Jump to content

ဉာဏ်ပညာ

ဝီကီးပီးဒီးယား က

ဉာဏ-ပုဒ်စွာ အသိဉာဏ်ဆိုရေအနက် သာမညကို ဟောပါ့စီ ထိုထိုအရာဋ္ဌာန အနိန်နန့် သဗ္ဗညုတဉာဏ်ပစ္စဝေက္ခဏာဉာဏ်မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်ဝိပဿနာဉာဏ် စသည်ရို့ကို အသီးသီး ကောက်ယူရရေ။[]

ဉာန, ဉာဏ ဏကြီး နငယ်ရီးထုံး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဉာဏ, ဝိညာဏ-ပုဒ်ရို့ကား သက္ကတဥပဒေမဟိရေ်လည်း မာဂဓမာ မာကျယ်ထင်ရှားလို့ (နျာသ ရူပသိဒ္ဓိ)ဆရာကြီး ၂-ပါးပင် မိန့်ဆိုဗျာယ်ဟိချေပြီ၊ ဉာဏ ဝိညာဏ ဟု ရီးမှ အမှန်ဖြစ်ပနာ နီဖိစွာ၊ သက္ကတ ဥပဒေကိုလိုက်သော ဆရာကြီးရို့ကား ဉာသ် ရူပသိဒ္ဓိအာဏာကို မလွန်ဆန်ဝံ့လို့ ထို၂-ပုဒ်မှ ကြွင်းသော သညာန, ပညာန-အစဟိစွာရို့မာ နငယ်နန့်သင့်ရေလို့ ဆုံး ဖြတ်ကတ်ကုန်ဧ့။ ဝိသုဒ္ဓါရုံ ကစ္စည်း သုတ်နက်၊ ရဟာဒိတောဏသုတ်အဖွင့်။ သက္ကတမာ ဏကြီးပြန်ကြောင်းမဟိ၊ ဉာသ်, ရူပသိဒ္ဓိရို့က ဉာဓာတ်နောင် နငယ်ဧ့ ဏကြီးပြန် ဥပဒေပြုကတ်၏၊ ဏကြီးပြန် စည်းမျှိုင်းစာရင်းမဝင်ကေလေ့ ကျမ်းပြုဆရာတော်ကြီးတိကို လေးစား ရိုသေရေအနိန်နန့် သုဒ္ဓမာ ဉာဏဟု မုဒ္ဓဇနန့် သုံးကတ်လို့ သာဓု ပညာနဝါ နရော၊ သညာန, အဘိညာန အစဟိရေ ပါဠိမိဿကမာကား ဒန္တဇနန့်ပင် သုံးစွဲတော်မူကတ်၏။ အမှန်မာ သုဒ္ဓဖြစ်စီ မိဿကဖြစ်စီ ဒန္တဇနန့်သာ သင့်လီရေ။ (ဝိ၊ပိ၊ဓာန်။) []

(၁) ဉာဏ်၊ ဝေဖန်-ပိုင်းခြား စဉ်းစား ဆင်ခြင်-သိမြင်-တတ်ရေ သဘောတရား၊ သိခြင်း၊ သိမှု၊ အသိ၊ အလိမ်မာ၊ ပညာ၊ ပညိန္ဒြေ စေတသိက်။ (တိ)

(၂) ဝေဖန်-ပိုင်းခြား-စဉ်းစား ဆင်ခြင်-သိမြင်-တတ်ရေ၊ အသိ-အလိမ်မာ-ဉာဏ်-ပညာ-ဟိရေ၊ သူ။[]

ဉာဏ်စွာ အကျိုးမှန်သမျှကို အကျိုးအနိန်နန့်ယင်း အကြောင်းမှန်သမျှကို အကြောင်း အနိန်နန့်ယင်းဟုတ်မှန်သော သဘောအတိုင်း ဖောက်ထွင်း သိမြင်နှိုင်ရေ ပြင် ခက်ခဲနက်နဲလှရေ သစ္စာ၄-ပါး မြတ်တရားကိုပင် ပိုင်းခြားထင်ထင် သိမြင်နိုင်စွမ်းပင် ဖြစ်တေ။ [] ဉာဏ်နန့်ပညာရေ တတူတူပင်ဖြစ်ပနာ စေတသိက် ၅၂-ပါးမာ ပညိန္ဒြေ စေတသိက်ဖြစ်တေ။ သဗ္ဗညုဘုရားသျှင်ရို့၏ သဗ္ဗညုတဉာဏ်လွဲပြီးကေ အရာပုဂ္ဂိုလ်ရို့၏ဉာဏ်စွာ အကြွင်းမဲ့ အားလုံး မသိမြင်နိုင်၊ သိသင့်သိထိုက်ရေ အနိစ္စ, ဒုက္ခ, အနတ္တအစဟိရေ သဘောတရားကိုရာ သိမြင်နှိုင်ပနာ မသင်ယူဖူးသော အတတ်ပညာ, မရောက်ဘူးသော အရပ်ဒေသ မကြားဖူးသောပုဂ္ဂိုလ်ဧ့ နာမည်ပညတ်စသည်ရို့ကိုကား မသိနှိုင်ပေ၊ သဗ္ဗညုတဉာဏ်တော်ကား ထိုအားလုံးကို အားလုံး သိမြင်နှိုင်ရေ [] []

ဉာဏ်စွာ (လူသား) သတ္တဝါရို့၏ နို့သီး ၂-ခုအလယ် နှလုံးအိမ်ဧ့ အထဲ ခဒက်ချိုင်စေ ခန့်နက်ရေ မားမာဟိရေ တလက်ဖက် (တလက်ဆွမ်း)ဧ့ ထက်ဝက်မျှသော နှလုံးသွေးကိုမှီပြီးကေ ဖြစ်တေ။ []

