ဆရာတော်ဦးဥတ္တမ
ဒေဆောင်းပါးကို ဝီကီစံနန့် ကိုက်ညီစီဖို့ ပြင်ဆင်တည်းဖြတ်ဖို့ လိုအပ်နီရေ။ တကယ်လို့ သင်ပြင်ဆင်နိုင်ပါကေ ဒေဆောင်းပါးအား တိုးတက်စီဖို့ရန် ကျေးဇူးပြုပနာ ပြင်ဆင်ပီးပါ။ ဆွီးနွီးချက် စာမျက်နှာမာ အကြံပီးမှုတိ ပါဝင်လာလိ့မေ။ |
| Sayadaw U Ottama | |
|---|---|
| ဆရာတော် ဦးဥတ္တမ | |
![]() | |
| ဘာသာ | ဗုဒ္ဓဘာသာ |
| ဘာသာအုပ်စု | ထေရဝါဒ |
| ဓမ္မနာမည် | ဥတ္တမ |
| ပုဂ္ဂိုလ်ရီးရာ | |
| နိုင်ငံသား/လူမျိုး | ရခိုင် |
| မွီးဖွား | ပေါ်ထွန်းအောင် ၂၈ ဒီဇင်ဘာ ၁၈၇၉ ရူပရပ်၊ စစ်တွေ၊ ရခိုင်ပြည်နယ်၊ ဗြိတိသျှဘားမား။ |
| ကွယ်လွန် | ၉ စက်တင်ဘာ၊ ၁၉၃၉ (အသက် ၅၉) ရန်ကုန်၊ ပဲခူးတိုင်း၊ ဗြိတိသျှဘားမား။ |
| ရာထူး တာဝန် | |
| ဌာန | ရွှေစေတီကျောင်း၊ စစ်တွေ |
| ဂုဏ်ဒြပ် | ဆရာတော် |

ဆြာတော် ဦးဥတ္တမ စွာ မြန်မာအမျိုးသား ဝံသာနုတိအား အမျိုးသားစိတ်ဓာတ် ရင့်သန်စီရန် ပထမဆုံး နိုင်ငံရီးမျက်စိ ဖွင့်ပီး ခရေ လွတ်လပ်ရီး မီးရှုးတန်ဆောင် ပုဂ္ဂိုလ်တဦး ဖြစ်ရေ။ ဆြာတော်စွာ သူ့တသက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးတိကို နိုင်ငံရီး အသိစိတ်ဓာတ် နိုးကြားစီရန်နန့် တိုင်းတပါးအုပ်ချုပ်မှုအောက်က လွတ်မြောက်ပနာ လွတ်လပ်ရီးရဟိရန် ဆောင်ရွက် ကြိုးပမ်းသွားခလီရေ။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းချခံရရေ နိုင်ငံရီးသမားမာ ဦးဥတ္တမ ပင်ဖြစ်ရေ။ ဆြာတော်စွာ ရက္ခိုင်လူမျိုး ဖြစ်ရေ။
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာတော် အသျှင်ဦးဥတ္တမအား ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ် အဖ ဦးစံမြ၊ အမိ ဒေါ် အောင်ကြွဖြူရို့က ၁၈၇၉ ခု၊ ဒီဇန်ဘာလ (၂၈) ရက်၊ (၁၂၄၁ ခု ပြာသိုလပြည့် ကျော် ၂ ရက်) တနင်္ဂနွီနိမာ[၁]ဖွားမြင်ခရေ။ မွီးချင်းတိမာ ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင်၊ မအိမ်စိုး ရို့ဖြစ်ရေ။ သားအကြီးဆုံး ပေါ်ထွန်းအောင်မှာ အသျှင်ဦးဥတ္တမ လောင်းလျာပင်ဖြစ်ရေ။ ညီဖြစ်သူ ကျော်ထွန်းအောင် စွာ နောင်အခါမှ "သျှင်အရိယ" ဆိုရေ ဘွဲ့နန့် ရဟန်းဖြစ်တော်မူရေ။ ပေါ်ထွန်းအောင် (၉)နှစ်အရွယ်သို့ ရောက်ရေအခါ ညီဖြစ်သူ ကျော်ထွန်းအောင်မှာ (၆)နှစ်အရွယ် ဟိရေ။ ညီအစ်ကိုနှစ်ယောက် အင်္ဂလိပ်စာ သင်ကြား လိုတွက်နန့် မိဘတိကို ပူဆာကတ်ရာ မရအနိန်နန့် အိမ်က ထွက်ဗြီးခကတ်ရေ။ မိဘတိ လိုက်ရှာကတ်ရာ (၁၅)ရက်ခန့်ကြာမှ အပင်တစ်ပင်အောက်မာ ညီအစ်ကိုနှစ်ယောက်ကို ပြန်တွိရေ။[၂] မိဘတိက အချေနှစ်ယောက် ဆန္ဒပြည့်ဝအောင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ ပို့ဆောင် အပ်နှံကတ်ရေ။ ကျောင်းအပ်ရေအခါ ထုံးစံအတိုင်း ဝချေတန်းမာ ထားလီရာ ပေါ်ထွန်းအောင်က သူ့ကို တတိယတန်းတွင် ထားခွင့်ပြုဖို့ ပြောဆိုရေ။ ဆြာကြီးက အရည်အချင်းကို သိလိုတွက်နန့် တတိယတန်း ဖတ်စာကို ဖတ်ခိုင်းလီရေ။ ပေါ်ထွန်းအောင်က အထစ်အငေါ့မဟိ ဖောက်ဆတ် ဖတ်ပြလိုက်ရာ ဆြာကြီးမှာ အံ့ဩလားရေ။ ကျောင်းမနိန်သိမ့်ဘဲ ဖတ်ပြနိူင်ခြင်းကာ အိမ်နီးချင်း သူငယ်ချင်းတိပါးက ကြိုတင်သင်ကြားထားခြင်း ကြောင့် ဖြစ်ရေ။ ပေါ်ထွန်းအောင် ကြိုတင်သင်ကြားထားခြင်းကို သူဧ့မိဘတိပင် မသိဟု ဆိုရေ။ ကျောင်းအုပ် ဆြာကြီးက ပေါ်ထွန်းအောင်အား ဒုတိယတန်းတွင် နီခွင့်ပြုခရေ။
ကျောင်းနိန်ပနာ (၂)နှစ်မျှ ကြာရေအခါ ပေါ်ထွန်းအောင် ပဉ္စမတန်းရောက်ရာ ညီကျော်ထွန်းအောင် စတုတ္ထတန်းသို့ ရောက်ရေ။ အတန်းတင်စာမီးပွဲ ပြီးဆုံးရေအခါ ပေါ်ထွန်းအောင်မှာ ဒုတိယပညာသင်ဆုကို အင်္ဂလိပ် ဖလောင်း ရက္ခိုင်တိုင်းမတ်ကြီးကိုယ်တိုင် ကြွရောက်ဆုချီးမြှင့်ခြင်း ဖြစ်ရေ။ ပေါ်ထွန်းအောင်မှာ ဆုကိုယူကေလေ့ ဝမ်းသာမှု မဟိခချေ။ ညီကိုခေါ်ပနာ စစ်တွေမြို့ ကမ်းနားဘက်ကို ထွက်လှားကတ်ရေ။ ကမ်းနားသို့ရောက်ရေအခါ ရဟိခသော ဆုကို ချိုးဖဲ့ဆုတ်ဖြဲပြီး ကုလားတန်မြစ်ထဲကို ပစ်ချလိုက်ရေ။ ဧပိုင် ပစ်ချပြီးရေအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား "ဒေမာ ငါ့ညီ၊ ဆုယူကေ ပထမဆုကိုရာယူ၊ ဒုတိယရို့၊ တတိယရို့ဆိုကေ ဇာခါမှ မယူကေ့"ဟု ဆိုလီရေ။
ပေါ်ထွန်းအောင်ရို့ ညီအစ်ကိုနှစ်ယောက် အတန်းတွင် ပညာသင်ကြားနီစဉ် အင်္ဂလိပ်ခရစ်ယာန်ဘုန်းတော်ကြီး တပါးက မွီးစပ်လိုကေလေ့ မိဘတိက မထည့်အတွက်နန့် ကာလကတ္တားသို့ မလိုက်လီရပါ၊၊ ပေါ်ထွန်းအောင်မှာ တိုင်းတပါးမာ ပညာသင်လိုစိတ်ဟိဧ့။ ယင်းအတွက်နန့် အဖဖြစ်သူအား "အဘာ မေမေရို့ မလွှတ် ယေကေလည်းသော့ တရက်နိန့်ကျ ကျွန်တော် ထွက်ဗြီးပြီးကေ နိုင်ငံခြားမာ ပညာသင်ဖို့လားဖို့"လို့ တခါက ပြောဖူးရေ။ (၁၃)နှစ်သားသို့ ရောက်လှာသော အခါ ပေါ်ထွန်းအောင်စွာ နိုင်ငံခြားသို့ ပညာသင်ကြားရီးကို အထူးအာရုံစိုက်လာရေ။ ဖေသာဟိကေ ပညာလားသင် နှိုင်ရေဟု ယုံကြေချက်နန့် မိခင်ဘက်က တော်စပ်ရေ ဦးရီးဧ့ ဈီးဆိုင်မာ အကူညီလုပ်ကိုင်ရင်း ငွေတိကို စုဆောင်းခရေ။
ကြံရွယ်ရေအတိုင်း မဖြိုက်ခအတွက်နန့် ပေါ်ထွန်းအောင်စွာ ဦးရီးပါးမာလည်း မနီ၊ မိဘတိပါးကိုလည်း မပြန်ဘဲ စစ်တွေမြို့၌ ပရိယတ္တိစာပီ သင်ကြားမှုတွင် ယင်းခါက အကျော်အစောဖြိုက်ရေ ရွှေစာတီကျောင်း ဆြာတော်ထံ လားရောက်ပနာ ရှီးဦးစွာ ဖိုးသူတော်အဖြိုက်နန့်ဖြင့် မင်္ဂလသုတ်ကစ၊ သဒ္ဒါရှစ်စောင်နန့် သင်္ဂြိုဟ်ကိုးပိုင်းတထိ သင်ရိုးတန်း ကုန်ရောင် သင်ယူခရေ။ (၁၆)နှစ်အရွယ်ရောက်မှ မိဘတိက မောင်သျှင်ဝတ်ပီးအနိန်နန့် ရှင်ဥတ္တမဟု တွင်ရေ။ သျှင်ဥတ္တမစွာ နက်နဲကျေပြန့်ရေ ပိဋကတ်ရို့ကို သင်အံ လိ့ကျင့်ရာဖြိုက်ရေ ပခုက္ကူစာသင်တိုက်မာလည်း လားရောက် ပညာသင်ကြားလိုအနိန်နန့် လူဝတ်လဲပနာ ဓားတောင်ဆြာတော် ဦးဂန္ဓာနန့် လိုက်လားရေ။
