ဆရာတော် စန္ဒြမဏိ
| Sayadaw U Chandramuni Mahathera | |
|---|---|
| ဆရာတော် စန္ဒြမဏိ
| |
| ဘာသာ | ဗုဒ္ဓဘာသာ |
| ဘာသာအုပ်စု | ထေရဝါဒ |
| ဓမ္မနာမည် | စန္ဒြမဏိ |
| ပုဂ္ဂိုလ်ရီးရာ | |
| နိုင်ငံသား/လူမျိုး | ရခိုင် |
| မွီးဖွား | ၂၅ မေ ၁၈၇၅ ပေါက်ပင်ကွင်းကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည် |
| ကွယ်လွန် | ၈ မေ ၁၉၇၂ ကုသိနာရုံမြန်မာကျောင်းတိုက်၊ အိန္ဒိယနိုင်ငံ။ |
| ရာထူး တာဝန် | |
| ဌာန | ကုသိနာရုံမြန်မာကျောင်းတိုက်၊ အိန္ဒိယနိုင်ငံ။ |
| ဂုဏ်ဒြပ် | ဆရာတော် |
ဆရာတော် ဘဒ္ဒန္တ စန္ဒြမဏိ(ကမ္ဘာ့သာသနာပြု ကျေးဇူးတော်ရှင်)
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ငယ်ဘ၀
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဘဒ္ဒ န္တ စန္ဒြမဏိ လောင်းလျာ သူငယ်ကို ရက္ခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ်ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နန့် မေတော် ဒေါ်မိဝင်းယေ ရို့မှာ ၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခရေ။ မွီးချင်းသုံးဦးထဲမာ ဆြာတော်စွာ အကြီးဆုံး သားကြီးသြရသဖြစ်တေ။ အသက်(၁၂)နှစ် အရွယ်တွင် ဘကြီးတော်စပ်သူ ဆြာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါးတွင်သျှင်မောင်သျှင်ဘဝဖြင့် ပိဋကတ်စာပီတိကို သင်ယူခရေ။
အိန္ဒိယနိုင်ငံ ဂယာသို့ ပင့်ဖိတ်ခံရခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တရက်နိ ဥစ္စာပြည့်စုံရေ မြို့လူကြီးတိနန့်အတူ ဗိုလ်မှူးကြီးအော်ရကောက်၊ ` ဦးသူတော် ဓမ္မပါလရို့စွာ တရားသိစုရပ်ရှိ ဦးစန္ဒိမာရာမကျောင်းတိုက်တော်သို့ ရောက်လှာကတ်လီရေ။ သို့ရောက်လှာကြခိုက်တွင် ဆြာတော်ဘုရားမှာ ရှင်စန္ဒနန့် ရှင်သူရိယမည်သောရှင်ငယ်နှစ်ပါးအား ဋီကာကျော်စာ ဝါကို ပို့ချတော်မူနေဆဲဖြစ်လီရေ။ ́
