ဆလုံလူမျိုး
သနပ်ခါးလူးထားရေ ဆလုံလူမျိုး ကလိန့်မေသျှေ | |
| လူဦးရွီ စုစုပေါင်း | |
|---|---|
| ၂၀၀၀-၃၀၀၀ (၂၀၁၃)[၁] | |
| အများစု နီထိုင်ရေ နီရာ | |
| ဘာသာစကား | |
| မော်ကယ်ဘာသာစကား, မြန်မာဘာသာစကား, ထိုင်းဘာသာစကား | |
| ကိုးကွယ်မှု | |
| ဆလုံရိုးရာဘာသာ, ဗုဒ္ဓဘာသာ, အစ္စလာမ်ဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုတိ | |
| မလေးလူမျိုး၊အရာ ဩစတြိုနီးရှန်းလူမျိုးများ |

ဆလုံလူမျိုး (မော်ကင်း) (အိန်းဂလိချ်: Moken; also Mawken or Morgan; ထိုင်း: ชาวเล, ရောမအက္ခရာ: chao le, lit. 'sea people') စွာ အစုအဖွဲ့အလိုက် နီထိုင်ကတ်ရေ။ အများအားဖြင့် မြိတ်ကျွန်းစုမာ နီထိုင်ကတ်ရေ။ ဆလုံလူမျိုးစွာ ဩစတြိုနီးရှန်လူမျိုး (Austronesian peoples) ထဲမာပါဝင်ရေ။
အခေါ်အဝေါ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သူရို့ကိုသူရို့ မော်ကင်းလူမျိုးဟု ခေါ်ကတ်တေ။ မော်ကင်းလူမျိုးကို မြန်မာနိုင်ငံက ဆလုံလူမျိုးဟု ခေါ်ရေ။ ထိုင်နိုင်ငံက "ชาวเล ချောင်လီ (chao le)" အဓိပ္ပါယ် ပင်လယ်လူ (sea people) ဟုခေါ်ရေ။
မော်ကင်းလူမျိုးတိုရဲ ခြေသလုံးနီထိုင်မှုပုံစံကြောင် "sea gypsies" လို့လေ့ ခေါ်ကတ်တေ။
သမိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆလုံလူမျိုးတိ၏ သမိုင်းဝင် ဇာစ်မြစ်နန့် ပတ်သက်ပြီးကေ ထင်မြင်ချက်တိစွာ ဟိပါရေ။ ယင်းရို့စွာ လွန်ခရေနှစ်ပေါင်း ၅၀၀၀-၆၀၀၀ က တရုတ်နိုင်ငံတောင်ပိုင်းမာ စိုက်ပျိုးရီးသမားမျာဖြစ်ခဲရေ။ ယင်းမာကနေ ဩစထရိုနီးရှားလူမျိုးတိက တောင်အာသျှကျွန်းစု အသီးသီးကို ခွဲထွက်ပြီး အခြီချနီထိုင်ခကတ်ရေ။ ပင်လယ်ရီမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းရိုးတန်းကျွန်းတိက ဆလုံလူမျိုးတိကို ရီထဲမာ ခြေသလုံးနီထိုင်မှုပုံစံအဖြစ် ရောင်ဟိစီခရေလို့ သီအိုရီအရ သိရရေ။[၂]
နီထိုင်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ဆလုံလူမျိုးစွာ မြန်မာနိုင်ငံ မြိတ်ကျွန်းစုနန့် ထိုင်နိုင်ငံ အနောက်ဘက်ကမ်းခြေ ဒေသမာအများဆုံး နီထိုင်ကတ်စွာကို တွေရရေ။
ဆလုံလူမျိုးရို့စွာ နီရာအတိအကျမဟိဘဲ ပင်လယ်ပြင်တခွင် ဝမ်းစာအတွက် လှည့်လည်ကျက်စားကတ်ရေ။ ရီကူး၊ ရေငုပ်ရာမာ တတ်ကျွမ်းရေ။ ယင်းအတွက်နန့် "Sea Gypsy" အဖြစ် နာမည်မာခြင်းဖြစ်တေ။ သမိုင်းကြောင်းအရ အယင်ခေါက်က မချေကျွန်းဆွယ်မာ နီထိုင်ကတ်ပြီးတိုက်ခိုက်လုကုန်းဖြီှုတိကြောင့် မြိတ်ကျွန်းစုဘက်ကို ရွှိပြောင်းလှာကတ်ခြင်းဖြစ်တေ။ ဒေနိအခါ ဆလုံလူမျိုးတိကို ကော့သောင်းမြို့နံဘေး ကျွန်းများမာ မြင်တွိနှိုင်ရေ။
