Jump to content

ဌိကဉ္ဇလိယ

ဝီကီးပီးဒီးယား က

အသျှင်ဌိတဉ္ဇလိယထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းတစ်ပါး ဖြစ်ရေ။[]

တိဿမြတ်စွာဖရားလက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

တိဿမြတ်စွာဖရား လက်ထက်တွင် အသျှင်ဌိတဉ္ဇလိယထေရ် ရေ သားမုဆိုးတစ်ဦး ဖြစ်ဧ့။ တနိန့်ရေအခါ မုဆိုးရေ တောအရပ်တွင် မြတ်စွာဖရားကို ဖူးမြင်ရဧ့။ ယပြီးနောက် မုဆိုးရေ မြတ်စွာဖရားသျှင်အား လက်အုပ်ချီပြီးကေ အရှိအရပ်သို့ ဖဲလားခဧ့။ ယပြီးနောက်တွင် မုဆိုးအား မုကြိုး ထိမှန်ဧ့။ ယင်းခါ မုဆိုးရေ မသေမီ ထပ်မံပြီးကေ မြတ်စွာဖရားအား လက်အုပ်ချီခြင်းကို ပြုခပြန်ဧ့။ []

ယင်းပိုင် ဒေဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဖရားအား လက်အုပ်ချီမှုကို ပြုခရေ အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခပေ။ ယင်းချင့်အပြင် ငါးဆယ့်လေးကမ္ဘာထက်တွင် “မိဂကေတု” နာမည်နန့် စကြဝတေးမင်း ဖြစ်ခဧ့။[]

ဂေါတမမြတ်စွာဖရားထက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဖရားဧ့ သာသနာတော်တွင် အသျှင်ဌိတဉ္ဇလိယထေရ် အဖြစ်နန့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူဧ့။[]

  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်.