ရဟန်းခံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရှီးဦးစွာ မအူပင်သို့ရောက်ပနာ မအူပင်က နီပနာ၊ ယင်းကနိန် တောင်ငူမြို့သို့ ရောက်ရေ။ ဦးဥတ္တမစွာ တောင်ငူမာ သျှင်သာဏေ စာပြန်ပွဲတခုကို ဝင်ရောက်ဖြီဆိုရာ ပထမရဟိခရေ။ စာတော်ရေ သတင်းကြောင့် တောင်ငူမြို့ဟိ ဝန်ဥစ္စာ ပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတဦးက သားအဖြိုက်နန့် မွီးစပ်ကာ ကာလာကတ္တား မြို့ကိုပို့ပနာ ပညာသင်ကြားစီရေ။ ကာလကတ္တားမြို့တွင် သုံးနှစ်လှောက်နီပြီးကေ အင်္ဂလိပ်ဘာသာ (၁၀)တန်းအဆင့်ကို အောင်မြင်ခအတွက်နန့် မြန်မာပြည်သို့ ပြန်လာဧ့။ မြန်မာပြည်သို့ ရောက်ကေရောက်ချင်း ပခုက္ကူမြို့ကိုလား၍ ရေစကြို တိုက်တွင် ဗုဒ္ဓဘာသာ စာပီကျမ်းဂန်တိကို သျှင်ဝတ်နန့် ဆက်ပနာသင်ကြားရေ။ ယင်းပိုင် သင်ကြားနီစဉ်ပင် ဦးဥတ္တမအား ဆွီမျိုးတော်သူ [ဘုံဘေဘားမား]] ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္ဇင်းဒါယကာပြုပနာ ရဟန်းခံ ပီးရေ။ ရဟန်းခံစဉ် ဦးဥတ္တမ၏ သက်တော်မှာ (၁၉)နှစ်နန့် (၂)လ ဟိရာဖြစ်ရေ။ ရွှေစာတီကျောင်းဆြာတော် ဘဒ္ဒန္တတေဇာရာမစွာ ဦးဥတ္တမ၏ ဥပဇ္ဈယ်ဆြာတော်ဖြစ်ရေ။
အိန္ဒိယတွင် လေ့လှာခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အသျှင်ဥတ္တမစွာ ရဟန်းဝတ်နန့်ပင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ လားပြန်ရေ။ ကာလကတ္တားမြို့ကို ရောက်ချိန်မာ အိန္ဒိယနိုင်ငံရီးမှာ တစ်မျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယဂေါင်းဆောင်ရို့ လွတ်လပ်ရီးအတွက် အုံးထနိုးကြားခိုက်နန့် ကြုံကြိုက်နီရာ ဦးဥတ္တမလည်း နိုင်ငံရီးစွန့်စားလိုစိတ်တိ ရင်တွင်းမာ တကြွကြွဖြစ်ပေါ်လှာလီ၏။ အမျိုးသား စိတ်ဓာတ်လည်း အတောမသတ် ရင့်သန်ခ၏။ ဦးဥတ္တမစွာ အိန္ဒိယမာဟိခိုက် အမျိုးသားကောလိပ်တခုမာ ပါဠိနန့် ဗုဒ္ဓဘာသာစာပီဆိုင်ရာ ဧည့်ပါမောက္ခအဖြိုက်နန့် ဝင်ရောက်ဆောင်ရွက်ရေ။ ယင်းပိုင် ဆောင်ရွက်ရင်းနန့် သင်္ကရိုက်ဘာသာ၊ ဘင်္ဂါလီ၊ နာဂရီအစဟိရေ ရှီးဟောင်း ဟိန္ဒူစာပီကျမ်းတိကို သင်ကြားပြန်ရေ။
အိန္ဒိယနိုင်ငံတွင်နီစဉ် ဆြာတော်ဦးဥတ္တမအား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီးဧ့ ဥက္ကဋ္ဌအဖြိုက်နန့် ရွီးကောက်တင်မြှောက်ခကတ်ရေ။[၃]ထိုအသင်း ကြီးဧ့ ဥက္ကဋ္ဌအဖြိုက်နန့် အရွီးခံရဖို့ မလွယ်ပါ၊၊ ဦးဥတ္တမစွာ နာမည်ကြီး ဟိန္ဒူဂေါင်းဆောင်တိဖြိုက်ရေ မဒရပ် ပြည်နယ်မှ နာမည်ကျော်ဂေါင်းဆောင်ကြီး ပဏ္ဍိတ်မာလဗီးယားနန့် နိူင်းပြိုင်အရွီးခံရာ အနိုင်ရအနိန်နန့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူရို့ဧ့ ဂေါင်းဆောင်ကြီးအဖြိုက်နန့် အသိအမှတ်ပြုထားကြောင်း ထင်ယှားရေ။ ဟိန္ဒူမဟာဆပ်ဗာအသင်းကြီးမှာ အိန္ဒိယပြည်၌ ကွန်ဂရက်အသင်းကြီးပြီးကေ ဒုတိယအင်အားအကြီးဆုံး အသင်းအဖွဲ့ကြီးဖြစ်ရေ။ ကွန်ဂရက်အသင်းကြီးမှာ အိန္ဒိယလူမျိုးပေါင်းစုံ ပါဝင်ရေ နိုင်ငံရီးအသင်းဖြစ်ပြီးကေ ဟိန္ဒူ မဟာဆပ်ဗာအသင်းကြီးမှာမူ ဟိန္ဒူဘာသာကိုးကွယ်ကြသူတိရာ ပါဝင်ရေ ဘာသာရီးအသင်းကြီး ဖြစ်ရေ။
ဥရောပတွင် ပညာသင်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာတော် ဦးဥတ္တမစွာ အိန္ဒိယပြည်တွင် (၈)နှစ်ကြာမျှ နီခပြီးကေနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်လားလီရေ။ (၁၉၀၄-၀၅)၌ ဂျပန်ပိုင် နိုင်ငံငယ်သျှေတိက ရုရှားပိုင် နိုင်ငံကြီးတစ်နိုင်ငံကို အနိုင်ရလိုက်အကြောင်း ကြားသိရယေ အချိန်မှစပြီးကေ ဂျပန်ကို ကကောင်းအထင်ကြီးလား အတွက်နန့် စုဆောင်းထားသောဖေသာနန့် ဂျပန်နိုင်ငံသို့ လားရောက်ပညာဆည်းပူးရန် ၁၉၀၇ ခုနှစ်၊ ဖေဖဝါရီလ (၄) ရက်နိတွင် ရန်ကုန်မြို့မှ စင်ကာပူသို့ သင်္ဘောဖြင့် ထွက်ခရေ။
ဂျပန်သို့ သွားခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယင်းကနိန်တစ်ဖန် (၁၈) ရက်နိမာ ဂျပန်ပြည်သို့ စင်ကာပူကနိန်တဆင့် သင်္ဘောနန့် ထွက်ခွာခရေ မာ့ခ်ျလ (၇)ရက်နိမာ ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ကို ရောက်လှားရေ။ ဂျပန်သို့ ရောက်ရေအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီးဧ့ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ယင်းခါက စက်မှုလက်မှုဝန်ကြီး)၏ အထောက်အပံ့နန့် ဂျပန်ဘာသာ နန့် စကားကို နှစ်နှစ်ခန့် သင်ယူအောင်မြင်ရေ။ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ နှစ်နှစ်ခန့် သင်္ကရိုက်ဘာသာ ပါမောက္ခအဖြိုက်နန့် ဆောင်ရွက်ခရေ။ ဂျပန်ပြည်သို့ ရောက်ဟိစဉ်က ဦးဥတ္တမဧ့ ဝါတော်မှာ ကိုးဝါလောက် ဟိလားရာဖြစ်ရေ။ တတ်ကျွမ်းသော ဘာသာရပ်တိမာ မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ တိဘက်၊[၄]အင်္ဂလိပ်၊ ပြင်သစ်နန့် ဂျပန်ဘာသာ[၅]ရို့ဖြစ်ရေ။
ဆွန်ယက်ဆင်ကို တရားဟောခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာတော်ဦးဥတ္တမ ဂျပန်ပြည်ရောက်လှားချိန်မာ တရုတ်ဂေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကလည်း ဂျပန်ပြည်တွင် ဟိနိန်ရေ။ တရုတ်စာသင်သားတိလေ့ ဂျပန်ပြည်တွင် အများအပြား ရောက်ဟိနိကတ်ရေ။ တရုတ်စာသင်သားတိစွာ ဦးဥတ္တမထံလာပြီးကေ ဩဝါဒခံယူကတ်ရေ။ ဦးဥတ္တမက တရုတ်စာသင်သားတိအား ဂျပန်ပြည်နန့် နှိုင်းယှဉ်ပနာ တရုတ်ပြည်လွတ်မြောက်ရီးကို ဇာချင့်တိပိုင် ဆောင်ရွက်သင့်ကြောင်း နည်းပီးလမ်းပြ ညွှန်ကြားပြောပြရေ။
တရုတ်စာသင်သားတိစွာ ဦးဥတ္တမကို လေးစားကတ် ကြည်ညိုလားကတ်ပြီးကေ ယင်းအချိန်က တရုတ်ပြည်လွတ်မြောက်ရီးကို ဂျပန်ပြည်၌ အခြီချပနာ ကြိုးပမ်းနိန်ရေ သူရို့ဂေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်အား ဦးဥတ္တမအကြောင်းကို ပြောပြလီရေ။ ဒေါက်တာဆွန်ယက်ဆင်စွာ ဆြာတော် ဦးဥတ္တမအကြောင်းကို ကြားသိရရေဖြိုအတွက်နန့် ဦးဥတ္တမထံ ကိုယ်တိုင် လားရောက်တွိ့ဆုံပြီး ဦးဥတ္တမနန့် စကားဆွီးနွီး ပြောကြည့်ရေအခါ ဦးဥတ္တမပါးမာ အထူးလေးစားမှု ဟိလားရေဖြိုက်အတွက်နန့် ဒေါက်တာဆွန်ယက်ဆင်က ဦးဥတ္တမအား တရုတ်ပြည်သို့ သူနန့်အတူလိုက်ခဖို့ ပင့်လီရေ။
ဦးဥတ္တမစွာ တက္ကသိုလ်က ခွင့်သုံးလယူဖိကေ (၁၉၁၉) ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နန့်အတူ ဂျပန်က ကိုးရီးယား၊ ကိုရီးယားက ဆိုက်ပန်၊ ဆိုက်ပန်က မန်ချူးကိုး၊ မန်ချူးကိုး က ကျိဖု၊ ကျိဖု က ရှန်ဟိုင်း၊ ရှန်ဟိုင်းက အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည် လားလာခလီရေ။
