ဆန်းလွင်
ဒေဆောင်းပါးကို ဝီကီစံနန့် ကိုက်ညီစီဖို့ ပြင်ဆင်တည်းဖြတ်ဖို့ လိုအပ်နီရေ။ တကယ်လို့ သင်ပြင်ဆင်နိုင်ပါကေ ဒေဆောင်းပါးအား တိုးတက်စီဖို့ရန် ကျေးဇူးပြုပနာ ပြင်ဆင်ပီးပါ။ ဆွီးနွီးချက် စာမျက်နှာမာ အကြံပီးမှုတိ ပါဝင်လာလိ့မေ။(25 Jun 2019) |
စာရီးဆရာကြီး ဦးဆန်းလွင်ကို ၁၉၃၈ ခု၊ ဂျန်နဝါရီလ (၁၃) ရက်နိမာ ရခိုင်ပြည်နယ် သံတွဲမြို့မာ အဘကုန်သည် ဦးဘိုးညွန့်၊ အမိ ဒေါ်လှကြီးရို့က ဖွားမြင်ခရေ။[၁]
အချေဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒဿနစာပီများ ရီးသားတင်ပြခြင်းမာ ထင်ရှားခရေ စာရီးဆရာဆန်းလွင်စွာ အချေအရွယ်က မိဘအုပ်ထိန်းမှုအောက်မာ မိဘတိဧ့ ဓလိထုံးစံ အတိုင်းနီထိုင်ခကေလေ့ အရွယ်ရောက်လှာရေအခါ တမျိုးတဖုံ စိတ်ပိုင်းဆိုင်ရေ အတွေးအခေါ်များ ပေါ်ပေါက်ပါလတ်တေ။ ၁၉၅၃ ခုနှစ်မာ စာပီတိကို စတင်ရီးသားခပြီးကေ ငယ်စဉ်ကပင် စာရီးဆရာဖြစ်လိုရေ ဆန္ဒဟိခရေ။ အသက်(၁၇)နှစ်အရွယ် (၁၉၅၅) ခုနှစ်မာ (၁၀)တန်းအောင်ခရေ။ (၁ဝ)တန်းအောင်ပြီးရေအခါ ရန်ကုန်သို့ရောက်ဟိခပြီးကေ ကောက်ပဲသီးနှံရောင်းဝယ်ရီးအဖွဲ့ (ကုန်သွယ်ရီး-၁)ရုံးမာ အောက်တန်းစာရီး၊ အထက်တန်းစာရီးအလုပ်များ လုပ်ခရေ။ ငယ်စဉ်က မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်မဟုတ်ခပါ၊၊ အသက် (၁၈) နှစ်အရွယ်မာ မိဘတိဧ့ဘာသာအပြင် အရာဘာသာအယူဝါဒတိကိုလည်း လိ့လာခရေ။ ၁၉၅၈ ခုနှစ်မာ ဝထုများရီးသားကာ စာပီနယ်သို့ ရောက်ဟိခရေ။ အသက် (၂၀)အရွယ်မာ ကွန်မြူနစ်ဝါဒကို လိ့လာ ပြီးကေ အရာအယူဝါဒတိကို စွန့်ပယ်ခရေ။ သက်ကြီးတက္ကသိုလ် တက်ပနာ ဘဝကို ရုန်းကန်ခရေ။ စာရီးဆရာ ဖြစ်ချင်ရေ ဦးဆန်းလွင်စွာ တက္ကသိုလ်ကျောင်းသားဘဝမာ မြန်မာစာ မြတ်နိုးစိတ်ဖြင့် စာပီကို လိ့လာလိုက်စားခရေ။ တက္ကသိုလ်မြန်မာစာအသင်းဖွဲ့ရေအခါ အမှုဆောင်အဖြစ် ဝင်ရောက်ဆောင်ရွက်ကာ အသင်းမှ ကျင်းပရေ စကားရည်လုပွဲများမာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုတိ ရဟိခရေ။ ယင်းအပြင် လူဝင်မှုကြီးကြပ်ရီးရုံးမာ လက်ထောက်လူဝင်မှုကြီးကြပ်ရီးအရာဟိ၊ တရားရေးအရာဟိအဖြစ် အမှုထမ်းခရေ။