ဆလုံလူမျိုးစုစွာ ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းရို့နန့် အသက်မွီးကတ်တေ။ ပင်လယ်ကမ်းခြီတလျှောက် တက်ခတ်ခတ်ရင်း တကျွန်းမှတကျွန်းကူးကာ နီထိုင်လိဟိရေ။ လောင်းသျှေတိကို ပေါ့ပါးရေ သစ်လုံးတိနန့် ထွင်းယူကတ်တေ။ ယင်းလောင်းတိမာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှရေ။ အသုံးအဆောင်များ၊ အစာရီစာများ၊ ခွီး၊ ကြောင်၊ ကြက်တိကိုလည်း တပါးတည်း လောင်းနန့်အတူ တင်ယူလာလေ့ဟိကတ်တေ။ ဆောင်း၊နွီရာသီများမာ ငါးဖမ်းခြင်း၊ ရီထွက်ပစ္စည်း ရောင်းဝယ်ခြင်းရို့ဖြင့် အသက်မွီးကတ်ရား မိုးခါသားရာသီဥတုဆိုးဝါးရေအခါ နီးစပ်ရာကျွန်းထက်မာ ဝါးခြေတိုင်ရှည်တဲတိနန့်ပင်ဖြစ်ဖြစ်၊ ဂူများရှာပြီးကေပင်ဖြစ်ဖြစ်နီထိုင်လိဟိရေ။ Sea Gypsy ဆိုရေနာမည်နန့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဖီးအန္တရာယ်ကိုလေ့ တိမ်းရှောင်တတ်ကတ်ရေ။
တရက်တည်း ယင်းပိုင် ရေငုပ်ခြင်းမျိုး အကြိမ်အရွီအတွက် များများလုပ်နှိုင်ရေ။ မရွတ်၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရီမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆီးပင်တိကို ရှာဖွီစုဆောင်းပြီး ရောင်းချလိဟိရေ။ ဆလုံလူမျိုးတိစွာ အရာလူမျိုးတိနန့် ရောရောနှောနှော နီထိုင်လိမဟိချေ။ ယင်းရို့၏လူနီထိုင်မှုစနစ်မာ မြို့ပြနီထိုင်မှုစနစ်နန့် ကွာခြား လွန်းလှရေ။ ယကေလေ့သော့ သူရို့၏ လူနီမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကတ်ရေ။ ဘာသာတရားနန့် ပတ်သက်ပြီးကေလည်း ယင်းရို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကတ်တေ။ နတ်ကောင်းနန့် နတ်ဆိုးဆိုပနာ နတ်ဘုရားကိုးကွယ်မှု နှစ်ခုဟိရေ။ နတ်ဆရာစွာ ယင်းရို့၏ အခရာဖြစ်တေ။ ပျော်ပွဲရွှင်ပွဲတိကို ရာမက ဖျားနာရေအခါ၊ တဦးတယောက်သီဆုံးရေအခါမှ နတ်ဆရာဧ့ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွီးစိမ်း၊ ကြက်၊ လင်းချူ၊ ပြင်သာလိပ်ရို့ကို ယဇ်ပူဇော်လိဟိရေ။ ပျော်ပွဲရွှင်ပွဲများမာ တေးတေးခြင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ဝိုင်းဖွဲ့ကခုန်ကတ်တေ။ သူရို့၏ဗုံတမျိုးမာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားရေ။ ဆလုံလူမျိုးရို့၏ ဂီတပင်ကိုစွမ်းရည်မာ ထက်မြက် ဆန်းကြယ်လှရေ။ [၃]
ပင်လယ်ထဲမာ ပေါ့ပေါ့ပါးပါး သစ်၊ ဝါး၊ ရင်ကမ်းသားရို့နန့် ဖွဲ့စည်း တည်ဆောက် ထားရေ ရိုးရာလောင်းကို အိမ်လိုသဖောထားပြီး မိသားစုကြီး တခုလုံး နီကတ်၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကတ်ရုံ ရာမက သူရို့ဘဝဧ့ အဖော်မွန်ဟု ခေါ်ရေ ခများကိုလေ့ တပါတည်း သယ်ဆောင်လားကတ်တေ။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ဝါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတဝိုက် မာလေ့သော့ ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မာ ယာယီ ခြေတံရှည် တဲအိမ်ချေတိ တည်ဆောက်ပြီး နီထိုင်ကတ်ရေ။