ထိုခေတ် ယင်းခါက မြန်မာလူမျိုးတဦးအနိန်နန့် ယင့်လောက်များပြားရေ ပြည်ပနိုင်ငံတိသို့ လှည့်လည်လာလှာခြင်း၊ တချို့နိုင်ငံတိမာ နှစ်ရှည်လများ နီထိုင်ခြင်းတိကို ပြုလုပ်နိုင်သူမှာ အံ့သြဖို့ ချီးမွမ်းဖို့ရပါဖို့။ ဆြာတော် ဦးဥတ္တမစွာ ဂျပန်ပြည်၌ ပါမောက္ခလုပ်ခကေလေ့ ဆွမ်းစရိတ်လှောက်ရာယူပနာ စေတနာနန့် ပြသခရေ။ ဂျပန်ပြည်ကအပြန် ကိုရီးယား၊ တရုတ်ပြည်ရို့က နိန်တဆင့် အင်ဒိုချိုင်းနားဟိ ဆိုင်ဂုံ (အဂု ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ဝင်ခရေ။
မြင်ကွန်းမင်းသားကို တရားဟောခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆိုင်ဂုံမြို့မာ မိုဃ်းကျောက်မင်းတရားကြီးဧ့ သားတော် မြင်ကွန်းမင်းသားနန့် ယင်းဧ့ သားတော်နှစ်ပါးရို့ နီထိုင်လျက်ဟိရေ။ မြင်ကွန်းမင်းသားက ဆြာတော် ဦးဥတ္တမအကြောင်းကို သတင်းစာတိကနိန်တဆင့် ကြားသိပြီးဖြစ်အတွက်နန့် ကကောင်းတွိ့ချင်နိန်ရေ။ ယပြီးနောက် ဆြာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့ကို ရောက်ဟိနီကြောင်း သိကေ သိချင်း မြင်ကွန်းမင်းသားက ဆြာတော်အားပင့်ပနာ ဆွမ်းကျွေးခရေ။ ဆြာတော် ဆွမ်းစားနီစဉ် မြင်ကွန်းမင်းသားက "အသျှင်ဘုရား၊ တပည့်တော် ရာဇပန်လင်ပေါ် ဖင်မထိုင်ရသမျှတော့ခါ မြန်မာပြည်ကို မပြန်ပါရာ"လို့ လျှောက်ထားလီရာ ဆြာတော်က "ဒကာကြီး၊ ကျောက်သီးတလုံးကို ရီထဲချကေ အသံမြည်ပါလိ့မေ၊ မြန်မာပြည်ကတော့ အသံမြည်ဖို့ရာ မဟုတ်လီ"ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားမာ မျက်ရည်တိပင် ကျခရ ရေလို့ ဆိုရေ။
ဝိုင်အမ်ဘီအေကို ကူညီခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယပြီးနောက် ၁၉၁၁ ခုနှစ်မာ ရန်ကုန်မြို့ကို ပြန်ပနာဆိုက်ရောက်တော်မူရေ။ ဆြာတော် ဦးဥတ္တမ ပြန်ပနာ ကြွလှာရေအခါ မြန်မာပြည်စွာ ဝိုင်အမ်ဘီအေအသင်း (ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း)က နိုင်ငံရီးလုပ်ငန်း တိကို စတင်လုပ်ကိုင်နိန်ရာ ဖြစ်အနိန်နန့် ဦးဥတ္တမလည်း ကူညီဝင်ရောက်ကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လီ ရေ။ ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို (၁၉၀၆) ခု၊ မေလ (၁၀) ရက်၊ ကြာသပတီး၊ မြန်မာသက္ကရာဇ် (၁၂၆၈) ခု၊ ကဆုန်လပြည့်ကျော် (၄) ရက်တွင် မျိုးချစ်စိတ်ဓာတ် ထက်သန်ကတ်ရေ လူငယ်တိ ဖြိုက်ကတ်ရေ ဦးဘဖေ၊ အမ်အေမောင်ကြီးသျှင်နန့် ဒေါက်တာ ဦးဘရင်ရို့က ရန်ကုန်မြို့ (၂၈)လမ်း၊ အိမ်အမှတ် (၆၈)၊ ကိုမောင်ကြီးသျှင်အိမ်တွင် စတင်တည်ထောင်ခကတ်ရေ။
နောက်ပိုင်းတွင် ခေတ်ပညာတတ်လူငယ်တိဖြိုက်ရေ ဦးပု၊ ဦးသိမ်းမောင်၊ပန်းကန်စက်ဦးသော်၊ ဦးစု၊ ဦးမေအောင်၊ ဦးမောင်မောင်အုန်းခိုင်၊ ဦးဘစီ၊ ဦးသင်းမောင်၊ ဦးဘလှိုင်၊ ဦးစိန်လှအောင် စသူရို့လေ့ အသင်းကြီးတွင် ဝင်ရောက်ဆောင်ရွက်လာခကတ်ရေ။ ဦးဥတ္တမ ဂျပန်ပြည်မှ ပြန်ရောက်ချိန်မာ ဝိုင်အမ်ဘီအေအသင်းကြီးမှာ အသင့်အတင့်တိုးတက်နီပါရာ။ ဝိုင်အမ်ဘီအေ အသင်းသူ အသင်းသား တိကလည်း ဆြာတော်အား အထူးမျက်စိကျကတ်ရေ။ မြန်မာထဲက ဘာသာစုံတတ်ကျွမ်းရေ ပုဂ္ဂိုလ်ထူးဖြိုက်အတွက်နန့်လေ့ လည်း အထူးကြည်ညိုကတ်ရေ။ ဂျပန်ပြည်တွင် ပါမောက္ခလုပ်ခသူဖြိုက်အတွက်နန့် ပိုပြီးကေလေးစားရေ။
မြန်မာ အမျိုးသားနိုင်ငံရီးတွင် စတင်ဦးဆောင်သူ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာတော်ဦးဥတ္တမဧ့ လမ်းညွှန်မှုကြောင့် မြန်မာတိ အသင့်အတန့် နိုင်ငံရီးမျက်စိ ပွင့်လာကတ်တေ။ ယင်းပိုင် နိုင်ငံရီးစတင်လုပ်ကေ လုပ်ဆောင်ခြင်းပင် အစိုးရစုံထောက်တိမာ ဆြာတော်ဧ့နောက်ကို တကောက်ကောက် လိုက်ပြီးကေ နီခြင်းကြောင့် ဆြာတော်အား ဗွီလာဦးမာ သံဃာတော်တိ ဆြာတော်ကို မပေါင်းသင်းဝံ့ကတ်ပါ။ ယင်းချင့်အပြင် ဆြာတော်ပြောပုံ နီပုံရို့မာ နိုင်ငံရီးဆြာတော်ပီပီ တိုတိုလိုရင်း ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်အတွက်နန့် အရဟတ္တဓဇဂုဏ်နန့် မညီညွတ်လို့ ဆိုကာ ဆြာတော်အား ဇာကျောင်းကမှ လက်မခံဘဲနီအတွက်နန့် အင်းစိန် ဒိစတြိတ်ရှိ သမိုင်းမြို့ (အဂု မရမ်းကုန်းမြို့နယ်)ဟိ အိမ်တအိမ်မာ သီးသန့် သီတင်းသုံးပနာ နီယှာရေ။
ယင်းခါ သူရိယသတင်းစာစွာ ဆြာတော် ဦးဥတ္တမဧ့ နိုင်ငံရီးဆောင်ရွက်ပုံတိ ကြိုးစားပန်းစား ထောက်ခံအားပီးရေအပြင် ဆြာတော်ဧ့ အပြုအမူမှာ မှန်ကန်ကြောင်းကို နိစိုင်ပိုင်ပင် ရီးသားခကတ်ရေ။ ဧပိုင် တစတစ လူသိများပနာ ဆြာတော် တရားပွဲတိသို့ လားရောက်ပနာ နိုင်ငံရီးတရားတိကို နာစပြုကတ်လီရေ။ ဆြာတော်စွာ အများဆုံး အနိန်နန့်က သူရိယ သတင်းရုံးတွင်းမာရာ သီတင်းသုံးရေ။ ဦးဥတ္တမ နိုင်ငံရီးလုပ်ဆောင်ရာမှာ ထိုခေတ်အခါက ခေတ်ဧ့ ရှေ့ပြီးဖြိုက်ရေ ဦးဘဘေ၊ ဦးလှဘေ အစဟိရေ ပုဂ္ဂိုလ်တိက အားပီးဧ့။ ၎င်းရို့ဧ့ လုံ့လကြောင့် သူရိယသတင်းစာ တိုက်ဧ့ အကူအညီနန့် တိုင်းသူပြည်သားတိ မျက်စိပွင့်လင်းပြီးလာကတ်လီရေ။ သို့တွက်နန့် သူရိယသတင်းစာဧ့ ဆောင်ရွက်ချက်တိကို ကျေးဇုတင်ထိုက်လီရေ။
ဂျပန်ရို့ဧ့ အပြုအမူကောင်းတိကို အတူယူရန် နိုးဆော်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာတော် ဦးဥတ္တမစွာ မြန်မာပြည်အနှံ့ နိုင်ငံရီးတရားတိ ဟောပြောတော်မူ ခပြီးနောက် (၁၉၁၂) ခုနှစ်မာ ဂျပန်ပြည်သို့ တစ်ဖန်ပြန်ကြွလှားပြန်ရေ။ နှမဖြိုက်သူ ဒေါ်အိမ်စိုးနန့် မြန်မာလူငယ် သုံးယောက်ရို့ကိုပါ ခေါ်လားပြီးကေ ပညာသင်ကြားစီရေ။ (၁၉၁၂) ခုနှစ်မာ ဦးဥတ္တမစွာ ဂျပန်ပြည်သို့ ပြန်ကြွလှားယပြီးနောက် (၁၉၁၂)ခု မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ ပီးပို့သော စာသုံးစောင်ထဲက မေလ (၁၇) ရက် နိစွဲပါ စာတွင်-
