ဇယိန်လူမျိုး
ဇယိမ်း(ကယန်းလထာ)လူမျိုးစွာ သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နန့် ဖယ်ခုံမြို့နယ်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ဧ့ အရှိဖက်တောင်ပေါ်ဒေသ၊ ကယားပြည်နယ်ရို့မာ နီထိုင်ရေ လူမျိုးစုတစုဖြစ်တေ။[၁] ထိုဒေသများဟိ ကျေးရွာပေါင်း ၆၅ ရွာမာနီထိုင်ဗျာယ်ဟိပြီးး လူဦးရွီအားဖြင့် ၂၀၁၃ ခုနှစ်စာရင်းအရ ၁၅,၂၄၅ ဦးဟိရေ။ ကယန်းလူမျိုးစုများဖြစ်ရေ ကယန်းလဟွီ၊ ကယန်းလထာ၊ ကယန်းကငန် နန့် ကယန်းကဒေါ့ရို့ထဲမာ လူဦးရွီပိုနည်းရေ အစုဖြစ်တေ။
သမိုင်းကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒေအစုစွာ ရှီးအခါက လွယ်လုံပြည်ခေါ် အဂု ပင်လောင်းနယ်ကို ကြီးစိုးနှိုင်ခဖူးဧ့။ ပင်လောင်းမြို့ကို ခရစ်နှစ် ၁၇၉၄ (မြန်မာနှစ် ၁၁၅၆) ခုနှစ်မာ ဘန့်ဘာရွာမာအခြီစိုက်ခရေ ဇယိန်စော်ဘွား လတိန်ဧ့ညွန်ကြားချက်ဖြင့် လလွီ (Lalui) ဆိုသူအရာဟိတဦးက ဦးဆောင်တည်ထောင်ခကြောင်း ပင်လောင်းမြို့၊ မွေတော်ဘုရားသမိုင်းအရ သိရရေ။ ဘိုးတော်ဘုရားလက်ထက် ၁၇၈၂ မှစပြီးကေ လွယ်လုံနယ်အထဲ စတင်ဝင်ရောက်နီထိုင်လာကတ်ရေ အောက်သထုံပြည်နီ ပအိုဝ်းတိနန့် ဒေသတွင်းနိန်ရှမ်းတိကို ပင်လောင်းမြို့နံဘေးတဝိုက်မာ အခြီချနီထိုင်ခွင့်ပြုပြီး ပင်လောင်းမြို့ကို စည်ကားအောင်ပြုခဧ့။ လနော နာမည်ရ စော်ဘွားလက်ထက်မာ လွယ်လုံနယ်စားဖြစ်ကတ်ောင်း ဗမာဘုရင်က လနောကို အသိအမှတ်ပြုခရေ။ နယ်စား လနောဧ့သားတော်တိထဲက ရွှီနီနာမည်ဟိသားတော်မာ ဒေသခံရှမ်းအမျိုးသမီးနန့် အကြောင်းပါယား ငပိုခေါ် သားတော်တပါးထွန်းကားဧ့။ ပင်လောင်းမြို့တောင်ဘက်ဟိ ရင်းမှီး (တဝီးမွူး) အရပ်မာတည်ထားရေ စာတီသမိုင်းမှတ်တမ်းအရ ငပိုနောက်ပိုင်းမာ မင်းပါရမီဆိုသူက ပင်လောင်းမြို့စားအဖြစ် အုပ်ချုပ်ခဖွယ်ဟိကြောင်း သိရရေ။
အစ ပထမမာ ရှမ်းနန့် ပအိုဝ်းရို့အပေါ် လွှမ်းမိုးနှိုင်ခကေလေ့ ယင်းရို့၏ဆွီမျိုးနီးချင်းဖြင့်သာ နီစပ်ရေအလိအထကြောင့် လူဦးရွီတိုးပွားနုန်းကြာလှပေရာ နောက်ပိုင်းမာ ဇယိန်ရို့လွှမ်းမိုးမှုလျှော့ပါးလာယား ရှမ်းနန့် ပအိုဝ်းလူမျိုးရို့၏ လူနီမှုပုံစံအောက် ရောက်မှန်းမသိရောက်လှာခရေ။ ၁၉၄၉ ခုနှစ် ဒီဇန်ဘာ ၁၁ မာပြုလုပ်ခရေ ပဒေသရာဇ်အာဏာသျှင် စော်ဘွားတိကို တော်လှန်ရေဖြစ်စိုင် ပင်လောင်းနယ်မာလည်း ဖြစ်ပွားခရေ။ ၁၉၅၉ ခုနှစ်မာ ဗိုလ်ချုပ်နီဝင်းဂေါင်းဆောင်ရေ အငှားသားာင့်အစိုးရက သျှမ်းပြည်ဟိစီာ်ဘွားတိကို ဖိတ်ခေါ်ထိန်းသိမ်းပြီး အဏာစွန့်လွှတ်ကြောင်း လက်မှတ်ရီးထိုးစီရေနောက် ပင်လောင်းနယ်မာ ဇယိန်ရို့အုပ်ချုပ်မှု အဆုံးသတ်လားရေ။
