Jump to content

ဇီးဇာကျွန်း

ဝီကီးပီးဒီးယား က

ဇီးဇာကျွန်းစွာ ပြောင်းပြာကျွန်းဧ အရှိဖက်၊ ဘောင်းဒွတ်ကျွန်းဧ တောင်ဘက်မာဟိရေ။ အရှိဖက်ရေ လောင်းကြက်ကျွန်းဖြိုက်ရေ။ တောင်ဘက်စွာ ပါးဒါ(ပါးတော်)ကျွန်းဖြိုက်ရေ။ ဒေကျွန်းတွင် ဇီးစာ၊ နဂါးမ၊လက်ပံ ပင်ရင်း၊ ခြောက်ဆယ်ဝင်၊ အထုပ်သမား၊ ယဉ်သည်၊ သရက်တော၊ ကျေးပင်လယ်၊ သံရှင်ပြင်၊ ဘူးချောင်း၊ ညွံကျွံ ၊ ဗလိပြင် ကုက္ကရားထောင့် စရေ ရွာတိပါဝင်နီပါရေ။ အထုပ်သမားအရပ်မာ ဥတုသမ္မာခေါ် ရာသီဥတုနတ်စင်ဟိရာ နီရာကို စွဲ၍ နာမည်တွင်ပါရေ။ ရှိးရက္ခိုင်တွင် ပြည်စောင့်နတ် ၁၂-ရပ်ဝင်ဟု အယူဟိရေ နတ်စင်ဖြိုက်ပါရေ။ စာဟောင်းတစ်ခုတွင် ဥတုနတ်ရှင်၊ တောင်တစ်ခွင်၊ ရန်စင်ထားလိ့ အကာ၊ ဆိုပနာ ဆိုထားပါရေ။ ဇီးဇာအတန့်ရေ စစ်ရီးအရ အရီးပါကြောင်း အင်္ဂလိပ်ရို့ မြောက်ဦးကိုသိမ်းပိုက်ဖို့လာရေအခါ တွိ့ဟိရရေ။ အင်္ဂလိပ်တပ်စွာ ပါးဒါရှိ မြန်မာခံတပ်ကို အောင်နိုင်ခပြီးနောက် ဆက်ပနာချီတက်လာခရာ ဇီးဇာအရပ်တွင် ရပ်တန့် နားနီခကတ်ရေ။ ရှိကိုတက်ဖို့အတွက် ပြင်ဆင်ခခြင်းပင် ဖြိုက်လီရေ (San Shwe Bu, 191)။[]

  1. ၁။ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။