ဆွန်ဒေါက်ကျောင်းတော်
ဆွန်ဒေါက်ကျောင်းတော်(ထိုင်း: วัดสวนดอก)စွာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မာ တည်ဟိရေ။ ပန်းပွင့်ဟင်းခင်းကျောင်းတော် သို့မဟုတ် ပုပ္ဖာရာမကျောင်းတော် (ပါဠိ: Pupphārāma) ဟု အပြိန်းလည်း ခေါ်ကတ်သိမ့်ရေ။ တတိယအဆင့်ဟိ တော်ဝင်ကျောင်းတော်တခု ဖြစ်တေ။ ကျောင်းတော်စွာ စုသပ် လမ်းမ (Suthep) ထက်မာ တည်ဟိရေ။ ခန့်မှန်းခြီအနိန်နန့် ကျုံးဧ့ အနောက်ဘက်ဟိ ဆူရန်ဒေါ့ဧ့ အနောက်ဘက် တကီလိုမီတာအကွာမာ တည်ဟိရေ။ ချင်းမိုင်ဟိ Buddhist Mahachulalongkornrajavidyalaya တက္ကသိုလ်စွာ ကျောင်းတော်တိ စုဝီးပေါင်းစုထားရာ နီရာတခု ဖြစ်တေ။
သမိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
၁၃၇၀ စီအီးနှစ်မာ သုမနထေရ် (Sumana Thera) ဧ့ တိုက်တွန်းချက်နန့် လန်နာ (lanna) ဧ့ ဘုရင်ဖြစ်သူ ကူးန(Kue Na) စွာ ကျောင်းတော်ကို တည်ထောင်ခရေ။ ကျောင်းတော်စွာ ဝီယန်ဆူဒန်ဒေါ့(Wiang Suan Dok) ဧ့ အလယ်မာ တည်ဆောက်ခရေ။ ဝီယန်ဆူဒန်ဒေါ့စွာ လာဝါ (Lawa) လူမျိုးတိ ပြောင်းရွိကာ အခြီချနီထိုင်ခရေ နီရာဖြစ်ကာ ချင်းမိုင်မြို့ထက်ပင် သက်တမ်းပိုပြီးကေ များရေ။ အပြိန်းကြည့်ဖော်ပြချက်တိကို ဂြိုဟ်တုနန့် ရိုက်ယူထားရေ ရုပ်ပုံတိနန့် စစ်ဆီးထားရေ။ ကျန်ရေ မြီကြီးနန့် ပြုလုပ်ထားရေ နံရံတိကို စုသတ်လမ်းမဧ့ မြောက်ဖက်မာ အဂုထက်တိုင် မြင်တွိနှိုင်သိမ့်ရေ။ ကူးနဘုရင်ဧ့ ပန်းဟင်းခင်းစွာ ယင့်နီရာမာပင် တည်ဟိခရေ။ ကျောင်းတော်ဧ့ မူလအမည်စွာ အတိုကောက်အားဖြင့် ပုပ္ဖရာမကျီာင်းတော် (Buppharam) သို့မဟုတ် ဆူရန်ဒေါ့မိုင် (Suan Dok Mai) ဖြစ်တေ။
မြင်ကွင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- သီရိလင်္ကာနိုင်ငံဧ့ ပုံစံတိအနှုန်းတည်ထားရေ ခေါင်းလောင်းပုံသဏ္ဌာန်စာတီကို အဝီးက ဖူးမြင်နှိုင်ရေ။ ယင့်စာတီစွာ အမြင့် (၄၈) မီတာ ဟိရေ။ ဗုဒ္ဓဧ့ ဓာတ်တော်တိကို ဌာပနာထားရေဟု ပြောကတ်ရေ။
- မကြာသိမ့်ခင်က ပြုပျင်မွမ်းမံမှုတိလုပ်ထားရေ အမြင့် ၄.၇၀ မီတာ (၁၅.၄ ပေ) ဟိရေ ကြီးညိုဖြင့်လုပ်ထားရေ ဗုဒ္ဓရုပ်ပွားတော်စွာ [[ဘူမိဖဿမုဒြာ အနိန်အထားနန့် တည်ဟိရေ။ ရုပ်ပွားတော်စွာ Mueang Kaeo ဘုရင်ဧ့ လက်ထက်ကာလအထဲ ၁၅၀၄ စီအီးမာ သွန်းလုပ်ခရေ။ ရုပ်ပွားတော်စွာ Phra Chao Kao Tue ဆိုရေနာမည်က ဖြစ်တည်လှာရေ။ မှတ်သားရဖို့ ထူးခြာချက်မာ ရုပ်ပွားတော်ဧ့ လက်ချောင်းတိစွာ တူညီရေအလျား ဟိကတ်ခြင်း ဖြစ်တေ။
- အဖြူရောင်ဆီးသုတ်လူးထားရေ ဂူဗိမာန်ရို့စွာ ချင်းမိုင်ဧ့ တော်ဝင်မိသားစုဧ့ ဈာပနမှပြာများတည်ဟိရေ နီရာလည်း ဖြစ်တေ။ ကျောင်းတော်မြီပြင်ဧ့ အနောက်မြောက်ဒေါင့်မာ တည်ဟိရေ။ ၂၀ ရာစုအစပိုင်းမာ Dara Rasmi မင်းသမီးစွာ ချင်းမိုင်ပတ်ဝန်းကျင်ဟိ အရိုးပြာတိကို စုဆောင်းစေကာ လက်ဟိနီရာတွင် မြှုပ်နှံခရေ။ ထိုမင်းသမီးစွာ စုဠာလင်္ကရဏ (ရာဘဘုရင် V) ဧ့ ကြင်ယာတော်မိဖုရားဖြစ်တေ။ Lanna ဘုရင် Inthawichayanon ဧ့ သမီးတော်လည်း ဖြစ်တေ။
ရုပ်ပုံများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- Entrance gate, Wat Suan Dok
- Royal cemetery
- Standing Buddha in the sala kan prian
- Chedi, Wat Suan Dok, 2005