“ဂျပန်အိမ်ရို့စွာ စက္ကူအိမ်တိ ဖြစ်အတွက် အမည်းနီရာ၊ အဖြူနီရာ၊ အဝါနီရာဟိရေ။ ယင့်နီရာမာ မြီဖြူနန့် ဖြိုက်စီ၊ ခဲကလောင်နန့် ဖြိုက်စီ၊ မီးသွီးနန့် ဖြိုက်စီ မရီးရ။ မြန်မာလူမျိုးရို့စွာ ယင်းပိုင်ရီးခြင်းကို ကကောင်း အလိအထ ဟိကတ်ရေ။ မြန်မာပြည်မာ အိမ်တန်းခါးမာလည်းကောင်း၊ ထရံမာလည်းကောင်း၊ စားပွဲခုံမာလည်းကောင်း၊ စာသင်ကျောင်းမာလည်းကောင်း၊ ဘုန်းကြီးကျောင်းမာလည်းကောင်း၊ မီးရထားတွဲမာလည်းကောင်း၊ အိမ်သာမာလည်းကောင်း၊ ဇရပ်မာလည်းကောင်း မြီဖြူနန့် ဖြိုက်စီ၊ မီးသွီးနန့် ဖြိုက်စီ မကောင်းရေ အခြင်းအရာ၊ ရိုင်းပျသော စာသားတိကို ရီးပနာထားတတ် ကတ်ရေ။ ယင်းစွာ မကောင်းရေ ဝသီစာရိတ္တဖြိုက်ကြောင်း ဆိုပနာလည်းကောင်း။
တစ်ဖန် ဂျပန်ပြည်ရှိ ကျောင်းသူစာသင်သားရို့အကြောင်း မေလ (၂၁)ရက် နိစွဲပါ အခြားစာ တစ်စောင် တွင်-
“ဂျပန်ကျွန်းမာ မာ့မချေဖြိုက်စီ၊ ယောကျားချေဖြိုက်စီ ခြောက်နှစ်စေ့ကေ Primary School (မူလတန်း စာသင်ကျောင်း)မှာ သင်ကေ ယင့်ကျောင်းသူ ကျောင်းသားတိစွာ ညကို (၁၀) နာရီမှအိပ်ပြီးကေ မိုးသောက်ဖက် (၅) နာရီကို အိပ်ရာက ထရဖို့ဆိုပနာ အစိုးရမင်းတိကပင် ဥပဒေပြုပနာထားရေ။ ဦးပဉ္ဇင်းရို့ မြန်မာလူမျိုးရို့ကား အအိပ်အနီ၊ အစားအသောက်၊ အနီတထိုင် အစစအရာရာရို့မာ စည်းကမ်းနည်းလမ်း မဟိကတ်၊ ယင့်အတွက်နန့် ပျက်စီးခြင်းမူလ ဖြစ်ဟန်ဟိကြောင်း” ဆိုပနာ စာသုံးစောင်တွင် ဂျပန်ဧ့ အလိ့အထ၊ သန့်ယှင်းရီး၊ စည်းကမ်းပုံရို့ကို အတိအလင်း ကိုယ်တွိ့ ရီးသားထားလီရေ။ ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်ကြွလှာပြီး သူရိယသတင်းစာရုံးမာ သီတင်းသုံး နီထိုင်တော်မူပြီး “ဂျပန်ပြည်အကြောင်း” စာအုပ်တရွီ ရီးသားထုတ်ဝီခရေ။
ဆြာတော်ဧ့ စာအုပ်၌ ဂျပန်ပြည်အကြောင်းနန့် ပတ်သက်ပြီးကေ ဧပိုင်ဖော်ပြထားလီရေ။
ရဟန္တာကို ယှာဖွီရန် ကြိုးစားခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငါရို့ ဗုဒ္ဓဘာသာ သာသနာတော်စွာ ရှီးအခါက အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတွင် ကကောင်းကြီးပွားခပြီးကေ ဂုချိန်ခါ ဇာကြောင့် ဗုဒ္ဓဘာသာတရားကို မကိုးကွယ်ကတ်လဲ။ မိမိရို့ ဗုဒ္ဓဘာသာတရားတော်စွာ နှစ်ပေါင်း (၂၀၀၀)ကျော် ကာလက တည်တန့်ခပိုင် အဂုလည်း တည်စီလိုရေ ဆန္ဒနန့် အိန္ဒိယနိုင်ငံသို့ လားပနာ ယင့်သူရို့ဧ့ ဘာသာ၊ အယူဝါဒ၊ ထုံးစံ၊ စည်းကမ်းနည်းလမ်းရို့ကို သင်ယူခပြီးကေ လိ့လာတတ်မြောက်ခတွက်နန့် ရှင်တော် ဘုရားဧ့ တရားတော်မြတ်ကို ဟောပနာ နီရေအတွင်းမာ တိဗက်နိုင်ငံမာ ရဟန္တာဟိရေလို့ ကြားရအနိန်နန့် ထိုနိုင်ငံသို့ လားလိုရေဆန္ဒဖြင့် ဟိမဝန္စွာတောင်ခြီရင်း၌ တည်ဟိရေ ဒါဂျီလင်မြို့သို့ လားပနာ တိဗက်သို့ လားရ၊ မလားရ စနည်းနာကြေ့ရာ တိဗက်ဘာသာစကားတတ်ကေ လားနှိုင်ရေလို့ သိရအတွက်နန့် မေလမာ စပြီးကေသင်ရေ။ နိုဗန်ဘာလ ကျရေအခါ ကောင်းကောင်းချမ်းရေအတွက်နန့် ကာလကတ္တား (အဂု ကိုးလ်ကတ္တား)သို့ ပြန်ပါလတ်တေ။
ဧပြီကျရေခါ တခါလားပနာ သင်ကြား၊ ဇိကေချေ ပြောတတ်ဆိုတတ်ရေအခါ တိဗက်သို့ ဒါဂျီလင်က လားရေ။ နယ်စပ်သို့ ရောက်ရေအခါ မဝင်ရဆိုအတွက်နန့် ပြန်လှာပြီးကေ ကရိမာယာ (ကသီရ)နိုင်ငံသို့ လားပြန်ဧ့။ ထိုနိုင်ငံက ဆာရီနာဂရမြို့နန့် (၁၅)ရက်ခရီးခန့် ကွာဝီးရေ လဒတ်မြို့ကို ဝင်ရောက် လားပြန်ရေ။ မဝင်ရလို့ ထပ်တားမြစ်အတွက်နန့် စိတ်ပျက်ပြီးကေ အိန္ဒိယနိုင်ငံအတွင်းမာ ရှေးက ကကောင်းကြီးကျယ်ရေ အီဂျစ်နန့် ပြင်သစ်နိုင်ငံ ဥရောပနိုင်ငံရို့သို့ လှည့်လည်ပနာ လားလာနီစဉ်အတွင်းမာ ဂျပန်လူမျိုးရို့နန့် ရုရှားလူမျိုးရို့ စစ်ပြိုင်၍ တိုက်ကတ်ရာ စစ်တိုက်ရေနိက စပြီးကေ စစ်ပွဲပြီးရေထိတောင် ဂျပန်လူမျိုးရို့စွာ အရီးသာပြီးကေ ရုရှား လူမျိုးရို့ကို နိုင်နင်းကြောင်းကို သတင်းစာ အစောင်စောင်ရို့မာ တွိ့မြင်ရပြီးကေ ရှီးအခါက ရာဇဝင်၊ မဟာဝင်ရို့မာ အပါအဝင်မဟုတ်ရေ နိုင်ငံဧ့ အရီအတွက်တွင် မသွင်းရေ အာသျှတိုက်အရှိဖက်က မီးခွက်လောက် ဂျပန်က ရုရှားကိုနှိုင်ကြောင်း။ ဂျပန်လူမျိုးရို့နန့် ရုရှားလူမျိုးရို့ကို နိူင်း၍ကြည့်လိုက်ကေ ဂျပန်ရို့က လူပုလူငယ်၊ ရုရှားရို့က ဂျပန်ထက် ခွန်အားဗလ ပြည့်စုံကြောင်း၊ ယင်းတွက်နန့် ဂျပန်စွာ ရုရှားလူမျိုးရို့ကို စစ်ပြိုင်တိုက်လျက် ဇာကြောင့် နိုင်ရစွာလဲ ဟု အံ့ဩခြင်းဖြိုက်ပြီးကေ ဂုချိန်ခါ ငါရို့စွာ သူတိုင်းထက် အစစအရာရာမှာ အောက်ကျနီရေ အတွက် ငါရို့ဘာသာတရားစွာလည်း ဇာအခါမှ ကြီးပွားမည်မဟုတ်။
ဂျပန်တွင် လေ့လှာခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငါရို့နိုင်ငံ၊ ငါရို့မြန်မာလူမျိုး ကြီးပွားမှကျကေ ငါရို့ကိုးကွယ်ရေ ရှင်တော်ဘုရားဧ့ သာသနာတော်စွာလည်း ကြီးပွားကျော်ဇောပြီးကေ ကမ္ဘာထက်မာ ပေါ်လွင်ထွန်းတောက်လာနှိုင်ဖို့ဟု အထင်ဟိပြီးကေ ဂျပန်လူမျိုးရို့ဧ့ လုံ့လ၊ ဝီရိယ၊ စည်းကမ်းနည်းလမ်း၊ ထုံးစံ ဘာသာ အယူဝါဒ၊ အစားအသောက်၊ အနီတထိုင်၊ အစိုင်အလာ၊ အပြောအဆို၊ ယိုင်ကျေးမှုရို့ကို နည်းခံကတ်မေ အကြံနန့် ၁၉၁၇ ခုနှစ်မာ မြန်မာပြည်သို့ ပြန်လာပြီးကေ ယင့်နှစ် ဖေဖဝါရီလ (၄) ရက်နိ ရန်ကုန်က စင်ကာပူမြို့ကို သင်္ဘောစီးပနာ ထွက်ခွာလီရေ။ ယင်းကနိန်တစ်ဖန် (၁၀) ရက်နိ ဂျပန်ကျွန်းကြီးသို့ သင်္ဘောစီးပနာ ထွက်ခွာရာ ယိုကိုဟားမားဆိပ်ကမ်းသို့ မာ့ခ်ျလ (၁၇) ရက်နိရောက်ကြောင်း၊ နီရထိုင်ရစွာတိကို စနည်းနာလိုက်ကေ မြန်မာပြည်က ရဟန်းတော်တိပိုင် ဆွမ်းခံစားမရ၊ အခြား ဥရောပတိုက်သား တရားဟောဆြာ ရို့ပိုင် ထောက်ပံ့ကြည့်ရှုသော အသင်းတိလေ့ မဟိ၊ ယဂေလဲ့ မိမိပညာကို အားကိုးပနာ အိန္ဒိယနိုင်ငံမာပင် တစ်ယောက်ယောက် ထောက်ပံ့သောသူ မဟိပဲနန့်လျက် ရှစ်နှစ်ကျော်လှောက် နီထိုင်ခရေ။
ဒေ ဂျပန်ပြည်မာလေ့သော့ နီထိုင်နိုင်အောင် ကြံဖို့ဆိုရေ ဆန္ဒဖြင့် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတော်ကြီးမာ အကြီးဥက္ကဋ္ဌဖြိုက်ရေ အမတ်ကြီး အိုတာမီထံ ဦးပဉ္ဇင်းစွာ ရဟန်းဝါ (၉) ဝါရပြီးကေ အင်္ဂလိပ်ဘာသာနန့်တကွ ပါဠိဘာသာ၊ သင်္ကရိုက်ဘာသာ၊ ဘင်္ဂလီ၊ နာဂရီ[၆]အားနူံး ရှစ်ဘာသာကို စာနန့်တကွ တတ်မြောက်၍ အမတ်ကြီးဧ့ သိပ္ပံကျောင်းမာ အသုံးပြုလိုကေ ဦးပဉ္စင်းကို အကြောင်းကြားပါ ဟု စာပီးလိုက်ရာ နှစ်ရက်နိန်ပြီးကေမှ စာပြန်လီရေ။ စာနန့် ကိုယ်တော်ကြွခပါ။ ကိုယ်တော် ဂျပန်စာနန့် စကား အယူဝါဒ၊ ဓလိထုံးစံတိကို သင်ပါ။ သင်နီရေ အတွင်းမာ စရိတ်စကကို ကျွန်တော်က ခံယူပါဖို့လို့ ကြားခါ အင်္ဂလိပ်စာတတ်ရေ ဂျပန်တစ်ယောက် ကို အပ်လျက် သင်ပြစီရေ။ တစ်နှစ်သင်ပြီးကေ ဂျပန်စာကို ဘာသာစကားနန့်တကွ စာမီးပွဲဝင်ပြီးကေ အောင်မြင် ရေ။
