Jump to content

ဆရာတော် ဦးစိန္တာ

ဝီကီးပီးဒီးယား က
Sayadaw U SeinTar
ဆရာတော် ဦးစိန္တာ
ဆရာတော် ဦးစိန္တာ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဓမ္မနာမည်ဆရာတော် ဦးစိန္တာ
ပုဂ္ဂိုလ်ရီးရာ
နိုင်ငံသား/လူမျိုးရခိုင်လူမျိုး
မွီးဖွားချစ်ထွန်းဦး(ငယ်မည်)
၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁ဝ ရက်
ရင်းဘွယ်ရွာ၊မင်းပြားမြို့နယ်၊ ရခိုင်ပြည်နယ်
ကွယ်လွန်၁၃၂၆-ခု၊ ၁၀-ရက်၊ တနင်္လာ
ရန်ကုန် ကိုလိုနီခေတ်
ရာထူး တာဝန်
ဌာနကျောက်နွားရွာ၊ မင်းပြားမြို့နယ်
ဂုဏ်ဒြပ်ဆရာတော်
ဆြာတော်စွာ ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁ဝ ရက်၊ အင်္ဂါနိ ညဇာ ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်ရှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တဦးတည်းသော သားဖြစ်ပနာ ငယ်မည်မှာ မောင်ချစ်ထွန်းဦးဖြစ်ရေ။ ခြောက်နှစ်သား အရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ့်ဆြာတော်ကြီးထံ၌ အပ်နှံ၍ ပညာ သင်ကြားခရေ။ အသက်ဆယ်နှစ်မြောက်တွင် - မိဘနှစ်ပါးနန့်အတူ ကန်းနီရွာသို့ ပြောင်းရွိ့ခရေ ကန်းနီးဆြာတော်ထံ၌ ဆက်ပနာပညာ သင်ကြားလျက် ၁၃ နှစ်သားအရွယ် ၁၂၇၇ ခုသို့ရောက်ရေအခါ ရှင် မောင်သျှင်အဖြစ်နန့် သဒ္ဒါသင်္ဂြိုဟ်အစဟိရေ အခြီခံပါဠိစာပီတိကို သင်ကြားတတ်မြီာက်ခရေ။ ၁၂၈၃ ခု ကဆုန်လ (အသက် ၁၉ ပြည့်ခါနီး)တွင် ပခုက္ကူမြို့ကို လားရောက်ပနာ အရှိတိုက်သစ်ခေါ် မဟာဝိဇယာရာမတိုက်၊ မြီာက်လှိုင်တန်းကျောင်း၌ ဂန္ထဝါစက စာချဆြာတော် ဦးစန္ဒနန့် ဦးသီလရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်း ပူးခရေ။ ၁၂၈၃ ခု တပို့တွဲလ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆြာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြုပနာ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်ရေ။ ၁၂၈၅ ခုတွင် ဦးစိန္တာရေ မိမိအား စာချပီးသော သံဃာတော်တိနန့်အတူ မန္တလေးမြို့ကိုလားရောက်ပနာ ၃ နှစ်လုံးလုံး ဆက်ပနာကာ ပရိယတ္တိစာပီကျန်းဂန်တိကို သင်ကြားပို့ချခရေ။

ကျောင်းထိုင်ဆြာတော်အဖြစ်ခံယူခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၂၉ဝ ပြည့် တပို့တွဲလတွင် မိမိ၏ နီရင်းဒေသ ကန်းနီကျေးရွာဆြာတော်ဘုရားပါးကို ပြန်ကြွတော်မူခရေ။ ၁၂၉၁ ခု ဝါဆိုလဆန်း ၁၄ ရက်သို့ ရောက်ရေအခါ ကွဲပြားနိန်ရေ ကျောက်နွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွိ့သီတင်းသုံးရဖို့ဆိုရေ ဆြာတော်ဘုရား၏ အမိန့်ကို လိုက်နာလျက် ကျောက်နွားရွာ၌ ကျောင်းထိုင်ဆြာတော်အဖြစ်ကို ခံယူခရပါရေ။

