Jump to content

တတုတ္တရိသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၇-တတုတ္တရိသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၂၂။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူသော အခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ သင်္ကန်းကို ခိုးသူအလုခံရရေ ရဟန်းရို့သို့ ချိုင်းကပ်ပနာ "ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ သင်္ကန်းကိုခိုးသူ အလုခံရရေ ရဟန်းအား လိ့ကောင်း၊ သင်္ကန်းပျောက်သော ရဟန်းအားလိ့ကောင်း၊ ဆွီမျိုးမတော်စပ်သော အိမ်ရှင်ကိုသော်လိ့ကောင်း ၊ အိမ်ရှင်မကိုသော်လိ့ကောင်းသင်္ကန်းတောင်းခြင်းငှါ ခွင့်ပြုတော်မူအပ်၏၊ ငါ့သျှင်ရို့ သင်္ကန်းကို တောင်းကတ်ကုန်လော့"ဟုပြောဆိုကတ်ကုန်၏။

ငါ့သျှင်ရို့ တန်ရာ၊ ငါရို့စွာ သင်္ကန်းကို ရအပ်ပြီဟု (ဆိုကတ်ကုန်၏)။ အငရို့တိစွာအသျှင်ရို့အတွက် တောင်းကတ်ပါဖို့လို့ (ဆိုကတ်ပြန်၏)။ ငါ့သျှင်ရို့ တောင်းကတ်ဖိဟု (ခွင့်ပြုလိုက်ကတ်၏)။

ယင်းခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အိမ်သျှင်ရို့သို့ ချိုင်းကပ်ပနာ "ငါ့သျှင် ဒါယကာရို့ သင်္ကန်းကိုခိုးသူ အလုခံရရေ ရဟန်းရို့စွာ လာကုန်၏၊ ထိုရဟန်းရို့အတွက် သင်္ကန်းရို့ကို လှူကတ်ဖိ"ဟုအများကြီးသော သင်္ကန်းရို့ကို တောင်းကုန်၏။

ယင်းခါ ယောက်ျားတယောက်စွာ အစည်းအဝီးပြုလုပ်ရာ ဌာန၌ ထိုင်နီစိုင် ယောက်ျားတယောက်ကို "အမင်ာင် သင်္ကန်းကို ခိုးသူ အလုခံရရေ ရဟန်းရို့စွာ လာကုန်၏၊ ထိုရဟန်းရို့အတွက် အကျွန်ုပ်စွာ သင်္ကန်းကို လှူပြီးရာ"ဟု ဆို၏၊ ထို (ယောက်ျား) တစ်ယောက်ကလည်း 'အကျွန်ုပ်လည်း လှူပြီးပါရာ'ဟု ဆို၏၊ အခြား တစ်ယောက်ကလည်း 'အကျွန်ုပ်လည်း လှူပြီးပါရာ'ဟု ဆို၏၊ ဟိုလူရို့စွာ "အဇာကြောင့် သာကီဝင်မင့်သား ဘုရားအနွယ်တော်ကုန်ဖြိုက်ရေ ရဟန်းရို့စွာအတိုင်းအရှည်ကို မသိကြဘဲ အများကြီးသော သင်္ကန်းကို တောင်းကုန်ဘိသနည်း၊ သာကီဝင်မင့်သား ဘုရားအနွယ်တော်ကုန်ဖြိုက်ရေ ရဟန်းရို့စွာ အဝတ်အထည် ကုန်သွယ်ခြင်းကိုကေလေ့ ပြုကတ်လိ့မေ၊ အထည်စျီးကိုကေလေ့ ဖြန့်ခင်းကတ်လိ့မေ"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သော ဟိုလူရို့၏ စကားကို ကြားကတ်ရေသာတည်း။

အလိုနည်းသော ရဟန်းရို့စွာ "ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အတိုင်းအရှည်ကို မသိကြဘဲ အများကြီးသောသင်္ကန်းကို အဇာကြောင့် တောင်းကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။

"ရဟန်းရို့ သင်ရို့စွာ အတိုင်းအရှည်ကို မသိကြဘဲ အများကြီးသော သင်္ကန်းကို တောင်းကတ်၏ဟူစွာ မှန်သလော"ဟု စိစစ်မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။


ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ သင်ရို့စွာ အတိုင်းအရှည်ကို မသိကြဘဲ အများကြီးသော သင်္ကန်းကို အဇာကြောင့်တောင်းကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ ပြုမိသော အမှု) စွာမကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၅၂၃။ ထိုရဟန်းကို ဆွီမျိုးမတော်စပ်သော အိမ်ရှင်သော်လိ့ကောင်း၊ အိမ်ရှင်မသော်လိ့ကောင်း အများကြီးသော သင်္ကန်းရို့နန့် ရှီးရှုဆောင်ပနာ ဖိတ်ကြား ငြားအံ့၊ ထိုရဟန်းစွာ ထိုဆောင်လာအပ်ရေ သင်္ကန်းမှ သင်းပိုင်နန့်တကွ ဧကသီလောက်ရာဖြိုက်ရေ သင်္ကန်းကိုရာယာ 'ခံယူ' ရဖို့၊ ထိုထက် ကကောင်း သာယာ 'ခံယူ'ငြားအံ့။ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ်သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။