မြို့လူကြီးရို့က ဆြာတော်ဘုရားထံထားပါးသို့ ရောက်လှာရခြင်း အကြောင်းစုံကို အာဂန္ဓုနှစ်ဦးရို့အား လက်ညွှန်ပြကာဖြင့် လျှောက်ထားကတ်လီရာ ဆြာတော်ကြီးက မိမိလေး အများကြီးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း၊ သာဓုလည်း ခေါ်ပါကြောင်း၊ ယဂေလေ့ ဒေကိစ္စရပ်ကြီးတွင် ရှင်စန္ဒအား မိမိ၏သားတပည့်ဖြစ်ကေလေ့ “စီ” မတပ်လိုကြောင်း၊ ရှင်စန္ဒ၏သဘောအတိုင်းရာ ဖြစ်စီချင်ကြောင်း၊ သူ့အား မီးစမ်းကြေ့ကတ်ပါဟု အမိန့်ရှိတော်မူလီ၏။
လူကြီးတိက ဆြာတော်ဘုရား၏ ထံထားပါးတွင် ပုဆစ်တုပ်လျက် မျက်လွှာချပြီးကေ နားစွင့်နိန်ရေရှင်စန္ဒအား မဇ္ဈိမဒေသ၌ ပရိယတ္တိကို ဆက်လို့ သင်ကြားပနာ ဗုဒ္ဓသာသနပြုလုပ်ငန်းအတွက် မဟာဗောဓိဌာနသို့ လိုက်နှိုင်ပါဖို့လောဟု မီးမြန်းကတ်၏။ ရှင်စန္ဒမှာ အဂုအဖြီမပေးနှိုင်သိမ့်ဘဲ အထပ်ထပ်အဖန်ဖန် စဉ်းစားဆင်ခြင် ပြီးကေ မိမိတစ်ကိုယ်တည်းထက် ရှင်သူရိယလည်း လိုက်ပါနိုင်က ပိုပြီးကေ ကောင်းပါဖို့ဘုရားဟု ဆြာတော်ဦးစန္ဒမာအသျှင်အား ဦးတင်လျှောက်ထားလီ၏။ ရှင်သူရိယအား မီးမြန်းကတ်ပြန်ရာ ရှင်စန္ဒနန့်ဆိုကေ လိုက်ပါဖို့လို့ အဖြီပီးလီရေ။
ဦးစန္ဒိမာဆြာတော်ဘုရားမှာ အားရရွှင်လန်းစွာဖြင့် မောင်သျှင် နှစ်ပါးရို့ကား သူရို့သဘောအတိုင်း လိုက်ပါဖို့လို့ ကတိသတ်ကတ်ပါယာ၊ ယင်းတွက်နန့် ဒေမောင်သျှင်နှစ်ပါးရို့အား ဒါယကာကြီးရို့၏ဆန္ဒအတိုင်း စီမံ ဆောင်ရွက်ကတ်ရန် အပ်နှံပါရေ။ သဘောတူခွင့်ပြုပါရေလို့ မိန့်တော်မူ လေ၏။ မြို့လူကြီးတိနန့်တကွ ဗိုလ်မှူးကြီးအော်ရကောက်၊ ဦးဓမ္မပါလ ရို့စွာ ကကောင်းဝမ်းသာကတ်ပြီးကေ. . .တပည့်တော်ရို့စွာ အစပထမ၌.မောင်သျှင်ရှင်စန္ဒတပါးကို သာ တောင်းဆိုပါရေ။ ကံကောင်းထောက်မပြီးကေ မောင်သျှင်ရှင်သူရိယကိုပါ ရဟိပါ၍ အထူးပင် ဝမ်းသာပါရေ။ ဘွဲ့တော်အရဆိုခကေလေ့ စန္ဒ-သူရိယ၊ လ-နီ နှစ်စင်း ထွက်ပေါ်လှာပြီဖြစ်ပနာ အမှန်မုချ ဗုဒ္ဓမြတ်စွာ သာသနာတော်စွာ လက်တက်ထွန်းကား စည်ပင်သာယာလာဖို့ တိတ် နိမိတ်ဖြစ်ကြောင်းနန့် . လျှောက်ထားကတ်လီရေ။ အဂုအချိန်ကား တော်သလင်းလ ဝါတွင်းရာသီဖြစ်နီပါ၍ တပည့်တော်ရို့နန့်အတူ ပင့်ဆောင်ရန် မဖြစ်နှိုင်သိမ့်ကေလည်း ဝါကျွတ်ကေ ဒေစစ်တွေမြို့မှ စစ်ကဲတော်ကြီးနန့် အခွန်ဝန်ရို့ ဂေါင်းဆောင်ကာ သုံးပွာင်းသုံးဆယ်စီ ပါသော အဖွဲ့နှစ်ဖွဲ့ခွဲပြီးကေ အိန္ဒိယသို့ ဘုရာဖူးစောင် လာရောက်ကြမည်ဖြစ် ပါရေ။ ရှင်စန္ဒနန့် ရှင်သူရိယရို့အား ဘုရားဖူးအဖွဲ့နှစ်ဖွဲ့နန့်အတူ ပါနှိုင်ယောင် စစ်တွေမြို့ မဟာဗောဓိအသင်းက တာဝန်ယူမည်ဖြစ်ပါရေ။ တပည့်တော်ရို့က ကာလကတ္တားမြို့မှစောင့်ကြိုကာ ဗုဒ္ဓဂါယာ မဟာဗောဓိဌာနသို့ ပင့်ဆောင်လားပါဖို့”အစချီပနာ အစီအစိုင်တိကို လျှောက်ထားခကတ်ပြီးကေ ဗိုလ်မှူးကြီး အော်ရကောက်နန့် ဦးသူတော် ဓမ္မပါလရို့စွာ ကာလကတ္တားမြို့ကို ပြန်လားကတ်လီရေ။[၁]
အိန္ဒိယနိုင်ငံသို့ ကြွချီခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယင်းပုဂ္ဂိုလ်ကြီးရို့စွာ ကလကတ္တားမြို့၊ နယူးဒေလီမြို့၊ ဘုံဘိုင် မြို့၊ မဒရတ်မြို့အစဟိရေ မြို့ကြီးတိရို့လိ့ကောင်း၊ သီဟိုဠ်ကျွန်း၌လည်း ကောင်း အယူဝါဒချင်းတူကတ်ရေသူတိနန့် စုစည်းလျက် မဟာဗောဓိ အသင်း အသီးသီးကို ဖွဲ့စည်းတည်ထောင်ကတ်လီရေ။ ကာလကတ္တား မြို့တွင်လည်း ရက္ခိုင်အမျိုးရားဒဘာချိတ်တိ စုပေါင်းလျက် မဟာဗောဓိ အသင်းတစ်သင်းကို သီးခြားဖွဲ့စည်းတည်ထောင်ကြလီလေ့
၁၂၅၂ ခု တန်ဆောင်မုန်းလသို့ ရောက်ရေအခါ စစ်ကဲကြီး ဦးသတိုးဝေနန့် အခွန်ဝန်ရို့ဂေါင်းဆောင်ပနာ သုံးပွာင်းသုံးဆယ်စီပါသော ဘုရားဖူးအဖွဲ့နှစ်ဖွဲ့နန့်အတူ ဦးစန္ဒိမာ ဆြာတော်ဘုရား၏ တပည့်ငယ် ရှင်စန္ဒစွာ စစ်တွေမြို့မှ ကာလကတ္တားမြို့ကို လိုက်ပါရလီရေ။ စန္ဒနန့်အတူ ရှင်သူရိယအပြင် ကပ္ပိယစာသင်သား သတိုးဦးလည်း အဖော်အဖြစ် ပါဟိလီရေ။ စစ်တွေမြို့သူမြို့သားအပေါင်းတိလေ့ ပင်လယ်ကူးဖောင်တော်သို့ ဝမ်းမြောက်ဝမ်းသာနန့် သောင်းသောင်းဖြဖြ လိုက်ပါပို့ဆောင်ကတ်လီရေ။
အိန္ဒိယသို့ရောက်ရေအခါ ယင်းရှင်မောင်သျှင်တိစွာ ဂယာရှိ မိုဃ်းကျောက်ဘုရင် ဆောက်လုပ်လှူဒါန်းရေ တန်ဆောင်းတွင် သီဟိုဠ်ဘုန်းကြီးတပါးနန့်အတူ နီထိုင်ကတ်လီရေ။ ဗုဒ္ဓဂယာမဟာ ဗောဓိမှာ ဟိန်းဒုတ်ဘုန်းကြီး မဟန့် အဆက်ဆက်၏လက်ထဲမာရှိလာခအနိန်နန့် ထိုအချိန်က မဟန့်စွာ အိန္ဒိယပြည်၌ သင့်တော်မည့်နီရာရို့တွင် ရွှေ့ပြောင်းနီထိုင်ရား သက္ကတဘာသာနန့် ဗုဒ္ဓစာပီတိကို သင်ကြား လိလာရေ။[၂]