ယပြီးနောက် တက္ကသိုလ်မာ ပါဠိနန့် သင်္ကရိုက်ဘာသာ ပရော်ဖက်ဆာ[၄]အဖြိုက်နန့် ခန့်အပ်ပြီးကေ အခြားဆြာတိ နည်းတူ လခကို ပီးဖို့လို့ ပြောရေ။ သင့်ကျေးဇူးက ကြီးမားပါရေ။ လစာ မယူပါရစီကေ့။ ရှေးကပိုင်ပင် ကြည့်ရှုထောက်ပံ့ပါ။ ဦးပဉ္စင်းစွာ ထိုသိပ္ပံကျောင်းတော်မာ (၂)နှစ်ကျော်လောက် သင်ကြားနီပြီးနောက် မိမိမွီးရပ်ဌာနီသို့ မရောက်စွာမာ ကြာရာဖြိုက်အတွက်နန့် ပြန်ဖို့သိမ့် အကြံနန့် အမတ်ကြီးကိုပြောရာ စရိတ်ဇာလောက် အလိုဟိပါလဲ ဟု မေးရေ။ ဦးပဉ္စင်းက အဂု မြန်မာပြည်သို့အပြန်မာ ကိုရီးယား၊ မန်ချူးရီးယားပြည်[၇]၊ ရို့အာသာမြို့၊ တရုတ်ပြည်၊ အာနမ်ပြည် (ကမ္ဘောဒီးယား)[၈]၊ ထိုင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)၊ အိန္ဒိယနိုင်ငံရို့ကို လှည့်လည်ပနာ ပြန်လိုကြောင်း ပြောရေအခါ ဒုတိယတန်း၌ စားစရိတ်၊ ခရီးစရိတ်ကို တွက်၍ပီးလိုက်ရေ။ ဂျပန်မှ (၁၉၁၀) ပြည့်နှစ်မာ ထွက်လှာကြောင်း၊ (၁၉၁၁) ခုနှစ်မာ မြန်မာပြည်သို့ရောက်ကြောင်း အစဟိစော်အနိန်နန့် ရီးသားထားလီရေ။
ဦးဥတ္တမ ရီးသားထားသော “ဂျပန်ပြည်အကြောင်း” စာအုပ်တွင် ဖော်ပြပါဟိရေ စာပိုဒ်တိကို ဖတ်ရှုခြင်းနန့် ဆြာတော် ဦးဥတ္တမစွာ ခိုင်မာရေ ရည်ရွယ်ချက်နန့် ပြည်ပနိုင်ငံတိသို့ လှည့်လည် လားပါလတ်တေ ဆိုလိုစွာကို သိဟိနိုင်လီရေ။
လူမျိုးပေါင်းစုံက လေးစား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သူရိယသတင်းစာက နိန်ပနာလည်း အမျိုးကို စောင့်ယှောက်ရဖို့ ဝံသာနုရက္ခိတ တရားတိကို လှုံ့ဆော်ရီးသား ခရေ။ ယင်းနောက် ကမာရွတ်တွင် တပါးတည်း သီတင်းသုံးကာ နိုင်ငံရီးတရားတိကို လှည့်လည်ဟောပြောမှု ပြုခရေ။ ယင့်ခါက ဆြာတော်အား တရားဟောရေအခါ ကားမဟိကေ ထမ်းစင် (ဝေါ)နန့် လူမျိုးပေါင်းစုံထမ်း၍ တရားဟောစင်မြင့်ထက်ကို အရောက်ပို့ဆောင်ပီးကတ်တေ။
၁၉၂ဝ ပြည့်နှစ်၊ ဒီဇန်ဘာလမာ ဦးဥတ္တမ နိုင်ငံရီးမျိုးစေ့ချပီးခရေ အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားတိ သပိတ်စတင်မှောက်ကတ်ရေ။ ယင့်ခါက အုပ်ချုပ်နီသူမာ အင်္ဂလိပ်လူမျိုး ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်ရေ။ စာသင်သားတိ သပိတ်မှောက်စဉ်က ဆြာတော်မှာ ကာလကတ္တားမြို့ကို ခေတ္တကြွရောက်နီရေ။ ဆြာတော် ဦးဥတ္တမစွာ ရန်ကုန်တက္ကသိုလ်ကျောင်းတိ သပိတ်မှောက်ကြောင်းကို ကြားသိစွာနန့် တစ်ပြိုင်တည်း မီရာ သင်္ဘောနန့် ကာလကတ္တားမြို့က ရန်ကုန်မြို့ကို ကြွရောက်လှာခလီရေ။ ယင်းအကြောင်းနန့် ဆက်စပ်ပြီးကေ ဗမာ့ခေတ် သတင်းထောက် ဦးဘရင်စွာ သူရီးသားသော “ဆြာတော်ဦးဥတ္တမ” စာအုပ် စာမျက်နှာ (၄၂)တွင် ဧပိုင် ရီးသား ဖော်ပြခရေ။
“(၁၉၂၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလမာ ဦးဥတ္တမ ကာလကတ္တားတွင် ရောက်ဟိနီဧ။ ထိုနှစ်က ဦးဥတ္တမဧ့ ဦးရီးတော်ဖြစ်သူ စစ်တွေ့မြို့က ဦးချစ်ခိုင်နန့် ဇနီး မစံလှဖြူရို့စွာ မျက်စိရောဂါကုသဖို့ ကာလကတ္တားသို့ ခေတ္တ လားကတ်ရေ။ ယင်းခါမှ ဦးဥတ္တမဧ့ညီ ကျော်ထွန်းအောင်စွာလည်း လိုက်ပါလားပြီးကေ ကာလကတ္တားမြို့ ရက္ခိုင်ဒဘာချိတ် တဦးဧ့အိမ်တွင် တည်းခိုနီထိုင်ကတ်ရေ။
တရက်နိခါ ဆြာတော် ဦးဥတ္တမစွာ ကြေးနန်းစာရွက်အချေတခုကို ကိုင်ပြီးကေ ပြုံးပြုံးရယ်ရယ်နန့် ဒဘာချိတ်အိမ်သို့ ကြွလှာရေ။ ဦးဒွေးတော်သူ မစံလှဖြူက “ယာ- ဦးပဉ္ဇင်း ဒေတခါ ရယ်လို့မောလို့၊ ဇာတိ သဘောကျပြီးကေ ပြန်လာလေး”လို့ ဆီးကြိုပနာ လျှောက်ထားလီရေ။
“ဒကာမကြီး ဒေတခါတော့ ငကိုယ်ငါ သီပျော်ရာ လို့ ဝမ်းသာအားရ နန့် ပြုံးလာစွာ”ဟု အမိန့် ဟိလီရေ။ ဒွေးတော်က “ဇာတိဖြိုက်လှာလဲ”ဟု မေးရာ ဦးဥတ္တမက “ငါရို့ မြန်မာတိလူနဲ့ သူနဲ့ တူလာ ကတ်ရာ၊ ဒေပိုင် လူစိတ်ဟိလာလို့ ငါဝမ်းသာလာရေ”ဟု ဆိုလီရေ။
“အစကတော့ မြန်မာတိစွာ လူစိတ်မဟိလို့ ခွီးစိတ်ဟိနီပါလား ဘုရား”
ဦးဥတ္တမက “လူစိတ်ဟိရေဆိုစွာ ဧပိုင်လေ့၊ လူစွာ လူ့အခွင့်အရီး ဇာလေးဆိုစွာ နားလည်လှာကတ်ရေ၊ ကိုယ့်အခွင့်အရီး ကိုယ်သိပြီးကေ မရကေရအောင် ကြိုးစားတတ်ကေ ဒေချင့်စွာ လူစိတ်ဟိရေလို့ ဦးပဉ္ဇင်း ဆိုချင်စွာ။ ကြည့်လိုက်- အဂု ရန်ကုန်ကောလိပ်ကျောင်သားတိက စပြီးကေ အင်္ဂလိပ်ကျောင်းတိက သင်ပီးရေပညာကို မကျေနပ်လို့ သပိတ်မှောက်ကတ်ကုန်ရာလတ်။ ရန်ကုန်မြို့ကနိန်ပြီးကေ ယင့်ကိစ္စကြီးမာ ဦးပဉ္စင်းထံ အကြံ ဉဏ်တိ ယူချင်လို့ ဦးပဉ္စင်းကို ရန်ကုန်ကြွလာပါခဆိုစွာ ကြေးနန်းစာ အဂုရရေ။ မြန်မာတိ ဒေပိုင် စိတ်တိဝင်စားလာကတ်ဖို့ မျှော်လင့်ပြီး ဦးပဉ္စင်း ကြိုးစားနီစွာ အဂုတော့ ကြိုးစားရကျိုးနပ်ရာ။ ယေဇုနန့် ဦးပဉ္စင်း သီပျော်ပါယာလို့ ပြောစွာ”ဟု ယှင်းလင်းခါမှ ဒွေးတော်၊ ဦးရီးနန့် ညီဖြစ်သူရို့ နားရှင်းလားကတ်လီရေ။
ရန်ကုန်ကောလိပ် ပထမသပိတ်ကြီးမှာ (၁၉၂၀) ပြည့်နှစ်၊ ဒီဇန်ဘာလ (၅) ရက်နိ၊ (၁၉၂၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နိမာ သပိတ်မှောက်ခရေ။ ယင်းသတင်းကြေးနန်းကို ရကေရချင်းပင် ဆြာတော်စွာ ရန်ကုန်သို့ မီရာသင်္ဘောနန့် ကြွလှာပြီး ဝိုင်အမ်ဘီအေဂေါင်းဆောင်တိနန့် လက်သပ်ဆွီးနွီးခြင်းကို ပြုခလီရေ။
ရန်ကုန်ကောလိပ် သပိတ်မှောက်ပြီးနောက် နယ်ချဲ့အစိုးရစွာ မျိုးချစ်စိတ်နှိုးဆွရာ လက်နက်ကောင်းတစ်ခု ဖြိုက်ရေ သတင်းစာတိကို ပိတ်ပစ်ရန် အာမခံကြေးတိ တောင်းခရေ။ အင်္ဂလိပ်ငွေ (၂၀၀၀)၊ (၃၀၀၀)၊ (၅၀၀၀) အစဟိစော်အနိန်နန့် အာမခံကြေးတိ ပီးခရ လီရေ။ ဂျာနယ်တချို့ကိုလဲ့ ပိတ်ပစ်လိုက်ရာ သူရိယ၊ မြန်မာ့အလင်း၊ ပညာ့အလင်းနန့် ဗန္ဓုလဂျာနယ် (၄) စောင်သာ ကျန်ရစ်လီရေ။