ဉာဏ်ဧ့ လက္ခဏ, ရသအစဟိစွာ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဆီမီးစွာ အမိုက်မိုက်အထဲဝယ် ကွယ်ကာဖုံး လွှမ်းနီရေ အာရုံဝထုအစုစုကို တခုမကျန် ဖော်လှန်ပြပိုင် ဉာဏ်စွာ အဝိဇ္ဇာ အမိုက်က ကွယ်ကာထားရေ သမ္မုတိ, ပရမတ္ထ, အဝဝသောအာရုံရို့ကို စိစုံသေချာ ထွန်းလင်း ပြသခြင်း ဆိုရေ အမှတ် လက္ခဏာ ဟိရေ၊

ယင်းအပြင် ထူးထွေ ခြားနား အစားစားအားဖြင့် သိမြင်ခြင်းလက္ခဏာ မဖောက်မပြန် အမှန်အတိုင်း ထိုးထွင်းသိမြင် ခြင်းလက္ခဏာ ချွတ်ယွင်းမဟိ အတိအကျ ဂနသေချာ ဖောက်ထွင်းနိုင်ခြင်း လက္ခဏာလည်း ဟိရေ၊ အာရုံဝထု အစုစုကို ဖုံးလှမ်းကွယ်ကာတတ်ရေ အဝိဇ္ဇာ မောဟကိုတော်လှန်ပယ်ရှားလို့ အာရုံဧ့ သဘောမှန်ကို ထွန်းလင်းပြသခြင်းဆိုရေ ကိစ္စရသဟိရေ၊

အာရုံကို မတွေမဝေ သိတဘ်သောတရားဧ့အဖြစ်ဖြင့် ရှေးရှူထင်လာမှု အခြင်းအရာ အာကာရပစ္စုပဋ္ဌာန် ဟိရေ၊

ယင်းအပြင် တွေဝေမှုဧ့ ကင်းပျောက်ခြင်း ဆိုရေ အကျိုး ဖလပစ္စုပဋ္ဌာန်လည်း ဟိရေ၊ စိတ်တည်ကြည်မှု သမာဓိဆိုရေ နီးစွာသောအကြောင်း ပဒဋ္ဌာန်ဟိရေ [] []

သညာသိ ဝိညာဉ်သိ ပညာသိ  သုံးခုအထူး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သညာ, ဝိညာဉ်, ပညာရို့စွာ သိခြင်း သဘောတရားခြည်း ဖြစ်ကတ်ကေလေ့ ယင်းရို့၏ သိပုံအခြင်းအရာကား တပါးနန့် တပါး မတူညီကတ်လီ။

သညာရေ အာရုံကို အညိုအရွှီစသည်အနိန်နန့် အမှတ်ပြုကာ သိရေ။ ယင်းအာရုံဧ့ အနိစ္စ, ဒုက္ခ, အနတ္တဆိုရေ သဘောမှန်ကိုကား ဝေဖန်ဖောက်ထွင်းနိုင်ခြင်း မဟိချေ။

ဝိညာဉ်စွာ အာရုံကို အညို အရွှီစသည်အနိန်နန့် အမှတ်ပြုကာသိနှိုင်ရေပြင် အနိစ္စ, ဒုက္ခ, အနတ္တဆိုရေသဘောမှန်ကိုပါ ဝေဖန်ဖောက်ထွင်းနှိုင်ရေ၊ ယကေလေ့ မဂ်ပေါက် ဖိုလ်ဝင်ဖြစ်စီခြင်းငှာ မစွမ်းနိုင်။

ပညာရေ ဖော်ပြပြီးကေ ကိစ္စ ၃-မျိုးပြီးယောင် သိမြင် နိုင်စွမ်းရေ။

နမူနာဆိုကေ ရွှီအသပြာတခုကို အသိဉာဏ် မဝင်သိမ့်ရေ အချေသူငယ်, ပန်းထိမ်ပညာမတတ်ရေ ရွာနီလူကြီးနန့် တတ်ကျွမ်းလိမ်မာသော ပန်းထိမ်ဆရာ ဒေ ၃-ဦးသားရို့ ကြည့်ရှုကတ်ရာ အသိအမြင်ချင်း မတူကတ်ပေ၊ အချေသူငယ်စွာ ရွှီအသပြာဧ့ အညို အရွှီ အစဟိရေ အရောင် အဝိုင်း လေးထောင့် အစဟိရေ သဏ္ဌာန်နန့် ရှုချင်စဖွယ် ဆန်းကြယ်မှု အစဟိစွာကိုရာ သိမြင်ရေ။ လူရို့ဧ့ အထဲ အပ ဌာနအလိုက် သုံးဆောင်ထိုက်သော ရတနာ ဖြစ်ကြောင်းကိုကား မသိပေ၊

ရွာနီသူ လူကြီးရေ ဆိုခပြီးကေ ၂-မျိုးလုံးကို သိမြင်ရေ။ ယကေလေ့ ရွှီအသပြာဧ့ အစစ်အမှန်ဟုတ်, မဟုတ်နန့် ဇာမြို့ရွာ နိုင်ငံမာ ပြုလုပ်ကြောင်း ဇာလောက် အဖိုးထိုက်တန်ကြောင်းကိုကား မသိပေ၊

ပန်းထိမ်ဆရာကား ၃-မျိုး လုံးကိုပင် သိမြင်လီရေ။ ဒေနမူနာမာ သူငယ်ဧ့ အသပြာသိမှုနန့် သညာဧ့ အာရုံကို သိမှု၊ လူကြီးဧ့ အသပြာသိမှုနန့် ဝိညာဏ်ဧ့ အာရုံကို သိမှုရို့ တူကြလို့ ပန်းထိမ်ဆရာဧ့ အသပြာသိမှုနန့် ပညာဧ့အာရုံကို သိမှုရို့ တူညီကတ်တေ [][]

ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြရေ ဘုရားသျှင်ရို့၏ အဆုံးအမ သာသနာတော်ကို သီလ, သမာဓိ, ပညာဆိုရေ သိက္ခာ ၃-ပါး အကျင့်တရားဖြင့် သိမ်ကျုံးယူငင်သော် အားလုံးပါဝင်ဗျယ်ဒေး ဖြစ်တေ []

ထိုဘုရားသျှင်ရို့၏ သာသနာတော်ဝယ် သီလစွာအစ သမာဓိစွာ အလယ်ဖြစ်ပနာ ပညာရေ အဆုံးဖြစ်တေ[]