ရီမာ တတ်ကျွမ်းသဖြင့် ပုလဲ၊ ကြွက်(ပင်လယ်ကြွက်)၊ ရီခူ၊ ငါး၊ ပုဇွန်၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တိကို ရှာဖွီရင်းနန့်လည်း အသက်မွီးတတ်ကတ်ရေ။ သူရို့ ရိုးရာဓလိများ ထဲမာ ဗုံတီးခြင်း၊ ဘင်(ပြွီရှည်)တီးခြင်း။ သူရို့ဘာသာစကားနန့် တေးချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း ရို့လေ့ ပါဝင်ရေ။ ဆလုံရိုးရာပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ် ဇာလိုင်း ကျေးရွာအုပ်စု၊ လန်ပိကျွန်းဧ့ တဖက်ကမ်း “မကြုံဂလက်”ကျေးရွာမာ (၂၀၀၄)ခုနှစ်၊ ဖေဖော်ဝါရီလ အထဲက စည်ကား သိုက်မြိုက်စွာ ကျင်းပခရေ။
ဆလုံ တိုင်းရင်းသားရို့ဧ့ မွီးဖွားခြင်းအစ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ](၁၉၆၄)ခုနှစ်က မှတ်သား တွိဟိချက်တိအရ ဆလုံတိုင်းရင်းသား ရို့စွာ စတင်မွီးဖွားရေ အချေတိကို ချက်ကြိုး ဖြတ်ပြီးစွာနန့် ရီထဲကို နှစ်စက္ကန့်ခန့် ရီထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကတ်ိမ်ခန့် ပြုလုပ်ရေ။ သူရို့ အယူအဆမာ မွီးစကလေးငယ် ရီကို တတ်ကျွမ်းစီရန်၊ မထီစီရန် ဖြစ်တေဟု ဆို၏။ ယင်းပိုင် လွဲမားရေအယူအဆကြောင့် အချို့ အချေတိမာ မွီးစကပင် သီဆုံးလားကတ်တေ။ ဒေကား အယင်ကအဖြစ်အပျက်။ အဂုအချိန်မာမူ ဆလုံတိုင်းရင်းသားရို့ ခေတ်မီလာရေဟု ဆိုရပါဖို့။ မွီးစကလေးငယ်ကို ရီထဲမာ မနှစ်ကတ်တော့။ ဝမ်းကြီးကို မွီးဖွားပေးရေ မွီးသည်မှာ သူရို့ဆလုံအမျိုးသမီး အချင်းချင်းပင် ဖြစ်တေ။ ယကေလေ့သော့ ဂုချိန်ခါ ခက်ခဲရေ မွီးဖွားမှုတိကို နာစ်ဆမနန့် မွီးလေ့ မွေးထ ဟိလှာကတ်ပါယာ။
ဆလုံရို့၏ ကျန်းမာရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆလုံ တိုင်းရင်သားရို့စွာ အစစ အရာရာမာ နတ်ဆရာကိုရာ အားကိုးကတ်တေ။ တယောက်တလီ နီမကောင်းလျှင် သူရို့၏ အယူအဆမာ နတ်ဖမ်းစားရေဟု အများအားဖြင့် ယူဆကတ်တေ။ နတ်ဆရာနန့် လက်သပ်လို့ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်ဗလင့် ဟိကတ်တေ။ ယကေလေ့သော့ အဂုချိန်ခါမာ တချို့ တိုင်းရင်းသားဆလုံရို့မာ ခေတ်မီလာရေဟု ဆိုရပါဖို့။ နီထိုင်မကောင်း ဖြစ်ရေ သူတိကို ဒက်တင်နန့် ဆီးခန်းသို့ ပြသ ကုသလာကတ်တေ။ တဖက်ကလည်း သူရို့အစွဲဖြစ်နီရေ နတ်ဆရာနန့် ပူဇော်ပသခြင်း ကိုလေ့ လုပ်မြဲလုပ်ကတ်တေ။ ဆလုံအများစုမာ ဖြစ်ပွားတတ်ရေ ရောဂါမာ ငှက်ဖျား စွဲခြင်းနန့် အာဟာရ ချို့တဲ့ခြင်းတိပင် ဖြစ်တေ။
ဝတ်စားဆင်ယင်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆလုံ တိုင်းရင်းသားရို့စွာ မွီးကင်းစ အချေအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ အယင်က အဝတ်အစား ဝတ်လေ့ဝတ်ထ မဟိရေ်လည်း ဂုချိန်ခါ အဝတ်အစား ဆင်ယင်လာကတ်တေ။ အမျိုးသမီးတိမာ သူရို့ဓလိ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်စွာ ဆိုကေလည်း၊ တချို့မာ အိမ်ထောင်ကျရေနန့် အပေါ်ပိုင်း ဗလာကျင်း နီတတ်ကတ်တေ။ ယကေလေ့သော့ ဂုချိန်ခါမာမူ အိုမင်းရေအဘောင်မအရွယ်တိကလွဲလို့ အမျိုးသမီးအများစုကတော့ခါ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်လာကြ လီရာ။ ဆလုံအမျိုးသားရို့မာ အများအားဖြင့် အယင်ကအောက်ပိုင်းမာ ဒယော(သို့မဟုတ်) ပေါင်ဖတိုနန့်နိန်ပြီးကေ အပေါ်ပိုင်းဗလာကျင်း နီတတ်ရေ သဘာဝဟိရေ။ သူရို့ဓလိ့အရ သင့်မိသင့်ရောင်လည်း ဖျားနာခြင်း မဟိကတ်ပါ။ ခံနိုင်ရည်ဟိရေ လူမျိုးပင် ဖြစ်တေ။ ယကေလေ့သော့ ဂုချိန်ခါ သူရို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ အများအားဖြင့် ဝတ်ဆင်လာကတ်လီပြီ။ ဆလုံတိုင်းရင်းသားရို့စွာ ပင်လယ်နန့်နံဘေးအနားမာ နိန်ပနာလားမသိ၊ သူရို့၏အသားအရောင်မာ ညိုရောင်သန်းပါရေ။ ဂုချိန်ခါ ဆလုံတိုင်းရင်းသားရို့မာ ခေတ်မီလာရေအလျောက် ယိုးဒယားနိုင်ငံမှရောက်လှာရေ အဝတ်အစား၊ ပါတိတ်။ တီရှပ်ရို့နန့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လှာလီဗျာယ်။ အယင်က ချင်ပိုင်နီခကေလေ့ ဂုချိန်ခါ သားသားနားနား ဝတ်ဆင်လာကတ်လီပြီ။
အစားအသောက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆလုံရို့စွာ ပင်လယ်ထဲမာ နိန်ရာတကျ မနိန်ဘဲ ရီကြိုင်ရာ မြက်နုရာသို့ လားလာ လုပ်ကိုင် နီထိုင်ကတ်ရေ အလျောက် ပင်လယ်ပျော်များ ဖြစ်ရေအနိန်နန့် သူရို့စားသောက်ကတ်တေမာ အများအားဖြင့် ပင်လယ်အစားအစာတိ ဖြစ်တေ။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များမာ တွယ်ကပ်ပြီးကေ ဟိရေ ဂုံး(ခရုတမျိုး အထဲမာဟိရေ)ဟု ခေါ်ရေ တငို ကိုခွာလို့ အထဲက ခရုပိုင် အရာကို ချက်ပြုတ် စားသောက်ကတ်တေ။ ပင်လယ် ကျောက်ဆောင် ဂူထဲမာဟိရေ လင်လုပ်၊ ဗာဒလီတိကို တုတ်ရှည်ဖြင့် ရိုက်ချပြီးကေ ခုတ်ထစ် ဖြတ်တောက် လို့လည်း ချက်ပြုတ် သုံးဆောင်ကတ်တေ။ သူရို့စွာ စားသုံးဆီသုံးစွဲမှု နည်းသူတိဖြစ်ရေ အလျှောက် တလလုံးမာ မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားလှောက်သာ ကုန်ပါရေ။ ယင်းအတွက်နန့် ဆလုံအများစုမာသွီးတိုးရောဂါ မဟိကတ်ပါ။ ဆလုံ တိုင်းရင်းသားရို့စွာ ပျားအုံဖွတ်ရာ မာလည်း အလွန် တတ်ကျွမ်းသူတိပင် ဖြစ်တေ။ အပင် အမြင့်ထက်မာ စွဲကပ်နိန်ရေပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချပြီးကေ ပျားအုံမှ ပျားရည်ကို ခံယူကတ်တေ။ ပြင်စလက်နန့် ပျားပေါက်စရို့ကိုလည်း အဂုပင် လတ်လတ် ဆတ်ဆတ် စားသုံးကတ်ရေ။ ဆလုံရို့၏ သဘာဝမာ စားသောက်ရာမာလည်း သူရို့ ရိုးရာလောင်းထက်မာ မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကတ်တေ။ ဆလုံ တိုင်းရင်းသားရို့ စားသုံးရေ အရွက်များ ဖြစ်ရေ ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းရို့မာ အရွက်အသားထူရေမှ လွဲလို့ မြီပြန့်က မုန်လာ၊ မုန်ညင်း၊ ကန်စွန်းရို့နန့် အတော် ဆင်တူစွာ ထိုအရွက်ရို့မာလည်း ဆလုံဒေသ တောတောင်ထဲမာ အလိကျ ပေါက်နီကတ်ခြင်းရာ။ ကျွန်တော် တွိဖူးရေ ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်ရေ ကွမ်း) မာလေ့သော့ အရွက်အသား ပိုထူကာ အလိကျ ပေါက်နီခြင်းပင် ဖြစ်တေ။ ဆလုံအချို့လည်း ကွမ်းစားတတ်ကတ်စွာကို ကျွန်တော် တွိဖူးပါရေ။