အစောပိုင်း စာအုပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စာပီလောကသို့ ထိုအချိန်မှ စပြီးကေ ဝင်ရောက်ခရေ။ ၁၉၅၈ ခုနှစ်မာ ‘အသည်းလမ်းမာ လျှောက်လာပါ’၊ ‘ဒေါက်တာ မော်လီမိုး’၊ ‘သစ္စာနယ်လွန်သူရယ်’၊ ‘မုန်းသံသရာချေ’ စရေ ကာလပေါ် ဝထုများ ထုတ်ခရေ။ ဝထုများ လှိုင်လှိုင်ထွက်နီပိုင် တဖက်ကလည်း သူစွာ လူဝင်မှုကြီးကြပ်ရီး အရာဟိအဖြစ်ပင်ဖြစ်ဖြစ်၊ အလွတ်ပညာသင် ကျောင်းဆရာအဖြစ် ပင်ဖြစ်ဖြစ် လုပ်ကိုင်ခရေ။ ၁၉၆၂ ခုမာ ဒဿနိကဗေဒ ဂုဏ်ထူးဖြင့် ဝိဇ္ဇာ (ရွှီတံဆိပ်) ရပြီးကေ မဟာဝိဇ္ဇာတန်းကို ဆက်ပနာသင်ကြားခရေ။ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာနမာ နည်းပြဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ‘သျှင်ဥက္ကဋ္ဌသို့ ပြန်ကြားချက်’ နန့် ‘ရွှေဥဒေါင်းသို့ ပြန်ကြားချက်’ ဆိုရေ စာအုပ်နှစ်အုပ်ကို ရီးသားခရေ။
နည်းပြဆရာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရန်ကုန်ဝိဇ္ဖာနန့်သိပ္ပံတက္ကသိုလ်မာ တာဝန်ထမ်းဆောင်နီရာမှ မြစ်ကြီးနားကောလိပ်သို့ ပြောင်းရွိတာဝန်ထမ်းရရေ။ ယင်းခါ ကချင်ပြည်နယ် နီရာအနှံ့ လှည့်လည်ဆပွတ်သတ်ရင်း အတွိအကြုံတိကို ၁၉၆၅ - ၆၆ မာ လုပ်သားပြည်သူ့နိစိုင် သတင်းစာမာ ဆောင်းပါးတိ ရီးသားခရေ။ ၁၉၆၇ ခုနှစ် မြစ်ကြီးနားကောလိပ်မှ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပြန်ပနာရွှိပြောင်းပြီးကေ ၁၉၇၁ ခု မာ ဒေါက်တာခင်မောင်ဝင်းနန့် တွဲဖက်လို့ ‘အခြီခံ ယုတ္တိဗေဒကျမ်း’ ကို ပြုစုခရေ။ ၁၉၇၂ ခုမာ ကထိကရာထူးဖြင့် ပညာလောကမှ ပင်စင်ယူခရေ။ ၁၉၆၈ ခုမာ အေးစာပီတိုက်မှ ထုတ်ဝီရေ ‘ဖဲသမား’ ဝထု (ဘာသာပြန်) ဖြင့် အမျိုးသားစာပီ (စတုတ္ထဆု) ရဟိခရေ။
ရုပ်ရှင်လောက