ပညာတော်သင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ထိုနောက် မြန်မာပြည်သို့ နှစ်ကြိမ်ပြန်လာရေ။ ဒုတိယ အကြိမ်တွင်မူ မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊ မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်မကန်တိုက်နန့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆြာတော်ဘုရားတိထံတွင် ပိဋကတ်ကျမ်းကန်တိကို နှံ့နှံ့စပ်စပ် သင်ယူလိ့လာခရေ။
သီရိလင်္ကာနိုင်ငံသား အသျှင်အနာဂါရိယဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ မောင်သျှင်ဘဝဖြင့်ပင် ၁၈၉၀ ခုနှစ်၊နိုဗန်ဘာ (တန်ဆောင်မုန်းလ)တွင် အစိုးရအရာဟိ ဦးသာဒိုးဝေနန့် ပြည်တွင်းအခွန်အရာဟိတဦး လိုက်ပါပို့ဆောင်ပနာ အိန္ဒိယနိုင်ငံသို့ ရောက်ဟိလာခရေ။ ထိုနောက် ရည်မှန်းချက်ကြီးမားစွာဖြင့် ဟန္ဒီ၊သက္ကတအစဟိရေ ဘာသန္တရစာပီတိကို အားကြိုးမာန်တက် လိ့လာသင်ယူခရေ။
ရဟန်းခံခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ခရစ်နှစ် ၁၉ဝ၃ ခုနှစ်မာ ရှင်စန္ဒြာမဏိစွာ ရဟန်းခံခရေ။ ရခိုင်သက္ကရာဇ် ၁၂၆၉ ခုနှစ်၊ တပို့လဆန်း (၉)ရက်နိန့်၊ ကုန်သည်ကြီး ဦးရွှေစားဦး ဒေါ်မိချမ်းရို့၏ ပစ္စယာနုဂ္ဂဟရို့ဖြင့် ဘင်္ဂလားဒေ့ချ်နိုင်ငံပန်းဝါမြို့(အဂုအခေါ် ရာမူး)တွင် ရဟန်းအဖြစ်သို့ ရောက်ဟိတော်မူခရေ။ ရှင်စန္ဒြမဏိကို ရဟန်းခံပေးသူတိမာ မဇ္ဈိမဒေသကို ဘုရားဖူးကြွကတ်တေ ဝိသုဒ္ဓါရုံဆြာတော်အမှူးဟိရေ ဆြာတော်သံဃာတော်အပါး လေးဆယ်ဖြစ်ပါရေ။
ဆရာတော်၏စွမ်းဆောင်ချက်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယပြီးနောက် ဦးစန္ဒြမဏိစွာ အိန္ဒိယပြည်သို့ကြွပြီး ကုသိနာရုံ၌ သတင်းသုံးရေ။ ထိုအချိန်မှအစပြုပနာ မြန်မာနိုင်ငံသို့ တစ်ခေါက်သာကြွပြီး ကုသိနာရုံ၌ပျံလွန်တော်မူရေအထိ ဆက်တိုက်သီတင်းသုံးခလီရေ။ ဦးစန္ဒြမဏိစွာ ကုသိနာရုံကိုတောရှင်းရသူဖြစ်ရေ။ သူ ရောက်စက ကုသိနာရုံတွင် ဗုဒ္ဓအထိမ်းအမှတ်အဆောက်အအုံဟောင်းတိမာ တောချုံထဲမာ မြုပ်ကွယ်၍နိန်ရေ။ ဂုချိန်ခါမှ ဦးစန္ဒြမဏိ၏ တီထွင်ကြိုးပမ်းချက်ကြောင့် ကုသိနာရုံစွာ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တိ၏အာရုံကို