အလုပ်အကိုင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆလုံ တိုင်းရင်းသားရို့စွာ အလုပ်လုပ်ကိုင်ရာမာ အားလုံးစုပေါင်း ဝိုင်းဝန်းလို့ လုပ်ဆောင်လေ့ ဟိကတ်တေ။ တောထဲမာဟိရေ အပင်ကြီးတိကို သူရို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါရေ။ လောင်းထွင်း ပါရေ။ ထိုကြီးမားရေ တူးလောင်းကို ပင်လယ်ကမ်းခြီပါးသို့ သယ်ဆောင် ထုတ်ယူရေမာလေ့သော့ အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါရေ။ ပင်လယ်ကမ်းစ နီရာများမာ ပေါက်ရောက်လီ့ဟိရေ ရင်ကမ်းပင်မှ ရင်ကမ်း အလက်တိကို တစုနန့်တစု စီစီညီညီ ထပ်ကာ ပြုလုပ်ထားရေ ရင်ကမ်းလောင်းမာ အလွန်ပင်လက်ရာမြောက်လှပါရေ။ ထိုရင် ကမ်းလောင်းမာ သံချက်ဆိုလို့ တချက်မျှမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း၊ ကွပ်ခြင်း ပြုလုပ်ထားရေမာ ခိုင်ခန့်လှပါရေ။ စိစပ်လှပါရေ။ ရေတစက်မျှ လောင်းဝန်းထဲကို မဝင်ပါ။ သူရို့၏ တတ်ကျွမ်းမှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မဟိကတ်ပါ။ ယကေလေ့သော့ လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာရေအခါ သူရို့စွာ ကမ်းခြီများ၊ လီကွယ်ရာကျွန်းစုများမာ စုပေါင်းပနာ နီထိုင်လေ့ဟိကတ်တေ။
ဆလုံ တိုင်းရင်းသားရို့ဧ့ အလုပ်အကိုင်ကို ဖော်ပြရကေ ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ် ကြွက်ငုပ်ခြင်း၊ ကနုကမာ ရှာဖွီခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနန့်ဆိုင်ရေ လုပ်ငန်း အဝဝကို တတ်ကျွမ်းစွာ လုပ်ကိုင်နှိုင်ရေ တိုင်းရင်းသားတိပင် ဖြစ်တေ။ ကျောက်ကြို ကျောက်ကြားထဲကို နှစ်ခွစူး၊ မှိန်းတံရှည်နန့် ငါးထိုးနိန်ရေ အချေတိကိုလည်း ကျွန်တော်မြင်ဖူး ပါရေ။ ဂုချိန်ခါ ခေတ်မီလာရေ ဆလုံရို့မာ ရေငုပ်မျက်မှန် အကောင်းစားနန့် အောက်စီဂျင် အသက်ရှူဘူးရို့နန့် ရေငုပ်ကာ ပုလဲယှာနိန်ကတ်ရာ၊ ပင်လယ်ကြွက် ယှာနိန်ကတ်ရာ ဖြစ်တေ။
ကျွန်တော် တွိခရေ ဆလုံ တိုင်းရင်းသားရို့မာ ကလွေသျှေရော၊ ကလိန့်မေသျှေပါ အသက်(၁၀) နှစ်ခန့်မာ ရေနန့် ပတ်သက်ပြီးကေ အစစ အရာရာ အလွန်တတ်ကျွမ်းနီကတ်လီပြီ။ ယင်းခါက ကျွန်တော့် မျက်စိရှိ့မာပင် (၁၀)နှစ်သားခန့် ဟိရေ ဆလုံ ကလွေသျှေမာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ဗျာယ် (၁၅)ပေလောက် နက်ရေ ပင်လယ်ရီထဲကို လောင်းပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်ရေမာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာရေ အခါ လက်ထဲမာ (၂)ပေလောက်ဟိရေ ငါးမန်းဖြူတကောင် ပါလာစွာကို တွိရသဖြင့် ကျွန်တော်မာ ကကောင်းပင် အံ့ဩလားရေ။ မိုးထကလည်း ယင်းနည်းတူစွာ လကျောက် (လိပ်ပုံသဏ္ဍန်ငပြီယှားကြီး) တကောင်းကို