၇-တတုတ္တရိသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၂၄။ ထိုရဟန်းကိုဟူစွာ ခိုးသူ လုယက်အပ်ရေ သင်္ကန်းဟိရေ ရဟန်းကို။

ဆွီမျိုးမတော်စပ်သူ ဆိုစွာ အမိဘက်မှသော်လိ့ကောင်း၊ အဖဘက်မှသော်လိ့ကောင်းခုနစ်ဆက်မြောက် ဘိုးဘေးအစုံထိတောင် မဆက်စပ်သော။

အိမ်ရှင် ဆိုစွာ အိမ်၌ နီသူ ယောက်ျားလုံးချင်းတည်း။

အိမ်ရှင်မ ဆိုစွာ အိမ်၌ နီသူ မိမလုံးချင်းတည်း။

အများကြီးသော သင်္ကန်းရို့နန့်ဟူစွာ အတိကြီးကုန်သော သင်္ကန်းရို့နန့်။

ရှီးရှုဆောင်ပနာ ဖိတ်ကြားငြားအံ့ဟူစွာ အကြင်မျှလောက် အလိုဟိ၏၊ ထိုမျှလောက် ခံယူပါလော့ဟု (ဖိတ်ကြားငြားအံ့)။

ထိုရဟန်းစွာ ထိုဆောင်လာအပ်ရေ သင်္ကန်းမှ သင်းပိုင်နန့်တကွ ဧကသီမျှဖြိုက်ရေ သင်္ကန်းကိုရာယာ 'ခံယူ'ရဖို့ဟူစွာ အဂယင့်လို့ သုံးထည်ပျောက်အံ့၊ နှစ်ထည် သာယာ 'ခံယူ' ရဖို့၊ နှစ်ထည်ပျောက်အံ့၊ တစ်လုံး သာယာ 'ခံယူ' ရဖို့၊ တစ်လုံးပျောက်အံ့၊ တခုတစ်ရီကိုမျှ မသာယာ 'မခံယူ'အပ်။

ထိုထက်ကကောင်း သာယာ 'ခံယူ' ငြားအံ့ဟူစွာ ထို (သင်းပိုင် ဧကသီ) ထက်ကကောင်း တောင်း ငြားအံ့၊ အားထုတ်မှု ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။

ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။

"အသျှင်ဘုရားရို့ အကျွန်ုပ်စွာ ဒေသင်္ကန်းကို ဆွီမျိုးမတော်စပ်သော အိမ်ရှင်သို့ ချဉ်း ကပ်ပနာထို (သင်းပိုင် ဧကသီ) ထက်ကကောင်း တောင်းအပ်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာဒေသင်္ကန်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင်အားပီးပါ၏ဟု (ပြန်ပီးရဖို့)။

၅၂၅။ ဆွီမျိုးမတော်စပ်သူ၌ ဆွီမျိုးမတော်စပ်သူဟု ထင်မှတ်ခြင်းဟိပြီးကေ ထို (သင်းပိုင်ဧကသီ) ထက်ကကောင်း သင်္ကန်းကို တောင်းငြားအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွီမျိုးမတော်စပ်သူ၌ ယုံမှားဟိပြီးကေထို (သင်းပိုင်ဧကသီ) ထက်ကကောင်း သင်္ကန်းကို တောင်းငြားအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွီမျိုးမတော်စပ်သူ၌ အမျိုးတော်သူဟု ထင်မှတ်ခြင်းဟိပြီးကေ ထို (သင်းပိုင်ဧကသီ) ထက်ကကောင်း သင်္ကန်းကိုတောင်းငြားအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အမျိုးတော်သူ၌ ဆွီမျိုးမတော်စပ်သူဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သူ၌ အမျိုးတော်သူဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။

၅၂၆။ သင်းပိုင် ဧကသီမှ ကြွင်းစွာကို ပြန်ပနာ ယူခဖို့လို့ ဆိုပနာ ယူလားအံ့၊ အကြွင်းစွာအသျှင်အား ရာကေ ဖြိုက်ပါစီဟု လှူကုန်အံ့၊ အာပတ် မသင့်။ ခိုးသူ လုယက်သော အကြောင်းမဟိပဲနန့်လှူကုန်အံ့၊ ပျောက်သော အကြောင်းမဟုတ်ဘဲ လှူကုန်အံ့၊ အာပတ် မသင့်။ အမျိုးတော်သူဖိတ်ကြားအပ်သူရို့အား (ထိုထက်ကကောင်း သင်္ကန်းကို တောင်းအံ့)၊ မိမိဥစ္စာနန့် (ဝယ်ယူအံ့)၊ အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးေသော ရဟန်းအား အာပတ် မသင့်။

သတ္တမ တတုတ္တရိသိက္ခာပုဒ် ပြီး၏။