နိုင်ငံရီးလောကထဲဝင်ရောက်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ကျောင်းထိုင်ဆြာတော်အဖြစ်နန့် ဦးစိန္တာစွာ စာပီပရိယတ္တိကို သင်ကြားပို့ချလျက်နိန်စဉ်ပင် မြို့ကြီးမြို့ငယ် ရွာကြီးရွာငယ်တိမာ တောင်သူလယ်သမားဘဝ အလုပ်သမားလူတန်းစားဘဝတိကို ကြီကွဲ ဖွီရာတွိ့မြင်လာရခြင်းကြောင့် ဆင်းရဲပင်ပမ်းရခြင်း၏ အကြောင်း ရင်းကို ယှာဖွီရေအခါ နယ်ချဲ့အရင်းရှင်နန့် မြီသျှင်ကြီးရို့၏သွီးစုပ်မှု ပင်ဟု တစ်ထစ်ချသိမြင်လာအနိန်နန့် သာသနာရေ ဒါယကာအပေါ်၌ တည်စွာ၊ ဒါယကာ ပင်ပန်းက သာသနာညှိုးနွမ်းချိမ့်ဖို့လို့ ဒါယကာ တောင်သူလယ်သမားအလုပ်သမားရို့၏ ဘဝကိုမြှင့်တင်လိုအတွက်နန့် စစ်တွေမြို့ကို ကြွရောက်ရားကေ အထက်တန်းရှိနိန် ဦးမြထွန်း၊ ဦးကျော်ခိုင်၊ ဦးထွန်းစိန် (နန္ဒမာလာ)၊ ဦးဘိုးခိုင်၊ ဦးအောင်သာဦး အစဟိရေ ပုဂ္ဂိုလ်တိနန့် ညှိနှိုင်းလက်သပ်လျက် ရက္ခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရီးအဖွဲ့ ချုပ်ကို ၁၂၉၂ ခု၊ တန်ဆောင်မုန်းလ၌ စတင်ဖွဲ့စည်းခလီရေ။ ယင်းအချိန်မှစပြီးကေ ဦးစိန္တာရေ ဦးပညာသီဟနန့်တွိ့ဆုံကာ အဖွဲ့ချုပ်၏ နယကတိအဖြစ်ဖြင့် အားကြိုးမာန်တက် အရင်းရှင်နယ်ချဲ့စနစ်ကို တိုက်ဖျက်လာခကတ်လီရေ။

ညီလာခံတိ ကျင်းပခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဆြာတော် ဦးစိန္တာစွာ တောင်သူလယ်သမားရို့အား အခြီခံ. ကျကျ ပညာပီးစည်းရုံးကာ ၁၂၉၂ ခု တပေါင်းလတွင် မြီပုံမြို့နယ်၊ ကျောက်နွားကျေးရွာ၌တစ်ချိန်း၊ ၁၂၉၃ ခု တန်ဆောင်မုန်းလတွင် မြီပုံ မြို့နယ်၊ ကန်းနီကျေးရွာ၌ တစ်ချိန်း၊ ၁၂၉၄ ခု ကဆုန်လတွင် မြီပုံမြို့ နယ်၊ ကြာအင်းတောင်ကျေးရွာ၌တစ်ချိန်း၊ ရက္ခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွား ရီးအဖွဲ့ချုပ်၏ ညီလာခံကို ပြုလုပ်ကာ ဦးစီးနာယကအဖြိုက်နန့်ဖြင့် ဆောင် ရွက်ခဲ့လီရေ။ ထိုစဉ်အခါက နိုင်ငံရီးဟောပြောပွဲတိသို့ တက်ရောက် ရန်ကို မဆိုထားနန့် နယ်ချဲ့ဆန့်ကျင်ရီးကို· လီသံမျှပင် မပြောရဲသော အချိန်ဖြိုက်ကေလေ့ ညီလာခံတိုင်း၌ လူငါးထောင်ခန့်မျှ တက်ရောက်ခ ကတ်ရေမှာ ဆြာတော်ဦးစိန္တာ၏ လယ်ယာမြီတော်လှန်ရီး ပညာပီး စည်းရုံးမှု၏ အောင်မြင်ချက်ပင်ဖြိုက်လီရေ။ ယင်းအတွက်နန့် တောင်သူလယ် တိ နိုးကြားလာခကတ်၏။ မိမိရို့၏ ဆင်းရဲတွင်းနက်ရခြင်းအကြောင်းရင်း ကို သိမြင်လာကတ်၏။ နယ်ချဲ့အရင်းရှင်စနစ်၊ မြီသျှင်စနစ်ရို့ကို ဖြိုဖျက် တော်လှန်ပစ်ကတ်ရဖို့ကို သိနားလည်လှာကြ၍ နိုးကြားအုံကြွလှာခကတ်၏။ စည်းလုံးညီညွတ်လာခကတ်တေ။