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၆၈ ခုမာ ရုပ်ရှင်လောကသို့ ဇာတ်ညွှန်းရီးဆရာ အဖြစ် စတင်ဝင်ရောက်ခရေ။ ယပြီးနောက် ဒါရိုက်တာနန္ဒမင်းခေါင် နာမည်ဖြင့် ရုပ်ရှင်ကားတိ ရိုက်ကူးခရေ။ ယပြီးနောက် ဆန်းလွင် ရုပ်ရှင်သရုပ်ဆောင်သင်တန်းကို ဖွင့်လှစ်ခရေ။ ၁၉၇၂ မာ ရုပ်ရှင်အနုပညာနန့် ‘ရုပ်ရှင်အတတ်ပညာအခြီခံများ’ စာအုပ်ကို ရီးသားထုတ်ဝီရေ။ မျက်နှာငယ်ရဖို့က မောင့်ချစ်ဦး၊ လောကကိုအလှဆင်မေ၊ ဝံပလွီနန့် လှယမင်း၊ ငါ့ညီ ငါ့မြေငါ့အမင်၊ လကွယ်မိုးနှောင်၊ မနော်ဟရီအလှ စသည်အနိန်နန့် ရုပ်ရှင်ဇာတ်ကားတိမာ အနုပညာတနီရာမှ ဦးဆောင်လှုပ်ရှားခ။ ယပြီးနောက် ဆန်းလွင်သရုပ်ဆောင်သင်တန်း ကို ဖွင့်လှစ်လို့သရုပ်ဆောင်သစ်များ မွီးထုတ် ပီးခ။
ဘာသာတရားတွိဟိခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အသက် (၃၂) နှစ်အရွယ်မာ ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက သူ့အား ကမ္ဘာအေးကုန်းမြီဟိ အပြည်ပြည်ဆိုင်ရေ ဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်သို့ လွှတ်ပနာ ဗုဒ္ဓဧ့ ကိုယ်ကျင့်တရားပညာ (Buddhist Ethics) ကို သုတေသန ပြုဖို့ လမ်းညွှန်ခရေ။ ယင်းကနိန် စပြီးကေ သူစွာ ဗုဒ္ဓဘာသာ အယူဝါဒကို စနစ်တကျ လိ့လာလိုက်စားခရေ။ ထိုချိန်ခါပင် သူ၏ ဆရာမ ရီနာဆာကားအိမ်မာ ကျေးဇူးသျှင် တောင်ပုလုဆရာတော်ကြီးကို ဖူးခွင့်ရရေ။ သိလိုရေ ပြဿနာပုစ္ဆာတိအား ဆရာတော်ကြီးကို မေးခွင့်ရရေ။ ဆရာတော်ကြီးက တိုက်ရိုက်မဖြေဘဲ ပဋိပုစ္ဆာဗျာကရဏနည်းနန့် မီးခွန်းမီးလို့ ပြန်ဖြီရေ။ ၁၉၇၃ ခုနှစ်မာ ဘာသာရီးနန့်ပတ်သက်ပနာ ဗုဒ္ဓဘာသာကို တသက်တာကာလလုံးလုံး ဆည်းကပ်လားဖို့ဆုံးဖြတ် ကာ ဗုဒ္ဓဘာသာဝင်အဖြစ် နောင်းနောင်းခံယူခရေ။
စာရီးဆရာ ဆန်းလွင် ပြုစုခရေ စာအုပ်တိအနက် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတယောက်အကြောင်း၊ သစ္စာဉာဏ်ပွင့် ဒဿန၊ ဘုံစံစဉ် ဒဿန၊ သီခြင်းဒဿန၊ ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာများ၊ ထေရဝါဒ အုတ်မြစ်အဖွင့်၊ ဝိပဿနာရှုနည်း လက်စွဲကျမ်း၊ ယောဂီလက်စွဲကျမ်း ရို့ ဖြစ်တေ။ ဦးဆန်းလွင်စွာ အသက် (၃၅) နှစ်မာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူကာ အသက် (၅၈) နှစ် အရွယ် (၁၉၉၆) မာ အသျှင်အာဒိစ္စရံသီဘွဲ့ဖြင့် ရဟန်းအဖြစ် ခံယူခရေ။ ရဟန်းဘဝမာ ဗုဒ္ဓဘာသာသင်တန်းများဖွင့်ပနာ ပို့ချပီးခရေ။
တောင်ငူမြို့ ရွှီမင်းဝန်ကျောင်းတိုက်ဆရာတော်အဖြစ်နန့် ဘာသာရီး၊ သာသနာရီး လုပ်ငန်းတိကို ဆောင်ရွက်တော်မူရင်း ၂၀ဝ၂ ခုနှစ်၊ နိုဗန်ဘာလ (၂၆) ရက်နိမာ ဘဝနတ်ထံ ပျံလွန်တော်မူခရေ။
ရီးသားပြုစုခရေ စာအုပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ ဖီလိုဆိုဖီ ကကြီးခခွီး
၂။ ရုရှားတွေးခေါ်ရှင်ကြီးများ
၃။ တရုတ်တွေးခေါ်ရှင်ကြီးများ
၄။ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ
၅။ အိုင်းစတိုင်း(၂-တွဲ)
၆။ ဖဲသမား
၇။ ရုပ်ရှင်အနုပညာနှင့်အတတ်ပညာ
၈။ ကျူရိုးရှင်
၉။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတယောက်အကြောင်း(၄-တွဲ)
၁၀။ ရွှေတောင်တက်ဒဿန
၁၁။ တရားတွေ့ဖို့ ချမ်းမြေ့ဖို့
၁၂။ သစ္စာဉာဏ်ဖွင့် ဒဿန
၁၃။ ကိုယ်တွေ့ဝိပဿနာ
၁၄။ ဓမ္မဒဿနစာစု
၁၅။ဉာဏ်လမ်းပေါ်လျှောက် လူတယောက်အကြောင်း
ကိုယ်ရီးအကျဉ်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၃၈ - ခုနှစ်၊ ဂျန်နဝါရီလ(၁၃)ရက်၊ ကြာသပတီးနိမာ ရခိုင်ပြည်နယ် သံတွဲမြို့မာ အဖ-ဦးဘိုးညွန့်၊ အမိ-ဒေါ်လှကြီးရို့မှ ဖွားမြင်ခရေ။ နာမည်ရင်း ဦးဆန်းလွင်ဖြစ်တေ။
၁၉၅၃ ခုနှစ်မာ စာပီတိကို စတင်ရီးသားခပြီးကေ ငယ်စဉ်ကပင် စာရီးဆရာဖြစ်လိုရေ ဆန္ဒဟိခရေ။ အသက်(၁၇)နှစ်အရွယ် (၁၉၅၅) ခုနှစ်မာ (၁၀)တန်းအောင်ခရေ။
၁၉၅၆ - မိရိုးဖလာအရ ဗုဒ္ဓဘာသာဝင်တဦးမဟုတ်ခ။ အရာဘာသာအယူဝါဒများလိ့လာ။
၁၉၅၈ - ဝထုများရီးသားကာ စာပီနယ်သို့ ရောက်ဟိခ။ အသက် (၂၀)အရွယ်မာ ကွန်မြူနစ်ဝါဒကို လိ့လာ ပြီးကေ အရာအယူဝါဒတိကို စွန့်ပယ်ခ။ သက်ကြီးတက္ကသိုလ်သို့ တက်ရောက်ပနာ ဘဝကိုရုန်းကန်ခ။ ယပြီးနောက် လူဝင်မှုကြီးကြပ်ရီးရုံးမာ လက်ထောက်လူဝင်မှုကြီးကြပ်ရီးအရာဟိ၊ တရားစွဲအရာဟိအဖြစ် အမှုထမ်းခ။