လောကမာ လရောင် နီရောင် မီးရောင်, ဉာဏ်ပညာ အရောင်ဆိုပနာ အရောင်၄-မျိုးဟိရာ ဉာဏ်ပညာအရောင်စွာ ကောင်းဘီယက် အမြတ်ဆုံးသော အရောင်ဖြစ်တေ[]

ဉာဏ်ပညာနန့် တူသောအရောင် အလင်းမည်စွာ မဟိပေ။ ဇာကြောင့်ဆိုကေ ဉာဏ်ပညာနန့် ပြည့်စုံသူ ပုဂ္ဂိုလ်တဦးဧ့ တခုတည်းသော ထက်ဝယ်(တင်ပျိုင်ခွေ)ဖြင့် ထိုင်နီစဉ်အထဲ တသောင်းသော လောကဓာတ်စွာတခြားသော နီရောင် လရောင် အစဟိစွာမထင် ထိုပုဂ္ဂိုလ်ဧ့ တခုတည်းသော အရောင်ဖြင့် ထွန်းလင်းနှိုင်ရေကြောင့်ဖြစ်တေ[]

ဝိပဿနာ ဉာဏ်စဉ် ၁၀-ပါးမာ သမ္မသနဉာဏ်ဖြင့် နာမ်, ရုပ်တရားရို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟု သုံးသပ် ဆင်ခြင်ပြီးကေ ဥဒယဗ္ဗယဉာဏ်သို့ အရောက်မာ ယင်းဉာဏ်ဧ့ အစွမ်းကြောင့် ယောဂီပုဂ္ဂိုလ်ဧ့ ခန္ဓာကိုယ်မှ ကိုယ်ရောင် ကိုယ်ဝါရို့ ထွန်းလင်း ထွက်လှာကတ်တေ။ တချို့ ယောဂီအား တင်ပျိုင်ခွေအထဲ တချို့အချိုယောဂီအား တိုက်ခန်းမား တိုက်ခန်းပြင်မှစပြီးကေ ဗြဟ္မာပြည် ထိအောင် ဉာဏ်စွမ်းအနိန်နန့် ထွန်းလင်း တောက်ပစွာ၊ ဘုရားအလောင်းတော်ရို့ကိုယ်ရောင်ကား စကြဝဠာ ကမ္ဘာ တသောင်းထိအောင် ထွန်းလင်းတောက်ပနှိုင်ရေ[၁၀]

ဂေါတမ ဘုရားသျှင်စွာ ယင်းပိုင် ဥဒယဗ္ဗယဉာဏ်ခဏမာ ကိုယ်ရောင်ကိုယ်ဝါတိ ထွန်းလင်းခကေလေ့ ဘုရားဖြစ်ပြီးကေနောက် ပန်လင်္ကသတ္တာဟအနိမိသသတ္တာဟ စင်္ကမသတ္တာဟဆိုရေ ရက်သတ္တ ၃-ပတ်ထိအောင် ကိုယ်တော်မှ ရောင်ခြည်တော်တိ ထွက်ပေါ် ကွန်မြူခြင်းမဟိသိမ့်ပေ၊ ရတနာဃရသတ္တာဟဆိုရေ စတုတ္ထသတ္တာဟမာ အဘိဓမ္မာ ၇ ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူရာ အနန္တနယသမန္တပဋ္ဌာန်းကျမ်းသို့ အရောက်မာ သဗ္ဗညုတဉာဏ်တော်ဧ့ ဇကုန် ကျက်စားခွင့်ကိုရသဖြင့် ရောင်ခြည်တော် ၆-ပါးရို့ ထူးခြားစွာ ကွန့်မြူး ထွက်ပေါ်လှာကတ်တေ။ ယင်းရောင်ခြည်တော်ရို့ကား အဆုံး မဟိရေ စကြဝဠာ ကမ္ဘာလောကဓာတ်ရို့ကို ရိုက်ခတ်ပြေးလားကတ်လီရေ၊ ထိုအထဲဟိ လ, နိ နက္ခတ် နတ်ဘုံဗိမာန်-အစဟိစွာရို့စွာ ထွန်းလင်းတောက်ပခြင်းငှါ မစွမ်းနှိုင်ကတ်ပါ၊၊ စကြဝဠကဋီတသိန်း ထွန်းလင်း တောက်ပစီနှိုင်ရေ ဗြဟ္မာကြီးရေပင် နီထွက်စဉ်အခါ ပိုးစုန်းကြူပမာ ဖြစ်ရယှာလီစွာ[၁၁][]

ဉာဏ်အမြင်ဟိသူစွာ အရာဉာဏ်အမြင် ဟိသူကိုလေ့သော့, ဉာဏ်အမြင်မဟိသူကိုယင်း ခွဲခြား သိမြင်နှိုင်ရေ၊ ဉာဏ်အမြင်မဟိသူပဲ ခွဲခြား သိမြင်နိုင်ခြင်းမဟိချေ[၁၂]

ယင်းအတွက်နန့် ဉာဏ်အမြင်မဟိသူစွာ စက်ဆုပ်သနဖွယ် ကောင်းလှလီရေ[၁၃]

ဉာဏ်ပညာရေ မွိလျော်ပျော်ရွှင်မှုကို ပြုတတ် ပီးတတ် ဖြစ်စီ တတ်ရေကြောင့်ပင်ဖြစ်ဖြစ်, အလီးအမြတ်ပြု အပ်ရေကြောင့်ယင်း ခဲယဉ်းစွာ ရယူအပ်ရေကြောင့်ပင်ဖြစ်ဖြစ်, အတုမဟိရေကြောင့်ယင်းမြင့်မြတ်သော ပုဂ္ဂိုလ်ရို့၏ အသုံး အဆောင်ဖြစ်တေအတွက်ယင်း သူခပ်သိမ်းရို့ မြတ်နိုးဖွယ်ရာ ရတနာဖြစ်တေ[၁၄][]

လယ်ယာမိုးမြီ, ရွှီ, ဖေသာအစဟိရေ သက်မဲ့ အဝိညာဏ ထာဝရရွှီအိုး၊ ဆင် မြင်း ကျွဲနွား အစဟိရေသက်ဟိ သဝိညာဏက ဇင်္ဂမရွှီအိုး

