ်ကြောင်း ပြောကြားရေ။ “စစိနနံ လိုက်စနည်းနာဖို့ဆိုရင် ရထားတိပေါ်မာ အချေဒိန်မာို လူကုန်ကူးနီစွာတွေ တဗျင်း တွိရလီဖို့။ သူရို့ပဲ ယင်းမာကလေးတိကို ဘူစွာတိမာ လိုက်ကယ်နီကတ်စွာ” ဟု ဆိုင်မွန်ကဆိုရေ။ ဆိုင်မွန်သည် နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO မာ လုပ်ကိုင်နီသူတဦးဖြစ်တေ။ “ရထားတစင်းဆိုက်လာယာဆိုကေ သူရို့အဖွဲ့ပဲ ရထားတိပေါ်တက်ပြီးး အချေဒိန်မာို ကယ်တင်လာကတ်စွာ” ဟု သူကဆိုရေ။
အိန္ဒိယနိုင်ငံလွတ်လပ်ရီးရယားနောက် ခြောက်နှစ်ခွဲလှောက်ကာလမာ မွီးဖွားလာရေ ဆတ္တရာသီသည် ဂုချိန်ခါ အသက် ၆၀ လှောက်ဟိပြီဖြစ်တေ။ သူစွာ မဟတ္တမ ဂန္ဒီကြီး သင်ကြားပို့ချမှုတိကို ငယ်စဉ်ကပင် အလွန်လေးစား တန်ဖိုးထားသူ ဖြစ်တေ။ လူငယ်ဘဝကပင် သူစွာဇာတ်အမျိုးမြင့်မြတ်သူတိ၊ လူကုံတန်တိကို စည်းရုံးပြီး ဇာတ်နိမ့်တိအပေါ် နှိမ့်ချဆက်ဆံခြင်းအား တိုက်ပွဲဝင်ခရေ။ သူကယင်းပိုင် ဇာတ်နိမ့် အနှိမ်ခံတိအတွက် လိုက်လံလုပ်ဆောင်နိန်ရေကြောင့် မိဘတိကပင် သူ့ကို စွန့်ပယ်ထားခကတ်တေ။ သူစွာ မိဘတိဧ့ ဇာတ်ခွဲခြားမှုကို စိတ်ပျက်အတွက်နန့် သူ့မိဘတိဧ့ မျိုးရိုးဗြဟ္မဏနာမည်ကို စွန့်လွှတ်ခပြီး ဆတ္တရာသီဆိုရေ နာမည်ဖြင့်သာ နီထိုင်ခရေ။ ဆတ္တရာသီဆိုစွာမာ “အမှန်တရားကို ရှာဖွီသူ” ဆိုရေ အဓိပ္ပာယ်ရရေကြောင့် ထိုနာမည်ကိုပင် သူစွာ ကျီနပ်စွာဆက်ခံခရေ။
အိန္ဒိယနိုင်ငံမာ အင်ဒီယာ ဂန္ဒီသည် ဝန်ကြီးချုပ်ရာထူးရယားနောက် နိုင်ငံအထဲ အရီးပေါ် အခြီအနီ ထုတ်ပြန်ရေ အချိန်မာ ဆတ္တရာသီသည် အိန်ဂျန်နီယာကောလိပ်မာ ပညာသင်ကြားနီချိန်ဖြစ်တေ။ ယင်းချိန်တွင် နိုင်ငံဧ့ ရွီးကောက်ပွဲကိုလေ့ ရွှိ့ဆိုင်းလိုက်ကတ်ောင်း ကြေညာလိုက်ရေ။ ကောလိပ် ကျောင်းသားဘဝမာ မာ့ခ်စ်ဝါဒီ တဦး ဖြစ်နီသူ ဆတ္တရာသီသည် ကျောင်းသားလှုပ်ယှားမှုတိုင်းမာ ပါဝင်ခသူ ဖြစ်ပြီးကေ ဖမ်းဝရမ်းတနားတခါ အထုတ်ခံရလေ့သော့ ဖြစ်တေ။
နောက်ပိုင်း ဆတ္တရာသီသည် အချေသူငယ်တိကို ခိုင်းစီရေလုပ်ငန်းခွင်တိအား ဝင်ရောက်စီးနင်းပြီး ကောင်မချေတိကို လွှတ်ပီးရေ လုပ်ငန်းတိကို စတင်လုပ်ကိုင်ပါလတ်တေ။ သူစွာ အချေဝယ်သူအဖြစ်ပင်ဖြစ်ဖြစ်၊ အလုပ်သျှင် အဖြစ်ပင်ဖြစ်ဖြစ် အကွန်ဆောင်ပြီး အချေလုပ်သားတိ စုဆောင်း ခိုင်းစီနီမှုတိကို ဖော်ထုတ်ပနာ လိုက်လံဖမ်းဆီးရေ လုပ်ငန်းတိကို လုပ်ဆောင်ပါလတ်တေ။