ဖမ်းစားနှိုင်ရေ ဗုဒ္ဓဘာသာဌာနတစ်ခုဖြစ်နီပျာ။ တောကြီးမျက်မည်း ဖြစ်နီသော မိဂါဒါဝုန်ကို ခုတ်ထွင်ယှင်းလင်းရာ ဂနိ အခြီအနီမျိုးဖြစ်အောင် ဖော်ထုတ်စီမံသူမှာ သီဟိုဠ်အမျိုးရားအနာဂါရိကဓမ္မပါသဖြစ်ရေ။ ကုသိနာရုံကို ဗုဒ္ဓပရိနိဗ္ဗာန်စံရာဌာနဖြစ်ကြောင်း ကမ္ဘာကသိအောင် ကြိုးပမ်းဆောင်ရွက်သူမှာ ရက္ခိုင်အမျိုးသား ဦးစန္ဒြမဏိဖြစ်တေ။
ဦးစန္ဒြမဏိစွာ ကုသိနာရုံ၌ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရီး အတွက်မျှရာကေ ကြိုးပမ်းဆောင်ရွက်သူမဟုတ်ပါ။ ရပ်ကျိုးရွာကျိုး နယ်ပယ်အကျိုးကိုလေ့ သယ်ပိုးဆောင်ရွက်ရေ။ စန္ဒြမဏိအခမဲ့ စာသင်ကျောင်းနန့် မဟာဝီရအထက်တန်းကျောင်းကို ဖွင့်ပီးလီရေ။ အနီးအနားပတ်ဝန်းကျင်မှ ရွာသူရွာသားတိမှာ သူ၏ကျေးဇုကြောင့် ပညာသင်ကြားဆည်းပူးခွင့်ရကတ်လီရေ။ ဦးစန္ဒြမဏိစွာ ပစ္စည်းမဲ့တိအတွက် အားကိုးအားထားဖြစ်လီရေ။ စာသင်သားနန့်ဆြာတိ အတွက် မိဘပိုင်ဖြစ်လီရေ။
ကုသိနာရုံတစ်ဝိုက်မှ လူထုတိမာ ယင်းဆရာတော်ကို ကကောင်းရိုသီလေးစား ကတ်လီရေ။ ဆရာတော်ကို မြန်မာလူမျိုးတိက ဦးစန္ဒြမဏိဟု ခေါ်ကတ်ကေလေ့ အနီးအနားပတ်ဝန်းကျင်တစ်ဝိုက်က အိန္ဒိယအမျိုးရားတိကမူ "စန္ဒြမဏိဗာဗာ" ဟု ရိုသီမြတ်နိုးစွာ ခေါ်ကတ်လီရေ။
ဦးစန္ဒြမဏိစွာ စာပီပညာအရာမာလည်း ထက်မြက်သူဖြစ်လီရေ။ သူ၏တရားအဆုံးအမကိုနာယူဖို့အတွက် နိစိုင်မပြတ် လူများစွာ သူ့အနီးတွင် ဝိုင်းရံနီတတ်ရေ။ သူ တတ်ကျွမ်းသော. ဘာသာစကားများမှာ ပါဠိ၊ သက္ကတ၊ မြန်မာ၊ ဘင်္ဂါလီ၊ ဟိန္ဒီရို့ဖြစ်ရေ။ သူ ဟိန္ဒီဘာသာဖြင့်ရီးသားထားသော ‘ဓမ္မပဒဋီကာ မှာ ၁၉ဝ၉ ခုနှစ်က ပုံနှိပ်ထုတ်ဝီသော နာမည်ကျော်ကျမ်းစာအုပ်တိ ဖြစ်တေ။ ထိုအချိန်က ဟိန္ဒီဘာသာဖြင့် ရီးသားထားသော ဗုဒ္ဓဘာသာ ကျမ်းစာဆိုပနာ · မဟိသလောက်ပင် ဖြစ်ခရေ။ သူ၏တရားအဆုံးအမကြောင့် အိန္ဒိယအမျိုးသားတိထဲက ရဟန်းမောင်သျှင်ဖြစ်လားသူတိနန့် သူ၏တပည့်တပန်းတိထဲက ဒေနိန့်အိန္ဒိယပြည် ဗုဒ္ဓဘာသာလောကတွင် ထင်ရှားကျော်ကြားနီသော ပုဂ္ဂိုလ်အများကြီးပင် ဟိပါရေ။ မိဂဒါဝုန်ဦးကိတ္ထိမာနန့် ဓမ္မဒူတမဂ္ဂဇင်းအယ်ဒီတာ မိဂဒါဝုန်မဟာဗောဓိ အသင်းဂေါင်းဆောင်ဘိက္ခုဓမ္မရက္ခိတရို့စွာ သူ၏တပည့်တိဖြစ်လီရေ။ သူ၏တပည့်တပန်းတိစွာ အိန္ဒိယပြည်၌ရာမက နီပေါပြည်မာလေ့ ပျံ့နှံ့နိန်ရေ။ ဦးစန္ဒြမဏိစွာ နီပေါပြည်၌လည်း ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားရီးကို ဆောင်ရွက်လီရေ။ နီပေါပြည် အဂုလက်ဟိ ထေရဝါဒဗုဒ္ဓဘာသာကို စတင်မြီတောင်မြှောက်ပီးသူမှာ ဦးစန္ဒြဏိပင် ဖြစ်လီရေ။ နီပေါလူမျိုးဗုဒ္ဓဘာသာ ရဟန်းသာမဏေနန့် ဥပါသကာ၊ ဥပါသိကာမရို့စွာ သူ၏တပည့်တပန်းအဆက်အနွှယ်တိပင် ဖြစ်ကတ်တေ။
- အိန္ဒိယပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြီခံဥပဒေ၏ ဗိသုကာကြီးဟု နာမည်တွင်သော အိန္ဒိယဇာတ်နိမ့်ဂေါင်းဆောင် အိန္ဒိတရားဌာနဝန်ကြီး ဒေါက်တာအမ္ဗေတကာစွာ ဦးစန္ဒြမဏိကို အထူးကြည်ညိုလီရေ။
၁၉၅၆ ခုနှစ်က အိန္ဒိယပြည် ဗုဒ္ဓဘာသာသမိုင်း၌ မှတ်တမ်းတင်ရဖို့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပျက်ခရေ။ ယင်းအဖြစ်အပျက်ကား ဒေါက်တာအမ္ဗေတကာ ဂေါင်းဆောင်ရေ အဖိနှိပ်ခံအိန္ဒိယဇာတ်နိမ့်တိ သိန်းနန့်ချီ၍ ဗုဒ္ဓဘာသာဝင်ကတ်ခြင်းဖြစ်ပါရေ။
ယင့်ခါက ဒေါက်တာအမ်ဘေကာကိုယ်တိုင်နန့် သူ့နောက်လိုက်တိစွာ ကုသိနာရုံဆြာတော်ဦးစန္ဒြမဏိ၏ရှိးမှောက်၌ သရဏဂုံ ရွတ်၍ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခကတ်တေ။ ယင်းတွက်နန့် ဦးစန္ဒြမဏိ၏နာမည်စွာ အိန္ဒိယအဖိနှိပ်ခံဇာတ်နိမ့်ရို့၏ ကယ်တင်ရီး သမိုင်းနန့် အိန္ဒိယဗုဒ္ဓဘာသာလက်တက်ပြောင်းလဲရီးစွာ ဦးစန္ဒမဏိ၏ ကျေးဇုကား ကမ္ဘာလောက် ကြီးမားလှရေ။
ဆြာတော်ဦးစန္ဒြမဏိအသျှင်မြတ်စွာ ဗုဒ္ဓဘုရားသျှင်ဟောကြားတော်မူခရေ "ဓမ္မပဒပါဠိတော်"ကို ဟိန္ဒီဘာသာသို့ ပြန်ဆိုပြီးကေ ခရစ်နှစ် ၁၉ဝ၉ ခုနှစ်မာ စာအုပ်ရွီ တစ်ထောင် ရိုက်နှိပ်ပြီး အိန္ဒိယပြည်၌ ထိရောက်မည့် နီရာအသီးသီးသို့ ဝီငှလှူဒါန်းခရေ။ သောရောဒယ မည်သော ကျမ်းစာနန့် အဉ္စနနိဒါန်းဆီးကျမ်းကြီးကိုလေ့ သက္ကတ ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပုံနှိပ်ပြန်လီရေ။ ယင်းချင့်အပြင် မဟာ သတိပဌာနသုတ်၊ အနတ္တလက္တချက်ချောသုတ်၊ သင်္ဂီတိသုတ် အစဟိစွာရို့ကိုလေ့ ပါဠိဘာရာမှ ဟိန္ဒီဘာသာသို့လေ့ကောင်း၊ သက္ကတဘာသာသို့ လေ့ကောင်း ပြန်ဆိုရီးသားလေ၏။ ယင်းချင့်အပြင် ဗုဒ္ဓဘာသာတရားတော်ရို့ကိုလေ့လာသူ အိန္ဒိယတိုင်းရင်းသားတိ နားလည်သိဟိသက်ဝင်လှာအောင် ဟိန္ဒီဘာသာဖြင့်လေ့ကောင်း၊ သက္ကတဘာသာဖြင့်လေ့ကောင်း ရီးသားကာ ဗုဒ္ဓသာသနာတော်၏ အကျိုးကို ကြီးစွာသောလုံ့လဖြင့် မနားမနီရွက်ဆောင်တော်မူသော အာဇာနည်သာသနာ့ရဟန်းတော် တပါးဖြစ်လီရေ။[၃]
သာသနာပြုလုပ်ငန်းများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆြာတော်ဘုရား၏တသက်တာအံ့ချီးဖွီရာသာသနာပြုပရဟိတလုပ်ငန်းတိမာ အောက်ပါအတိုင်းဖြစ်ပါရေ။
ဗုဒ္ဓဘာသာ လုံလုံးလျားလျား ကွယ်ပျောက်နီခသော မိဇ္ဈိမဒေသ အိန္ဒိယ နိုင်ငံ၌ အခက်ခဲပေါင်းများစွာကို ရင်ဆိုင်လျက် ဘ၀တခုလုံးကို နစ်မြုပ်ကာ သာသနာပြုတော်မူခရေ။ ရတနာဂီရိတွင် သီပေါမင်းကြီးနန့် တွိပနာ အိန္ဒိယနိုင်ငံ၏ သာသနာရီးကိစ္စတိကို အခေါက်ခေါက်ဆွေးနွေးတော်မူခရေ။
သံဝေဇနိယဌာနတိတွင် အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာဘုန်းတော်ကြီးကျောင်းတိကို တည်ဆောက်တော်မူခရေ။ ကုသိန္နာရုံတွင် ဒေသခံတိအတွက် အခြီခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနန့် ဗုဒ္ဓဒီဂရီ ကောလိပ်ရို့ကို ဖွင့်ပီးခပြီး အခမဲ့ ဆီးပီးခန်းတိကိုလေ့ ဖွင့်ပီးခပါရေ။ ဓမ္မပဒ၊ မဟာသတိပဌာနသုတ်၊ အနတ္တလက္တချက်ချောသုတ်နန့် သိင်္ဂီတိသုတ်ရို့ကိုဟိန္ဒီဘာသာသို့လည်းကောင်း၊ ”သောရောဒယ”နန့်”အဉ္ဇနနိဒါန်း နာမည်ဟိ စာအုပ်ရို့ကို သက္ကတဘာရာမှ မြန်မာဘာသာသို့လည်းကောင်း၊ ဒေသခံတိ သာသနာပြုရာမှာ လွယ်ကူချောမွိ့စီရန် အခြားစာအုပ်တိကို ဟိန္ဒီဘာသာသို့ လည်းကောင်း ပြန်ဆိုရီးသားတော်မူခရေ။
ဘိက္ခုသစ္စဝံသ၊ စာပီပညာသျှင်ဒေါက်တာရာဟုလာသံကိစ္စည်း၊ ဒေါက်တာ ဗုဒ္ဓရက္ခိတ၊ဘိက္ခုကဿပ(အဂု နာလန္ဒာတက္ကသိုလ်၏ဖေါင်ဒါ)၊ ဘိက္ခုအာနန္ဒာကောသလ္လ၊ ဘိက္ခု အဉ္ဇုတာနန္ဒနန့် ဘိက္ခုပညာဝံသအစဟိရေ အိန္ဒိယနိုင်ငံသား ပညာတတ်တပည့်ရဟန်းတော်တိ မွီးထုတ်ပီးခပါရေ။
