ဆူးအက် တူးမြောင်း
| ဆူးအက်တူးမြောင် Suez Canal | |
|---|---|
| ဝိသေသလက္ခဏာတိ | |
| အလျား | ၁၉၃.၃ km (၁၂၀.၁ မိုင်) |
| Maximum boat beam | ၇၇.၅ m (၂၅၄ ft ၃ in) |
| Minimum boat draft | ၂၀.၁ m (၆၆ ft) |
| Minimum boat air draft | ၆၈ m (၂၂၃ ft) |
| Locks | None |
| လမ်းကြောင်းပြအာဏာပိုင် | Suez Canal Authority |
| ရာဇဝင် | |
| မူလပိုင်ဆိုင်သူ | Suez Canal Company (Compagnie Universelle du Canal Maritime de Suez) |
| ဆောက်လုပ်ရီးစတင် | ၂၅ စက်တင်ဘာ ၁၈၅၉ |
| ပြီးဆုံးရက်စွဲ | ၁၇ နိုဝင်ဘာ ၁၈၆၉ |
| ပထဝီဝင် | |
| စတင်မှတ် | Port Said |
| ဆုံးမှတ် | Port Tewfik, Suez |
ဆူးအက်တူးမြောင်း (အိန်းဂလိချ်: Suez Canal) စွာ အီဂျစ်နိုင်ငံမာ တည်ဟိပြီး မြေထဲပင်လယ်နန့် ပင်လယ်နီကို ဆက်စပ်ပီးရေ အရေးပါရေ ရီကြောင်းလမ်းကြောင်းတခုဖြစ်တေ။ ယင်းတူးမြောင်းကို ၁၈၆၉ ခုနှစ်၊ နိုဗန်ဘာလမာ စတင်ဖွင့်လှစ် အသုံးပြုခပြီးကေ ဥရောပနန့် အာသျှတိုက်အကြား ရီကြောင်းပို့ဆောင်ရီးမာ အာဖရိကတိုက်ကို ကွေ့ဝိုက်လားဖို့ မလိုအပ်တော့ပါ၊၊
တည်နီရာနန့် အတိုင်းအတာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆူးအက်တူးမြောင်းစွာ မြေထဲပင်လယ်ကမ်းခြီပေါ်ဟိ ပို့ဆက်မြို့နန့် ပင်လယ်နီကမ်းခြီပေါ်ဟိ ဆူးအက်မြို့ရို့ကို ဆက်သွယ်ထားရေ။ ယင်းစွာ အာသျှတိုက်နန့် အာဖရိကတိုက်ကတ်ီးနှစ်တိုက်ကို ဆက်စပ်ကေလည်းဟိရေ ဆူးအက်ကျွန်းဆက်ကို ဖြတ်ပနာ ဖောက်လုပ်ထားရေ။
- ဖောက်လုပ်စ ကနဦး: ၁၆၄ ကီလိုမီတာ (၁၀၂ မိုင်) ရှည်လျားပြီး ၈ မီတာ (၂၆ ပေ) နက်ရေ။
- ၂၀၁၀ ခုနှစ်မာ တိုးချဲ့ပြီးစီးမှု: ၁၉၃.၃၀ ကီလိုမီတာ (၁၂၀.၁၁ မိုင်) ရှည်လျားပြီး၊ ၂၄ မီတာ (၇၉ ပေ) နက်ကာ ၂၀၅ မီတာ (၆၇၃ ပေ) ကျယ်ရေ။
ဒေတူးမြောင်းကြောင့် လန်ဒန်မြို့မှ ဘုံဘိုင်မြို့သို့ လားရာမာ မိုင်ပေါင်း ၁၁,၀၀၀ ကျော်မှ ၆,၀၀၀ ကျော်သို့ လျော့ကျလားပြီးကေ မိုင် ၅,၀၀၀ ခန့် ခရီးပိုနီးလာရေ။ သင်္ဘောတိစွာ တူးမြောင်းတဖက်မှ အရာတဖက်သို့ရောက်ဖို့ ၁၁ နာရီခွဲနီးပါး ခုတ်မောင်းရရေ။