A2002 ဆိုရေ PBS ကမှတ်တမ်းတင်ခရေ ဗီဒီယိုအခွီမာ ဆတ္တရာသီသည် မိုးထ ၅ နာရီအချိန်မာ အလုပ်သမားများ နီထိုင်ရေ တိုက်လှိုင်တန်းတခုအထဲ ဝင်စီးပုံကို ရိုက်ကူးထားရေ။ ထိုတိုက်လှိုင်တန်းကြီးထဲမာ သူစွာ အချေလုပ်သားပေါင်းများစွာကို ရှာဖွီတွိဟိခရေ။ အချို့ကောင်မချေတိက သူ့ကိုဖက်ပြီး ငိုနိကတ်ရေ။ အချေ တိစွာ သူရို့ပိုင် ပစ္စည်းချေတိကို အထုပ်ချေတိထုပ်ကာ ဂေါင်းထက်မာ ရွက်ထားကတ်တေ။ သူစွာ အချေပေါင်း ၅၂ နှစ်ယောက်ကို ထရပ်ကားကြီးတစင်းဖြင့် တင်ဆောင်လားပြီး လွှတ်ပီးခရေ။ “သူရို့ကို ပြန်ဖမ်းမိလားကေ ကကောင်း အပြစ်ပီးခံရဖို့ သေချာရေ။ သူရို့ ရက်ရက်စက်စက် အသတ်ကျ လီဖို့။ ဆီးလိပ်မီးနန့်ထိုးတာ၊ အပင်မာ ဇောက်ထိုးဆွဲပြီး ခဲနန့်ပေါက်စွာတိကိုပါ ခံကတ်ရမာ။ သူရို့ကို လွတ်မြောက်အောင် ကယ်ဖို့ဆိုစွာ အဂယင့်ကို မလွယ်ရေအလုပ်ပါ” ဟု သူက ကင်မရာကိုကြေ့ပနာ ပြောကြားခရေ။
နယ်ကလာရေ ကောင်မချေတိသည် သူရို့နီရပ်တိသို့ မပြန်မီ BBA စခန်းမာ တနားချေတဗွေချေခိုလှုံခွင့်ရကတ်ရေ။ စခန်းအထဲ နီထိုင်သူတိထဲမာ မိုဟာမက် မာနန် အန်ဆာရီဆိုရေ ကလေချေတယောက်လေ့ပါရေ။ သူစွာ အသက် ၆ နှစ်သားလောက်ကတည်းက အဖြိုက်နက်သတ္တုမားတခုမာ တူးဖော်ရေ အလုပ်ကို လုပ်ကိုင်ခရသူဖြစ်တေ။ ဂုချိန်ခါ အန်ဆာရီသည် ကောလိပ်ကျောင်းသားတယောက်ဘဝဖြင့် ကျန်ဘဝတိကို ရပ်တည်ခွင့်ရဖို့ရာဖြစ်တေ။ သူက သူ့သူငယ်ချင်းများ မိုင်းတွင်းပြိုပြီး ပိတ်မိသွားရေမြင်ကွင်းကို ဒေနိန့်ထိ မျက်စိထဲက မထွက်နှိုင်သိမ့်ကြောင်း ပြောပြ ရေ။ မစ္စတာ ဆတ္တရာသီသည် သူ၏ကယ်တင်ရှင်ဖြစ် အတွက်နန့် ဘဝတလျှောက်လုံး ကျေးဇုဆပ်မကုန်တော့ကြောင်း ပြောရှာရေ။
“ကျွန်တော့်အပျော်ဆုံးအချိန်ကို ပြောပါဆိုကေ BBA အဖွဲ့က ကျွန်တော်ရို့ကို လာကယ်တဲ့ အချိန်ပဲ။ ဂုတော့ မစ္စတာ ဆတ္တရာသီ နိုဘယ်ဆုရရေဆိုစွာ သိလိုက်ရတော့ ကျွန်တော့်ဘဝ၏ ဒုတိယအပျော်ဆုံးနိလို့ရာ ပြောရဖို့ယာ။ ကျွန်တော် ဇာလောက် ပျော်လဲဆိုစွာ စကားနန့်တောင် ဖော်ပြလို့ မရတော့ပါကားဗျာ” ဟုသူက ဆိုလိုက်ရေ။
ကယ်လာ့ရှ် ဆတ္တရာသီ (ကိုယ်ရီးအကျဉ်း)