ရခကြောင်း၊ ယင်းသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သိမ့်ရေ။ ဆလုံရို့စွာ လူကြီး လူငယ်မရွီး အအားမနိန်ဘဲ အမြဲတစေ အလုပ်လုပ်နိန်ရေ လူမျိုးပင် ဖြစ်တေ။ လွတ်လပ်မှုကို မြတ်နိုးကာ တခုမဟုတ် တခု အလုပ် လုပ်နိန်ရေ တိုင်းရင်းသားတိပင်။ အများအားဖြင့် သူရို့စွာ လက်ထဲမာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြီ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ဟိ ငါးမျိုးစုံရို့ကို ထိူးယူ ဖမ်းဆီးကတ်တေ။ ဟိုစဉ်က ဆလုံ တိုင်းရင်းသားရို့ ငါးဖမ်းစွာ ဆိုစွာမာ ငါးဖမ်း ပိုက်တိနန့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါရေ။ ယကေလေ့ ဂုချိန်ခါမာမူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အင်တန်များများ ဖမ်းဆီးလာကတ်တေ။ သူရို့ဘဝမာ အယင်က ဖမ်းယူရဟိ ငါးတိနန့် ရေငုပ်လို့ ရဟိရေ ပုလဲ၊ ပင်လယ်ကြွက် ရို့ကို ရောင်းချရာမာ ဈီးနှိမ်ခြင်း ခံရကေလေ့ ဂုချိန်ခါ ထိုက်ထိုက်တန်တန် ဈီးမှန်၊ အလီးမှန် ရဟိခပါရာ။ ဖဲကဇပ်ကာ ကက်ဆက်နားထောင် နီကတ်ရေ ဆလုံများ၊ ရွှီဆွဲကြိုး တဝင်းဝင်းနန့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြီ နီကတ်ရေ ဆလုံ အချေများ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားရို့ လူနီမှုဘဝ တိုးတက် ဖွံ့ဖြိုးပါလတ်တေမာ အမှန်ရာ ဖြစ်တေ။
စုံဖက်ထိမ်းမြားခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆလုံ တိုင်းရင်းသား ရို့စွာ အချေ မီးဖွားလျှင် မွီးဖွားလာကေ မွီးဖွားစအချေ အတွက် နတ်ဆရာနန့် နတ်ကိုးကွယ် ကတ်တေ။ သီဆုံးလား ကေလေ့ သီဆုံးသူ ကောင်းရာ မွန်ရာ ရောက်ယောင် နတ်ဆရာနန့် ပူဇော်ပသလေ့ ဟိရေ။ ယင်းနည်းတူစွာ သတိုးသားနန့် သတိုးသမီး စုံဖက် ထိမ်းမြားပွဲမာလည်း နတ်ဆရာနန့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှကျကေ လင်မယား အရာမြောက် ရေလို့ ဆလုံရို့က ယူဆပါရေ။ ဆလုံတိုင်းရင်းသား ရို့စွာ ငယ်ရွယ်စဉ်ကပင် နီစပ်သူတိ ဖြစ်ရေ အနိန်နန့် အသက်(၁၇)၊ (၁၈)နှစ်ခန့်မာ နီစပ်လေ့ ဟိရေ။ အမျိုးသား တယောက်စွာ အမျိုးသမီးတယောက်ကို သဖောကျနှစ်သက်ရေအခါ အမျိုးသမီး မိဘတိထံလားပနာ တောင်းရမ်းရရေ။ ယင်းပိုင် တောင်းရမ်းစဉ် အမျိုးသားနန့်အတူ မိဘ(၂)ပါး ပါရရေ။ ဆလုံရို့၏ အကြီးအကဲ ပါရရေ။ အမျိုးသမီးဘက်က လက်ခံရေအခါ မင်္ဂလာပွဲရက်ကို နိသတ်မှတ်ပနာ နတ်ဆရာနန့် လက်သပ်ကာ စားသောက် ဖွယ်ရာတိကို စီမံပြင်ဆင်ကတ်တေ။