ရခိုင်တိုင်းလုံးဆိုင်ရာ အစည်းအရုံး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ယင်းပိုင် တစ်တိုင်းလုံး အုံ့ကြွနိုးကြားစည်းလုံးညီညွတ်လာရေ အချိန် ၁၂၉၉ ခုနှစ်မာ ဆြာတော်ဦးစိန္တာ၏ တာဝန်ပီးချက်ဖြင့် ဆြာစံထွန်းအောင်နန့်ဦးစံရွှေ၊ ဦးဘစံရို့ ရီးဆွဲသော အဖွဲ့စည်းမျဉ်းအရ၊ မင်းပြားညီလာခံကျင်းပစဉ်မာပင် ဦးအောင်ထွန်းဦး၊ မင်းပြား(ဒို့လက်ရုံး) နန့် ဦးဘစံရို့ ဂေါင်းဆောင်ကာ တိုင်းရင်းသားအစည်းအရုံးတစ်ခု ပေါ်ပေါက် လားခါ့ဇပ်င့်။ ယင်းခါမှ နယ်ချဲ့အရင်းရှင်စနစ်ကို တိုက်ဖျက်ရာမာ အမျိုးရား စည်းလုံးညီညွတ်မှု၏ အဓိက အရီးကြီးပုံကို ကကောင်း သိမြင်တော်မူသော ဆြာတော်ဦးစိန္တာရေ ဆြာတော်ဦးပညာသီဟနန့်တွဲပြီးကေ တခုတည်းသော အစည်းအရုံးကြီးဖြစ်မြောက်ရီးကို ကြိုးပမ်းခရေ ၁၂၉၉ ခု နံတော်လ အတွင်းမာမာ စစ်တွေမြို့၊ တန်ခိုးဆြာတော်ဘုရားကျောင်း၌ နှစ်ဘက်သီာ အစည်းအရုံးမှ ကိုယ်စားလှယ်တိနန့် မျက်နှာစုံညီဆွီးနွီးညှိနှိုင်းကာ “ရက္ခိုင် တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး' ဟု အညီအညွတ်တည်ထောင် ကတ်ရား နယ်ချဲ့အရင်းရှင်စနစ်တိုက်ဖျက်ရီးအင်အားကို တည်ထောင်ခကတ် ရေ။ ယင်းပိုင် စုပေါင်းညီညွတ်သော တခုတည်းသော နယ်ချဲ့အရင်း ရှင်စနစ်တိုက်ဖျက်ရီးအင်အားစုဖြိုက်ရေ ရက္ခိုင်တိုင်းလုံးဆိုင်ရာ တိုင်း ရင်းသားအစည်းအရုံးကြီး၏ ညီလာခံကို ၁၃၀၁ ခု ကဆုန်လတွင် ပေါက် တောမြို့၌ကျင်းပခပြီးကေ တောင်သူလယ်သမားလူတန်းစားတိုက်ပွဲ လမ်းစဉ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ချမှတ်ခလီရေ။ “သျှိတ်ရှင်စနစ် ဖျက်သိမ်းရီး’အဆိုနန့် ‘ရက္ခိုင်ပြည်နယ်အပါအဝင် မြန်မာနှစ်သိုက်လုံး လုံးဝ လွတ်လပ်ရီးအဂုပီးအဆို” ရို့ကို ထိုညီလာခံ၌ တညီတညွတ်တည်း ဆုံးဖြတ်ကတ်ရာ ရက္ခိုင်တစ်တိုင်းလုံး အပြင်းအထန် စည်းရုံးခကတ်လီရေ။