ကရက်ဒေါက် ထွက်လှား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယင့်ကာလ ဝေလမင့်သား (အဋ္ဌမမြောက် ဂျော့ဘုရင်) မြန်မာပြည်သို့ လာဖို့ဖြစ်ရာ ဝိုင်အမ် ဘီအေအသင်းက ကြီးမှူးပနာ ဝေလမင့်သားကို မကြိုဆိုကတ်ဖို့အတွက် သပိတ်မှောက်ကတ်ရေ။ ဂေါင်းဆောင်တချို့ကို ဖမ်းပြီး သပိတ်မှောက်ကေ အပြစ်ပီးနှိုင်ရေ ဘွိုင်ကောက် ဥပဒေကို ထုတ်ပြန်ခရေ။
ယင်းပိုင် ဘုရင်ခံက တင်းတင်းမာမာ ဆောင်ရွက်လာရေအခါ မြန်မာပြည်သူတိ ခဲမကျီ ဖြိုက်နီကကေ လည်း မိမိရို့ဧ့ ဆန္ဒကို ဖွင့်ဟထုတ်ပြခြင်း မပြုဝံ့ဖြိုက်နီချိန်မာ ဆြာတော် ဦးဥတ္တမစွာ ဘုရင်ခံထံ စာတစ်စောင် ရီးပို့လိုက်လီရေ။ ထိုစာမာ “ဆာရယ်ဂျီနယ်ကရက်ဒေါက်မင်း မြန်မာပြည်က ထွက်လှား” ဆိုပနာ ဖြိုက်လီရေ။ ယင်း ပြည်နှင်စာကို သူရိယသတင်းစာက ထည့်သွင်းဖော်ပြခရာ တတိုင်းလုံး မျက်လုံးပြူး အံ့အားသင့်ခကတ်ရေ။ အကြောင်းမှာ ဘုရင်ခံကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရီးရဲရေ အာဇာနည်ပုဂ္ဂိုလ်ထူးဧ့ စာကြောင့်ပင် ဖြိုက်အတွက်နန့်တည်း။
ဒေစာကြောင့် မြန်မာလူမျိုးတိ အတွင်းမာ မဂျိပြာဖုံးဖြိုက်နီရေ လွတ်လပ်ရီးစိတ်၊ အမျိုးသားစိတ်ဓာတ်ကို တပ်လှန့်နှိုးဆော်ပီးလိုက်တေပိုင် ဖြိုက်လားရေ။ မြန်မာလူမျိုးတိ နိုးကြားအုံးထ လှာကတ်တေ။ ဇာတိသွီး ဇာတိမာန် တက်ကြွလှာရေ။ ယင်းချင့်အပြင် ဧချင့်ပိုင် ပြောနှိုင်ရေ အခွင့်အရီး ဟိရေဆိုရေ အချက်ကို မြန်မာလူမျိုးရို့အား နိုးကြားသိမြင်လာ စီခလီရေ။ ထိုအချိန်က စတင်ခရေ မြန်မာ့လွတ်လပ်ရီးတိုက်ပွဲစွာ လွတ်လပ်ရီးရရေ တထိ တစတစ ယှင်သန်ကြီးထွား လာရေ။ ဆြာတော်စွာ ထိုအချိန်လှောက်က စပြီးကေ ကျွန်းရွာ၊ ကျေးလက်တိသို့ ဆင်းကာ နိုင်ငံရီးတရားတိ ဆက်တိုက်ဆိုပိုင် ဟောပြောတော်မူလီရေ။ ထိုအတွင်းမာ ဆြာတော်စွာ ရန်ကုန်နန့် ကာလကတ္တားကို လားလိုက် လာလိုက် ပြုလုပ်လျက်ဟိရေ။ [၉]
အင်္ဂလိပ်အစိုးရက ဖမ်းဆီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၁၁ ခုနှစ်မာ မြန်မာနိုင်ငံသို့ ပြန်ကြွယပြီးနောက် ဆြာတော် ဦးဥတ္တမစွာ ခရီးလှည့်ကာ ဝံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရီး၊ တိုင်းပြည်ချစ်စိတ်အကြောင်း ဟောပြောကာ “ဝံသာနု” အသင်းတိ တတိုင်းပြည်လုံးအနှံ့ ဦးဆောင်စည်းရုံး ဖွဲ့စည်းခရေ။ ယင်းခါ အင်္ဂလိပ်နယ်ချဲ့အစိုးရက စစ်ပုလိပ်တိနန့် ၎င်းအစုအဖွဲ့တိကို လိုက်လံဖြိုခွင်းခလီရေ။
ဆြာတော်စွာ နိုင်ငံရီးတရားတိကို ဗြောင်ကျကျ ဟောဟောဒိုင်းဒိုင်း ဟောပြောတတ်ရေအတိုင်း သံဃာတော်တိအား ကျောင်းတွင်သာ ကျိန်းပြီး မနီကတ်ဖို့နန့် တိုင်းပြည်စွာ ကျွန်ဘဝသို့ ဆင်းသက်နီအတွက် တိုင်းသူပြည်သားတိ ကျွန်ဘဝရောက်နီကြောင်း၊ ကျွန်တိကိုးကွယ်ရေ ဘာသာမာလည်း ကျွန်ဘာသာနန့် ကျွန်သာသနာပင် ဖြိုက်ကကြောင်း၊ ကျွန်ဘဝက လွတ်မြောက်အောင် သံဃ့ာသမဂ္ဂီအသင်းအဖွဲ့တိ ဖွဲ့စည်းကာ လွတ်လပ်ရီးရဟိအောင် ကြိုးစားသင့်ကြောင်း ဟောပြောခလီရေ။ ၁၉၁၉ ခုနှစ် တွင် ဂျပန်မှ ပြန်လာရေအခါ ဆြာတော်စွာ သူရိယသတင်းစာမာ ခေါင်းကြီး၌လိ့ကောင်း၊ ဝံသာနုရက္ခိတတရားကို မြန်မာတိ စောင့်စည်းရီး ဆောင်းပါးတိကို လိ့ကောင်း ရီးသားရေ။
ဆြာတော်ဧ့ ရဲရဲတောက် မိန့်ခွန်းတိကြောင့် ဆြာတော် ဦးဥတ္တမအား အင်္ဂလိပ်အစိုးရက ၁၉၂၁ ခု မာ့ခ်ျလ (၃၁) ရက်နိတွင် အစိုးရအား အကြည်ညိုပျက်အောင် တရားဟောပြောမှုဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျောင်းကုန်းမြို့တွင် ဖမ်းဆီးခလီရေ။ ဖမ်းမိန့်ထုတ်ခသူမာ အရီးပိုင် ဦးဘိုးလှ (သမ္မတ ဒေါက်တာဘဦးဧ့ အဖ) ဖြစ်ရေ။ ဆြာတော်စွာ မြန်မာပြည်မာ နိုင်ငံရီးနန့် ပထမဆုံး အပြစ်ပီးခံရရေ ဗုဒ္ဓဘာသာရဟန်းတော်တပါး ဖြစ်ရေ။
ဆြာတော်အား ကျောင်းကုန်းမှ အစိုးရသင်္ဘောနန့် မအူပင်တရားရုံးသို့ ခေါ်ဆောင်ကာ အလုပ်ကြမ်းနန့် ထောင်ဒဏ် (၁၂) လ အပြစ်ပီးပြီး မအူပင်ထောင်မာ အကျဉ်းချခရေ။ ဆြာတော်စွာ အကျဉ်းခံရေ နိမှစပြီးကေ သင်္ကန်းချွတ်ပနာ ထောင်အဝတ်ကို ဝတ်ဆင်ရရေ။ ယပြီးနောက် ဆြာတော်စွာ ၁၉၂၂ ခု ဂျုန်လ (၂၆) ရက်နိ မအူပင်ထောင်မှ ပြန်ပနာလွတ်မြောက်ပါ လတ်တေ။ ဆြာတော်ဦးဥတ္တမစွာ လွတ်မြောက်ခပြီးနောက် အစိုးရအား ဦးမညွတ်ဘဲ ဆက်ပြီးကေ မြန်မာပြည်အနှံ့လှည့်ကာ နိုင်ငံရီးတရားတိ ဟောပြောခလီရေ။
ဒေပိုင်နန့် ဆြာတော်စွာ ၁၉၂၄ ခု အောက်တိုဇာလ (၁၆) ရက်နိမာ ရာဇသတ်ပုဒ်မ ၁၂၄ (က) နန့် အလုပ်ကြမ်းနန့် ထောင်ဒဏ် (၃) နှစ် ထပ်မံအပြစ်ပီးခံရပြီးကေ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်ရေ။ ဆြာတော်စွာ ၁၉၂၇ ဖေဖဝါရီလတွင် အကျဉ်းမှ ပြန်ပနာ လွတ်မြောက်လာ ပြန်ရေ။ ထောင်က လွတ်မြောက်ပြီးနောက် အမြို့မြို့အနယ်နယ်သို့ လှည့်လည်ပနာ အမျိုးသား နိုးကြားရီးတရားတိကို ဟောကြားရာ ၁၉၂၈ ခုနှစ်မာ တတိယအကြိမ် အဖမ်းခံရပြန်ရေ။
ဘဝနိဂုံး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ထောင်က ထွက်လှာရေအခါ ဆြာတော်စွာ နိုင်ငံရီးကို လုပ်ပြန်ရေ။ ယေကေလဲ မြန်မာနိုင်ငံရီး၌ ခွဲရီးတွဲရီး ကိစ္စတိပေါ်၍ ၁၉၃၅ ခုနှစ်မာ မြန်မာနိုင်ငံကို အိန္ဒိယ နိုင်ငံနန့်ခွဲကာ ၉၁ ဋ္ဌာန အုပ်ချုပ်ရီးပီး ချိန်လည်းဖြစ်ရေ။ မြန်မာနိုင်ငံရီးမာ အကွဲအပြဲနန့် ဂိုဏ်းဂဏစိတ်ဓာတ်တိ ကွဲပြားနီချိန်ဖြစ်ရေ။ ယင်းခါ ဆြာတော်နန့် နိုင်ငံရီးအယူအဆ မတူသူတိလေ့ အများကြီးဟိခရေ။ ဂိုဏ်းဂဏ ကွဲပြဲကတ်ရေအခါ တစ်ဖက်နန့်တစ်ဖက် ပြင်းစွာယိုးစွပ် ဝေဖန်တတ်ကတ် လီရာ၊ တခါက ကကောင်းကြည်ညိုလေးစားခရေ ဆြာတော် ကိုပင် ဆိဆောက်ခရောက် ယိုးစွပ် ပြောဆိုကတ်လီရေ။ ဆြာတော်ကား သီးခံတော်မူပြီးကေ ပုဂ္ဂလဓိဋ္ဌာန်နန့် ချေပခြင်းမပြုဘဲ ဓမ္မဓိဋ္ဌာန် နန့်သာ ဖြီယှင်းချက်ထုတ်ရေ။