၁၉၆၁ - အသဲလမ်းဝယ် လျှောက်ခပါ၊ ဒေါက်တာမော်လီမိုး၊ သစ္စာနယ်လွန်သူရယ်၊ မုန်းသံသရာချေ၊ မုန်း ဆက်ဆက်မရွယ် အစဟိရေဝထုများထွက်။ ရှင်ဥက္ကဋ္ဌသို့ ပြန်ကြားချက်- စာအုပ်ထွက်။
၁၉၆၂ - ဒဿနိက ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ (ရွှီတံဆိပ်)ရဟိကာ မဟာဝိဇ္ဇာတန်းကို ဆက်ပနာတက်ရောက်သင် ကြားခပြီး ဒဿနိကဗေဒဌာနမာ နည်းပြအဖြစ်နန့် ဝင်ရောက်လုပ်ကိုင်ခ။ ယင်းချိန်တွင် ဒဿနိကဗေဒပညာနန့် ဆိုင်ရေ ကျမ်းတိပြုစုခ။
၁၉၆၃ - ရွှေဥဒေါင်းသို့ ပြန်ကြားချက်။ နှလုံးသားကိုယူ စာအုပ်တိထွက်။
၁၉၆၄ - ဖီလိုဆိုဖီ ကကြီးခခွေး စာအုပ်ထွက်။
၁၉၆၅ - သွေးကသစ္စာဆိုလိမ့်မေ ဝထုထွက်။
၁၉၆၅ - ၆၆ - မြစ်ကြီးနားကောလိပ်သို့ ပြောင်းရွိတာဝန်ထမ်းဆောင်စဉ် ကချက်ပြည်နယ်ဦးစီးအဖွဲ့နန့် လမ်းစဉ်ပါတီတိုင်းခွဲ(၅) တိုင်းကြီးကြပ်ရီးကော်မတီက တာဝန်ပီးချက်အရ ကချင်ယိုင်ကျေးမှုသမိုင်းကို သုတေ သနပြုခ။ ယင်းအတွိအကြုံတိကို 'လုပ်သားပြည်သူ့နိစိုင်သတင်းစာမာ ဆောင်းပါးတိရီးသားတင်ပြခ။
၁၉၆၆ - ရုရှားတွေးခေါ်ရှင်ကြီးများ၊ တရုတ်တွေးခေါ်ရှင်ကြီးများ၊ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ၊ ဝေဖန်ရီး ရှုဒေါင့် အစဟိရေ စာအုပ်တိထွက်။ ၁၉၆၇ - မြစ်ကြီးနားကောလိပ်မှ ရန်ကုန်ဝိဇ္ဇာနန့်သိပ္ပံတက္ကသိုလ်သို့ ပြန်ပနာပြောင်းရွိခ။ ကမ္ဘာကျော် သိပ္ပံ ပညာသျှင်ကြီး အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်ဘဝ၊ မောင့်ချစ်နှမမော်လီမိုး၊ အာရေဗျသူရဲကောင်း (အောင်နိုင်ဦး နန့်တွဲဖက်ဘာသာပြန်)့အစဟိရေ စာအုပ်တိထွက်။