ထွန်ချမှု ကုန်သွယ်မှု ပဂျီပပု အနုပညာ စာပီကျမ်းဂန်အစဟိစွာရို့မာ တတ်သိနားလည်မှုဆိုရေ အင်္ဂါကြီးငယ်ပမာ တဘဝတွက်တာ သုံးစွဲရာရေ အင်္ဂသမရွှီအိုး

ဒါန သီလ, သမာဓိ, ပညာဆိုရေ ဘဝသံသရာ ထပ်ချပ်ပါရေ အနုဂါမိကရွှီအိုးဆိုရေ ရွှီအိုးကြီး ၄-လုံးမာ အသိအလိမ်မာ ဉာဏ်ပညာရေ အင်္ဂသမရွှီအိုး အနုဂါမိကရွှီအိုးကြီး ၂-လုံးမာ ပါဝင်ရေ၊ ယင်း ရွှီအိုးကြီး ၂-လုံးကို သူခိုးရို့ ခိုးယူလုယက်ခြင်းငှါ မစမ်းနိုင်[၁၅]

အတတ်ပညာရေ သူခိုးအစဟိစွာရို့ မခိုးယူနှိုင်ရေကြောင့်ယင်း အဖိုးမဖြတ်နှိုင်ရေကြောင့်ယင်း ပီးကမ်းခြင်းစသည်အနိန်နန့် မကုန်ခန်းနှိုင်ရေကြောင့်ယင်း အားလုံးသောဥစ္စာရို့မာ ကောင်းဘီယက် အမြတ်ဆုံးသော ဥစ္စာဖြစ်တေ [၁၆][]

နက္ခတ်တာရာရို့၏ တန်းဆာရေ စန်း ဖြစ်တေ၊ မမာ့ရို့၏ တန်ဆာရေ လင်ဖြစ်တေ၊ မြီကြီးဧ့ တန်ဆာရေ မင်း ဖြစ်တေ၊ သူခပ်သိမ်းရို့၏ တန်ဆာကား အတတ် ပညာ ဖြစ်လီရေ[၁၇]

ပညာရေ ကြားမြင် အပ်တိုင်းသော အရာကို ဆုံးဖြတ် နိုင်ခြင်း သဘောဟိပြီးကေ မျက်မှောက်-မျက်ကွယ် ကျော်စောသတင်း ပြန့်နှံခြင်းကို တိုးပွားစီနှိုင်စွာ၊ လောကမာ ပညာဟိသောသူစွာ ဆင်းရဲဒုက္ခမှကေလေ့ ချမ်းသာသုခကို ထုတ်နှုတ် ရယူနှိုင်ရေ[၁၈][]

လောကမာ လက်ရုံးအား (ကိုယ် အား), စည်းစိမ်အား မှူးမတ်အား (အခြံအရံအား), အမျိုးဇာတ်, ပညာအား ဆိုပနာ အား၅-မျိုးဟိရာ ပညာအားစွာ အကြီးမြတ်ဆုံးဖြစ်တေ၊ ဇာကြောင့် ဆိုကေ ရွှီအား ၄-မျိုးကိုလေ့ ပညာအားဖြင့်သာ ရယူနှိုင်ရေကြောင့်တည်း[၁၉][]

ပညာရေ ကောင်းဘီယက်ရောင့်ရဲမှု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပညာဖြင့် ရောင့်ရဲနီသူစွာ ကာမဂုဏ်ရို့ကြောင့်ပူပင်ခြင်း မဟိပေ၊ ယင်းပုဂ္ဂိုလ်ကိုတဏှာစွာ ကိုယ့်အလိုသို့ လိုက်ပါလာယောင် မသိမ်းသွင်းနိုင်၊ ယင်းအတွက်နန့် ပညာဖြင့် ရောင့်ရဲ နီသူစွာ ကောင်းရေ ရောင့်ရဲသူ ဖြစ်တေ၊ ယင်း ပညာဖြင့် ရောင့်ရဲနီမှုစွာ သင့်လျော် လျောက်ပတ် ကောင်းမြတ်လှလီရေ[၂၀][]

ပညာရေ လောဘ ဒေါသ မောဟအစဟိစွာကို ဖောက်ထွင်း ဖျက်ဆီးလို့ သန္တိသုခနိဗ္ဗာနဓာတ်သို့ ချင်းနင်း ဝင်ရောက်စီနှိုင်ရေ။ ယင်းအပြင် ပဋိသန္ဓေအိုနာသီရီး ဒုက္ခဖီးနန့် ယင်း ကိုပီးတတ်ရေ ကုသိုလ် အကုသိုလ် ကမ္မ ဘဝဧ့ ကုန်ဆုံးရာ နိဗ္ဗာန်ကို ကောင်းစွာ သိမြင်နှိုင်ရေ။ ယင်းအတွက်နန့် ပညာရေ လောကမာ အမြတ်ဆုံးဖြစ်တေ[၂၁]

ပညာမဟိ သမာဓိမတည်ပဲ အနှစ်တရာလုံးလုံး အသက်ရှည်နေခြင်းထက် ပညာဟိလို့ သမာဓိတည်ကာဝိပဿနာရှုနိန်ရေ ပုဂ္ဂိုလ်ဧ့ တနိတရက်မျှအသက်ရှင် နိန်ရခြင်းစွာ မြင့်မြတ်လှလီရေ[၂၂][]

ပညာရေ ကောင်းဘီယက်ရနံ့

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အတတ်ပညာမဟိသူစွာ ပြန့်ပြော ကြီးမား အထက်တန်းစားအမျိုးမာဖြစ်ပနာ ရုပ် ဆင်းအင်္ဂါနန့် ပြည့်စုံကေလေ့ အနံ့မဟိရေ ပေါက်ပန်းပိုင် ပရိသတ်အလယ်မာ မတင့်ရေနိုင်[၂၃][]