ယင်းပိုင် နိုင်ငံရီး ဗလဗွီသတ်နီချိန်မာ ဆြာတော်စွာ ကျမ်းမာရီးလေ့မကောင်း ဖြိုက်ယှာရေ။ ရပ်စောက်ကိုင်းလိုင်းနန့် ကကောင်းပင် ဦးဏှောက်အင်အား ချိုတေနီရာ ရန်ကုန်မြို့ ထဲမာ ဖားကတ်လားတဦးပိုင် လားလာနီတတ်ရေ။ ယင့်အချိန်က ပုဇွန်တောင် ညောင်ကုန်းကျောင်းမာ သီတင်းသုံးနီလီရေ။ ကကောင်းမကျမ္မာအတွက်နန့် ရန်ကုန်ဆီးရုံကြီး သို့ တင်ပို့ကုသရာ ၁၃ဝ၁ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နိ (၁၉၃၉ ခု၊ စတ်တင်ဇာလ ၉ ရက်) မာ သက်တော် ၆ဝ အရွယ်၌ ပျံလွန်တော်မူရေ။ ပျံလွန်တော်မူစဉ်က ဆြာတော်ဧ့ သက်တော်မှာ (၆၀) နှစ် ဟိပြီးကေ သိက္ခာတော်မှာ (၄၁) ဝါ ဟိရာဖြစ်ရေ။ ဆြာတော်ဧ့ ရုပ်ကလာပ်ကို ဆီးရုံက ယူဆောင်ပနာ မပုပ်မသိုးအောင် ဆေးရည်စိမ်ပြီး မှန်ခေါင်းသွင်းကာ ပုဇွန်တောင်မြို့နယ်၊ ညောင်တုန်းကျောင်းမာ ထားပနာ ဈာပနအခမ်းအနား ကျင်းပခရေ။ ပျံလွန်တော်မူပြီး (၃) ရက်မြောက်နိ စက်တင်ဘာ (၁၁) ရက်နိမာ ရန်ကုန်မြို့တော်ဝန် ဦးဘ ဦးစီးပနာ ဆြာတော်ဧ့ အန္တိမဈာပနကို စည်ကားစွာ ကျင်းပခလီရေ။ ဆြာတော် ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာခါ ပြည်သူလူထုတရပ်လုံးစွာ ဆြာတော် မျှော်မှန်းခရေ လုံးဝလွတ်လပ်ရီးပန်းတိုင်သို့ အရောက်ချီတက်နိုင်ခလီရေ။
ဂုဏ်ပြုခံရမှုတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပြည်ပ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ဆြာတော် ဦးဥတ္တမဧ့ ဂုဏ်ကျေးဇုကို မှတ်တမ်းတင်ရေတွက်နန့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာ နာမည်ဟိရေ စာပီအဖွဲ့အစည်းတခုက ထုတ်ဝီရေ ဟိန္ဒူဘာသာစွယ်စုံကျမ်းမာ မြန်မာ့လွတ်လပ်ရီး တိုက်ပွဲဂေါင်းဆောင် ဆြာတော် ဦးဥတ္တမအကြောင်းကို တခမ်းတနား ရီးသားဖော်ပြထားလီရေ။
- ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းမာက ဂျပန်ဘာသာနန့် ဆြာတော် ဦးဥတ္တမအကြောင်း စာအုပ်တိ ရီးသားထုတ်ဝီခကတ်ရေ။
ပြည်တွင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကျောင်းသင်ရိုး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တချိန်က မြန်မာနိုင်ငံကျောင်းသုံးစာအုပ်တိမာလည်း ဆြာတော်ဦးဥတ္တမဧ့ အထ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြားစီရေ။
နိရက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- စစ်တွေမြို့ဟိ သမဂ္ဂအဖွဲ့က ဦးစီးကာ ၁၉၄၇ ခု စက်တာဘာ (၉) ရက်နိမာ အခမ်းအနားတရပ်ကို ရွှေတိဂုံခြီရင်းဟိ ပုလိပ်သမဂ္ဂ အဆောက်အအုံမာ ကျင်းပခကတ်ရေ။ ထိုနိကိုပင် “ဦးဥတ္တမတထိမ်းအမှတ်နိ” အဖြိုက်နန့် သတ်မှတ်ကာ နှစ်စိုင်နှစ်တိုင်း ကျင်းပလာခကတ်ရေ။
- ရန်ကုန်မြို့မာလည်း နှစ်စိုင် စက်တင်ဘာလ (၉) ရက်နိ ကျရောက်တိုင်း ဦးဥတ္တနိ အဖြိုက်နန့် စည်ကားသိုက်မြိုက်စွာ ကျင်းပခရေ။
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာရဟန်းသံဃာတော်တိ၊ ရက္ခိုင်မျိုးချစ်အဖွဲ့အစည်းတိနန့် ရွှေ့ပြောင်းအလုပ်သမားတိက ဆြာတော် ဦးဥတ္တမနိကို နှစ်စိုင်နှစ်တိုင်း ကျင်းပပါလတ်စွာမှာ ဆယ်စုနှစ်မက ဟိခရာ ဖြစ်ရေ။
- ဆြာတော်ဦးဥတ္တမ ပျံလွန်တော်မူရေ ၇၅ နှစ်ပြည့် တထိမ်းအမှတ်အဖြိုက်နန့် ဆြာတော် ဦးရက္ခဝံသစွာ ဆူးလေမှ တာမွေမြို့နယ်ဟိ နိုင်ငံရီးအကျဉ်းသားများရုံး အထိ လမ်းလျှောက်ဂုဏ်ပြုခရေ။[၁၁]
- ၇၂ ကြိမ်မြောက် ဆြာတော် ဦးဥတ္တမနိကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြီစိုက် ရက္ခိုင်အမျိုးသမီးများအစည်းအရုံးက ဒက္ကားမြို့မာ ကျင်းပခရေ။[၁၂]စစ်တွေ[၁၃]ရန်ကုန် မင်းပြား တောင်ကုတ် ပုဏ္ဏားကျွန်း ကျောက်တော်မြို့တိ ကျောက်ဖြူ ဇင်ချောင်းကျေးရွာနန့်[၁၄] ဟိုင်းကြီးကျွန်း [၁၅] ရို့တွင်လည်း ကျင်းပခရေ။
ပန်းခြံ ပြတိုက် ကြေးရုပ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- စစ်တွေမြို့တွင် ဦးဥတ္တမအသင်းနန့် ဦးဥတ္တမပန်းခြံရို့ကို တည်ဆောက်ထား ခကတ်ရေ။ စစ်တွေမြို့ဟိ ဦးဥတ္တမပန်းခြံမာ ၁၉၆၃ ဂျန်နဝါရီလ (၁၀) ရက် ကြာသပတီးနိမာ ဆြာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခလီရေ။
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြီရင်းဟိ ကန်တော်မင်ပန်းခြံကို နိုင်ငံတော်အစိုးရက ဆြာတော်အား ဂုဏ်ပြုရေတွက်နန့် ဦးဥတ္တမပန်းခြံဟု မှည့်ခေါ်ခရေ။
ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြီရင်းဟိ ဦးဥတ္တမပန်းခြံ
- ရက္ခိုင်ပြည်နယ် စစ်တွေမြို့ ရွှေစာတီကျောင်းတွင် ဆြာတော် ဦးဥတ္တမပြတိုက် တစ်ခု ဆောက်လုပ်ဖို့ ရန်ပုံငွီယှာဖွီရေး အနိန်နန့် ဆြာတော် ဦးဥတ္တမအတ္ထုပတ္တိ သမိုင်း ဗွီစီဒီခွေကို ၂၀၁၃ ဇွန် ၂၀က စတင်ပြီးကေ ရောင်းချခကတ်ရေ။[၁၆]
- မြောက်ဦးမြို့ အနော်မာ ပန်းခြံမာထားဖို့ ကြေးပိဿာချိန် ၃၀၀ ခန့် အသုံးပြုပြီးကေ သွန်းလုပ်နီရေ ဆြာတော် ဦးဥတ္တမ ရုပ်တုတော်မှာ ဂုချိန်ခါ ပြီးစီးလှားရာ ဖြစ်ရေ။ ကြေးရုပ်တုကို မြောက်ဦးမြို့နယ်တခုလုံးက စေတနာရှင်တိဧ့ စုပေါင်းအလှူ ထည့်ဝင်မှုနန့် မောက်ဦးမြို့ကြေးသွန်းဆြာကြီး ဦးကျော်သာညွန့်မှ ၆ လခန့် အချိန်ယူ သွန်းလုပ်ခခြင်း ဖြစ်ရေ။ [၁၇]
- ဆြာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ ၁၉၃၉ ခုနှစ် စတ်တင်ဇာလ (၁၁)ရက်၊ တနင်းလာနိမာ ကျင်းပရေ အောက်လွှတ်တော်အစည်းအဝီး၌ မင်းလက်သပ်အမတ်တိက ဆြာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြောင်းနန့် ကျန်ရစ်သူ မိသားစုထံ ဝမ်းနည်းသဝဏ်လွှာပို့ရန်၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြိုက်နန့် လွှတ်တော်အား ငါးမိနစ်ရွှိ့ဆိုင်းရန် အဆိုကို ဟံသာဝတီမြီဧ့ မင်းလက်သပ်အမတ် ဦးသင်းမောင်က တင်သွင်းပြီး လွှတ်တော်တက်ရောက်သူ မင်းလက်သပ်အမတ်အားနုန်းက တညီတညွှတ်တည်း အတည်ပြုကတ်ရေ။[၁၈]
- ဆြာတော် ဦးဥတ္တမဧ့ မြန်မာ ဂျပန် ချစ်ကြည်ရင်းနှီးမှု နှစ်(၁၀၀)ပြည့် အခမ်းအနားကို ၂၀၁၃ခုနှစ် ဂျုန်လ(၂၂)ရက်နိ(စနီနိ) နိခင်း ၂ နာရီအချိန်မာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမာ ကျင်းပခရေ။ [၁၉]