မြန်မာနိုင်ငံမာ ကျင်းပရေ ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ အိန္ဒိယ ရဟန်းတော်တိ၏ကိုယ်စား တက်ရောက်တော်မူခပြီး၊ ၁၉၅၅-ခုနှစ်မာ ခတ္တမန္ဒူမြို့၌ နီပေါ ဘုရင်မင်းမြတ် ဦးဆောင် ကျင်းပခရေ ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးကိုလေ့ တက်ရောက်တော်မူခရေ။
၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ ၁၄-ရက်နိ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရားရီးရာ၀န်ကြီး ဒေါက်တာအမ္ဗေဒကာ အပါအ၀င် အိန္ဒိယနိုင်ငံသား ဟိန်းဒုတ်ဘာသာ၀င်၆သိန်းကျော်ရို့အား အိန္ဒိယနိုင်ငံနာဂပူမြို့၌ဗုဒ္ဓဘာသာအဖြစ်သို့ သွင်းပီးတော်မူခရေအတွက် ဗုဒ္ဓဘာသာ၀င်တိနန့် ဗုဒ္ဓဘာသာကို စိတ်၀င်စားသူ ကမ္ဘာသူ ကမ္ဘာသားတိ၏ အံ့ချီးထောပနာပြုမှုတိကို အကြီးအကျယ်ရဟိတော်မူခရေ။
ဒေလောက်ကြီးကျယ်သောသာသနာပြုလုပ်ငန်းတိ ပရဟိတလုပ်ငန်းတိကို ဆောင်ရွက်တော်မူခသော ကမ္ဘာ့သာသနာပြုဆြာတော် ဘဒ္ဒန္တစန္ဒြမဏိ မဟာထေရ်မြတ်စွာ ၁၉၇၂ ခုနှစ်၊ မေလ (ဂ)ရက်နိ့တွင် အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြန်မာကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခပါရေ။
ဆြာတော်ဘုရားပျံလွန်တော် မူခြင်းကြောင့် နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာတိ၊ ကြီးနန်းစာဖြင့် (၅၆၉)စောင်နန့်၊ လက်ရီးမူဖြင့် (၇၀၉)စောင်ရို့ကို ပို့ပီးခကတ်ပါရေ။
ထို (၁၂၇၈)စောင်သော ၀မ်းနည်းမှုသ၀ဏ်လွှာတိရောက်ဟိလှာခြင်းက ဆြာတော်ဘုရားကြီးအား ကမ္ဘာက ဇာလောက်လေးစားကြည်ညိုကတ်တေ၊ ဇာလောက်တန်ဖိုးထားကတ်စွာကို သက်သီသာဓကမီးမောင်းထိုးပြခြင်းပင် ဖြစ်ပါရေ။[၄]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ (၂၀၀၇)၊ ရန်ကုန်၊ ဂုဏ်ထူးစာပီ၊ ၉၇-၉၉
- ↑ အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ (၂၀၀၇)၊ ရန်ကုန်၊ ဂုဏ်ထူးစာပီ၊ ၉၉-၁၀၀
- ↑ အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ (၂၀၀၇)၊ ရန်ကုန်၊ ဂုဏ်ထူးစာပီ၊ ၁၀၀-၁၀၂
- ↑ ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း(CSWA) မှရီးသားတင်ပြချက်