၁၉၆၈ - ဖဲသမား(ရုရှား စာရီးဆရာကြီး ဒေါ့စဖိယက်စကီဧ့ (The Gambler ဝထု) ဘာသာပြန်ထွက်။ (ထိုနှစ်အတွက် အမျိုးသားစာပီ-ဘာသာပြန် စတုတ္ထဆုရဟိ။) ဟိတ်စပီးယားဧ့ အလွမ်းအသီာပုံဝထုများ၊ ရယ်စရာလွမ်းစရာဝထုများ၊ ဆန်းသစ်တီထွင် ဖန်တီးရှင်များ အစဟိရေစာအုပ်တိထွက်။ ထိုနှစ်မာပင် ဘိုင်းစကူးလောကသို့ ဇာတ်ညွှန်းရီးဆရာအဖြစ် ဝင်ရောက်ခ။ ယပြီးနောက် ဝထုရီးသူ၊ ဒါရိုက်တာနန္ဒမင်းခေါင်နာမည်ဖြင့် ဦးဆောင်လုပ်ကိုင်ခ။ မျက်နှာငယ်ရဖို့က မောင့်ချစ်ဦး၊ လောကကိုအလှဆင်မေ၊ ဝံပလွီနန့် လှယမင်း၊ ငါ့ညီ ငါ့မြေငါ့အမင်၊ လကွယ်မိုးနှောင်၊ မနော်ဟရီအလှ စသည်အနိန်နန့် ရုပ်ရှင်ဇာတ်ကားတိမာ အနုပညာတနီရာမှ ဦးဆောင်လှုပ်ရှားခ။ ယပြီးနောက် ဆန်းလွင်သရုပ်ဆောင်သင်တန်း ကို ဖွင့်လှစ်လို့သရုပ်ဆောင်သစ်များ မွီးထုတ် ပီးခ။
၁၉၇၁ - ဒေါက်တာ ခင်မောင်ဝင်း(ဒဿနိက)နန့်တွဲပြီးကေ အခြီခံယုတ္တိဗေဒကျမ်း ကို ပြုစုခ။ ၁၉၇၂ - ကထိကရာထူးဖြင့် ပင်စင်ယူခ။ ရုပ်ရှင်အနုပညာနန့် ရုပ်ရှင်အတတ်ပညာအခြီခံများ စာအုပ် ထွက်။
၁၉၇၃ - ဘာသာရီးနန့်ပတ်သက်ပနာ ဗုဒ္ဓဘာသာကို တသက်စွာကာလလုံးလုံး ဆည်းကပ်လားဖို့ဆုံးဖြတ် ကာ ဗုဒ္ဓဘာသာဝင်အဖြစ် နောင်းနောင်းခံယူခ။
၁၉၈၆ - ကျူရိုးရှင် ဘာသာပြန်ဝထုထွက်။
၁၉၈၇ - ထိပ်ဆုံးကစပိုင် ဝထုထွက်။
၁၉၈၈ - ၈၉ - အသက်(၅၀)အရွယ်မာ ဝိပဿနာတရားကို အားထုတ်ခပြီးကေ ထိုနှစ်မာပင် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတယောက်အကြောင်း ကိုယ်ရီးအတ္ထုပ္ပတ္တိ(၄)တွဲကို ပြုစုရီးသားထွက်ဟိ။(၁၉၉၃ခုနှစ်မာ ဒုအကြိမ် ပြန်ထွက်ခ။)
၁၉၈၉ - ရွှီတောင်တက် ဒဿန စာအုပ်ထွက် (၁၉၉၁၊ ၂၀၀၀-ခုနှစ်များမာပြန်ရိုက်)။ ၁၉၉၀ - တရားတွိဖို့ ချမ်းမြေ့ဖို့၊ သစ္စာဉာဏ်ဖွင့် ဒဿန၊ စာအုပ်တိထွက်။
၁၉၉၂ - ကိုယ်တွေ့ဝိပဿနာ စာအုပ်ထွက်။
၁၉၉၆ - အသျှင်အာဒိစ္စရံသီ ဘွဲ့နာမည်ဖြင့် ရဟန်းအဖြစ်ခံယူ။ ဓူတင်ဆောင်ရဟန်းအဖြစ် တောထွက် တရား အားထုတ်။
၁၉၉၇ - ဝိပဿနာရှုနည်းလက်စွဲကျမ်း၊ ယောဂီလက်စွဲကျမ်း စာအုပ်တိထွက်။
၁၉၉၈ - ရဟန်း(၂)ဝါအရ၊ သက်တော်(၆၀)မာ ပညာဖြန့်ဖြူးရီးလုပ်ငန်းတိကို လုပ်ဆောင်ခရေ ဗုဒ္ဓဘာသာဝင်များအကျိုးငှာ အလပ်သင်အခြီပြု ဝိပဿနာသင်တန်း(Free Lance Vipassanna Course)ကို ပို့ချပီးခ။
၁၉၉၈ - ဓမ္မဒဿနစာစု၊ အတွေးအမြင်ဆောင်းပါးတိ၊ ဗုဒ္ဓဘာသာသိမှတ်ဖွယ်ရာများ အစဟိရေစာအုပ်တိ ထွက်။
၁၉၉၉ - ထေရဝါဒအုတ်မြစ်များအဖွင့်၊ မိုးကုတ်ဆရာတော်ဘုရားကြီးဧ့ ဝိပဿနာရှုနည်းလက်စွဲကျမ်း အစဟိရေ စာအုပ်တိထွက်။
၂၀၀၀ - ဘုံစဉ်စံဘဝ လမ်းပြဒဿန စာအုပ်ထွက်။
၂၀၀၁ - အိုင်စတိုင်း သူ့ဘဝ သူ့အတွေးအခေါ်၊ သီခြင်းဒဿန စာအုပ်တိထွက်။ ထိုနှစ်ဆန်းမှစပြီးကေ ပရိသတ်ကိုစွန့်ပြီး အဓိဌာန်ဆောင်ရွက်။
၂၀၀၂ - ထိုနှစ်မှစပြီးကေ လောကုတ္တရစရိယကိုဆောင်ရွက်။
၂၀၀၃ - ဉာဏ်လမ်းပေါ်လျှောက် လူတယောက်အကြောင်း၊ ဖြစ်တည်မှုဝါဒဆိုင်ရေ စာအုပ်တိထွက်။ ထိုနှစ်ဆန်းမှစပြီးကေ တရားစခန်းနန့်တရားပွဲတိကို ရန်ကုန်၊ မန္တလေးမြို့ကြီးတိနန့် အနယ်နယ်မာ ပြန်ပနာကျင်းပ ရန်စီစိုင်ဆဲ (၂၆ရက် ၁၁လပိုင်း ၂၀၀၃ခုနှစ်)နိ ည(သက်တော် ၆၅နှစ်)မာ တောင်ငူမြို့ ရွှီမင်းဝန်ကျောင်းတိုက် ဆရာတော်အဖြစ်နန့် ဘဝနတ်ထံ ပျံလွန်တော်မူခ။[၂]
ဆရာဆန်းလွင်စွာ ဓမ္မရုပ်စုံမဂ္ဂဇင်းမာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခရေ။ တက္ကသိုလ်အောင်မှူး နာမည်ဖြင့်လည်းရီးခ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ My Book။ 16 October 2021 မာ မူရင်းအား မော်ကွန်းတင်ပြီး။ 13 December 2020 မာ ပြန်စစ်ပြီး။
- ↑ အသျှင်အာဒိစ္စရံသီ (ဦးဆန်းလွင်)အလပ်သင်အခြီပြု ဝိပဿနာသင်တန်း mp3 တရားတော်မျာ Archived 1 April 2019 at the Wayback Machine.း
- 25 Jun 2019 မှ ရှင်းလင်းရဖို့ ဝီကီးပီးဒီးယား စာမျက်နှာတိ
- တမ်းပလိတ်အတွင်းဟိ ရက်စွဲပါရာမီတာမမှန်ရေ ဆောင်းပါးတိ
- ရှင်းလင်းရဖို့ စာမျက်နှာတိ အားလုံး
- Webarchive template wayback links
- ရခိုင်ရဟန်းစာရွီးဆရာတိ
- ရခိုင် စာရီးဆရာတိ
- ရခိုင်အမျိုးသား စာရီးဆရာတိ
- ရခိုင် ဇာတ်ညွှန်းရီးဆရာတိ
- ရခိုင် ဒါရိုက်တာတိ
- ရခိုင်အနုပညာသျှင်တိ
- ၁၉၃၈ မွီးဖွားသူတိ
- ၂၀၀၃ ကွယ်လွန်သူတိ