ဉာဏ်ကို ထိုထိုပါဠိတော်ရို့မာ အမျိုးမျိုး အဖုံဖုံဝေဖန်ဟောပြတော်မူရေ။ အဘိဓမ္မာ ဝိဘင်းပါဠိတော်, ဉာဏဝိဘင်း(နှာ-၃၂၃-၃၅၈)မာ ဉာဏ်ကိုတပါးစု (ဧကက)မှစပြီးကေ ဆယ်ပါးစု (ဒသက) ထိအောင် ဝေဖန် ဟောပြတော်မူရေ။

နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ပဌမဉာဏဝထုသုတ် (နှာ-၂၈၈-၂၉၀)မာ ဉာဏ် ၄၄-ပါး ဝေဖန်ဟောပြထားရေ။ ဇရာမရဏကို သိရေဉာဏ် ဇရာမရဏဧ့ အကြောင်းကို သိရေဉာဏ်, ဇရာမရဏဧ့ ချုပ်ငြိမ်းရာကို သိရေဉာဏ် ဇရာမရဏဧ့ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိရေဉာဏ်ဆိုပနာ ဇရာမရဏမာ ဉာဏ် ၄-ပါး ဖြစ်တေ၊ ထိုတတူ ကျန် သင်္ခါရထိအောင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၀-ပါးမာလည်း ဉာဏ် ၄-ပါးစီဖြစ်ရာ ဉာဏ်ပေါင်း ၄၄-ပါး ပြားလီရေ။

ယင်းပါဠိတော် ဒုတိယဉာဏဝထုသုတ် (နှာ-၂၉၀-၁)မာ ဉာဏ် ၇၇-ပါး ဝေဖန်ဟောပြ ထားပြန်ရေ။ ဇာတိကြောင့် ဇရာမရဏဖြစ်ရရေ၊ ဇာတိ မဟိရေ် ဇရာမရဏမဖြစ်နှိုင်ဧပိုင်ပစ္စုပ္ပန်မာ ဉာဏ် ၂-ပါး, ယင်းအတူ အတိတ် အနာဂတ်မာလည်း ဉာဏ် ၂-ပါးစီအားဖြင့် ဓမ္မဋ္ဌိတိဉာဏ် ၆-ပါးဖြစ်တေ။ ယင်းဓမ္မဋ္ဌိတိဉာဏ်စွာလေ့ ကုန်ခန်းပျက်စီးခြင်း သဘောဟိရေတရား မျိုးသာဖြစ်တေဟု ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်တပါး၊ ဒေပိုင်နန့်ပင် ဇရာ မရဏမာ ဉာဏ် ၇-ပါးဖြစ်တေ၊ ယင်းအတူ ကျန် သင်္ခါရထိအောင်သာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၀-ပါးမာလည်းဉာဏ် ၇-ပါးစီဖြစ်ရာ ဉာဏ် ပေါင်း ၇၇-ပါးပြားလီရေ။

ပဋိသမ္ဘိဒါမဂ်ပါဠိတော်မာကား သုတမယဉာဏ်, သီလမယဉာဏ်, သမာဓိဘာဝနာမယဉာဏ်မှ စပြီးကေ သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်ထိအောင် ဉာဏ် ပေါင်း ၇၃-ပါး အကျယ်ဝေဖန် ဟောပြထားရေ။ ယင်း ၇၃-ပါးမာ ဣန္ဒြိယပရောပရိယတ္တဉာဏ်, အာသယာနုသယဉာဏ်, ယမကပါဋိဟီရဉာဏ်, မစွာကရုဏာသမာပတ္တိဉာဏ်, သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်ဆိုရေ  နောက်ဆုံးဉာဏ် ၆-ပါးကား ဘုရားသျှင်ရို့သာ ရနှိုင်ပနာ တပည့်သာဝကရို့နန့် မဆက်ဆံသော အသာဓာရဏဉာဏ်ရို့ဖြစ်တေ။ ကျန် ၆၇-ပါးသော ဉာဏ်ရို့ကား တပည့်သာဝကရို့ပါ ရဟိနှိုင်ရေ သာဝကသာဓာရဏဉာဏ်တိ ဖြစ်တေ။ []

အကျိုင်းချုပ် ဉာဏ်ပညာနှစ်မျိုး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ယင်းပိုင် အမျိုးမျိုးအဖုံဖုံ ဝေဖန်ဟောပြထားရေ ဉာဏ်ရို့ကို အတိုခြုံးရရေ် လောကီဉာဏ်, လောကုတ္တရာဉာဏ်ဆိုပနာ ၂-မျိုးသာ ဖြစ်တေ။ ထိုမာ ဉာဏသမ္ပယုတ် ကာမကုသိုလ်, ဝိပါက်ကြိယာစိတ် ၁၂-ပါး, မဟဂ္ဂုတ်ဈာန်စိတ် ၂၇-ပါး ဆိုရေ လောကီဉာဏသမ္ပယုတ်စိတ် ၃၉-ပါးမာ နိူင်းသော ဉာဏ်ကို လောကီဉာဏ်ဟု ခေါ်ပနာ လောကုတ္တရာ မဂ်စိတ်၄-ပါး ဖိုလ်စိတ်၄-ပါးမာ နိူင်းသော ဉာဏ်ကို လောကုတ္တရာဉာဏ်ဟု ခေါ်ဆိုလီရေ[၂၄]

လောကီဉာဏ်စွာ သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဆိုရေ သိဖွယ် ဉေယျ တရားအားလုံးကို အာရုံပြုရေအားဖြင့် ထိုက်စွာအနိန်နန့် သိမြင် နှိုင်ရေ၊ လောကုတ္တရာဉာဏ်ကား နိဗ္ဗာန်ဆိုရေ နိရောဓသစ္စာသိဖွယ် ဉေယျ တရား တပါးကိုရာ အာရုံပြုရေအားဖြင့် သိပနာ၊ ကျန်သိဖွယ် ဉေယျတရားတိကိုမူ မတွေဝေရေတွက်နန့် သိမြင်လီစွာ[၂၅][]