သမိုင်းကြောင်းနန့် ဖောက်လုပ်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆူးအက်တူးမြောင်းဖောက်လုပ်ဖို့ စိတ်ကူးရေ ရှီးအခါကတည်းက ဟိခကေလေ့ ၁၈၅၄ ခုနှစ်မာ ပြင်သစ်လူမျိုး အိန်ဂျန်နီယာ ဖာဒီနန် မားရီး ဒလက်ဆက်ရေ အီဂျစ်နိုင်ငံဘုရင်ခံချုပ် ဆာအိပါးရှားပါးက တူးမြောင်းဖောက်လုပ်ဖို့ ခွင့်ပြုချက် ရဟိခရေ။
- စတင်ဖောက်လုပ်ခြင်း: ၁၈၅၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နိမာ စတင်ဖောက်လုပ်ခပြီး ၁၀ နှစ်ကြာမှ ပြီးစီးခရေ။
- ဖွင့်လှစ်ခြင်း: ၁၈၆၉ ခုနှစ်၊ နိုဗန်ဘာလ ၁ ရက်နိမာ အခမ်းအနားဖြင့် ဖွင့်လှစ်ခပြီးကေနောက် နိုင်ငံပေါင်းစုံမှ သင်္ဘော ၆၈ စင်းရို့စွာ ဆူးအက်တူးမြောင်းကို ပထမဆုံးဖြတ်ကူးခရေ။ ရှေ့ဆုံးသင်္ဘောမာ ပြင်သစ်နိုင်ငံဘုရင်မ ယူဇေးနီးနန့် အိန်ဂျန်နီယာ လက်ဆက်ရို့ကိုယ်တိုင် စီးနင်းလိုက်ပါခရေ။
- ကုန်ကျစရိတ်: တူးမြောင်းဖောက်လုပ်ရာမာ ပေါင် ၁၇,၀၀၀,၀၀၀ ခန့် ကုန်ကျခရေ။
အုပ်ချုပ်မှုနန့်ပိုင်ဆိုင်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆူးအက်တူးမြောင်းကို စတင်ဖောက်လုပ်စဉ်က အီဂျစ်နန့် ပြင်သစ်အစိုးရရို့က ငွီကြေးရင်းနှီးမြှုပ်နှံခရေ။
- ဗြိတိသျှရို့၏ ပိုင်ဆိုင်မှု: နောက်ပိုင်းမာ ဗြိတိသျှနန်းရင်းဝန် ဒစ်ဇရေလီလက်ထက်မာ အီဂျစ်ပိုင်အစုတိကို ဗြိတိသျှရို့က ဝယ်ယူခရေ။ ဗြိတိသျှရို့စွာ ဆူးအက်တူးမြောင်းကုမ္ပဏီဧ့ အစုရှယ်ယာ ၈၀၀,၀၀၀ အနက် ၃၅၃,၅၀၄ အထိ တိုးတက်ဝယ်ယူခပြီး တူးမြောင်းအုပ်ချုပ်ထိန်းသိမ်းမှု အခွင့်အရီးကိုလေ့ တိုးတက်ရယူခရေ။
- လက်ဟိအုပ်ချုပ်ရီးအဖွဲ့ (အယင်): တူးမြောင်းအုပ်ချုပ်ရီးအဖွဲ့မာ ပြင်သစ် ၁၆ ဦး၊ ဗြိတိသျှ ၉ ဦး၊ အီဂျစ် ၅ ဦး၊ အမေရိကန် ၁ ဦးနန့် ဒပ်ချ် ၁ ဦးရို့ ပါဝင်ခရေ။
၁၈၈၈ ခုနှစ် သဘောတူစာချုပ်: ၁၈၈၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နိမာ တူရကီနိုင်ငံ၊ ကွန်စတန်တီနိုပယ်မြို့မာ ချုပ်ဆိုခရေ သဘောတူစာချုပ်အရ ကမ္ဘာပေါ်ဟိ နိုင်ငံအားလုံးစွာ တူးမြောင်းကို လွတ်လပ်စွာ ဖြတ်သန်းခွင့်ဟိရေ။