ထောင်ဒဏ်အပြစ်ပီးခံရခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ညီလာခံအပြီး နံယုန်လတွင် နာယကဆြာတော်တိဖြစ်တေ ဦးစိန္တာ ဦးပညာသီဟရို့အား နယ်ချဲ့အစိုးရရို့က ဖမ်းဆီးပြီး ဆြာတော်အား အလုပ်ကြမ်းနန့် ၁၈ လ ထောင်ဒဏ်အပြစ်ပီးခြင်းခံခရလီရေ။ ဒုတိယကမ္ဘာစစ်ကြီး ဖြိုက်လှာသော ၁၃၀၃ ခုနှစ်နောက်ပိုင်းတွင် ဆြာတော် ဦးစိန္စွာယေ ဆြာတော် ဦးပညာသီဟနန့်အတူ လက်နက် ကိုင် မျိုးချစ်တပ်တိဖွဲ့စည်းပြီး နယ်ချဲ့ အင်္ဂလိပ်ရို့အား တော်လှန်ခဲ့ပေ ရေ။ ဆြာတော်၏ တပ်တိစွာ မြီပုံမြို့ကိုလိ့ကောင်း၊ ကျောက်ဖြူ မြို့ကိုလိ့ကောင်း၊ နယ်ချဲ့လက်မှ သိမ်းယူထိန်းသိမ်းထားနိုင်ခလီရေ။ ထိုစဉ်အခါက ရက္ခိုင်မျိုးချစ်တပ်တိစွာ နယ်ချဲ့အား တော်လှန်ခဲ့ရရုံသာ - မက တစ်ဘက်၌လည်း တောင်သူလယ်သမားဆင်းပုလိပ်ရို့အား ခေတ် ဘင်းဂါတွင် ညှဉ်းပမ်းညှိဆဲလာရေ တောကြောင်တိကိုလဲ့ နှိမ်နင်း ခကတ်ရသိမ့်ရေ။ ယင်းအတွက်နန့် ၁၃ဝ၄ ခု ကဆုန်လတွင် ဗိုလ်ရန်အောင်တပ်တိ ရက္ခိုင်စစ်ကြောင်း ချီတက်လှာရေအခါ သစ္စာဖောက် တောကြောင်တိကြောင့် ဆြာတော်စွာ အဖမ်းခံရပြီးကေ အသတ်ခံရအံ့ဆဲဆဲ ဖြစ်ခရသိမ့်ရေ။

ဂျပန်ရို့ကို တော်လှန်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၃ဝ၅ ခု နှစ်စတွင် ဆြာတော်စွာ ရက္ခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသား အစည်းအရုံး ကိုယ်စားလှယ်အဖြစ်နန့် ရနီလဲ့သို့ဆင်းကာ ဗိုလ်ချုပ်အောင်ဆန်းနန့် ဆက်ပြီးကေ ဖက်ဆစ်တော်လှန်ရီးအတွက် စတင် စီစိုင်လီရေ။ ထိုနှစ် တန်ခူးလဆုတ် ၁ဝ ရက်နိတွင် မြီပုံမြို့အုပ်နန့် ကျောက်ဖြူအရီးပိုင်ရို့၏ သစ္စာဖောက်သတင်းပီးမှုကြောင့် ဆြာတော် ဦးစိန္စွာယေ ဖက်ဆစ်ဂျပန်ရို့၏ ဖမ်းဆီးခြင်းကို ခံရပြန်လီရေ။ ဖက်ဆစ်ဂျပန်တိစွာ ဆြာတော်အား ကြောက်မက်ဘွယ်ရာ နည်း ဆိဆောက်ခရောက်ဖြင့် လူမဆန်စွာ ညှဉ်းပန်းညှိဆဲပြီး ရက္ခိုင်တိုင်းနန့် မြန်မာပြည် ဖက်ဆစ်တော်လှန်ရီး ဂေါင်းဆောင်တိနန့် အစီအစိုင်တိကို မီးမြန်း ခရေ ဖက်ဆစ်ရို့၏ ညှဉ်းပန်းချက်ကို မခံနှိုင်ပနာ ဖွင့်ပြောကေ နှစ်သိုက်လုံး ဖက်ဆစ်တော်လှန်ရီး ပျက်စီးကျဆုံးမည်ကို မြင်အတွက်နန့် ဆြာ တော်စွာ မိမိတပါးတည်း ချပိသပိကြိတ်ခံပြီး တော်လှန်ရီးအား သစ္စာစောင့်ထိန်းခဲ့လီရေ။ ဝါဆိုလဆန်း..၆ ရက်နိတွင် ဂျပန်ရို့က လက်လျှော့ပြီး လွှတ်ခကေလေ့ ထိုအချိန်မှစပြီးကေ ဆြာတော်၏ မာ ရီး အခြီအနီမှာ ဖက်ဆစ်ဂျပန်ရို့၏ ညှဉ်းပန်းညှိဆဲသောဒဏ် ကြောင့် မာရီး အကြီးအကျယ်ချို့ယွင်းခဲ့လီရာ။ ယဂေလဲ့ ဆြာတော် စွာ ဖက်ဆစ်တိုက်ဖျက်ရီးတွင် နောက်မဆုတ်ဘဲ အင်တိုက် အားတိုက် ဆက်ပနာဂေါင်းဆောင်မှုပီးခရာ ဂန့်ဂေါတိုက်ပွဲစွာ ကမ္ဘာကျော်ခဲ့ရလီရေ။