ပိတ်ပင်မှုတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]နေဝင်းဂေါင်းဆောင်ရေ တော်လှန်ရီးကောင်စီအစိုးရလက်ထက်မာ နိုင်ငံရီးဆောင်ရွက်ရေ ရဟန်းသံဃာတော်တိ ပေါ်ပေါက်လာဖို့ကို စိုးရိမ်အတွက်နန့် နီဝင်းဧ့ အမိန့်နန့် တနိုင်ငံလုံးမာ ဦးဥတ္တနိ ကျင်းပခြင်း မှီငြမ်းပနာ ပိတ်ပင်ဟန့်တားလိုက်လီရေ။ ယင့်လောက်ရာမက ဦးဥတ္တမပန်းခြံကိုလဲ့ ကန်တော်မဂ်လာပန်းခြံဟု နာမည်ပြောင်းလဲလိုက်လီရေ။ တပ်မတော်အစိုးရလက်ထက်တွင်လည်း ဆြာတော် ဦးဥတ္တမနန့် ဆြာတော် ဦးဥတ္တမပိုင် နိုင်ငံရီးဆောင်ရွက်ခရေ ဆြာတော်ကြီးဧ့ အကြောင်းကို စာနယ်ဇင်းတိမာ ရီးသားဖော်ပြခြင်းကို စာပီစိစစ်ရီးဌာနက ပိတ်ပင်ထားရေ။[၂၀] အာဏာပိုင်ရို့စွာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမာ ရွှေတိဂုံ စာတီတော် အနီးဟိ ဦးဥတ္တမပန်းခြံကို ကန်တော်မင် ပန်းခြံ အဖြိုက်နန့် ပြောင်းလဲခေါ်ဆိုစီခြင်း၊ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံဟိ ဦးဥတ္တမရုပ်တုကို မွမ်းမံမှု မဟိခြင်း၊ ဆြာတော် ရုပ်တုကို အရိုအသေပီးမှုတိအား တားမြစ် အရီးယူခြင်းတိ ပြုလုပ်ခရေ။ ဆြာတော် ဦးဥတ္တမဧ့ နယ်ချဲ့တော်လှန်ရီး စိတ်ဓာတ်အား အတုယူလာဖို့ကို စစ်အာဏာပိုင် တိက စိုးရိမ်ရေ အတွက်ကြောင့် ဖြစ်ရေလို့ အများက ယူဆကတ်ရေ။[၂၁] စစ်အစိုးရစွာ ၂၀၁၀ခုနှစ်အထိ ဆြာတော်ကို ဂါရဝပြုခွင့်မပီးခပါ၊၊၂၀၁၁ခုနှစ်မာမှ ပန်းခွီချခွင့်၊ ဘုရားမီးထွန်းခွင့်ရရေ။[၂၂]ယဂေလဲ့ ၂၀၁၄မာ ရန်ကုန်တွင် ဆြာတော်ဦးဥတ္တမ အခမ်းအနားသို့ ဦးဆောင် တက်ရောက်ကတ်သူ တချို့ကို ရဲကစစ်ဆီး မှုတိဟိပါယင့်။[၂၃]
ဆက်စပ်ဖတ်ရန်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ , နယ်ချဲ့ရို့အား တော်လှန်ခရေ ဆြာတော် ဦးဥတ္တမ
- ↑ [လင့်ခ်သီ],ဦးဥတ္တမ
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
- 1 2 မောင်သုည : ဦးဥတၱမ
- ↑ Archived 30 June 2016 at the Wayback Machine.,ဦးဥတ္တမ-မှတ်စုစာအုပ်
- ↑
- ↑ "အစိမ်းရောင်လွင်ပြင်: ရက္ခိုင်ရို့ဌာနေ မြို့စစ်တွေ". Archived from the original on 5 March 2016. Retrieved 20 May 2015.
- ↑ ဇင်လင်း - ဦးဥတ္တမထုံးကို နှလုံးမူကတ်မေ
- ↑ သန်းဝင်းလှိုင်ဧ့ ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးတိ
- ↑ "ဆြာတော် ဦးဥတ္တမ အထိမ်းအမှတ်ပွဲ ဘန်ကောက်မြို့မာ ကျင်းပ". Archived from the original on 15 January 2021. Retrieved 20 May 2015.
- ↑ mp3you.eu[လင့်ခ်သီ]
- ↑ "ဦးဥတ္တမနက် အခမ်းအနား".[လင့်ခ်သီ]
- ↑ "ဦးဥတ္တမနက် အခမ်းအနား". RFAaccessdate= ၆ အောက်တိုဘာ ၂၀၁၅. ၉ စတ်တင်ဘာ ၂၀၁၁. Archived from the original on 17 March 2016. Retrieved 6 October 2015.
{{cite web}}: Check date values in:|date=(help) - ↑ http://www.narinjara.com/detailsbur.asp?id=3465.
{{cite web}}: Missing or empty|title=(help)[လင့်ခ်သီ] - ↑ နော်နိုရင်း (၉ စတ်တင်ဘာ ၂၀၁၁). "ဦးဥတ္တမနက် အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ရ". DVB. Retrieved ၆ အောက်တိုဘာ ၂၀၁၅.
{{cite web}}: Check date values in:|accessdate=and|date=(help) - ↑ [လင့်ခ်သီ],ဆြာတော် ဦးဥတ္တမ အတ္ထုပတ္ထိသမိုင်း ဗွီစီဒီခွေ စတင်ဖြန့်ချိ( နိရဉ္စရာ- ၂၁ ဇွန် ၂၀၁၃) / မောင်အေး
- ↑ ,(နိရဉ္စရာ- ၁၈ သြဂတ် ၂၀၁၄) / မောင်အေး
- ↑ [လင့်ခ်သီ],အာသျှမီးရှူးတန်ဆောင် ဆြာတော် ဦးဥတ္တမ
- ↑ "မော်ကွန်းတင်ပြီးမိတ္တူ". Archived from the original on 4 March 2016. Retrieved 20 May 2015.
- ↑ http://arakanreview.net/?p=1967%5Bလင့်ခ်သီ%5D
- ↑ "မော်ကွန်းတင်ပြီးမိတ္တူ". Archived from the original on 4 March 2016. Retrieved 20 May 2015.
- ↑ [လင့်ခ်သီ], ဦးဥတ္တမ ရုပ်တုရှိ ပြည်သူတိ ပန်းခွီချ
- ↑ ဦးဥတ္တမ အခမ်းအနားသို့ ဦးဆောင် တက်ရောက်ကတ်သူ တချို့ကို ရန်ကုန်မာ ရဲက စစ်ဆီး မှုတိဟိ | dawnmanhon[လင့်ခ်သီ]
ပြင်ပလင့်ခ်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ဆရာတော်ဦးဥတ္တမ အတ္ထုပတ္ထိသမိုင်းဗွီစီဒီခွေစတင်ဖြန့်ချိFrom : .. နိရဉ္စရာ
- လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ by ဘစောတင် Archived 19 July 2014 at the Wayback Machine.
- ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၇၅ နှစ်မြောက် အခမ်းအနားတွေ ကျင်းပ
- ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားများ ကျင်းပ
- ဦးဥတ္တမပန်းခြံအဖြစ် ကန်တော်မင်ပန်းခြံကို ပြန်လည် နာမည်ပြောင်းရေး သဘောထားများ(video)
- လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ ဆရာတော် ဦးဥတ္တမ- ဗမာ့ခေတ်ဦးဘရင်စာအုပ်
- ဆရာတော်ဦးဥတ္တမဂုဏ်ပြုကဗျာ-လေးဝတီ
- သခင်လွင် ပြုစုသည်။ ဦးဥတ္တမ လက်ရွေးစင်(မိန့်ခွန်း နှင့် ဆောင်းပါးများ)-သခင်လွင်၏အမှာစာ Archived 5 March 2016 at the Wayback Machine.
- ဦးဥတ္တမ ကြေးသွန်းရုပ်တု တောင်ကုတ်တွင်ထားရှိမည်
- ဆရာတော်ဦးဥတ္တမနေ့ (၇၅)နှစ်မြောက် စိန်ရတုအထူးထုတ် ဦးဥတ္တမ မော်ကွန်း စာအုပ်ထွက်မည်
- ဆရာတော်ဦးဥတ္တမ ဓာတ်ပုံ Archived 11 March 2016 at the Wayback Machine.
- Sunday, July 21, 2013ဆရာတော် ဦးဥတ္တမ ၏ပြတိုက်ကို မြန်မာနိုင်ငံအတွင်းပထမဆုံးတည်ဆောက်မည် Archived 9 March 2016 at the Wayback Machine.
- ဆရာတော် ဦးဥတ္တမ (လွတ်လပ်ရေးစိတ်ဓာတ် မျိုးစေ့ချခဲ့သူ)[လင့်ခ်သီ]
- ရှင်းလင်းရဖို့ ဝီကီးပီးဒီးယား စာမျက်နှာတိ
- ရှင်းလင်းရဖို့ စာမျက်နှာတိ အားလုံး
- ပြင်ပလင့် သီနီရေ ဆောင်းပါးတိအားလုံး
- ပြင်ပလင့် သီနီရေ ဆောင်းပါးတိ
- တမ်းပလိတ်အတွင်းဟိ ရက်စွဲပါရာမီတာမမှန်ရေ ဆောင်းပါးတိ
- Webarchive template wayback links
- CS1 errors: dates
- CS1 errors: missing title
- CS1 errors: bare URL
- ၁၈၇၉ မွီးဖွားသူတိ
- ၁၉၃၉ ကွယ်လွန်သူတိ
- ရခိုင်နိုင်ငံရီးဂေါင်းဆောင်တိ
- ရခိုင် စာရီးဆရာတိ
- ဆြာတော်ဦးဥတ္တမ
- ရခိုင်ရဟန်းစာရွီးဆရာတိ
- ပျက်စီးနီရေဖိုင်လင့်ခ်အများကြီးပါရေစာမျက်နှာတိ

