ဆီးခန်း
အာရက္ခ အခလွတ် ဆီးခန်း
အာရက္ခပြည်အတွင်းမှာ ပထမဦးဆုံး စေတနာ အာရက္ခပြည်သူ အကျိုးပြု ဆီးခန်းလို့ နာမေရရေ အခလွတ် ဆီးခန်းကို ရက္ခိုင်အဆိုတော် R Gree နန့် အာရက္ခဇင်မျိုးရို့ က စတင်လို့ ပုဏ္ဏားကျွန်းမြို့ တစ်နီရာမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နိမှာ ဖွင့်ဖြစ်ခပါရေ။[၁]
နောက်ပြီးကေ ကျောက်ဖြူမြို့နယ်ဖက်မှာ ထပ်ပြီးကေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နိမှာ အခလွတ် စေတနာ အာရက္ခ ပြည်သူအကျိုးပြု ဆေးခန်း (၂) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခပါရေ။[၂]
ရည်ရွယ်ချက်
ဆီးခန်းကို အာရက္ခပြည်အတွင်းမှာ စစ်ကောင်စီနန့် အာရက္ခတပ်တော် (AA) နှက်ဖက်တိုက်ပွဲတိကြောင့် အပြစ်မဟိမ့်ရေ ပြည်သူတိ ကြားက ဒုက္ခရောက်ကတ်ရေအချိန်မှာ စားနပ်ရိက္ခာတိ၊ ကျန်းမာရေး စောင့်ရှောက်မှုတိ အများကြီး လိုအပ်နီရေအချိန်မှာ အထောက်အကူဖြစ်စီဖို့ ရည်ရွယ်ချက်နန့် ရက္ခိုင်အဆိုတော် အာကြီးက မြောင်ချောင်းလူငယ် ပရဟိတအသင်းက မတည်ရေ ဖေသာနန့် ဖွင့်ဖြစ်ခစွာ ဖြစ်ပါရေ။[၃]
ဆီးခန်းစွာ အာရက္ခပြည်အတွင်းက စစ်ဘေးရှောင် ပြည်သူတိနန့် ဒေသခံ ပြည်သူတိအတွက် အားထားရေရေ ဆီးခန်းတစ်ခု ဖြစ်ပါရေ။[၄]
ကိုးကား
___________
စေတနာ အာရက္ခပြည်သူ အကျိုးပြု ဆီးခန်း
ရက္ခိုင်အဆိုတော် R Gree