ပြည်လုံးကျွတ် တပ်ပေါင်းစု ညီလာခံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၃ဝ၆ ခုနှစ် ဂျပန်တော်လှန်ရီးအပြီးတွင် နယ်ချဲ့ အင်္ဂလိပ်တိ ပြန်ဝင်လှာပြန်ရာ ဆြာတော် ဦးစိန္တာရေ ဖက်ဆစ်ကိုလဲ့ တော်လှန် မည်း အမျိုးရားလွတ်မြောက်ရီးအတွက် လက်နက်မအပ်ဘဲ နယ်ချဲ့ ကိုလဲ့ ဆက်ပနာတော်လှန်ရဖို့ဆိုရေ တော်လှန်ရီးတပ်ဦးသစ္စာ ကို မဖောက်လိုတွက်နန့် နယ်ချဲ့ အင်္ဂလိပ်အား ၂ နှစ်လုံးလုံး ဆက်ပနာတော် လှန်ခလီရေ။ ယင်းအချိန်မာ ရက္ခိုင်တောင်စိုင်ကမ်းခြီတလျှောက်ရှိ လယ် သမား ဆင်းပုလိပ်လူထုတစ်ရပ်လုံးမှာ နယ်ချဲ့ရို့၏ ညှိဆဲညှဉ်းပန်းခြင်း၊ ရပ်ရွာတိကို မီးတိုက်ခြင်းရို့ကို ခံကတ်ရကေလေ့ တိုင်းပြည်လွတ်လပ်ရီး အမျိုးရားလွတ်လပ်ရီး၊ နယ်ချဲ့တော်လှန်ရီး၊ ဖက်ဆစ်ဆန့်ကျင်ရီးကို ဇွဲသတ္တိနန့် ချီတက်တိုက်ခိုက်လျက်ပင် ရှိကြလီရေ။ ၁၃ဝ၈ ခု၊ တန်ဆောင် မုန်းလ၌ ဆြာတော် ဦးပညာသီဟ ဝန်ကြီး ဦးအောင်ဇံဝေ၊ ဝန်ကြီးသခင် မြနန့် တိုင်းရင်းသား အစည်းအရုံးဂေါင်းဆောင်တိရို့စွာ ကြာအင်း တောင် ဆြာတော်ကျောင်းသို့ ရောက်လှာကတ်ပြီးကေ ဦးစိန္တာနန့်တွိ့ဆုံ ဆွီးနွီးကြယပြီးနောက် ထိုနှစ်နံတော်လ စတုတ္ထအပတ်တွင် ဆြာတော် အား လွတ်ငြိမ်းချမ်းသာခွင့် ကြေညာလိုက်အနိန်နန့် ဆြာတော် ဦးစိန္စွာယေ တောခိုရာမှထွက်လှာ၍ ကျေပြန့်သောစည်းရုံးရီးကို.ဆက်ပနာ ဆောင် ရွက်ခလီရေ။ ၁၃ဝ၈ ခု နှောင်းတန်ခူးလ၌ မြေပုံမြို့တွင် ဆြာတော်- ဦးစိန္တာ ဂေါင်းဆောင်သော 'ပြည်လုံးကျွတ် တပ်ပေါင်းစု ညီလာခံကို ကျင်းပခရေ ဖဆပလနန့် ကွန်မြူနစ်ပါတီရို့ကိုပါ ဖိတ်ကြားခ၏။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဆွေနန့် ဦးအောင်ဇံဝေရို့ တက်ရောက်ခကြလီရေ။ ယေကေလေ့သော အချိန်အခါနန့် အခြီအနီ မညီညွတ်ခြင်းကြောင့် ညီလာခံ၌ နိုင်ငံရီး ဂေါင်းဆောင်တိ စိတ်ငြိုငြင်ခြင်း ဖြိုက်ခကတ်ရ၏။