တနည်း အတိုခြုံးရရေ် စိန္တာမယဉာဏ်, သုတမယဉာဏ်, ဘာဝနာမယဉာဏ်ဟု ၃-မျိုး ဖြစ်တေ။

ထိုမာ အသက်မွီးကြောင်း ဖြစ်ရေ အမှုကိစ္စအမျိုးမျိုး အတတ်ပညာအမျိုးမျိုး အသိပညာအမျိုးမျိုးရို့မာ သူတပါးပါးက လိုက်နာမှတ်သား သင်ကြားရမှုမဟိဘဲ ကိုယ့်ဖာသာ ကြံစည်တွေးဆလို့ သိမြင်တတ်ကျွမ်းမှုကို စိန္တာမယဉာဏ်ဟု ခေါ်ရေ။ ယင်းအတွက်နန့် လောက လူသားရို့ အသက်ရှင်နိန်ရေးမာ အကျိုးပြုရေ လက်သမား ပန်းရန်သမားအမှု ထွန်ချမှု့ ကုန်သွယ်မှု ပဂျီပပု အနုပညာ စာပီကျမ်းဂန်အတတ် အစဟိစွာရို့မာ သူတပါးပါးက သီးသန့် သင်ယူရမှုမဟိဘဲ ကိုယ်တိုင် ကြံစည်သိမြင်မှုကို စိန္တာမယဉာဏ်ဟု ခေါ်ရေ။

ယင်းအပြင် အပြစ်ကင်းပြီးကေရှင်းသန့်သော ကုသိုလ်ကောင်းမှုအစုစုစွာ သတ္တဝါရို့၏ ကိုယ်ပိုင်ဥစ္စာရတနာဖြစ်တေ။ အပြစ်မကင်းပြီးကေ မရှင်းသန့်သော အကုသိုလ်မှု အစုစုကား သတ္တဝါရို့၏ ကိုယ်ပိုင်ဥစ္စာမဟုတ်ပါ၊ ဧပိုင် ကံနန့် ကံဧ့ အကျိုးကို ဝေဖန်ပိုင်းခြားနှိုင်ရေ ကမ္မသကတာဉာဏ်စွာယင်း ရုပ်-နာမ် ဓမ္မသင်္ခါရရို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟုရှုမြင်တတ်ရေ သစ္စာနုလောမိကဉာဏ် စွာယင်း, သူတပါးပါးက လိုက်နာမှတ်သားရမှုမဟိဘဲ ကိုယ့်ဖာသာ ကြံစည်တွေးဆမှုဖြင့် ဖြစ်ပေါ်လှာလျှင် စိန္တာမယဉာဏ်ပင် ဖြစ်တေ။ ဖော်ပြပြီးကေ စိန္တာမယဉာဏ်ရို့မာ သစ္စာနုလောမိက စိန္တာမယဉာဏ်စွာ သမ္မာသမ္ဗောဓိ ပစ္စေကဗောဓိ အလောင်းအလျာ အာဇာနည် ပုဂ္ဂိုလ်ကြီး ၂-ပါးရို့သန္တာန်မာရာ ဖြစ်ခွင့်ဟိရေ။ ကြွင်းစိန္တာမယဉာဏ်ရို့ကား ပါရမီရင့်ပြီး ပညာဟိကြီး တိစွာရို့ သန္တာန်ဝယ် ဖြစ်နိုင်ခွင့် ဟိကတ်လီရေ။ []

သူတပါးပါးက လိုက်နာမှတ်သားသင်ကြားမှုကြောင့် ဖြစ်ပေါ်လှာသော အတတ်ပညာအမျိုးမျိုးမာ လိမ္မာ တတ်ကျွမ်းသော ဉာဏ်နန့် ကမ္မသကတာဉာဏ် သစ္စာနုလောမိကဉာဏ်ကို သုတမယဉာဏ် ဟုခေါ်ရေ။ ဒေသုတမယဉာဏ်နန့် ပြဆိုခပြီးကေ စိန္တာမယဉာဏ်ရို့စွာ ပရမတ္ထသဘာဝတရား အထည်ကိုယ်အားဖြင့် ကာမကုသိုလ်ကြိယာ ဉာဏသမ္ပယုတ်စိတ်မာနိူင်းသော ပညိန္ဒြေစေတသိက်သာ ဖြစ်တေ။ []

မဟဂ္ဂုတ်ကုသိုလ် ကြိယာ ဈာန်စိတ် ၁၈-ပါးနန့် မဂ်စိတ် ၄-ပါး, ဖိုလ်စိတ် ၄-ပါးမာ နိူင်းသောဉာဏ်ကို ဘာဝနာပွားတိမှုကြောင့် ဖြစ်ပေါ်လှာသော ဉာဏ်ဖြစ်ပနာ ဘာဝနာမယဉာဏ်ဟု ခေါ်ဆိုလီရေ[၂၆][]

ပညာနန့်ဗောဓိပက္ခိယတရားတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

လောကီဂုဏ်ကျေးဇုတရား (သူတော်ကောင်းတရား) အများမာ သဒ္ဓါစွာ အကြီးအမှူးဦးစီးပဓာနဖြစ်ပနာ လောကုတ္တရာဂုဏ်ကျေးဇုတရားအများမာ ပညာရေ အကြီးအမှူးဦးစီးပဓာနဖြစ်တေ[၂၇]

ပညာရေ အကြီးအမှူးတရား အဓိပတိ ၄-ပါးမာ ဝီမံသာဓိပတိအဖြစ်ဖြင့် ပါဝင်ရေ[၂၈]

ယင်းအပြင် မဂ် ဉာဏ်ဧ့ အသင်းအပင်းမာဖြစ်ရေ ဗောဓိပက္ခိယတရား ၃၇-ပါးမာလည်း ပဓာန အခန်းမှ ပါဝင်ပြန်ရေ၊

ပြီးစီးပြည့်စုံသောတရား ဣဒ္ဓိပါဒ် ၄-ပါးမာ ဝီမံသိဒ္ဓိပါဒ် အဖြစ်ဖြင့်ယင်း

ကိုယ့်ဆိုင်ရေဝယ် စိုးပိုင်နိုင်နင်းသောတရား ဣန္ဒြေ ၅-ပါးမာ ပညိန္ဒြေ အဖြစ်ဖြင့်ယင်း

