Jump to content

ဆိုင်းဇန်လူမျိုး

ဝီကီးပီးဒီးယား က

ဆိုင်းဇန်လူမျိုးစွာ မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားရေ တိုင်းရင်းသား (၁၃၅)မျိုးထဲမာ ပါဝင်လီရေ။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲက လူမျိုးစု တစုဖြစ်တေ။


ဆိုင်းဇန်လူမျိုးမာ အမဲလိုက်ဝါသနာပါရေ ဘုရင့်သားတော်တပါးမှ ဆင်း သက်လာရေ လူမျိုးဟု ဆိုရေ။ ရှီးရိုးစိုင်လာ စကားမာ တရံရောအခါ မြန်မာပြည်အထက်ပိုင်းမာ သျှင်ဘုရင်တပါး အုပ်ချုပ်နီရာ သားတော်သုံးပါး ဟိရေအနက် သားထွေးကို နန်းတင်လိုကတ်ရေ ခမည်းတော်၊ မေတော်ရို့စွာ သားကြီးအား မြန်မာပြည် မြီပြန့်ဒေသကို လားရောက်မင်းပြုစီရေ။ သားလတ်မာကား အမဲလိုက်ဝါသနာပါသဖြင့် အနောက်ဘက်တောင်တန်းပါးသို့ တမူးလမ်းမှ တက်လားပြီး အဂု ချင်းတောင်တန်းများမာ အမဲလိုက်နီခရေ။ တနှစ်မျှကြာလတ်သော် နီပြည်တော်သို့ ပြန်လာရေ။ လမ်းခရီးမာ ဆေပီးဟု ခေါ်ရေ နီရာသို့ရောက်ရာ ထိုရွာမာ မဆမတဦးဧ့ သမီးနန့် အကြောင်းပါလီရေ။ မင်းသားက သူ၏ဇနီးအား သား ကလွေသျှေ မွီးပါက နီပြည်တော်သို့ လိုက်လာရန် မာကြားပနာ သားရီထက်မာ စာရီးခပနာ နီပြည်တော်သို့ ပြန်လားရေ။ မင်းသားစာရီးထားခရေ သားရီမာ ခွီးစားသဖြင့် ပျက်ဆီးလားခရေ။ ကလိန့်မေသျှေစွာ သားယောက်ျားမွီးကေလေ့ နီပြည်တော်သို့ မလိုက်နိုင်ဘဲ ထိုအရပ်မှာပင် နီထိုင်ခရေ သားမှ ဆင်းသက်လာရေ သူတိစွာ ဆိုင်းဇန်လူမျိုးများ ဖြစ်လှာကတ်တေလို့ ဆိုရေ။ []

  1. မောင်ပုဆိုးကြမ်း ရီး တိုင်းရင်းသားလူမျိုးများ အဘိဓာန်

တမ်းပလိတ်:မြန်မာပြည် လူမျိုးများ