သူရို့၏ အစားအသောက်တိကား အထူးအဆန်းမဟုတ်။ ငါးကင်များ၊ ဆီတဖဲ့ချေဖြင့် ကြော်ထားရေ လင်လုပ်ကြော်၊ ဗာဒလီကြော်၊ အူ အသည်းများ ထုတ်ထားရေ ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တခါတရီရတတ်ရေ သင်းခွေချပ်ကြော်၊ မျိုးက်သားကြော်နန့် ပျားရည်၊ အရက်ရို့ပင် ဖြစ်တေ။ မျိုးက်ချီးခါးကိုလေ့ ဆလုံရို့ စားလေ့ စားထ ဟိရေ။ မင်္ဂလာ အခမ်းအနား ကျင်းပရေ နိရက်မာ တစုတဝေးတည်း နီကတ်ရေ ဆလုံရို့မာ ဇာကိုယ်ရီး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်ရာ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကတ်တေ။ မိုးထ(၉)နာရီခန့်မာ ဆလုံနတ်ဆရာ ရောက်လှာ ပါရေ။ သူ့လက်ထဲမာ ပလွီပိုင်ယှောင် တူရိယာလေးတခု ပါလာရေ။ ဆလုံမင်္ဂလာပွဲကို အများ အားဖြင့် ပင်လယ်ကမ်းစ သဲပြင်ရှည်မာ ကျင်းပလေ့ ဟိရေ။ ဆလုံ နတ်ဆရာတယောက် မင်္ဂလာပွဲသို့ ရောက်ဟိလှာချိန်မာ နတ်တင်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နီပါယာ။ နတ်ဆရာစွာ ရှီးဦးစွာ သူရို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းထက်မြှောက်ကာ အပေါ်အောက် လှုပ်ယှားဗျာယ် ပလွီမှုတ်ကာ ပင့်ဖိတ်ပါရေ။ ပြီးကေ ထိမ်းမြားဖို့ အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူရို့ လက်ထက်တို့ နတ်ဆရာဧ့ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါရေ။ ယပြီးနောက် သူရို့ ရိုးရာဖြင့် ဒေမင်္ဂလာ မောင်မေကို ရာသက်ပန် စောင့်ယှောက်စေလိုကြောင်း သူရို့၏ ကျန်းမာရီးအတွက် သူရို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆိုရေ။ သတိုးသားနန့် သတိုးသမီးကိုလေ့ ရာသက်ပန်ရိုးရာ ရိုးမြီကျ ပေါင်းဖော်ဖို့အကြောင်း ရိုးရာနတ်ထံ လက်လေးဖက် မြှောက်ကာ တိုင်တည်စီပါရေ။
ဆလုံ တိုင်းရင်းသားရို့စွာ တလင်တမယား စနစ်ကိုရာ ကျင့်သုံးရေသူတိ ဖြစ်တေ။ သူရို့ လောကမာ အိမ်ထောင်ရီး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရီး ဖောက်ပြန်သူတိကို သူရို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ပနာ သူရို့နန့် လုံးဝ အဆက်အသွယ် မလုပ်ဖိပါ။ သူရို့စွာ အစုအဝေးနန့် နီတတ်ရေအနိန်နန့် ယင်းပိုင် အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကတ်တေ။ သူရို့စွာ အိမ်ထောင်ကျရေ အခါ သူရို့အတွက် (မင်္ဂလာမောင်မေအတွက်) ရိုးရာလောင်းတစင်း၊ ငါးဖမ်းပိုက်တစုံနန့် ငါးဖမ်းကိရိယာတချို့ကို လက်ဖွဲ့ လိုက်ပါရေ။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကတ်တော့ဟု ဆိုလိုရေ သဘောပင်။ ယကေလေ့ ဇနီးမောင်နှံနှစ်ယောက်မာ အဝီးကိုလားစရာမလို၊ ဒေအစုအဝေးမာပင် နီထိုင်စီရေ။
ဆလုံရိုးရာ နတ်ပွဲများမာ နတ်ဆရာစွာ နတ်ကိုတိုင်တည် ပူဇော်ပြီးကေ နတ်ပူးလာယား နတ်ဝင် လာရေဟု ဆိုကာ တုန်တက်လာရေ။ ပြီးကေ အရက်သောက်ပါရေ။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါရေ။ ပြီးကေ နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါရေ။ ပရိသတ်ကလေ့ လိုက်ကပါရေ။ နတ်ဆရာ နတ်ဆရာမမာ နာရီဝက်လှောက်သာ ကြာပါရေ။ နတ်ဆရာပါးက နတ်ထွက်လားရေအခါ တုန်တုန်ယင်ယင် အမူအရာများ ကွယ်ပျောက်သွား ပါရေ။ ဆလုံရို့၏ မင်္ဂလာပွဲ ကပွဲကား တနာရီခန့် ကြာမြင့်ပါရေ။