မြန်မာနိုင်ငံအပေါ် သက်ရောက်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဆူးအက်တူးမြောင်း မဖောက်လုပ်မီက မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချရေ လုပ်ငန်းမာ မပြောပလောက်ခပါ၊၊ ယကေလေ့ တူးမြောင်းဖောက်လုပ်ပြီးကေ အရှိနန့်အနောက် ဆက်သွယ်ရီး ပိုပြီးကေလွယ်ကူလာရေအတွက် မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချမှုစွာ များစွာတိုးတက်ခရေ။ မြန်မာ့ဆန်စွာ ကမ္ဘာ့စျီးကွက်မာ မျက်နှာပန်းပွင့်လာယား မြန်မာတောင်သူ လယ်သမားရို့လေ့ စီးပွားဖြစ်ထွန်းပါလတ်တေ။
ပြည်သူပိုင်သိမ်းခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၅၄ ခုနှစ်၊ ဂျူလိုင်လ ၂၇ ရက်နိမာ ဆူးအက်ဒေသဟိ ဗြိတိသျှစစ်တပ်အားလုံးကို လပေါင်း ၂၀ အထဲ ပြန်ပနာရုပ်သိမ်းရန် သဘောတူစာချုပ်တရပ်ကို ချုပ်ဆိုခရေ။ ထိုစာချုပ်အရ ဗြိတိသျှစစ်တပ်အားလုံးကို ၁၉၅၆ ခုနှစ်၊ ဂျုန်လ ၁၃ ရက်နိမာ ရုပ်သိမ်းခရေ။
၁၉၅၂ ခုနှစ်မာ ဖာရော့ဘုရင်အား နန်းချပနာ အီဂျစ်ကို သမ္မတနိုင်ငံအဖြစ် ကြေညာခပြီးကေနောက် ကာနယ် နက်ဆာရေ အီဂျစ်နိုင်ငံဧ့ သမ္မတဖြစ်လာခရေ။ ၁၉၅၆ ခုနှစ်မာ အမေရိကန်နန့် ဗြိတိသျှနိုင်ငံရို့စွာ အီဂျစ်နိုင်ငံ ဆူးအက်ဝန်ဆည်ရိုး တူးဖော်နိုင်ရီးအတွက် ဖေသာချီးဖို့လို့ ကတိပြုခကေလေ့ အီဂျစ်နိုင်ငံဧ့ စီးပွားရီး မခိုင်မြဲဟု အကြောင်းပြကာ ကတိကို ရုပ်သိမ်းခရေ။ ဒေအချက်ကို တုံ့ပြန်ရေတွက်နန့် သမ္မတနက်ဆာရေ ၁၉၅၆ ခုနှစ်၊ ဂျူလိုင်လ ၂၆ ရက်နိညမာ အီဂျစ်နိုင်ငံ၊ အယ်လက်ဇန္ဒြီးယားမြို့မာ ဆူးအက်တူးမြောင်းကို အီဂျစ်အစိုးရက ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်ယာဖြစ်ကြောင်း ကြေညာခရေ။
ဒေကြေညာချက်ကြောင့် ကမ္ဘာတဝန်းမာ လှုပ်ယှားမှုများ ဖြစ်ပေါ်ခပြီးကေ အထူးအနိန်နန့် စစ်ရီးနန့် စီးပွားရီးအရ အရေးကြီးသော အိန်းဂလိချိနန့် ပြင်သစ်နိုင်ငံရို့မာ များစွာ လှုပ်ရှားခရေ။ ယကေလေ့ ဆူးအက်တူးမြောင်းကိစ္စနန့် ပတ်သက်ပြီးကေ အိန်းဂလိချိနန့် ပြင်သစ်ရို့၏ ကန့်ကွက်ချက်မာ မအောင်မြင်ခပါ၊၊[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)