ညွန့်ဦး (ဦးသာညွန့်)
| ညွန့်ဦး (ဦးသာညွန့်) | |
| ကိုယ်ရီးအချက်အလက် | |
| မွီးသက္ကရာဇ် | ၁၉၂၄ |
| နာမည်ရင်း | |
| မိဘနာမည် | ဦးသာအောင်၊ ဒေါ်အေးညွန့် |
| မွီးဖွားရာနီရာ | ရခိုင်ပြည်နယ်၊သံတွဲမြို့ |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ရခိုင် |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | စာမေးပွဲ (၁၉၄ဝ)၊ ဝိဇ္ဇာဘွဲ့(၁၉၅၃)၊ ဥပဒေ ဝိဇ္ဇာဘွဲ့ (၁၉၆၆) |
| အလုပ်အကိုင် | စာပီဗိမာန်-အယ်ဒီတာ |
| အိမ်ထောင်ဖက် | |
| သားသမီး | |
| ထင်ပေါ်ကျော်ကြားမှု | စာရီးဆရာ |
| ထင်ယှားရေလက်ရာတိ | မှတ်ဉာဏ် ထက်သန် စေလိုသော် |
| ရယှိခရေဆုတိ | လွတ်လပ်ရေး မော်ကွန်း ဝင် (ပထမဆင့်) |
| လက်မှတ် | |
| ကွန်ယက် | |
ရခိုင်ပြည်နယ် သံတွဲမြို့တွင် အဖ ဦးသာအောင်၊ အမိ ဒေါ်အေးညွန့်တို့က ၁၉၂၄ ခုနှစ်တွင် မွီးဖွားခပါရေ။ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၄ဝ)၊ ဝိဇ္ဇာဘွဲ့(၁၉၅၃)၊ ဥပဒေ ဝိဇ္ဇာဘွဲ့ (၁၉၆၆) ရဟိ ခပါရေ။ ၁၉၆၁- ၆၂ တွင် အမေရိကန်နိုင်ငံ ဆရာကျူ့ (ခ်) တက္ကသိုလ်၌ စာနယ်ဇင်းပညာ သင်ယူခပါရေ။
၁၉၄၁ ခုတွင် ရန်ကုန်သို့ ရောက်ဟိပြီးကေ ဘီအိုစီ ကုမ္ပဏီ (ဓနိတော)တွင် ဝင်ရောက် အမူထမ်းခပါရေ။ ၁၉၄၂ ခုတွင် ဗမာ့ လွတ်လပ်ရီး တပ်မတော် (ဘီအိုအေ)သို့ ဝင်ရောက်ခပါရေ။ ဂျပန် တော်လှန်ရီးတွင် တိုင်း (၄) လက်အောက်၌ တာဝန် ထမ်းခပါရေ။ ဗိုလ်စံရှား (ခေါ်) သခင်သာညွန့်နာမည် တွင်ခပါရေ။ ၁၉၅၃ - ၇၃ ထိ စာပီ ဗိမာန်တွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခရေ။ ရန်ကုန်တိုင်း တရားရုံး အချိန်ပိုင်း တရား သူကြီး အဖွဲ့ဝင် (၁၉၇၁)၊ အထူးရာဇဝတ် ခုံရုံးအဖွဲ့ဝင် (၁၉၇၃)၊ ဥပဒေဝန်ထမ်း အဆင့် (၂)၊ အချိန်ပိုင်း တိုင်းတရားသူကြီး (၁၉၈၄ - ၁၉၈၆) တာဝန်တိကိုလည်း ထမ်းဆောင်ခရေ။ ၁၉၈၄ တွင် တိုင်းတာ ဝန်ခံ ဥပဒေဝန်ထမ်း အဖြစ်မှ အငြိမ်းစား ယူခရေ။
အလယ်တန်း ကျောင်းသား ဘဝမှ စပနာ ကဗျာ၊ ဆောင်းပါး တိကို သူရိယ သတင်းစာ၊ တိုးတက်ရေး သတင်း စာ၊ ဒို့လက်ရုံးသတင်းစာ (စစ်တွေ) နှင့် ဒီးဒုတ်ဂျာနယ်တိတွင် ရီးသားခရေ။ စာပီဗိမာန်ထုတ် ကျမ်းတိ၊ မဂ္ဂဇိန်း ဂျာနယ်တိနှင့် ပြင်ပစာနယ်ဇင်းတိတွင် ဆောင်းပါး တိအစဟိစွာတိကို ရေးသားခဧ့။ ပြုစုခရေ စာအုပ်အချို့မှာ သားလှရွှေသွေး၊ လယ်ယာရွှေမြေ၊ အိန္ဒုနှင့် မြစ်ဝါ၊ အမတ်ဒိန်၊မဂဒူး၊ သင်္ဂါယနာ၊ သတ္တု ခေတ်၊ ဘဂဝတ် ဂီတကျမ်း ဦးမျိုးသန့်နှင့် တွဲဖက်ပနာ၊ မှတ်ဉာဏ် ထက်သန် စေလိုသော် ရို့ဖြစ်ကတ်ရေ။ ဦးသာညွန့်ဧ့ အခြား ကလောင်နာမည်တိမှာ သံခဲ သံတွဲ၊ ရဲရွှေညွန့် ရို့ ဖြစ်ရေ။ လွတ်လပ်ရေး မော်ကွန်း ဝင် (ပထမဆင့်) ချီးမြှင့် ခံရရေ။ ၂ဝဝဝ ပြည့်နှစ် ဇူလိုင် ၇ ရက်နိ့တွင် နှလုံး ရောဂါဖြင့် ရန်ကုန် မြို့၌ ကွယ်လွန်လားခပါရေ။