ဆစ္ဆီကြီးပွဲ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆစ္ဆီကြီးပွဲ ဆိုစွာမာ အရာမဟုတ်။ သီဆုံးသူတိကို ကျွေးမွေးရေပွဲပင် ဖြစ်တေ။ ဆလုံ တိုင်းရင်းသားရို့ဧ့ အယူအဆမာ သီဆုံးလားသူရို့စွာ ကောင်းရာ မွန်ရာရောက်သူ ဟိပိုင် အချို့မာ ဆစ္ဆီဖြစ်နီရေလို့ ယုံကြည်ကတ်တေ။ ထိုဆစ္ဆီတိ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နီစွာကို မလိုလားသဖြင့် တနှစ်တခါ သူရို့ဟိရာ သင်္ချိုင်းကိုလားလို့ သူရို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်တေ။ ဆလုံရို့စွာ သီဆုံးသူတိကို ကျွန်းတကျွန်းမာ မြှပ်နှံ သင်္ဂြိုဟ်လေ့ ဟိရေ။ ထိုသင်္ချိုင်းမာ တနှစ်တခါ( နှစ်စိုင် ဂျန်နဝါရီလ ) ကျင်းပရေ ဆစ္ဆီကြီးပွဲမာ ထုံးစံအတိုင်း မပါမဖြစ်စွာက ရိုးရာ နတ်ဆရာနန့် နတ်ပွဲပင်ဖြစ်တေ။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးကေ အစားအသောက်တိနန့် ပူဇော်ပသလီရေ။ သီဆုံးသူတိကိုလေ့ ပင့်ဖိတ် ကျွေးမွေးလီရေ။ ပြီးကေ နတ်ဆရာက တုန်တုန် ယင်ယင်နန့် ကွေးနီအောင် ကလီဖိ။ ပရိသတ်များကလေ့ ဗုံတီးပြီး ကကတ်တေ။ သူရို့အကမာ အာဖရိက လူရိုင်းအကတိနန့် အတော်ပင် ဆင်တူစွာ အရက်သောက်ထားပြီးသားသွီးကြွ နီစွာလည်း ပါပါလိမ့်မေ။ ကျွန်း ကမ်းခြီ၊ ပင်လယ်သောင်စပ်မှပင် ကနိန်ကြသူ အတိရား။ ဇာပိုင်ပင်ဆိုစေ ဆလုံ တိုင်းရင်းသားရို့ဧ့ ဒေဓလိ့မာလေ့သော့ ချစ်စရာပင် မဟုတ်လော။
ဆလုံရိုးရာလောင်းကို လွန်းတင်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆလုံ တိုင်းရင်းသားရို့စွာ သူရို့၏ တူးလောင်းနန့် စက်တပ်လောင်းတိကို တနှစ်တခါ မှန်မှန် လွန်းတင်လေ့ ဟိရေ။ ပင်လယ်သဲပြင်ရှည်ဝယ် လွန်းတင်ရန်ပြင်ဆင်ထားရေ ရိုးရာလောင်းမှ ပေါက်ပြဲနီရေ နီရာတိကို မီးတုတ်ဖြင့် ဟို့လိုက်ရေအခါ မကောင်းရေ ဘန်းတီကြိုးများ ကွာကျလှာ ပါရေ။ မီးတုတ်မာ အုန်းလက်ဖြင့် မီးတိုက်ထားခြင်းဖြစ်တေ။ ပေါက်ပြဲ ယိုစိမ့်ကျနီရေ ဘန်းတီကြိုး အဟောင်း နီရာတွင် ဘန်းတီကြိုးအသစ်ဖြင့် ဖာထေးပါရေ။ သူရို့စွာ လောင်းကို လွန်းတင်ရာမာ စုပေါင်း လုပ်ဆောင်ကြသဖြင့် ဇာလောက်ပင် ကြီးရေလောင်း ဖြစ်စီပနာမူ အများဆုံး လုပ်ရပါကေ ငါးရက်လှောက်သာ ကြာမြင့်ပါရေ။ ရင်ကမ်းလောင်းကို လွန်းတင်ရာမာ အရာလောင်းနန့်စာကေ သက်သာပါရေ။ လိုအပ်ရေ နိန်ရမာ ဘန်းတီကြိုးအသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်တေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ "The lost world: Myanmar's Mergui Islands"၊ 19 April 2013။
- ↑ Wolff, John U. (2018). Proto-Austronesian Phonology with Glossary. Ithaca, New York: Cornell University Press. pp. 523–524. ISBN 978-1-5017-3598-1.
- ↑ http://e-sentiment.net/proxy/browse.php?u=Oi8vd3d3Lnp3ZWdhcGluLmNvbS9OZXdzL25ld3BhZ2UwODYuaHRtbA%3D%3D&b=5&f=norefer[လင့်ခ်သီ]