ဖလိဖလာတရားရို့ကြောင့် တုန်လှုပ်ခြင်းမဟိ ရဲဝံ့ရေ ဗိုလ်တရား ၅-ပါးမာ ပညာဗိုလ်အဖြစ်ဖြင့်ယင်း၊

နာမ်ရုပ်မြင်သိ ပညာဟိ ဖြစ်ကြောင်းတရား ဗောဇ္ဈင် ၇-ပါးမာ ဓမ္မဝိစယသမ္ဗောဇ္ဈင်အဖြစ်ဖြင့်ယင်း

နိဗ္ဗာန်လမ်းစဉ် မဂ္ဂင် ၈-ပါးမာ သမ္မာဒိဋ္ဌိမဂ္ဂင်အဖြစ်ဖြင့်ယင်း ပါဝင်လီရေ[၂၉]

ဉာဏ်ပညာတိုးပွားကြောင်း တရားတိကို ကျမ်းဂန်ရို့မာ အမျိုးမျိုးမိန့်ဆိုကတ်ရေ။ [၃၀]ရို့မာ

(၁) ဉာဏ်ပညာတိုးပွားစီတတ်ရေ ကောင်းမှုကံဟိခြင်း,

(၂) ဒေါသ ဗျာပါဒ မဟိရေ ဗြဟ္မာပြည်မာဖြစ်ခြင်း,

(၃) ပညိန္ဒြေရင့်ကျက်လာခြင်း (= လူသားတိအတွက် ပညာဒသကအရွယ် ၄၀-ကျော် ၅၀-မား ချင်းနင်း ဝင်ရောက်လှာခြင်း),

(၄) ကိလေသာတရား ခေါင်းပါးဝီးကွာခြင်းဟု အကြောင်း ၄-ပါး မိန့်ဆိုရေ။ []


ပရမတ္ထဒီပနီဋီကာ (နှာ-၅၀-၁)မာ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

(၁) ဉာဏသမ္ပယုတ်စိတ်ဖြင့် ပဋိသန္ဓေနီခခြင်း (ယင်းကို ပဋိသန္ဓေဉာဏ် ပင်ကိုဉာဏ်ဟု ခေါ်ရေ),

(၂) အမောဟ အဇ္ဈာသယဟိခြင်း,

(၃) ပညာဟိပုဂ္ဂိုလ်ရို့ကို မှီဝဲဆည်းကပ်ခြင်း,

(၄) ကြားနာသင်အံ ကြံစည်လေ့ လာခြင်းဆိုပနာ အကြောင်း ၄-ပါး၊ []

တနည်းဆိုရကေ မိန့်ဆိုစွာမာ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

[၃၁]ရို့မာ

(၁) ပညာဟိတိထံ အဖန်ဖန်မီးမြန်းခြင်း,

(၂) ကိုယ်မား ကိုယ်ပ ၂-ဌာနလုံး ရှင်းသန့်စင်ကြယ်အောင် ရှင်းလင်းသုတ်သင်ခြင်း,

(၃) သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဆိုရေ ဣန္ဒြေ ၅-ပါး အစိုးရတရားရို့ အလွန် အကဲမဟိ အချင်းချင်းညီမျှနေခြင်း,

(၄) ပညာမဲ့သော ပုဂ္ဂိုလ်ရို့ကို ဝေးစွာယှောင်ကြဉ်ခြင်း,

(၅) ပညာဟိသောပုဂ္ဂိုလ်ရို့ကို မှီဝဲဆည်းကပ်ခြင်း,

(၆) ဉာဏ်ဧ့ ကျက်စားရာ နက်နဲသော တရားသဘောရို့ကို သုံးသပ်ဆင်ခြင်ခြင်း,

(၇) လျောင်း ထိုင် ရပ် သွား ဣရိယာပုတ် ၄-ပါးရို့မာ တရားတော်ရို့ကို စိစစ်သုံးသပ်မှု ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လှာစီရန် ရှေးညွှတ်ကိုင်းခြင်းဟု အကြောင်း ၇-ပါး မိန့်ဆိုရေ။ []

ဉာဏ်ပညာတိုးပွားကြောင်းတရား ၈-ပါး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မိလိန္ဒပဉှာပါဠိတော် (နှာ-၁၀၀)မာ

  • (၁) အသက်အရွယ်ကြီးရင့်လာခြင်း,
  • (၂) အခြံအရံပေါတိခြင်း,
  • (၃) စနည်းနာမီးမြန်းခြင်း,
  • (၄) ဆရာ့ထံပါး ခစားဆည်းကပ် မပြတ်မှီဝဲခြင်း,
  • (၅) အသင့်အတင့်နှလုံးသွင်းဆင်ခြင်ခြင်း,
  • (၆) ဆွေးနွေးလက်သပ်ခြင်း,
  • (၇) ချစ်ခင်သူနန့် ပေါင်းသင်းရခြင်း,
  • (၈) သင့်တင့်လျောက်ပတ်သော အရပ်မာ နီထိုင်ခြင်းဆိုပနာ ဉာဏ်ပညာတိုးပွားကြောင်းတရား ၈-ပါး မိန့်ဆိုတော်မူရေ။

ဂေါတမဘုရားအလောင်းတော်စွာ သဗ္ဗညုတဉာဏ်ကို ရဟိတော်မူရန် ဝိဓုရပညာဟိ မဟာဂေါဝိန္ဒပညာဟိ ကုဒါလပညာဟိ အရကပညာဟိ ဗောဓိပရိဗိုင် မဟောသဓာသုခမိန်-  အစဟိရေ ဘဝပေါင်းတိစွာရို့မာ ပညာပါရမီကို အထူးဖြည့်ကျင့်ဆည်း ပူးတော်မူခရေ[၃၂]

ပြဆိုခပြီးကေရေအတိုင်း ဒါန၊သီလအစဟိရေ ပါရမီ ၁၀-ပါး မြတ်တရားရို့နန့်တကွ ဉာဏ်ပညာပွားကြောင်း တရားကောင်းရို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူကတ်ပြီးကေ ကိုယ်ရို့ လိုလားပန်ဆင်အပ်ရေ ဗောဓိဉာဏ်ကို ကကောင်းလျင်စောလျင်စွာ ရဟိအောင် ကြိုးစားအားထုတ်ကတ်ကုန်ရာရေ။ []