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆတ္တရာသီကို ၁၉၅၄ ခုနှစ်၊ ဂျန်နဝါရီလ ၁၁ ရက်နိမာ မဒရာ ပရာဒက်ရှ်ပြည်နယ် ဗီဒီရှားမာ မွီးဖွားရေ။ အိန္ဒိယနိုင်ငံမာ အချေအခွင့်အရီး လှုပ်ရှားဆောင်ရွက်သူတဦးအဖြစ် ထင်ရှားရေ။ အိန်ဂျန်နီယာဘွဲ့ကို ရဟိခပြီးကေ ဘွဲ့လွန် အိန်ဂျန်နီယာသင်တန်းတိကိုလေ့ တက်ရောက်သင်ကြားခရေ။ ဘိုပါးကောလိပ်မာ ဆရာ အဖြစ်နှစ်စိကေချေ ဝင်ရောက်လုပ်ကိုင်ခဖူးရေ။
၁၉၈၀ ပြည့်နှစ်မာ ဆရာအလုပ်မှထွက်ပြီး Bonded Labor Liberation Front မာ ထိုဟင့် ဒေဟင့်အတွင်းရီးမှူး အဖြစ် ဝင်ရောက်လုပ်ကိုင်ခရေ။ နောက်ပိုင်းမာ BBA (Bachpan Bachao Anolan) အဖွဲ့ကို ထူထောင်ခရေ။ ထိုအဖွဲ့ကို “အချေသူငယ်တိကယ်ဆယ်ရီးအဖွဲ့” ဟုလူသိများရေ။
၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ Global Campaing for Education အဖွဲ့မာ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ ရေ။ သူစွာ Rugmark ဆိုရေ သတရာဇိန်စက်ရုံကို ထူထောင်ကာ တောင်အာသျှမာ အချေသူငယ်တိ၏ လုပ်အားကို မသုံးရေ သတရာဇိန်စက်ရုံအဖြစ်ရပ်တည်ခရေ။ ဂုချိန်ခါ ယင်းသတရာဇိန်စက်ရုံကို Goodweave ဟု ပြောင်းလဲထား ရေ။
သူစွာ အချေသူငယ်များအခွင့်အရီးကို ကာကွယ်ရေအနိန်နန့် တိုက်ပွဲများဝင်ခရေ။ ဆင်းရဲခြင်း၊ စာမတတ်ခြင်း၊ အလုပ်အကိုင်မဲ့ခြင်းတိကြောင့် အချေသူငယ်တိကို အချေလုပ်သားတိအဖြစ် ခိုင်းစားနေ ကြောင်းသိသဖြင့် “အားလုံးအတွက်ပညာရီး” ကို ရှေ့ဆောင်လှုပ်ရှားခသူတဦးလေ့ဖြစ်တေ။ ဆတ္တရာသီသည် ဂုချိန်ခါ နယူးဒေလီမာ ဇနီး၊ သားတဦး၊ ခြုပ်မ၊ သမီးတယောက်နန့်အတူ နီထိုင်ဗျာယ် ဟိရေ။ သူစွာ ၁၉၈၀ ပြည့်နှစ်ခန့်ကစတင်ပြီး အချေသူငယ်များအခွင့်အရီးကို အကာအကွယ်ပီးခရာ အချေပေါင်း ၈၃၀၀၀ ကျော်ကို ကယ်တင်နှိုင်ခပြီဟုဆိုရေ။ သူ့ကို ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရီးနိုဘယ်ဆုရှင်အဖြစ် ပါကစ္စတန်နိုင်ငံမှ မာလာလာ ယူဆပ်ဖ်ဇိုင်ယာနန့် တတူ ပူးတွဲချီးမြှင့်ခြင်းခံရရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ 'Brief Profile - Kailash Satyarthi' (2014-10-10)။ 12 October 2014 မာ မူရင်းအား မော်ကွန်းတင်ပြီး။ 2014-10-10 မာ ပြန်စစ်ပြီး။