ဂုချိန်ခါ ပင်လောင်းမြို့နယ်ဟိ ဇယိန်တိုင်းရင်းသားရို့အခြီချ နီထိုင်ခရေရွာမကန်မဝှန် ပအိုဝ်းရွာဖြစ်ကုန်ယား ဒေသအခေါ် ပအိုဝ်း-ဇယိန်ကပင် ပအိုဝ်းစကားသာပြောတတ်ရေ ဇယိန်သွီးပါ ပအိုဝ်းများဖြစ်လှာကတ်တေ။ ဝီးလံခေါင်ဖျား၊ တောင်ထူထပ်လို့ လမ်းပန်းဆက်သွယ်ရီးမကောင်းရေ ငှက်ဖျားထူထပ်ရာအရပ်များမာသာ ဇယိန်ကျေးရွာတချို့ သီးသန့်တည်ဟိလီရေ။ ဇယိန်ရို့နီထိုင်ရာဒေစွာ ဖွံ့ဖြိုးမှုနည်းပြီး ပညာရီးမာလည်း နောက်ကျကျန်နီရဆဲဖြစ်တေ။ ပေါင်းလောင်းဘက်စုံရီလှောင်တမံတည်ဆောက်မှုဧရိယာအထဲ ဇယိန်ကျေးရွာတချို့ ရီမြုပ်ရေအထဲ ပါဝင်ခကြောင်းသိရရေ။
ပုဂံခေတ်ကပင် ဒေလွယ်လုံ (ပင်လောင်း) နယ်ကို သထုံမြို့အရှိတောင်ဘက်ဟိ ကျိုက္ခမီခရိုင်နေ ဆောင်းတွမ်းကရင်ရို့ စတင်ရွိ့ပြောင်း နီထိုင်လာခကတ်တေ။ ယင်းရို့စွာ ပင်လောင်းမြို့အနောက်ဘက်၊ ဘီလူးချောင်းစတင်ရာဒေသ၊ ဖေသာတောင်ရွာနန့် နောင်ပုလဲရွာရို့၏ အနောက်တောင်ဘက်အရပ်ဟိ တောင်ကုန်းများမာရွာတည်ကာ နီထိုင်ကတ်ရေ။ ရွာနာမည်ကို ဆောင်းတွမ်းဟု မှည့်ခေါ်ခကတ်၏။ နှစ်အတန်ကြာသော် ယင်းရို့ထဲကအများစုစွာ လွယ်လုံနယ်တကြော တနီရာမှတစ်နီရာသို့ ပြောင်းရွိပြီး အသစ်အသစ် ရွာတိတည်ထောင်နီထိုင်ရင်း ကိုယ်ရို့နီထိုင်ရာရွာဧ့ နယ်နိမိတ်ကို အမှတ်အသားပြုပိုင်းခြားစပြုကတ်တေ။ အခါတပါးမာ လဆာနာမည်ဟိ လုံကျယ်ရွာဧ့အကြီးအကဲက ပဆွပ်ပနီကောင်များစွာအုံဖွဲ့နိန်ရေ အပင်တန်းကို သူ့ရွာဧ့နယ်နိမိတ်ပြုခရေ။ ယင်းပိုင်ရွာနယ်နိမိတ်သတ်မှတ်ပြီးမကြာခင် လနိန် အုပ်စိုးရေ ဘန့်ဖြာရွာမှအချေတဦး ပဆွပ်ပနီကောင်များ အကိုက်ခံရရေ။ လနိန်က နယ်နိမိတ်အဖြစ်သတ်မှတ်ထားရေ ပဆွပ်ပနီအုံတိနန့် အပင်တိကို မီးတိုက်ဖျက်ဆီးလိုက်ရေ။ ထိုအကြောင်းကို လဆာ ကြားသိသော် အလွန်မာန်ပါလားပြီးကေ ဘန့်ဖြာရွာကိုထိုးစစ်ဆင် သိမ်းယူရန်ကြံဧ့။ မဟာမိတ်ပြုရေအနိန်နန့် လတိန် နာမည်ဟိ သူ၏သားအား ဆောင်းဆီးရွာအကြီးအကဲဧ့ သမီးနန့်လက်ဆက်စေကာ ကြီးကျယ်ခမ်းနားရေမင်္ဂလာပွဲ စီစိုင်ပီးခရေ။ ယပြီးနောက် ပိုပြီးကေသာလွန်ရေစစ်အင်အားဖြင့် ဘန့်ဖြာရွာကို ကျူးကျော်တိုက်ခိုက်အောင်မြင်ခဧ့။ တိုက်ပွဲကာလအထဲ ဘန့်ဖြာရွာသားမကန်မဝှန်အသတ်ခံခရရေ။ လဆာရေလည်း ဘန့်ဖြာရွာသို့ရွိ့ပြောင်း အခြီစိုက်နီထိုင်ခရေ။ လဆာလွန်သော် သူ၏သား လတိန်က အကြီးအကဲတာဝန်ကို ရယူပြီး နံဘေးပတ်ဝန်းကျင်ဟိ ကျေးရွာအတိကိုသိမ်းသွင်းဧ့။ စုစည်းထားရေရွာအတိကို တိုက်နယ်၁၂ ခုခွဲရား အနွယ်တော်တိကို အုပ်ချုပ်စီရေ။ လွယ်လုံနယ်မာ လူစည်ကားစီရန် သူ၏အရာဟိတဦးဖြစ်သူ လလွီအား အဂုပင်လောင်းမြို့ကို တည်ထောင်စီခရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ဒေါက်တာသန်းထွန်း. ခေတ်ဟောင်း မြန်မာရာဇဝင်. p. ၂၈.