ဆရာတော်ဦးဥတ္တမအထိမ်းအမှတ်ရုပ်တုတိ
အသွင်ပြင်
စစ်တွေ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- စစ်တွေမြို့တွင် ဦးဥတ္တမအသင်းနန့် ဦးဥတ္တမပန်းခြံရို့ကို တည်ဆောက်ထား ခကတ်ရေ။ စစ်တွေမြို့ဟိ ဦးဥတ္တမပန်းခြံမာ ၁၉၆၃ ဂျန်နဝါရီလ (၁၀) ရက် ကြာသပတီးနိမာ ဆြာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခလီရေ။[၁]
- ရက္ခိုင်ပြည်နယ် စစ်တွေမြို့ ရွှေစာတီကျောင်းတွင် ဆြာတော် ဦးဥတ္တမပြတိုက် တစ်ခု ဆောက်လုပ်ဖို့ ရန်ပုံငွီယှာဖွီရေး အနိန်နန့် ဆြာတော် ဦးဥတ္တမအတ္ထုပတ္တိ သမိုင်း ဗွီစီဒီခွေကို ၂၀၁၃ ဇွန် ၂၀က စတင်ပြီးကေ ရောင်းချခကတ်ရေ။[၂]
- ၂၀၂၁ စက်တင်ဘာလ ၇ ရက်မာ ဆရာတော်ဦးဥတ္တမပြတိုက်တည်ဆောက်နီရေ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းမာ ဆရာတော့်ကြေးသွန်းရုပ်တုထားဟိနိုင်ဖို့ မြန်မာ့အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း ၁၀၀ လှူဒါန်း ခရေ။[၃]
မြောက်ဦး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- မြောက်ဦးမြို့ အနော်မာ ပန်းခြံမာထားဖို့ ကြေးပိဿာချိန် ၃၀၀ ခန့် အသုံးပြုပြီးကေ သွန်းလုပ်နီရေ ဆြာတော် ဦးဥတ္တမ ရုပ်တုတော်မှာ ဂုချိန်ခါ ပြီးစီးလှားရာ ဖြစ်ရေ။ ကြေးရုပ်တုကို မြောက်ဦးမြို့နယ်တခုလုံးက စေတနာရှင်တိဧ့ စုပေါင်းအလှူ ထည့်ဝင်မှုနန့် မောက်ဦးမြို့ကြေးသွန်းဆြာကြီး ဦးကျော်သာညွန့်မှ ၆ လခန့် အချိန်ယူ သွန်းလုပ်ခခြင်း ဖြစ်ရေ၊[၄]
- ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်တု ဉာဏ်တော်အမြင့် ၇ ပေ ၁ လက်မခွဲ ဟိပြီးကေ ကြေးသွန်းရုပ်တု ပြုလုပ်အချိန် ၄ လ ကျော် ကြာမြင့်ပါရေ။ ကြေးသွန်းလုပ်မှု ကုန်ကျငွေ သိန်း ၁၀၀ ကုန်ကျခပါရေ။ [၅]
အမ်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- အမ်းမြို့နယ်အဝင် ဦးဥတ္တမပန်းခြံမာ ဆရာတော်ဉီးဉတ္တမရုပ်တုကို အင်္ဂတေနန့် ထုလုပ်ထားပါရေ။
ပေါက်တော
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- သြဂုတ်လ ၆ ရက် နိ ၂၀၁၆ ဦးဥတ္တမ ကြေးရုပ်တု စိုက်ထူ ဂုဏ်ပြု ဖွင့်ပွဲအခမ်းအနား ပေါက်တောမြို့မာ ပြုလုပ်ခပါရေ၊ ပေါက်တောမြို့မာ ဆရာတော် ဦးဥတ္တမရုပ်တု တစ်ခု ထားဟိ ပူဇော်နိုင်ရီး အတွက် ပေါက်တောမြို့နယ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သာရီးနာရီး အသင်းက ဦးဆောင်ခပါရေ။ ဖွင့်ပွဲအခမ်းအနားကို မြို့မိမြို့ဖတိ၊ လူမှုအဖွဲ့အစည်းတိ၊ တက္ကသိုလ်ကျောင်းသား လူငယ်အဖွဲ့တိ၊ တက္ကသိုလ်ကျောင်းမှ ဆရာဆရာမတိနန့် မြို့သူမြို့သားတိ စုစုပေါင်း လူ ၃၀၀ လောက် တက်ရောက်ခရေ၊ ဆရာတော် ဦးဥတ္တမ ကြေးရုပ်ထုသွန်းလုပ်ရာမာ စုစုပေါင်း ကျပ်သိန်း ၁၄၀ ကျော်ခန့် ကုန်ကျပါရေ။[၆]