ဗောဓိဉာဏ်

ဉာဏ်စဉ်

ပညာ

ပညာဟိ

  1. 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 တိပိဋကအဘိဓာန် အတွဲ-၈
  2. (အဘိ၊ဋ္ဌ၊၂၊၁၃၂။ နေတ္တိ၊ဋ္ဌ၊၁၃၁။ မူလဋီ၊၂၊၉၃)။
  3. (မိလိန္ဒ၊ ၄၂)။
  4. (မိလိန္ဒ၊ ၃၁-၂-၈-၉။ အဘိ၊ဋ္ဌ၊၁၊၁၆၅-၆။ ပဋိသံ၊ဋ္ဌ၊၁၊၁၃။ ဝိသုဒ္ဓိ၊၂၊၆၈-၉)။
  5. (မ၊ဋ္ဌ၊၂၊၂၄၃-၄။ သံ၊ဋ္ဌ၊၂၊၂၇၀-၁။ ဝိသုဒ္ဓိ၊၂၊၆၆-၇။ ဝိဘာဝိနီ၊၁၁၂။ မဏိမဉ္ဇူ၊၁၊၃၄၈)
  6. (ကင်္ခါ၊၉၇။ မ၊ဋီ၊၃၊၁၅၈)
  7. (အံ၊ဋ္ဌ၊၂၊၉၇)
  8. (အံ၊၁၊၄၅၆-၇)
  9. (သံ၊၁၊၆။ နေတ္တိ၊၁၆၀။ သံ၊ဋ္ဌ၊၁၊၃၂။ အဘိ၊ဋ္ဌ၊၁၊၁၆၆၊ ၁၉၂။ နေတ္တိ၊ဋ္ဌ၊၂၆၄၊ သံ၊ဋီ၊၁၊၇၇)
  10. (ဝိသုဒ္ဓိ၊၂၊၂၆၉၊ ၂၇၀)
  11. (အဘိ၊ဋ္ဌ၊၁၊၁၃-၄-၅)
  12. (ထေရ၊ ၂၃၃။ ထေရ။ ဋ္ဌ၊၁၊၁၇၇)
  13. (ဝိ၊ဋ္ဌ၊၁၊၁၃၉)
  14. (အဘိ၊ဋ္ဌ၊၁၊၁၉၂။ ပဋိသံ၊ဋ္ဌ၊၁၊၃၄၄။ နေတ္တိ၊ဋ္ဌ၊၁၃၃)
  15. (ခုဒ္ဒက၊၉၊ ၁၀။ ခုဒ္ဒက၊ဋ္ဌ၊၁၇၃-၄-၇-၈)
  16. (ဟိတောပဒေသ။ ကထာရမ္ဘ၅-ဂါထာ)
  17. (စာဏကျနီတိ။ ၈-ဂါထာ)
  18. (ထေရ၊၃၀၂။ ထေရ၊ဋ္ဌ၊၂၊၁၈၇)
  19. (ဇာ၊၂၊၃။ ဇာ၊ဋ္ဌ၊၅၊၁၂၈)
  20. (ဇာ၊၁၊၂၄၆။ ဇာ၊ဋ္ဌ၊၄၊၁၇၅)
  21. (ဣတိဝုတ်၊၂၁၉။ နေတ္တိ၊၁၄၃။ ဣတိဝုတ်၊ဋ္ဌ၊၁၄၉)
  22. (ဓမ္မ၊၂၉။ ဓမ္မ၊ဋ္ဌ၊၁၊၄၃၄)
  23. (စာဏကျနီတိ။ ၇-ဂါထာ။ လောကနီတိ။ ၃၆-ဂါထာ)
  24. (အဘိ၊ဝိ၊၃၃၄။ ဥဒါန၊ဋ္ဌ၊၆၃၊ ၂၁၁)
  25. (ဝိသုဒ္ဓိ၊၂၊၃၃၁။ သင်္ဂဟ၊၅၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၀၄)
  26. (ဒီ၊၃၊၁၀၃။ အဘိ၊ ဝိ၊ ၃၇။ ဒီ၊ဋ္ဌ၊၃၊၁၈၄။ အဘိ၊ဋ္ဌ၊၂၊၃၉၂-၃၉၅။ ဒီ၊ဋီ၊၃၊၂၀၉၊ ၂၁၀)
  27. (သာရတ္ထ၊၁၊၄၁၂)
  28. (ပဋ္ဌာန၊၁၊၂)
  29. (သံ၊၃၊၁၇၀။ အဘိဓ။ ၁၇။ အဘိ၊ဝိ၊၂၂၈၊ ၂၃၁-၇-၉၊ ၂၄၄-၆။ ပဋိသံ၊၁၉၈)
  30. အဋ္ဌသာလိနီအဋ္ဌကထာ (နှာ-၁၁၇-၈) အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ(နှာ-၈၇) မဏိသာရ တိရာဋီကာ(ပ၊ နှာ-၂၁၂-၃)နန့် ပရမတ္ထဒီပနီဋီကာ(နှာ-၅၀)
  31. သုတ်မဟာဝါ အဋ္ဌကထာ(နှာ-၃၇၆-၇-၈) မူလပဏ္ဏာသအဋ္ဌကထာ(ပနှာ-၂၉၄-၅-၆), သံယုတ်အဋ္ဌကထာ(တ၊ နှာ-၁၉၃-၄-၅), အင်္ဂုတ္တရအဋ္ဌကထာ(ပ၊ နှာ-၃၉၀-၁-၂), အဋ္ဌသာလိနီအဋ္ဌကထာ (နှာ-၁၁၈), သမ္မောဟဝိနောဒနီ အဋ္ဌကထာ (နှာ-၂၆၃-၄-၅) နန့် မဏိသာရမဉ္ဇူသာဋီကာ (ပ၊ နှာ-၂၁၄)
  32. (အဘိ၊ဋ္ဌ၊၁၊၇၃)