၁၃ဝ၉ ခု ကဆုန်လဆန်း ၇ ရက်နိတွင် မြေပုံမြို့မှ စစ်တွေမြို့သို့ အလား ဦးစိန္တာစွာ သင်္ဘောပေါ်၌ အဖမ်းခံရပြီးကေ ၎င်းကဆုန်လကွယ်နိပင် စစ်တွေမှ လီယာဉ်ဖြင့် ရန်ကုန် မင်္ဂလာဒုံလီဆိပ်သို့ ယူဆောင်လျက် သာယာဝတီထောင်သို့ အပို့ခံခဲ့ရပြီးနောက် ၁၃၁ဝ ခု နှောင်းတန်ခူးလဆန်း ၆ ရက်နိတွင် သာယာဝတီထောင်ကို သူပုန်တပ်ပေါင်းစုတိ ဖွင့်ရေအခါမှ ဆြာတော်စွာ ထောင်မှ လွတ်ခရလီရေ။

၁၃၁၁ ခု နံယုန်လဆုတ် ၅ ရက်နိတွင် ဒါးလက်ချောင်းနန့် ၈ ရက်နိတွင် ကြာအင်းတော်သို့ရောက်လှာပြီး တော်လှန်ရီးကိစ္စကို ဆက်ပနာဆောင်ရွက်ပြန်ရာ ပါတီနန့်လူထု အမြင်ကွဲပြားလှာခြင်း၊ ပါတီတွင်းမာလေ့သော့ အခြင်းသိ အမြင်မတူအယူအဆကွဲပြားလှာခြင်းရို့ကြောင့် ထိုကွဲပြားမှီငြမ်းပနာ လက်နက်ဖြင့် ဖြီယှင်းကတ်ရေ အခြီအနီသို့ပင် ဆိုက်ရောက်လှာခကြောင်း ဆြာတော်မှာ ကြီကွဲဝမ်းနည်းစွာ တွိရပြန်၏။ ယင်းအတွက်နန့် ပါတီတွင်း ညီညွတ်ရီး၊ မဟာမိတ်ပါတီ ညီညွတ်ရီး၊ ပါတီ နန့် လူထုစိတ်ချမ်းသာရီးကို ကြိုးစားခရလီရေ။ ယေကေလေ့သော မှန်း ခြေပေါက်အောင် ခရီးမရောက်ခပါ၊၊ ယင်းပိုင်ကြိုးစားနေစဉ်မျာပင် ကမ္ဘာ့ နိုင်ငံရီး၊ မြန်မာ့နိုင်ငံရီး အခြီအနီအရ လွတ်လပ်ရီး တည်တံ့ခိုင်မြဲရီးနန့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတိ စီးပွားရီးအားနူံး ညီညွတ်ရန် လိုအပ်ပြီဟု ဓါတ်ပေါက်ယုံကြေခြင်းကြောင့် ပါတီနန့် လူထုကို ပညာပီးယပြီးနောက် ၁၃၁၉ ခု တပို့တွဲလဇင်း ၆ ရက်၊ ၁၉၅၈ ခု ဂျန်နဝါရီလ ၂၅ ရက် စနီနိတွင် မင်းပြားမြို့၌ လက်နက်စွန့်ပွဲ တစ်ရပ်ကိုကျင်းပ၍ ဆြာတော်ဦးစိန္တာစွာ တပည့်တပန်းတိနန့် ဥပဒေ ‘“ တွင်းသို့ ဝင်ရောက်ခလီရေ။

ဆြာတော် ဦးစိန္တာအား အရင်းရှင်နယ်ချဲ့ဖက်ဆစ်ရို့၏ ညှဉ်ပန်း ညှိဆဲမှုဒဏ်စွာ ဖိစီးလှာခြင်းကြောင့် သက်တော် ၆၂၊ ဝါတော် ၄၂ ဝါမြောက်တွင် ၁၃၂၆ ခု နံတော်လဆန်း ၁ဝ ရက် တနင်းလာနိ နိခင်း ၂ နာရီအချိန် ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားလမ်း၊ အမှတ် ၁၅၂ သိမ်ကုန် ကျောင်းတိုက်၊ ရွှီဘုံသာကျောင်းဆြာတော်ဦးရဝိန္ဒထံ၌ တည်းခိုဆီးဝါး ကုသနိန်စဉ်မာပင် ဘုရားရဟန္တာအသျှင်မြတ်ရို့သော်မှ မလွန်ဆန်နှိုင်ရေ သီဘေးတရားအရ ပျံလွန်တော်မူရှာလီရေ။[]


  1. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ၊ ရန်ကုန်၊ ၉၀-၉၅