ကျောက်ဖြူ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ၂၀၁၇ မာ ဆရာတော်ဦးဥတ္တမကြေးသွန်းရုပ်တုကို သွန်းလုပ်ပြီးစီးပြီ ဖြစ်အတွက်နန့် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက် ပင်လယ်ကမ်းခြီမာဟိရေ ဦးဥတ္တမပန်းခြံမာ တည်ထားကိုး ကွယ်ပူဇော်ထားရေ။ [၇]
- ကျောက်ဖြူမြို့ဟိ နဒီသောင်ယံပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ် ပြန်ပနာ သတ်မှတ်နိုင်ရီး ၂၀၁၅ စက်တင်ဘာ ၄ ရက် မွန်းတည့် ၂ နာရီက ကျောက်ဖြူမြို့ သာသနာ့ဗိမာန်မာ ဆရာတော် ၂၅ ပါးအပါအဝင် မြို့ခံ ၁၀၀ လောက် တက်ရောက်ခရေ အစည်းအဝေးဆုံးဖြတ်ချက်အရ နဒီသောင်ယံပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ်သတ်လိုက်ရေ။ ကျောက်ဖြူမြို့ဟိ *ဦးဥတ္တမပန်းခြံအား ၁၉၈၈ ခုနှစ်နောက်ပိုင်း မုန်တိုင်းကြောင့် ဆိုင်းဘုတ်ပြိုလဲလားပြီးနောက် နဒီသောင်ယံပန်းခြံလို့ နာမည်ပီးခြင်းဖြစ်ပါရေ၊[၈]
ကျောက်တော်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ရုပ်တုတော်ကို မြောက်ဦးမြို့မာ သွန်းလုပ်ခခြင်းဖြစ်ပြီးကေ ၂၀၁၇ မေလ ၁၀ ရက်နိက သွန်းလုပ်မှု ပြီးစီလားရာဖြစ်အတွက်နန့် ဆရာတော်၏ ရုပ်တုတော်ကို ကျောက်တော်မြို့ သင်္ဘောဆိပ်အနီးဟိ ပန်းခြံမာ နေရာချပူဇော်ထားပါရေ[၉]
ရန်ကုန်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြီရင်းဟိ ကန်တော်မင်ပန်းခြံကို နိုင်ငံတော်အစိုးရက ဆြာတော်အား ဂုဏ်ပြုရေတွက်နန့် ဦးဥတ္တမပန်းခြံဟု မှည့်ခေါ်ခရေ။[၁၀]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%A5%E1%80%90%E1%80%B9%E1%80%90%E1%80%99
- ↑ https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%A5%E1%80%90%E1%80%B9%E1%80%90%E1%80%99
- ↑ https://burmese.narinjara.com/news/detail/6138a7961002ba04798cd8ac
- ↑ https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%A5%E1%80%90%E1%80%B9%E1%80%90%E1%80%99
- ↑ https://burmese.dvb.no/post/204069
- ↑ https://www.bnionline.net/mm/news-5431.html
- ↑ https://www.youtube.com/watch?v=vAjajyNMyNU&ab_channel=ElevenBroadcasting
- ↑ https://news-eleven.com/article/264095
- ↑ https://www.bnionline.net/mm/news-8123.html
- ↑ https://my.wikipedia.org/wiki/%E1%80%A6%E1%80%B8%E1%80%A5%E1%80%90%E1%80%B9%E1%80%90%E1%80%99